21 ရက်နေ့တော့ ကျော်သွားပြီ.... လှလှပပ ငြိမ်ငြိမ်သက်သက်လေးပါပဲ.... ဒါပေမယ့် အဲဒီနေ့မတိုင်ခင်ကတော့ လူတွေအများစု နေစရာမရှိအောင်တုန်လှုပ်ခဲ့ကြ... တချို့ကလည်း ဘုရားစာတွေရွတ် တရားတွေထိုင် ပုတီးတွေစိပ်၊ တချို့ကလည်း ချစ်သူရည်းစားဆီ အရောက်သွားပြီး အတူသေပွဲဝင်မယ်ဆိုတဲ့ အထာနဲ့ ကမ္ဘာပျက်မယ့်အချိန်ကို စောင့်စားနေကြ၊ တချို့ကလည်း မိသားစုကို ကိုယ့်နားအပါခေါ်ပြီး ရင်တဒိတ်ဒိတ်နဲ့ ဥစ္စာဓနတွေဖင်ခုထိုင်ပြီး တုန်လှုပ်နေကြ၊ တချို့ကလည်း ကမ္ဘာပျက်တော့ အကုန်သေ အားလုံးအေးရော ကောင်းတာပေါ့ အများပဲဟာ ဘာကြောက်စရာမှတ်လို့ဆိုတဲ့ သေမထူးနေမထူးနဲ့ မျက်နှာလွှဲခဲပစ် ထင်သလို နေကြ၊ တချို့ကလည်း ဟောကိန်းတွေအပေါ် သုံးသပ်ဝေဖန်ရင်း ပျက်ရေးမပျက်ရေး အလုပ်ရှုပ်နေကြ၊ တချို့ကလည်း သွေး`၇ူးသွေးတန်းနဲ့ အရူးဇာတ်ခင်းပြီး ၂၁ ရက်နေ့မတိုင်ခင် ကိုယ့်ကိုယ်ကို သတ်သေကြ၊ တချို့ကလည်း.... လက်ရှိအတ္တတွေအတွက် မာနတွေ လောဘတွေတသီကြီးထားပြီး ကိုယ့်အတ္တအနိုင်ရရေး ကြံဆောင်လုံးပမ်း၇င်း ၂၁ ရက်နေ့ကို ဥပေက္ခာပြုထားကြ၊ တချို့ကလည်း ကောင်းတဲ့စိတ်ကောင်းသောအကြံကောင်းတဲ့အလုပ်တွေလုပ်ရင်း ငြိမ်းချမ်းနေကြ.... ဒီလိုနဲ့ပဲ ၂၁ ရက်နေ့ကြီးမှာ ဘာမှမဖြစ်ဘဲ အခု ၂၃ ရက်နေ့အထိ ကမ္ဘာကြီးဟာ အရင်လို နေ့နဲ့ည လည်ပတ်မြဲပဲ... ကဲဘယ်မလဲ မာယာ... ကဲဘယ်မလဲ ၂၁ ရက်နေ့ဟောကိန်း... အားလုံးဟာ မှားတယ်ဆိုရင် ငါက ကမ္ဘာမပျက်ကြေး လောင်းထားတော့ နိုင်တယ်ပေါ့... ဒါပေမယ့် နိုင်တဲ့အတွက် အလျော်အစားကတော့ တိတ်ဆိတ်စွာ ရှင်သန်နေခွင့်ပါပဲ...
Sunday, December 23, 2012
Tuesday, December 30, 2008
ကဗျာလားစာလား
လူဖြစ်လာကတည်းကအနုပညာဆန်ဆန်ကြီးပြင်းချင်လာတယ်
ကြီးပြင်းလာတော့လည်းကဗျာဆန်တဲ့ဘ၀ကိုစိတ်ကုန်ချင်လာတယ်
ဘ၀ဟာစုတ်ချက်ကြမ်းကြမ်းနဲ့ရေးခြစ်ထားတဲ့ကောက်ကြောင်းဆိုယင်
ကမ္ဘာကျော်ပန်းချီကားတစ်ချပ်အဖြစ်ဖန်တီးလိုက်ချင်တယ်.
ဒီလိုမှမလုပ်နိုင်ယင်
သေသပ်လှပတဲ့ရှုခင်းကလေးအဖြစ်အားလုံးခံစားမိစေချင်တယ်.
ဒါကိုမှမတတ်နိုင်သေးယင်
ကြည့်ပျော်ရှုပျော်လေးအဖြစ်အနာဆာကင်းတဲ့သဘာဝပို့စ်တစ်ခုပေါ့...
