နှင်းဆီတွေမပါဘူး
ပကာသနလဲမပါဘူး
ခဝါချစရာမာနလဲမရှိပါဘူး...............
အချစ်တွေသာဗရပွနဲ့
အနန္တစကြာဝဠာတစ်ခုလုံးကို
အပြုံးတွေနဲ့မော်ကြည့်
အနမ်းတွေကိုရှိုက်ဖိုမိရင်း
ကြည်နူးခဲ့ကြပေါ့
ပြီးခဲ့တဲ့ချစ်သူများညမှာလေ.............
ခုတခါလာပြန်တဲ့
ဒီလိုညမျိုးမှာ
အဝေးရောက်အနမ်းတွေနဲ့အတူ
ပို့လာတဲ့ e ချောကလက်တွေ
နှင်းဆီတွေတပုံတပင်နဲ့
ခပ်မဆိတ်ချစ်ခြင်းလက်ဆောင်ကို
အနမ်းတစ်ရာနဲ့သာ
ရမလားရယ်လို့
အင်တာနက်ကဖေးတခုခုမှာ
ငံ့လင့်စောင့်စားနေမိတာ
ကာရံလဲမပါဘူး
မာယာဟန်လဲမညာပါဘူး
ခရီးသွားဟန်လွှဲလည်းမဟုတ်ဘူး
ယုံကြည်ရသူချစ်သူအတွက်
ပုံအပ်ထားတဲ့အချစ်တွေကို
သူ့နောက်ကွယ်သစ္စာပြုတယ်
မြန်မြန်နီးဖို့ရင်ဆိုင်မယ်အလွမ်းတွေ
ပြန်ရောက်မယ့်ချစ်သူများညလို
ပျော်မွေ့ဖွယ်အချစ်နှုတ်ခမ်းလေး
တမ်းတရင်းဆွေး.................
Thursday, January 29, 2009
အမှတ်တရချစ်သူများည
Subscribe to:
Post Comments (Atom)
2 comments:
ကဗျာလေးကကောင်းတယ်.. အားပေးနေမယ်နော်.. :)
ကြည်နူးဆွတ်ပျံ့မှု အပြည့်နဲ့ ရေးထားတဲ့ ကဗျာကောင်းလေး တစ်ပုဒ်ပဲ...
Post a Comment