Thursday, August 27, 2009

မောင့်ရဲ့ကျွန်မအတွက်လက်ဆောင်



ချစ်သောမောင်က ကျွန်မတို့ရဲ့ တစ်နှစ်ပြည့်အမှတ်တရအဖြစ် ပို့စကဒ်လေးတစ်ခုဖန်တီးပေးခဲ့ပါတယ်

ကျေးဇူးတင်ပါတယ်မောင်.........

ဒီကဒ်လေးမှာ မောင့်ရဲ့မေတ္တာတွေ အပြည့်ပျော်ဝင်နေတယ်လို့ ခံစားလိုက်ရရင်း ပီတိနဲ့ကြည်နူးနေမိပါတယ်။

ပို့စကဒ်လေးကို ကြည့်ရင်း ကျမခံစားနှစ်သက်မိတဲ့ မောင်နဲ့အတူ နားဆင်ချင်တဲ့ သီချင်းလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်။

နားဆင်ကြည့်ကြပါနော်.......






Monday, August 24, 2009

တစ်နှစ်ပြည့်တဲ့နေ့........ဒီနေ့

ကောင်းကင်မှာ တိမ်ကင်းစင်နေတဲ့ နံနက်ခင်းလေးတစ်ခုမှာ ချစ်သောသူနဲ့ စတင်ရင်းနှီးခဲ့ရပြီးတဲ့နောက် တစ်နှစ်အကြာမှာ ချစ်သူ့ရင်ခွင်ထဲ မှေးစက်ခွင့်ရခဲ့တယ်။
အဲဒီနေ့က သူ့ရဲ့စိုးရိမ်နေတဲ့ မျက်ဝန်းတစ်စုံဟာ ကိုယ်နဲ့ဆုံတဲ့အချိန်မှာ ရွှန်းစိုဝင်းလက်သွားတာ ထပ်တူညီမှု တခုကြောင့်ပါပဲ။

*အပျော်ရွှင်ရဆုံးအချိန်........
ချစ်သူ့လက်က ကိုယ့်ပုခုံးကို သိုင်းဖက်လိုက်တဲ့အချိန်

*အပျော်ရွှင်ရဆုံးအဖြစ်.........
ချစ်သူ့နှုတ်ခမ်းက အပြုံးနုနုတခု ကိုယ့်အတွက် ဖန်ဆင်းပေးလိုက်တဲ့အချိန်

*အပျော်ရွှင်ရဆုံးနေ့............
ချစ်သူ့ရင်ခွင်မှာ ကိုယ့်ပါးအပ်ကာ အိပ်စက်ခွင့် မှေးစက်ခွင့် ထာဝရအတွက် အစဖြစ်တဲ့ဒီနေ့ပေါ့။

*အမှတ်တရအဖြစ်ရဆုံး......
ချစ်သူပြောတဲ့ "အရမ်းချစ်တယ်..တုန်နေအောင်ချစ်တယ်" ဆိုတဲ့စကားနဲ့အတူ ကိုယ့်ကိုနူးညံ့စွာ ထွေးဖက်လိုက်တဲ့အဖြစ်။


****ချစ်သူရဲ့ တိကျသေသပ်တဲ့ ခိုင်မာပြတ်သားတဲ့ ကိုယ့်အပေါ်ထားတဲ့မေတ္တာကို အဆုံးမရှိခံစားခွင့်ရတဲ့ ဒီနေ့

****ကိုယ့်ခေါင်းလေးကို ချစ်သူ့လက်မောင်းလေးအထက် မှေးစက်ခွင့်ရတဲ့ ဒီနေ့

****စိုးစိတ်နဲ့အလွမ်းတွေ ကိုယ့်ရင်ထဲက အပြီးတိုင်ဆွဲထုတ်ခွင့်ရတဲ့ ဒီနေ့

****ကိုယ်အပျော်ရဆုံးနေ့လေးပေါ့။



ချစ်သူ့လက်ကလေးက ကိုယ့်လက်လေးနှစ်ဖက်ကိုဆွဲပွေ့လိုက်တဲ့အချိန် အရာရာဟာ နွေးထွေးလုံခြုံပြီး
ကိုယ့်အတွက်လှပသွားတယ်။

