Showing posts with label သုတ. Show all posts
Showing posts with label သုတ. Show all posts

Wednesday, March 05, 2014

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံအကျဉ်း




၂၀၁၄ ခုနှစ် မတ်လ (၈) ရက်နေ့မှာ ကျရောက်မယ့် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကို ဂုဏ်ပြုသောအားဖြင့် ၀တ်မှုန်သံစဉ်မှ စာဖတ်ပရိသတ်များအား အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ပေါ်ပေါက်လာပုံကို အကျဉ်းအားဖြင့် တင်ပြပေးပါရစေ။


အမျိုးသမီးများနေ့ကို အစောဦးဆုံး သတ်မှတ်ကျင်းပတဲ့နိုင်ငံကတော့ အမေရိကန် ပြည်ထောင်စုဖြစ်ပါတယ်။ အမျိုးသမီးများနေ့ကို အမေရိကန်ပြည်ထောင်စုမှာ ၁၉၀၈ခုနှစ် မေလ (၃) ရက်နေ့မှာ ချီကာဂိုမြို့တွင်လည်းကောင်း၊ ၁၉၀၉ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နဲ့ ၁၉၁၀ပြည့်နှစ် ဖေဖော်ဝါရီလ ၂၇ရက်နေ့များမှာ နယူးရောက်မြို့တွင် လည်းကောင်း၊ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့၊ ကမ္ဘာ့အမျိုးသမီးထုရဲ့ စွမ်းဆောင်ရည်တွေ ပိုပြီးမြင့်မားလာစေဖို့၊ အောင်မြင်မှုတွေကို ဂုဏ်ပြုဖို့၊ အမျိုးသမီးများရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာများကို ပူးပေါင်းဖြေရှင်းဖို့ စတဲ့အချက်တွေနဲ့ အမျိုးသမီးဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့များက စတင်ပြီး ဦးဆောင်ကျင်းပခဲ့တာပါ။


နောက်ပိုင်းမှာတော့ ရုရှား နဲ့ အရှေ့ဥရောပနိုင်ငံများသို့ ပျံ့နှံ့သွားပြီးတဲ့နောက် ကမ္ဘာတ၀ှမ်းလုံးမှာ အမျိုးသမီးများနေ့ကို မိမိတို့နိုင်ငံအလိုက် နေ့များသတ်မှတ်ကျင်းပခဲ့ကြ ပါတယ်။ အဲဒီလိုကျင်းပရာမှာ နိုင်ငံအလိုက် ၄င်းတို့နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အမျိုးသမီးထုရဲ့ အခက်အခဲများအတွက် ဖြေရှင်းပေးရန်၊ အထူးသဖြင့် အမျိုးသားအမျိုးသမီးတန်းတူအခွင့်အရေး တွေရရှိဖို့ လိင်ခွဲခြားဆက်ဆံခံရခြင်းများ ပပျောက်ရေးအတွက် ချီတက်ပွဲများကျင်းပခြင်း၊ အမျိုးသမီးထုညီလာခံများကျင်းပခြင်းများ ပြုလုပ်ကြပါတယ်။ ၁၉၁၁ခုနှစ်မှစပြီး အမေရိကန် ပြည်ထောင်စုမှာ အမျိုးသမီးများနေ့ကို နှစ်စဉ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ရဲ့ တနင်္ဂနွေနေ့တိုင်းမှာ ဆက်လက်ကျင်းပခဲ့ပြီး ရုရှားနိုင်ငံမှာ ၁၉၁၃ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ရဲ့ တနင်္ဂနွေနေ့မှာ စတင်ကျင်းပခဲ့ပါတယ်။

၁၉၁၄ ခုနှစ်အရောက်မှာတော့ မတ်လ ၈ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အဖြစ်သတ်မှတ်ကာ နိုင်ငံတိုင်းမှာ ကျင်းပခဲ့ကြတာ ယနေ့တိုင်ပဲ ဖြစ်ပါတယ်။  ကွန်မြူနစ် နဲ့ ဆိုရှယ်လစ်နိုင်ငံများမှာတော့ ယင်းနေ့ကို အစိုးရရဲ့ တရားဝင်ရုံးပိတ်ရက် အဖြစ် သတ်မှတ်ကြပါတယ်။


၁၉၇၇ ခုနှစ်မှာ ကမ္ဘာ့ကုလသမ္မဂ္ဂအဖွဲ့ကြီးက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ ၈ ရက်နေ့ကို အမျိုးသမီးများ၏ အခွင့်အရေးနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး ကုလသမဂ္ဂ အထိမ်းအမှတ်နေ့ အဖြစ်သတ်မှတ်ကာ နှစ်စဉ်ကျင်းပခဲ့ပါတယ်။ အဲဒီလို ကျင်းပရာမှာ နှစ်အလိုက် Theme (အဓိကဆောင်ပုဒ်) များကိုလည်း ထုတ်ပြန်ပါတယ်။ ယမန်နှစ် ၂၀၁၃ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “A Promise is a Promise: Time for Action to End Violence Against Women ဖြစ်ပြီး အမျိုးသမီးများအကြမ်းဖက်မှုအဆုံးသတ်ရေးအတွက် အဓိကထားဆွေးနွေးခဲ့ကြတာပါ။ ယခုနှစ် ၂၀၁၄ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “Equality for Women is Progress for All” (အမျိုးသမီးထု ညီတူညီမျှတိုးတက်ဖို့) ဖြစ်ပါတယ်။


အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကျင်းပရေးအဖွဲ့ရဲ့ ယခုနှစ် ၂၀၁၄ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “Inspiring Change” (ပြောင်းလဲဖို့အတွက်လှုံ့ဆော်စို့) ဖြစ်ပြီး အဲဒီဆောင်ပုဒ် ရွေးချယ်ရတဲ့အဓိကအချက်တွေကတော့ အမျိုးသမီးထုတရပ်လုံးရဲ့သာတူညီမျှမှုဟာ အကျိုးရလဒ်ကောင်း တွေကို ရရှိစေခဲ့ပေမယ့် အခုချိန်ထိ ကမ္ဘာကြီးမှာ မညီမျှမှုတွေရှိဆဲပါ။ အမျိုးသမီးထုကြီးရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အောင်မြင်ဖြစ်ထွန်းမှုများကို ကမ္ဘာကြီးက ပိုပြီးကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက် အလေးထားပေးဖို့ ရည်ရွယ်ချက်နဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကျင်းပတာပါ။ လို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပရေးအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။