ဘာမှမဖြစ်ဘူးဆိုတာတော့မရှိဘူး
ကိုယ့်ဘ၀ဟာကိုယ်ကရေးခြယ်ခွင့်ရပြီးသားပဲ...
ဒရာမာ.အက်ရှင်.အလွမ်း.အမုန်း.အချစ်တွေနဲ့ပဲငြိမ်းချမ်းစွာဖြတ်သန်းနေကြတာ.
အားလုံးရဲ့ဘ၀တွေဟာပုံတူပွားတွေတော့မဟုတ်ခဲ့ဘူး
ဒါပေမယ့်တူရာတူရာစုမိနေကြတဲ့ဘုံအစုအဖွဲ့တွေ.သီခြားအစုအဖွဲ့တွေ.ဒီလိုဒီလို....
တသီးတခြားရပ်တည်နေကြတဲ့ပုဂ္ဂိုလ်တွေကိုတော့အရူးတဲ့....ဒါပေါ့ဒါပေါ့...
အားမတန်လို့မာန်လျှော့ထားကြတဲ့မထင်မရှားတွေကိုတော့အာပလာတဲ့...ဒါပါဘဲ..
အောင်မြင်ခမ်းနားကောက်ကျစ်မှုများစွာနဲ့ကျေနပ်မှုတွေကိုတော့အထင်ကရတဲ့..အဲကလို..
ဟိုဘက်တိုးလိုက်ဒီဘက်တိုးလိုက်တွေကိုတော့ပါးနပ်သတဲ့...ထင်ကြပုံက...
ရိုးသားစွာမျိုးပွားနေတာတွေကိုတော့....ကမ္ဘာ့လူဦးရေထိန်းသိမ်းရေးတဲ့...
နှစ်ဟောင်းနိဂုံး
နှစ်လည်းကုန်ပြီ
အင်တာနက်သုံးသူတွေရဲ့ရည်ရွယ်ချက်တွေကိုစစ်တမ်းကောက်မိသလောက်ကတော့
လူငယ်အများစု(ဗမာ)
အင်တာနက်ဝင်ပြီးချက်ချင်တာကဆန့်ကျင်ဘက်တစ်ယောက်နဲ့
လက်တွေ့ဖြေရှင်းစရာမလိုတဲ့စိတ်ကူးယဉ်ဇာတ်လမ်းတွေနဲ့မွေ့လျော်ရန်.
ကစားနည်းမျိုးစုံကိုရှာကြံအိမ်ကအမေပေးတဲ့ပိုက်ဆံနဲ့ကစားရန်.
ဟောတစ်ယောက်ဟောတစ်ယောက်နဲ့အိုကေမှာစိုပြည်ရန်.
ကျောင်းသားအချို့(စာကြမ်းပိုး)
ဟိုဆိုဒ်ဝင်ရှာလှန်လှောစာတမ်းထဲထည့်ရေးဖို့ကော်ပီဆွဲပေ့စ်ချရန်.
ဟိုကျောင်းဒီကျောင်းရှာကြဖွေကြရန်.
ရည်းစား(အဝေးရောက်)နဲ့အလွမ်းသည်းရန်.
လူလတ်ပိုင်းအချို့(ခေတ်ဆန်တတ်နိုင်သူတချို့)
ဘလော့ဂ်ဝင်ရေးရန်.
လုပ်ငန်းကြေညာရန်.
ဟိုမိတ်ဖွဲ့ဒီမိတ်ဖွဲ့ရန်.
မိမိဘလော့ဂ်တွင်ဝင်ကြည့်သူများအားကြည်နူးခံစားရန်.
အရွယ်မရွေးအများစု
အဝေးရောက်အလုပ်လုပ်နေသူမိသားစုဝင်ဆီဆက်သွယ်ရန်.
မိမိအိမ်ကိစ္စများကိုပြောဆိုဆွေးနွေးငွေတောင်းရန်.
ထွေရာလေးပါးစကားပြောရန်.
မိန်းမပျိုအချို့
ညှို့ယူဖမ်းစားအီစကားများလက်ခံပြောကြားရန်.
လူကြီးပိုင်းအချို့
အိမ်မှမဒီမပေးနိုင်တော့သောကြည်နူးမှုအသစ်အဆန်းလေးများအား
ရှာကြံဖြေသိမ့်မှုရရန်.
စသည်စသည်.....
အချုပ်အားဖြင့်ဆိုရသော်
ဗမာနိုင်ငံအင်တာနက်အသုံးပြုမှု၏(၉၉.၉၉၉၉၉၉)ရာခိုင်နှုန်းမှာ
အရေမရအဖတ်မရသောအညတရ
အသုံးပြုမှုများသာဖြစ်ပါကြောင်း.