ယုံကြည်ချက်တွေ အားလုံး မျက်လုံးလေးမှိတ်ပြီး ခံစားလိုက်ရင် အထင်းသားပေါ်လာတာ ချစ်သူရဲ့ ကိုယ့်အတွက်
မေတ္တာတွေ ဒီနေ့ ညနေ နေဝင်မိုးချုပ်စအချိန်လေးမှာ ချစ်သူကို ကိုယ်ထာဝရပိုင်ဆိုင်ခွင့်ရခဲ့တယ်.........

ကိုယ့်ဘဝကို ချစ်သူ့ဘဝနဲ့ တထပ်တည်းကျစေနိုင်ခဲ့တဲ့ ဒီနေ့လေးမှာ ချစ်သူက ကိုယ့်ကို အမှတ်တရ တခုပေးမယ်တဲ့.....

ကိုယ်အခုတော့ ချစ်သူ့ဆီက တစုံတရာကိုတောင့်တစရာမလိုတော့လောက်အောင် ချစ်သူပေးတဲ့ ကိုယ့်အတွက်
အရာအားလုံး ပြည့်စုံပိုင်ဆိုင်နေရပြီ.........

ကိုယ်ပျော်ရွှင်နေတဲ့ ဒီနေ့လေးဟာ ကိုယ်နဲ့ချစ်သူ လက်တွဲဖြစ်ခဲ့တဲ့ တစ်နှစ်ပြည့်အမှတ်တရနေ့ပေါ့..........

ချစ်သူ..........
တဒင်္ဂစကား မမြင်ရ မကြားရပေမယ့်
ကိုယ့်မျက်ဝန်းက ဖတ်မိတဲ့ စာတစ်ကြောင်းက
ယုံကြည်မှုအပြည့်ခံစားလို့ရခဲ့တယ်.

ချစ်သူ........
တဒင်္ဂအလွမ်း မခံစားနိုင်ပေမယ့်
ကိုယ့်ချစ်အင်အား ကြင်နာမိတဲ့ မေတ္တာတွေက
ဆုံစည်းခွင့်ကို အပိုင်စားရခဲ့စေတယ်.

ချစ်သူ........
ဒီနေ့က အမှတ်တရနေ့
နောင် ဒီနေ့ပေါင်းများစွာ
ထာဝရအတွက် အပိုင်စားရဖို့
မေတ္တာချင်းထပ် စိတ်ချင်းအပ်လို့ အတူသွားစို့
ဘဝခရီး ကဗျာတစ်ပုဒ်လို ခပ်ချိုချိုပေါ့.




ကိုယ့်ဘဝလက်တွဲဖော်
ချစ်သူ..“မောင်” အတွက်
အမှတ်တရ
(၂၄ရက် သြဂုတ်လ ၂၀၀၉ ခုနှစ် ညနေ ၃း၄၀နာရီ)



Tuesday, August 18, 2009

ဂျူး ၏ သူမင်းကိုဘယ်တော့မှ


ကျမ ဘလော့ရဲ့ ပရိသတ်အတွက် မိတ်ဆွေတွေအတွက် ဂျူးရဲ့ “သူမင်းကိုဘယ်တော့မှ” ဆိုတဲ့ ဂျူးစာပေမှ နောက်ဆုံးထွက်ရှိထားတဲ့ စာအုပ်လေးကို မျှဝေပေးလိုက်ပါတယ်............

အောက်က လင့် မှာ ဒေါင်းလုပ် ရယူ ဖတ်ရှုနိုင်ပါတယ်။

ဂျူး၏ “သူမင်းကိုဘယ်တော့မှ” ကို ဒီမှာ ဒေါင်းလုပ်ရယူပါ။

အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။
ကျမ ဘလော့ကို လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။