            ဒါကြောင့်မို့ နှစ်ပေါင်း (၁၀၃) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ယခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ အမျိုးသမီးထုကြီးရဲ့ အောင်မြင်မှုတွေကို ကမ္ဘာက အသိအမှတ်ပြုပြီး အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို အလေးထားအာရုံစိုက်လာစေဖို့ အမျိုးသမီးထုတရပ်လုံးက လှုပ်ရှားကြိုးပမ်းရမှာဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။


နေနီနီ


ကိုးကား။
http://www.internationalwomensday.com/theme.asp#.UwizH4XjL5N
http://en.wikipedia.org/wiki/International_Women%27s_Day

ရွှေ့ပြောင်းကျောင်း ပညာရေး နဲ့ သုံးနာမညီ တြိဂံ အရွေ့




ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ သန်းကျော်ရှိပြီး အဲဒီထဲက ၁၁ ရာခိုင်နှုန်းဟာ အသက် ၁၈ နှစ်အောက် ကျောင်းနေအရွယ် ကလေးများ ပါဝင်ကြောင်း စစ်တမ်းများအရ သိရှိရပါတယ်။ ရေကြည်ရာ မြက်နုရာကို ရှာဖွေရင်း စားဝတ်နေရေးအတွက် ရွှေ့ပြောင်းအခြေချသူအလုပ်သမားများရဲ့ သားသမီးများဘ၀ဟာ တကယ်တော့ မလှပကြပါဘူး။ အထူးသဖြင့် နိုင်ငံမဲ့တွေဖြစ်နေကြတဲ့ သူတို့ဘ၀တွေရဲ့ အနာဂတ်ဟာ တိုင်းတစ်ပါးမှာ အောက်ခြေအလုပ်သမားဘ၀နဲ့ သူတို့ရဲ့ ပျိုမျစ်တဲ့အချိန်တွေကနေ စပြီး အဆုံးသတ်လိုက်ကြရတာက များပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားမိသားစုတွေရဲ့ ကလေးငယ်တွေအတွက် ပညာရေးအာမခံချက်ဟာလည်း မရှိပါဘူး။  

ထိုင်းနိုင်ငံက မဲဆောက်ဆိုတဲ့ နယ်စပ်မြို့ တ၀ိုက်နဲ့ အနီးအနားဒေသတွေမှာ မြန်မာပြည်က ရွှေ့ပြောင်းအခြေချနေထိုင်လာကြတဲ့ မြန်မာတိုင်းရင်းသား ပေါင်းစုံကို မဲဆောက်ဝန်းကျင်မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေနဲ့ စားသောက်ဆိုင်၊ အိမ်တွင်းလုပ်ငန်းတွေမှာ အများအပြားတွေ့နိုင်တဲ့အပြင် အခြေအနေမဲ့ဘ၀နဲ့ လမ်းဘေးအမှိုက်ပုံတွေ ကနေ နေ့စဉ် ရရာ ပလတ်စတစ် ကော် စတဲ့ စွန့်ပစ်ပစ္စည်းတွေကို လိုက်လံကောက်ယူပြီး ပြန်လည်ရောင်းချကာ အသက်မွေးနေကြတဲ့ မြန်မာလူမျိုးတွေကလည်း ဒုနဲ့ဒေးပါပဲ။ မဲဆောက်ဈေးရဲ့ အချို့နေရာတွေမှာ ရင်ခွင်ပိုက်ကလေးငယ်တွေ၊ အသက် ၁၀ နှစ်အောက်၊ အသက်၁၅ နှစ်အောက် မြန်မာနိုင်ငံသား ကလေးငယ်တွေကို သူဖုန်းစားတွေအနေနဲ့ တွေ့ရမှာပါ။ 

            သူတို့ရဲ့ ပညာရေးအခွင့်အလမ်းတွေ၊ အနာဂတ်ဘ၀အာမခံချက်တွေကတော့ လုံးဝ မရှိသလောက်ပါပဲ။  သို့ပေမယ့် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကနေ အထောက်အပံ့ပေးပြီး လူမှုရေးအဖွဲ့အစည်းတွေက ထိုင်း-မြန်မာ နယ်စပ်တလျှောက် နဲ့ မြန်မာပြည်တွင်း ချို့သောနယ်မြေတွေမှာ ရွှေ့ပြောင်းစာသင်ကျောင်းတွေကို တည်ထောင်ပြီး မြန်မာတိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးလေးတွေ စာတတ်မြောက်ရေးအတွက် ပညာသင်ကြားပေးနေကြပါတယ်။ ဒီလို သင်ကြားပေးရာမှာ ယင်းရွှေ့ပြောင်းကျောင်းတွေရဲ့ သင်ရိုးတွေဟာ မြန်မာနိုင်ငံပညာရေးအဖွဲ့က ထုတ်ဝေပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြတဲ့ကျောင်းတွေရှိသလို ကမ္ဘာ့ပညာရေးအဖွဲ့က ထိုင်း-မြန်မာနယ်စပ်အတွက် ထုတ်ဝေထားတဲ့ သင်ရိုးညွှန်းတမ်းကို သင်ကြတဲ့ကျောင်းတွေလည်းရှိပါတယ်။ ရွှေ့ပြောင်းကျောင်းရဲ့ ပညာရေးပန်းတိုင်ကတော့ ရေရာလှတယ်တော့မဟုတ်ပါဘူး။

အချို့ကျောင်းတွေမှာ Post Ten လို့ခေါ်တဲ့ GED အတွက် အထူးလေ့ကျင့်သင်ကြားပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ သင်တန်းဝင်ခွင့်ဖြေဆိုအောင်မြင်ရေးအတွက် အဓိကထားကြတာတွေရှိသလို အချို့ကတော့ နောက်ထပ် ပညာသင်ဆုတွေအတွက် လိုအပ်တဲ့ ၀င်ခွင့်စာမေးပွဲတွေအတွက် ပြင်ဆင်ပေးတဲ့ သင်တန်းတွေကို တက်ခွင့်ရဖို့ မိမိတို့ကျောင်းအလိုက် သင်ရိုးရေးဆွဲသင်ကြားကြတာလည်း ရှိပါတယ်။ အဲဒီလိုသင်ကြားကြတဲ့အခါမှာ အင်္ဂလိပ်စာကို အထူးအလေးထားကြတာတွေ့ရပါတယ်။  