ခေတ်ပြိုင်တိုးတက်မှုအဖြစ်တင်ပြမိပါတယ်..
Friday, August 29, 2008
ကိုယ်သေမယ့်နေ့များသိချင်ကြရင်ဖြင့်
ရေးသာရေးရတယ် နည်းနည်းတော့ အမင်္ဂလာဆန်သလားလို့ နော်
တမျိုးတော့ဆန်းနေသလိုပါပဲ
သူငယ်ချင်းငြိမ်းက ပို့ပေးလို့ ကိုယ်တိုင် ဝင်ကြည့်လိုက်သေးတယ်
သေမယ့်ရက်က ဒီဇင်ဘာ ၂၂ ရက် ၂၀၆၆ ဆိုပဲ
ပြင်ဆင်ထားရအုံးမယ် အခုလိုအတိအကျသိရတော့လေ
ဝမ်းနည်းစရာကောင်းတာတစ်ခုက ကျွန်မချစ်တဲ့ မောင်နဲ့ ကျွန်မနဲ့ သေမယ့်အချိန်က တော်တော်လေးကွာနေတယ်ရှင့်
အဲဒီအတွက်လည်း နည်းနည်းညှိချိန်ရသွားတာပေါ့ ကြိုးစားကြည့်ရအုံးမယ် အချိန်တူအောင်လုပ်လို့ရမလားလို့
သူငယ်ချင်းတို့လည်း ကိုယ်သေမယ့်ရက်များတွက်ချင်ကြယင်ဖြင့်
ဒီဆိုဒ်လေးကို သွားကြည့်ပါ
အပျော်ပေါ့...။။
ဝန်ခံချက်- ငြိမ်း ဆိုသော ကျွန်မသူငယ်ချင်းလေးက gtalk ကနေတဆင့်ပို့လိုက်တဲ့ လင့်ခ်ကလေးဖြစ်ပါတယ်။
...
Monday, July 21, 2008
ံThe Reason for using internet!!!
နေရာကတော့ ရန်ကုန်ဆိုတဲ့ရွှေမြို့တော်ပေါ့
ကွန်ပျူတာကိုခေတ်မီသူတိုင်းတတ်ကျွမ်းကြသောခေတ်ကြီးလည်းဖြစ်ပါ၏
အင်တာနက်ကို အစဉ်သာဆက်မပြတ်သုံးတတ်ကြတာလဲ ခေတ်မီခမ်းနားသူတစ်စုရဲ့ကျင့်စဉ်တစ်ခုသဖွယ်ဖြစ်နေသောအခါသမယမှာပါ။..
ငယ်သူငယ်ချင်းတစ်ယောက် ကျောင်းနေဘက်အတူစားအတူသွားဘော်လေးပေါ့
သူကဗြုန်းဆို စလုံးထွက်တော့အလွမ်းကုဋေနဲ့ကိုယ်ကကျန်ခဲ့ရတာလေ
မသွားခင်မှာတမ်းခြွေထားခဲ့တာက ငါ့ကိုနင်gmail ကနေစာပို့လို့ ချက်လို့ရတယ်ဆိုတာကို အလွတ်ကျက်
အသေမှတ်ထားတယ်။
ဒီနေ့က လခ စရတဲ့နေ့ ဆိုတော့ကာ ရောင်းရောင်းကို သူ့အချစ်အကြောင်းသတင်းပို့ပေးဖို့ အလို့ငှာ
မြို့လယ်က ခပ်မြင့်မြင့်ကဖေးဆိုင်ဘေးက အင်တာနက်ကဖေးဆီခပ်တည်တည်ဝင်ခဲ့ပေတယ်ပေါ့။
အဖြစ်ကအဲမှာစပြီ။
လေအေးစက်က သဘာဝမဟုတ်တဲ့လေအေးစိမ့်စိမ့်နဲ့အတူ ကောင်တာက မမ ကမျက်လုံးစိမ်းတွေနဲ့
အေးစက်စက်အကြည့်တစ်စုံက လျောတံခါးကိုသာသာတွန်းဝင်လိုက်တယ်ဆိုယင်ဘဲ ကြိုဆိုခံရတာပါပဲ။
အရေးစိုက်တဲ့ပုံမရှိတဲ့ကောင်တာကမမကို စာပို့ချင်တဲ့အကြောင်းကို မခို့တရို့ကိုယ်ပိုင်ဟန်နဲ့ ပြောလိုက်တော့