ဒါ့အပြင် ယခုနှစ်ပိုင်း ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကစပြီး မြန်မာနိုင်ငံစာစစ်အဖွဲ့က နှစ်စဉ်ကျင်းပလျက်ရှိတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ရွှေ့ပြောင်းမြန်မာကျောင်းအချို့ ကနေပြီး ပြည်တွင်းအစိုးရအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆွေးနွေးကာ ယင်းစာမေးပွဲကို ဖြေဆိုဖို့ဆန္ဒရှိကြတဲ့ ရွှေ့ပြောင်းကျောင်းသားကျောင်းသူအချို့ကို မိမိတို့ကျောင်းအလိုက် သင်ကြားလေ့ကျင့်ပေးပြီး ဖြေဆိုခဲ့ကြရာမှာ ဖြေဆိုကြသူများအနက် (၁၄) ရာခိုင်နှုန်း အောင်မြင်ခဲ့ကြပါတယ်။ အဲဒီအောင်မြင်သွားတဲ့ကျောင်းသားကျောင်းသူများဟာ အခုဆိုရင် ပြည်တွင်း တက္ကသိုလ် ကောလိပ်များမှာ တက်ရောက်သင်ကြားခွင့်ရနေကြပြီဖြစ်ပါတယ်။ 
                        မြန်မာနိုင်ငံကနေထွက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားမိသားစုများဟာ မြန်မာပြည်သား နိုင်ငံသားများသာဖြစ်ကြပေမယ့် သူတို့ရဲ့ ပြည်တော်ပြန်ရေးဟာ အလွန်မှ ခက်ခဲတဲ့အနေအထားဖြစ်ပါတယ်။ သူတို့ရင်သွေးတွေဖြစ်ကြတဲ့ ရွှေ့ပြောင်းကျောင်းတွေမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသားကျောင်းသူလေးများနဲ့ နယ်စပ်ဒေသတလျှောက် လုပ်ငန်းခွင်တွေထဲ ရောက်ရှိလုပ်ကိုင်နေကြတဲ့ ကလေးငယ်များရဲ့  ၄င်းတို့ မိဘတွေမွေးဖွားရာဇာတိမြေကို ပြန်လည်နေထိုင်ခွင့်ရဖို့ဆိုတာလည်း မလွယ်လှပါဘူး။ ဒါ့အပြင် သူတို့ နေထိုင်နေတဲ့ နယ်စပ်ဒေသတလျှောက်မှာလည်း တရားဝင်နေထိုင်ခွင့်ကို လူသားတယောက်ရဲ့ အာမခံချက် အခွင့်အရေးတွေ မရရှိဘဲ ခွဲခြားဆက်ဆံခံနေကြရတုန်းပါ။ ရွှေ့ပြောင်းကျောင်းတွေမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသားကျောင်းသူလေးများဟာလည်း ကျောင်းရောက်တဲ့အခါ ပညာတန်ဖိုးကို သိပြီး ပညာကိုမက်မောလာတာ၊ ယဉ်ကျေးလိမ္မာပြီး လူ့အခွင့်အရေးနဲ့ တာဝန်ကို ခွဲခြားသိမြင်လာတာ၊ သူတို့သင်ကြားတတ်မြောက်ခဲ့တဲ့ အတန်းပညာအလိုက် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခု တတ်မြောက်လာကြတာ မရှိသလောက်ပါပဲ။

ဒါကလည်း ရွှေ့ပြောင်းကျောင်းများရဲ့ ပညာရေးသင်ရိုးတွေရဲ့ အားနည်းချက်တွေအပြင်၊ ကျွမ်းကျင်ဆရာ ဆရာမတွေ နည်းပါးတာလည်း အချက်တစ်ချက်ဖြစ်သလို၊ ကျောင်းသားကျောင်းသူတွေရဲ့ မိဘအုပ်ထိန်းသူအများစုဟာ ရင်သွေးလေးတွေရဲ့ ပညာရေးအခြေအနေ၊ စာရိတ္တအခြေအနေကို စောင့်ကြပ်အကဲခတ်အားပေးကြတဲ့ မိဘအုပ်ထိန်းသူတွေကလည်း နည်းပါတာဟာ အချက်တစ်ချက်အဖြစ်ပါဝင်ပါတယ်။ 

ရွှေ့ပြောင်းမိသားစုတွေရဲ့ ရင်သွေးလေးတွေဟာ အခြေခံပညာမူလတန်းလောက်ကိုတော့ ရွှေ့ပြောင်းကျောင်းတွေမှာ သင်ကြားလေ့ရှိကြပြီး လုပ်ငန်းခွင်ထဲ ၀င်ရောက်လုပ်ကိုင်ဖို့ အရွယ်အားဖြင့် အဆင့်သင့်လာပြီဆိုလျှင်တော့ အုပ်ထိန်းသူများဟာ မိမိရင်သွေးတွေကို ကျောင်းမှထုတ်ကာ လုပ်ငန်းခွင်ထဲသို့ နေ့စား လစားဘ၀များအဖြစ် သွတ်သွင်းလိုက်ကြတာများပါတယ်။ 

အချို့ ကျောင်းသား ကျောင်းသူများကတော့ မိဘများက ပညာရေးအားပေးသော်ငြားလည်း ကြီးကောင်ဝင် အရွယ်ရောက်ခါစ အချိန်တွေဖြစ်တဲ့ အလယ်တန်း အထက်တန်းကျောင်းသား ဘ၀တွေ ရောက်ရှိလာကြတဲ့အခါ စိတ်ဝင်စားမှုဦးတည်ချက် ပြောင်းလဲလာကြပြီး အိမ်ထောင်သည်ဘ၀ကို ကူးပြောင်းသွားတတ်ကြသလို အချို့ကလည်း ကျောင်းနဲ့ဝေးရာ လုပ်ငန်းခွင်တွေထဲကို မိမိသဘောဆန္ဒနဲ့ ရွေးချယ်ဝင်ရောက်သွားကြတာလည်းရှိပါတယ်။

            ဒီလိုဖြစ်ရတဲ့အဖြစ်အပျက်တွေရဲ့နောက်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားရင်သွေးတွေရဲ့ အနာဂတ်ဟာ လှပနိုင်စရာမရှိပါဘူး။ အသိ အမြင် အတတ် ပညာတွေ ဖွံ့ဖြိုးအောင်မြှင့်တင်ပေးနိုင်ပြီး ဘ၀အာမခံချက်တွေပေးနိုင်တဲ့ ပညာရေးကို သင်ကြားပေးနိုင်တဲ့ ရွှေ့ပြောင်းကျောင်းတွေပေါ်ပေါက်လာဖို့ အရေးကြီးလာပြီဖြစ်တာကို ဒီအခြေအနေတွေက ဖော်ပြနေကြပါတယ်။ ရွှေ့ပြောင်းကျောင်းကနေပြီး မြန်မာနိုင်ငံတက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက် ဖြေဆိုခွင့်၊ GED နဲ့ အခြားပညာသင်ဆုတွေ လျှောက်ထားခွင့် ရရှိလာပြီဖြစ်သော်လည်း ရွှေ့ပြောင်းကျောင်းအားလုံး ပါဝင်နိုင်ခြင်းမရှိသေးလို ကျောင်းသားကျောင်းသူအားလုံးလည်း ပါဝင်နိုင်ခြင်းမရှိသေးပါဘူး။

ဒါ့အပြင် အောင်မြင်သူကျောင်းသားကျောင်းသူအရေအတွက်ဟာလည်း ရွှေ့ပြောင်းရင်သွေးအားလုံးကို ကိုယ်စားမပြုသေးပါဘူး။ ထိုမျှမကသေးပါဘူး။ ရွှေ့ပြောင်းကျောင်းတွေကနေ အခြေခံပညာအလယ်တန်း နဲ့ အထက်တန်းအရောက်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းကို ကျောခိုင်းသွားကြရတဲ့ ရွှေ့ပြောင်းရင်သွေးတွေရဲ့ လက်တွေ့ဘ၀မှာ သူတို့သင်ကြားတတ်မြောက်လာတဲ့ အတန်းပညာအလိုက် အသက်မွေးဝမ်းကျောင်းပညာရပ်တွေ၊ အသိပညာဗဟုသုတတွေ၊ လူမှုကျင့်ဝတ်စည်းကမ်းတွေကို သိရှိတတ်မြောက်သွားတာလည်း မရှိပါဘူး။

ဒီလိုပညာရေးအခြေအနေတွေကြောင့် ငွေကိုအဓိကထားပြီး တိုင်းတပါးကို စွန့်စားထွက်ခွာလာကြရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ၄င်းတို့ရဲ့ရင်သွေးငယ်တွေအတွက် ကျောင်းပညာသင်သော်ငြားလည်း လက်တွေ့ဘ၀ အသက်မွေးဝမ်းကျောင်းမှုကို ဘာမှ အထောက်အကူမပြုဘူးဆိုတဲ့ အသိအမြင်တွေ ၀င်လာကြတာလည်းရှိလာပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းကျောင်းသားကျောင်းသူတွေနဲ့ ၄င်းတို့ရဲ့ မိဘတွေဖြစ်တဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ဘ၀အာမခံချက်တွေရရှိဖို့ နဲ့ ဘ၀ရပ်တည်ချက်ခိုင်မာဖို့ရာ အနာဂတ်မျိုးဆက်သစ်တွေဖြစ်ကြတဲ့ ရွှေ့ပြောင်းလူငယ်တွေရဲ့ အသိပညာ အတတ်ပညာတွေကို ရွှေ့ပြောင်းပညာရေးကနေပြီး တိကျခိုင်မာစွာ အရည်အချင်းပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ဖို့ အထူးလိုအပ်လို့လာနေပါတယ်။ ဒီအတွက် ကြိုးပမ်းနေကြတဲ့ ဆန္ဒရှိသူတွေအနေနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို အသက်အရွယ်အလိုက် တတ်မြောက်အောင်သင်ကြားပေးနိုင်ဖို့ ကျွမ်းကျင်ဆရာ ဆရာမတွေ မွေးထုတ်ဖြည့်ဆည်းပေးဖို့၊ ဘ၀တစ်ခုရပ်တည်ဖို့ အမှန်တကယ်လိုအပ်တဲ့ လူကျင့်ဝတ်သိက္ခာ စည်းကမ်းတွေကို လိုက်နာတတ်ဖို့၊ တာဝန်နဲ့ဝတ္တရား ကို လူ့အခွင့်အရေး နှင့် ပူးတွဲသိမြင်လာဖို့ သင်ကြားပေးနိုင်မယ့် သင်ရိုးတွေလည်း ဖြည့်ဆည်းပေးမယ်ဆိုရင် လက်တွေ့အောင်မြင်လာမှာဖြစ်ပါတယ်။


            အချုပ်အားဖြင့်ပြောရလျှင် အပြောင်းအလဲမြန်ဆန်လွန်းလှတဲ့ IT ခေတ်ကြီးထဲမှာ ကမ္ဘာ့ရဲ့ အနာဂတ်ကို ဖန်တီးကြရမယ့် ရင်သွေးငယ်တွေထဲမှာ တစိတ်တပိုင်းပါဝင်တဲ့ မြန်မာရွှေ့ပြောင်းလူငယ်လေးတွေရဲ့ အသိပညာ အတတ်ပညာနဲ့ စာရိတ္တမြင့်မားရေးကိုဦးတည်တဲ့ ဘ၀အတွက် အသက်မွေးဝမ်းကျောင်းပညာတွေကို အမှန်တကယ် သင်ကြားပေးနိုင်မယ့် ရွှေ့ပြောင်းပညာရေးကြီးဆီကို ရွေ့လာနိုင်မယ်ဆိုရင် အခု မညီမညာဖြစ်နေတဲ့ မိဘ ဆရာ ကျောင်းသား ဆိုတဲ့ အနားမညီတြိဂံကြီးဟာ တိကျခိုင်မာတဲ့ အခွင့်အရေးတွေကို အနာဂတ်အတွက်ဖန်တီးပေးနိုင်တဲ့ ပညာရေးကိုသာ ရွှေ့ပြောင်းကျောင်းတွေက ဖော်ဆောင်ပေးနိုင်ခဲ့မယ်ဆိုရင် ငွေကိုအဓိကထားတဲ့ မိဘတွေဟာလည်း ကျောင်းဆရာ ဆရာမတွေနဲ့ အားတက်သရောပူးပေါင်းလာကြပြီး ကျောင်းသားကျောင်းသူတွေရဲ့  စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ယိုယွင်းပျက်ပြားနေမှုကို အတူတကွ ထိန်းသိမ်းလာကြမယ်ဆိုတာ မလွဲဧကန်ပဲဖြစ်ပါတယ်။  