ကိုယ်ပိုင်လိပ်စာ၇ှိလားတဲ့။ နိုးပါပေါ့။ စိတ်ပျက်ပုံနဲ့ပင့်သက်ချယင်းသူက စောင်းငဲ့ငဲ့တသက်မမေ့ဖွယ်အကြည့်
တချက်တော့ လက်ဆောင်ပေးလိုက်သေးတယ်။
ကိုယ့်ပုံကလည်း ကလေးသာသာကြောင်တောင်တောင် အောက်သံဝဲတဲတဲနဲ့ စကားပြောယင်နှစ်လုံးမကွဲဘူးလေ။
ဘတ်စ်ကားကိုတိုးစီးလာရလို့ဘိုသီဘတ်သီနဲ့လေ။ရုံးအပြန်တန်းဝင်တာဆိုတော့ တိုလီမိုလီကလည်းအတွဲလိုက်နဲ့။
ပြောလိုက်တဲ့စကားလေးက
"ဒါဆို ဒီဆိုင်ကလိပ်စာနဲ့ပို့ပေးမယ် အချိန်တော့ကြာမယ် အားမှပို့ပေးမယ်"
"ဘယ်တော့လောက်ပို့ပေးနိုင်မလဲဟင် နည်းနည်းအရေးကြီးလို့ပါ"
"အော် မနက်ဖြန်တော့ရောက်မှာပါ သိပ်မကြာပါဘူး"
"ဟုတ်ကဲ့ ဒါဆို ညီမဘယ်လိုလုပ်ရမလဲဟင်"
ကောင်တာမမက လေတယ်ဆိုတဲ့ပုံနဲ့ သိပ်ရှုပ်တာပဲ ဆိုတဲ့အတွေးလေးကို မျက်လုံးလေးအဝေ့နဲ့
ဟန်ပါပါကြည့်လိုက်ပုံက တစ်သက်တာအတွက်မေ့လောက်စရာကိုမရှိလိုက်ပုံများ
သူ့ပြောပုံနဲ့ဟန်ပန်အမူအရာလေးက တစ်သက်မမေ့နိုင်စရာပါပဲလေ။
အင်းစိတ်လျှော့စိတ်လျှော့ဆိုပြီး ခပ်ပြုံးပြုံးလေးနဲ့ မေမေပြောတဲ့
‘လူ့အောက်ကျို့လို့မသေဘူး”ဆိုတဲ့စကားကို ရင်ဝယ်ပိုက်ပြီးတော့ပေါ့။
ထပ်ပြီးမေးသေးတဲ့ပုံက ဒီလိုလေ
“စာစီလာပြီးသားလား “ ဆိုတော့ ဟုတ်ကဲ့ပေါ့ အဲလောက်ကအဆင်ပြေသေးတယ်။
နောက်ထပ်မေးတဲ့မေးခွန်းကမှ ကမ္ဘာမကြေဖြစ်သွားစေခဲ့တာလေ။
“အင်္ဂလိုရေးတတ်တယ်မဟုတ်လားတဲ့ မြန်မာလိုဆိုပို့လို့မရဘူးတဲ့” ပြောပုံက
လူကိုနှိမ်တာများပြောပါတယ် သူပြောနေကျဆိုယင်လည်းကျွန်မက နည်းနည်းချော်တယ်ပဲထားပါတော့။
ဟုတ် အင်္ဂလိပ်လိုရေးထားတာပါ လို့ပြောတော့ သူက “အိုကေလေ ဒါဆိုဟိုမှာ သွားရိုက်ထားပါတဲ့”
လွတ်နေတဲ့ကွန်ပျူတာတစ်လုံးကိုညွှန်ပြပြီးပြောတယ် “Word ထဲမှာရိုက်ပြီး နာမည်တစ်ခုနဲ့သိမ်းထား ပြီးယင်
ပြောပါ “ တဲ့။
ခက်ပြီပေါ့။
ကွန်ပျူတာကိုလုံးဝသုံးရကောင်းမှန်းအသိအမှတ်ပြုထားတာမဟုတ်လေတော့ ဘယ်ကစပြီးစရမှန်းမသိပါဘူး။
Word file ကိုဖွင့်ပြီး ကီးဘုတ်ပေါ်လက်တင်လိုက်တယ်ဆိုယင်ပဲသေချင်စော်နံပြီလေ။
အေတစ်လုံးရိုက်ဖို့အရေးတစ်မိနစ်ခန့်အချိန်ယူရတယ်ဆိုတော့ကာ အချိန်နဲ့သုံးရတဲ့ဒီကဖေး
ဆိုင်သိမ်းချိန်တောင် ကိုယ့်စာကရိုက်ပြီးမှာမဟုတ်။
သိလိုက်ပါပြီ။