ဒါကြောင့် တဦးအပေါ်တဦး အပြန်အလှန်ယုံကြည်အားကိုးတန်ဖိုးထားလာကြစေဖို့ စစ်မှန်တဲ့ဘ၀အတွက်အသုံးဝင်တဲ့ ပညာရပ်တွေကို ကျောင်းသားအားလုံးတတ်မြောက်လာကြစေဖို့၊ ရွှေ့ပြောင်းကလေးငယ်အားလုံး ပညာသင်ကြားလာစေဖို့ ဆွဲဆောင်ရာမှာ ရွှေ့ပြောင်းပညာရေးရဲ့ အရွေ့အပြောင်းဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတာမို့ တာဝန်ရှိသူ မြန်မာအစိုးရအပြင် ရွှေ့ပြောင်းပညာရေးအကျိုးဆောင်ရွက်နေသူအားလုံး ဤအချက်ကို မေ့မထားကြဖို့ အထူးလိုအပ်လှပါကြောင်း တင်ပြလိုက်ရပါတယ်။ 

ညနေဥာဏ်

Sunday, August 01, 2010

တောင်ကြီး နဲ့ မော်လမြိုင်အမှတ်တရ

လူတိုင်းမှာ မိမိရဲ့အောက်မေ့တသ သတိရစရာနေရာလေးတွေ နယ်မြေလေးတွေ ရှိကြမှာပါ။ ကျွန်မအတွက်လည်း တောင်ကြီးမြို့နဲ့ မော်လမြိုင်မြို့ဟာ အမှတ်တရ သတိရစရာနေရာတွေပါ။



အခုတော့ ကျွန်မ ၁၉၈၈ ကနေ ၂၀၀၄ အထိ နေထိုင်ခဲ့ရာ မော်ရွှေမြိုင်မြို့အမှတ်တရအဖြစ် ဒီသီချင်းလေးကို မျှဝေလိုက်တာပါ။ မော်လမြိုင်မြို့ရဲ့ အထင်ကရ အမှတ်ရစရာနေရာလေးတွေအားလုံးနီးပါး ဒီသီချင်း MTV လေးကိုကြည့်ရင်း စိတ်ကူးနဲ့ လည်ကြည့်ကြရအောင်လားရှင်။

တောင်ကြီးမြို့ အမှတ်တရ







ဒါကတော့ တောင်ကြီးမြို့ရဲ့ အထင်ကရ မီးပုံပျံပွဲတော်အကြောင်း သီဖွဲ့ဆိုထားတာပါ။ တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အလှကို မြင်တွေခံစားကြရမှာပါ။ ကျွန်မရဲ့ ဇာတိမြေဖြစ်တဲ့ တောင်ကြီးမြို့အမှတ်တရအဖြစ်ပါ။ ဒီမီးပုံးပျံပွဲတော်ကျင်းပတဲ့ ကွင်းကြီးနဲ့ မလှမ်းကမ်းက ဗိုလ်ချုပ်ကြေးရုပ်ကြီးကို ကျွန်မငယ်ငယ်တုန်းက မိဘများနဲ့အတူ ရုံးပိတ်ရက်တွေမှာ အမြဲအလည်ရောက်ဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်ရဲ့အကြောင်းကိုလည်း ဖေဖေနဲ့မေမေက အမြဲပြောပြခဲ့တာလေ။ ဒီကြေးရုပ်ပန်းခြံနဲ့ မနီးမဝေးက မိခင်နဲ့ကလေး ဆေးရုံကြီးမှာ ကျွန်မကို မေမေက ၁၉၈၁ ခုနှစ် အောက်တိုဘာလ တောင်ကြီးမြို့ရဲ့ သီတင်းကျွတ် ကထိန်ခင်းပွဲတော်မတိုင်မီလေးမှာ မွေးဖွားခဲ့တာပါ။ မီးပုံပျံပွဲဟာ တောင်ကြီးမှာနေခဲ့စဉ် ၁၉၈၂ ကနေ ၁၉၈၈ အထိ ကျွန်မထိတွေ့ခံစားခဲ့ရပါတယ်။ မီးပုံးပျံတွေလွှတ်တဲ့ညပိုင်းတစ်ခင်းလုံး ပွဲခင်းထဲမှာ ကျွန်မဖေဖေနဲ့အတူ ရှူးဒိုင်းလွှတ်ရင်း စောင်ကြည့်ခဲ့ရတာများပါတယ်။ ကျွန်မသိပ်ပျော်ရွှင်ခဲ့ရတဲ့ တောင်ကြီးမြို့မှာခြေချခွင့်ရခဲ့တဲ့ ကာလလေးတွေကို ပြန်မြင်ယောင်ခံစားရင်း ဒီသီချင်းလေးကို မျှဝေဖြစ်တာပါ။ မီးပုံးပျံပွဲခင်းထဲ ဒီသီချင်း MTV လေးကြည့်ရင်း စိတ်ကူးနဲ့အလည်တစ်ခေါက် သွားကြရအောင်လားရှင်။

Tuesday, April 20, 2010

မော်လမြိုင်သင်္ကြန်အလွမ်း

သင်္ကြန်ရောက်ပြီနော်...
ဟိုးအတိတ်ကမော်လမြိုင်သင်္ကြန်ကိုလွမ်းတယ်...ခပ်ငေးငေးလေးလဲ
တွေးဖြစ်တယ်။

သူငယ်ချင်းတွေအားလုံးလဲသင်္ကြန်ဆိုကဲနေကြပြီထင်ပါတယ်...
တချို့တချို့တွေကတော့တရားစခန်းတွေဝင်နေကြပြီပေါ့...
သင်္ကြန်အလွမ်းနဲ့အတူမော်လမြိုင်ကိုသတိရမိတယ်..