အားလုံးကိုဝေ့ကြည့်လိုက်တော့ အသီးသီးအသက က အိုကေစိုပြည် လေ။
သုံးနေကျအခက်ခဲမရှိဖြူးလို့။
ချွေးစေးထွက် လက်ကမသွက်နဲ့ သေငယ်ဇောမျောနေသလားအောက်မေ့မိတယ်။
အဲလိုဖြစ်နေတုန်းကံကောင်းထောက်မ
လူမစွမ်းနတ်တော့မဟုတ် စွမ်းတဲ့သူမ တဲ့သဘောလို့ပြောရမယ်။
ဘေးနားက မဒီတစ်ပါးက ငဲ့ကြည့်ပြီး မဟန်မှန်းသိတဲ့ပုံ။
ကိုယ့်ပုံကလည်း နှပ်ချေးမစင်တဲ့သူငယ်လေးပုံဆိုတော့ ကရုဏာသက်သွားပုံရပါတယ်။
မဒီက “ကလေး အိုကေလားအဆင်မပြေယင်ဒို့ရိုက်ပေးမယ်လေ” တဲ့။
အပီကျေနပ်သွားတာပေါ့ကိုယ်ကတော့ “ဟုတ်မမ ကျေးဇူးတင်ပါတယ်”ဆိုပြီး
ကိုယ့်အာဘော်ကိုခေါ်ပေးလိုက်တာ တစ်ခဏတွင်းပြီးသွားလေရဲ့။
ကျေးဇူးကြီးစွာတင်တဲ့မျက်လုံးလေးတွေနဲ့ သူမကို
ရိုကျိုးစွာကြည့်ပြီး ရင်ထဲမသက်မသာခံစားရလောက်တဲ့ အကြည့်ပိုင်ရှင်ကောင်တာကမမဆ
ီ တိုးလျှိုးတောင်ပန်ရသည့်အလားကိုယ့်စားရိတ်ကိုယ်စားပြီး မချိမဆန့်ပြုံးပြလိုက်ပြီးသကာလ
‘ဟို ပြီးပြီမမ” လို့ပြောတော့ သူမက အိုကေ ထားခဲ့ ခုတော့မအားလို့
အားယင်ပို့လိုက်မယ် ပို့ခကျသင့်ငွေပေးခဲ့ဖို့ပြောတာနဲ့ ကျွန်မက “ပြန်စာကိုဘယ်လိုသိရမလဲဟင်”ဆိုတော့
သူမက လာလာကြည့်နေပေါ့တဲ့။ အဲဒီကတည်းက နင်သွားမိတယ်လေ ကွန်ပျူတာကိုကော အင်တာနက်ကိုကော အကျွမ်းတ၀င်ရှိဖို့ကြိုးစားလာလိုက်တာခုဆို ကျွမ်းစကီးမဖြစ်တဖြစ်ဘ၀နဲ့ချက်တင်မမဖြစ်လာတာကို တွေးမိတိုင်း ကောင်တာမမရဲ့ကျေးဇူးတရားကို ထာဝရ အောက်မေ့တသ ရင်ခံမိပါကြောင်း။
Tuesday, July 01, 2008
ယုံရမလားအာဒံနဲ့ဧ၀ရယ်

ရှေးခေတ်ကတယ်ထူး တယ်ထွင်ကြသကိုး နော့
ထွင်ပုံများ စား ၀တ် နေ ရေး နဲ့ ပတ်သက်ပြီး ထွင်လာလိုက်တာ
အဲဒီအထဲမှာအချစ်ကိုစထွင်ခဲ့တဲ့ အာဒံနဲ့ဧ၀ကိုတော့ ယုံမိပုံမိ စုံလုံးထိ အဲဟုတ်ပေါင်
ညောင်လို့အော်တတ်တဲ့ကြောင်တော့မဟုတ်ဘူး
ယောင်တောင်ပေါင်တောင်အတွေးဗလပွနဲ့နေတတ် ရေးတတ်တဲ့ ပျိုပျိုကို အိုအောင်ဆုတောင်းပေး
အဲလေ စွံအောင်ဆုတောင်းပေးကြပါဗျို့
သူတို့ထွင်ခဲ့လို့ လူတွေချစ်လာကြတာ ဒို့လူဖြစ်လာတဲ့အထိ ခုထိ ဆက်ချစ်ဆဲ
ဒါပေမယ့် ဘယ်အထိ ဘာကြောင့်ချစ်နေကြလဲမသိ
သိထားတာတော့ အာဒံနဲ့ဧ၀ချစ်တာ ဖြူစင်တယ်ဆိုတာ ယုံဘူး...