သင်္ကြန်ဆိုကျွန်မတို့မော်လမြိုင်ကမ်းနားလမ်းကတော်တော်စည်တယ်
သံလွင်မြစ်ထဲကရေတွေစုပ်ပြီးမဏ္ဍပ်ထိုးပက်တာလေ
ရေကအလကားရတော့တော်တော်ပက်ကြတယ် မီးသတ်ပိုက်နဲ့ထိုး
တာတောင်ငယ်ငယ်ကကြုံဖူးတယ်
နောက်ပိုင်းမလည်ဖြစ်တော့ဘူး

သင်္ကြန်အခါမှာ မဏ္ဍပ်ထိုးရေပက်ကြ စတုဒီသာကျွေးကြနဲ့သိပ်ပျော်
ဖို့ကောင်းတယ်
မဏ္ဍပ်မှာကျွေးတဲ့မုန့်လုံးရေပေါ်တို့မုန့်လက်ဆောင်းတို့ရွှေရင်အေးတို့
ကိုသောက်စားရတာတော်တော်အရသာရှိတာပဲ
ရေပက်ထားတော့မောနေချမ်းနေတုန်းရေခဲစိမ်မုန့်လက်ဆောင်းဒါမှမ
ဟုတ်ရွှေရင်အေးလေးသောက်ခွင့်ရတဲ့အချိန်မှာလန်းဆန်းတယ်
အမောပြေတယ်လို့ခံစားရတယ်....

အလှူရှင်တွေကတော့တော်တော်ကုသိုလ်ရတယ်ကလေးမဏ္ဍပ်ဆို
တခွက်ပြီးတခွက်သောက်ကြလွန်းလို့မလောက်တာများတယ်
ခုနောက်ပိုင်းတော့သိပ်မကျွေးနိုင်ကြတော့ဘူး
နည်းနည်းပါးတယ်ပေါ့။

မော်လမြိုင်မှာ သင်္ကြန်ထမင်းကဓလေ့အစားအစာပေါ့
သရက်သီးအစိမ်းနဲ့ငါးခြောက်ကိုထောင်းကြော်ထားတယ်
ငရုတ်သီးခြောက်တွေကြော်ပြီးကိုက်စားဖို့ထည့်ထားတယ်
ထမင်းကိုခပ်ပျော့ပျော့ချက်ပြီးဖယောင်းနံ့သင်းထားတဲ့ရေ
နဲ့ဆမ်းစားကြရတယ်......
တချို့ကဒူးရင်းနံ့သင်းတယ် ကြိုက်တာသင်းပေါ့လေ။
မူလကဖယောင်းနံ့သင်းထားတဲ့ရေကိုထမင်းထဲလောင်းထည့်
ပြီးစားကြတာ။

ဒီလိုသင်္ကြန်နီးရင်မေမေကကျွန်မကိုသင်္ကြန်ကြော်ကြော်ကျွေး
နေကျလေ....
နွေနေပူပူမှာသင်္ကြန်ကြော်နဲ့ရေဆမ်းထမင်းကသိပ်မြိန်တာပဲ

သင်္ကြန်တွင်းမှာတရက်ရက်တော့မုန့်လက်ဆောင်းလုပ်ကျွေး
တတ်သေးတယ် ကျွန်မအကြိုက်ကမုန့်လက်ဆောင်းပေါ့။
ပေါင်မုန့်နဲ့မုန့်လက်ဆောင်းဖတ်နဲ့အုန်းနို့ရည်နဲ့ကိုရေခဲစိမ်ပြီး
သောက်ရတာကြိုက်တယ်...

သင်္ကြန်အကြိုအဖြစ်သင်္ကြန်အစားအစာတချို့တင်ပေးလိုက်တယ်။
အားလုံးသွားရည်ယိုနိုင်ပါတယ်နော်....

Photobucket
သင်္ကြန်ကြော်အတွက်လိုအပ်သောအမယ်များ


Photobucket
သင်္ကြန်ကြော်နဲ့သင်္ကြန်ထမင်း



Photobucket
မုန့်လက်ဆောင်း



Photobucket
မုန့်လုံးရေပေါ်


ကျွန်မတို့မော်လမြိုင်မှာသင်္ကြန်နဲ့ပတ်သက်ပြီးထူးခြားတာတချက်ကတော့
နှစ်ဆန်းတစ်ရက်နေ့မှာကျင်းပမြဲဖြစ်တဲ့ရိုးဂိုးစေတီတော်မြတ်ကြီးရဲ့ဘုရားပွဲ
ပဲဖြစ်ပါတယ်.......။
တခြားဒေသတွေမှာရေပက်တာရပ်ပြီးကောင်းမှုကုသိုလ်ပြုတဲ့အဲဒီနေ့ရက်
မြတ်မှာမော်လမြိုင်သူမော်လမြိုင်သားတွေကတော့ရိုးဂိုးဘုရားပွဲကိုတပျော်
တပါးကြီးဆင်နွှဲကြပါတယ်...ရေပက်မဏ္ဍပ်တွေသာမကအကမဏ္ဍပ်တွေ
ကလဲနှစ်ဆန်းတစ်ရက်နေ့မှာပွဲသိမ်းအကတွေဆုပေးပွဲတွေနဲ့အတူရေပက်
ကြတာပျော်စရာပါ...တခြားဒေသကသင်္ကြန်ရေကိုခုံမင်သူတွေကတော့
ကျွန်မတို့မော်ရွှေမြိုင်ကိုနှစ်ဆန်းတစ်ရက်နေ့အမီဆင်းလာတတ်ကြပါတယ်။

အတက်နေ့ကလွမ်းမိတဲ့သင်္ကြန်ရေတွေကိုမော်လမြိုင်မှာနှစ်ဆန်းတစ်ရက်နေ့
အထိရရှိခံစားနိုင်တာမို့သင်္ကြန်ချစ်သူတွေနဲ့အစည်ကားဆုံးနေ့ရက်ပါပဲ...။

မဏ္ဍပ်တွေကလဲရေပက်ခံကားတွေဘုရားပွဲဆီသွားတဲ့မနက်တချိန်နဲ့ဘုရားပွဲ
ကအပြန်ညနေခင်းတချိန်ရေပက်ကြတယ်.....နွေနေပူပူနေ့လည်ခင်းအချိန်မှာ
တော့ရေပက်လေ့ပက်ထသိပ်မရှိကြဘူး....ရွှေရင်အေး၊မုန့်လက်ဆောင်း၊
မုန့်လုံးရေပေါ်၊သင်္ကြန်ထမင်းစတာတွေကိုတော့ကျွေးမွေးဧည့်ခံတတ်ကြတယ်။

ကျွန်မတက်ခဲ့တဲ့ မော်လမြိုင်ဂျီတီအိုင်ကျောင်းတော်ကြီးကရိုးဂိုးဘုရားအနီး
မှာဆိုတော့သင်္ကြန်အချိန်မှာဆိုတော်တော်ပျော်ဖို့ကောင်းပါတယ်......ကျောင်း
ပိတ်ရက်သင်္ကြန်မှာကျောင်းကြီးကပိတ်ထားပေမယ့်ရိုးဂိုးပွဲနှစ်ဆန်းတစ်ရက်နေ့
မှာတော့ကျောင်းတံခါးကြီးပိတ်ထားတဲ့ကျွန်မတို့ကျောင်းကိုလှမ်းကြည့်ခွင့်ရ
တဲ့အချိန်လေးပေါ့.........။

ဂျီတီအိုင်ကျောင်း(ယခုမော်လမြိုင်နည်းပညာတက္ကသိုလ်)ကြီးကရိုးဂိုးဘုရား
အဝင်လမ်းနဲ့ဆိုတမှတ်တိုင်လောက်သာကွာတာပါ.....ကျောင်းကကားလမ်း
ဘေးတောင်ညိုတောင်ဘက်အခြမ်းမှာရှိပြီးနာမည်ကျော်ဖားအောက်တောရ
နဲ့ဘေးချင်းကပ်လျက်ရှိတာပါ.......

ရှေ့ဆက်သွားမယ်ဆိုကျောင်းရှိတဲ့ဘက်ရဲ့ဆန့်ကျင်ဘက်ကားလမ်းရဲ့ဘေးမှာ
ရာဘာတောအဆုံးမှာတော့ရိုးဂိုးဘုရားအဝင်လမ်းလေးကိုတွေ့ရမှာဖြစ်ပါတယ်
ကျွန်မတို့ကျောင်းတက်စဉ်တုန်းကအချိန်ရရင်ရသလိုရိုးဂိုးစေတီတော်မြတ်ကို
ဦးခိုက်တယ်...နောက်ဘုရားဝင်းဘေးကကွင်းမှာရှိတဲ့ရေစိမ်မုန့်တီကိုသွား
သောက်တတ်ကြတယ်...

ရေစိမ်မုန့်တီဆိုတာမုန့်ဟင်းခါးပါပဲ....သူကမုန့်ဖတ်တွေကိုချက်ချင်းရေနွေးဆူ
ဆူထဲမှာနှစ်ပြီးဆည်ထားတဲ့ပူပူနွေးနွေးမုန့်ဖတ်တွေကိုရေအေးနဲ့ဆေးပြီးအဲဒီ
အပေါ်မုန့်ဟင်းခါးရည်ပူပူနွေးနွေးကိုလောင်းထည့်လိုက်တာပါ........

ကိုယ်ကြိုက်ရာအကြော်နဲ့တွဲဖက်စားသုံးနိုင်တဲ့အကြော်တဲလေးကကပ်လျက်ရှိ
တာမို့သိပ်ပျော်စရာကောင်းတဲ့ဆိုင်လေးပေါ့.......ဆိုင်လေးကတော့ကျေးလက်
ဓလေ့ဖက်မိုးတဖက်ရပ်တဲလေးပါ......မိုးရွာရွာနေပူပူဂျီတီအိုင်ကျောင်းသားတွေ
လာရောက်အားပေးတတ်တဲ့နေရာလေးမို့နာမည်ကြီးဆိုင်ပါပဲ။

တရှူးရှူးတရှဲရှဲနဲ့သိပ်ပျော်ဖို့ကောင်းသလိုမြိန်ရည်ယှက်ရည်နဲ့စားကြလို့လဲအပွဲ
တော်တော်များများကိုတထိုင်တည်းအားပေးတတ်ကြတာပါ။
ပိုက်ပိုက်တွေဒကာခံတဲ့သူရှိမှပိုေ၇ာက်ဖြစ်တဲ့နေရာလေးတခုပါ။

မော်လမြိုင်သင်္ကြန်မှာ အကျနေ့ကနေနှစ်ဆန်းတစ်ရက်နေ့အထိနေ့အလိုက်
စည်တဲ့နေရာတွေရှိပါတယ်...
ကျွန်မအတိအကျတော့မမှတ်မိတော့ပါဘူး.....

နေ့အလိုက်စည်တတ်တဲ့နေရာတွေကတော့တောင်ဝိုင်း၊ကျိုက်မရော၊မုဒုံ၊
ကျိုက္ခမီ၊မော်လမြိုင်၊ရိုးဂိုး.......တို့ဖြစ်ပါတယ်..
အကျနေ့ကစပြီးမော်လမြိုင်ကရေပက်ခံကားတွေဟာမော်လမြိုင်ကျိုက္ခမီ
ကားလမ်းအတိုင်းလှည့်လည်တတ်ကြသလိုမြို့တွင်းအနီးအနားဖြစ်တဲ့
ကျိုက်မရောနဲ့တောင်ဝိုင်းဘုရားတွေကိုလဲဖူးမြော်ရင်းရေပက်ခံလှည့်
တတ်ကြပါတယ်......။

ကျိုက်မရောမှာရှိတဲ့ရှင်စောပုဘုရင်မတည်ခဲ့တဲ့ဘုရားဟာကျော်ကြားပါ
တယ်။ဘုရားထိုင်တော်မူနေတဲ့ဟန်ကဆန်းတာကြောင့်လူသိများတဲ့
ဘုရားတဆူဖြစ်ပါတယ်....ကျိုက်မရောမြို့ဂုဏ်ဆောင်အဖြစ်နဲ့ပါ။

တောင်ဝိုင်းဘုရားကတော့တောင်ပေါ်ဘုရားတဆူကိုတက်ရောက်ဖူး
မြော်တဲ့တောင်တက်လမ်းကလေးကသာယာတာမို့တပျော်တပါးအုပ်စု
အလိုက်ဘုရားဖူးတတ်ကြပါတယ်.......။

(ဝါဆိုလပြည့်နေ့နဲ့လပြည့်ကျော်တစ်ရက်နေ့တွေမှာဝါဆိုပန်းခူးတယ်
ဆိုပြီးတောင်ဝိုင်းဘုရားကိုဖူးမြော်သူတွေများပါတယ်...- စာကြွင်း)

တောင်ဝိုင်းဘုရားဟာတောင်ညိုတောင်ခြေမှာတည်ရှိပြီးတောင်ပေါ်မှာ
စေတီတဆူရှိပါတယ်။တောင်ခြေမှာဗုဒ္ဓဝင်ဘုးရားဖြစ်တော်စဉ်ရုပ်လုံး
ရုပ်ကြွပြခန်းများနဲ့ဝင်္ကာပါတစ်ခုရှိပါတယ်.....တောင်ဝိုင်းဘုရားဝင်း
နဲ့ကပ်လျက်မှာတော့မဟာစည်သာသနာ့ရိပ်သာတည်ရှိပါတယ်..။

ထူးခြားတာတခုကတော့တောင်ဝိုင်းဘုရားဝင်းဘေးကရေကန်မှာ
ရေကူးတတ်ကြတယ်....လူစားတယ်လို့လဲနာမည်ကြီးပါတယ်။
နာမည်ကြီးတဲ့အတိုင်းနှစ်တိုင်းရေနစ်သေတတ်ကြပါတယ်....

တောင်ဝိုင်းဘုရားဝင်းဘေးမလှမ်းမကမ်းမှာမော်လမြိုင်လေဆိပ်ရှိပြီး
ကားလမ်းလေးရဲ့တဖက်ဘေးမှာမော်လမြိုင်တက္ကသိုလ်ဝင်းကြီးရှိတာ
မို့တက္ကသိုလ်ကျောင်းတော်သူကျောင်းတော်သားများအတွက်အထင်
ကရနေရာလေးတခုလဲဖြစ်ပါတယ်......

ကျိုက္ခမီရေလည်ဘုရားကတော့လူအများသိပြီးသားတန်ခိုးကြီးဘုရား
တစ်ဆူဖြစ်တဲ့အားလျော်စွာအခါကြီးရက်ကြီးတိုင်းမှာနယ်ခံတွေလာ
ရောက်ဖူးမြော်တတ်ကြတာပါ.......ဘုရားဖူးပြီးတဲ့နောက်စက်စဲကမ်း
ခြေမှာအပန်းဖြေတတ်တာလဲဓလေ့တခုလိုပါပဲ...

သင်္ကြန်မှာတော့မော်လမြိုင်နဲ့ပတ်ဝန်းကျင်အထင်ကရနေရာတွေမှာ
လူစည်ကားတတ်ကြတယ်...ပွဲတော်တွေနဲ့ပျော်စရာလဲကောင်း
စိတ်ရှုပ်လောက်အောင်ပြဿနာတွေကြားရတတ်တဲ့(မတော်တဆဖြစ်
မှုတွေ၊ရန်ပွဲတွေ..........)အခါသမယလဲဖြစ်ပါတယ်....

ခုလည်းပိတောက်တွေငုတွေဝေနေတဲ့နွေနေပူပူမှာရေပက်ကြမယ့်
သင်္ကြန်ခါကျရောက်တော့မှာပါ....
လွမ်းမိတယ် မော်လမြိုင်သင်္ကြန်ရယ်.......လို့ရေရွတ်နေမိပါတယ်

ကျွန်မလက်လှမ်းမီသလောက်ရိုးဂိုးစေတီတော်မြတ်ကြီးပုံတော်ရယ်
မော်လမြိုင်တက္ကသိုလ်ပုံရယ်ကိုတင်ဆင်လိုက်ပါတယ်...

သင်္ကြန်ခါမှာပျော်ရွှင်နိုင်ကြပါစေ....နှစ်သစ်မှာလဲအောင်မြင်ပျော်ရွှင်
နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရစေ.......



ရိုးဂိုးစေတီတော်မြတ်ကြီး


Photobucket
သင်္ကြန်မြင်ကွင်း


Photobucket
မော်လမြိုင်တက္ကသိုလ်ပင်မဆောင်အဝင်လမ်း


Photobucket
မော်လမြိုင်တက္ကသိုလ်ဆိုင်းဘုတ်သစ်နဲ့လမ်းသစ်

မော်လမြိုင်သားတွေနေတဲ့အိမ် မှ ကူးယူဖော်ပြသည်။




Thursday, June 04, 2009

မြန်မာစာအုပ်များ


http://shweone.wordpress.com/
*Right Click နှိပ်ပြီး Save လုပ်ပြီးဖွင့်ပါ။ ပိုမိုမြန်ဆန် လွယ်ကူပါသည်။*

ဆရာအောင်ခန့်
1.အနာဂတ်မျက်လုံးရှင်
2. ကာလီဒေ၀ီ
3. လက်သုံးတော်ဓါး
4. နေဘုရားတော်

ဆရာအောင်သင်း
5. အမွေ
6. သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္တုတိုများ

ဆရာချစ်နိုင်(စိတ်ပညာ)
7. ဥာဏ်ပညာ ထက်မြက်သူတို.လက်စွဲ
8. အနှစ်၃၀

ဆရာချစ်ငယ်
9. သိပ္ပံမှသည် သစ္စာဆီသို.

ဆရာချစ်ဦးညို
10. မဟာသေနာပတိ
11. လင်္ကာဒီပချစ်သူ
209. အစီရ၀တီ ကုဏ္ဍလကေသာ
210. ချစ်သူမင်းနန္ဒာ
211. စာမရီတို့ထူးထူးခြား
212. ယာဇ
213. မလေးမဏိစန္ဒာရဲ့နှောင်း

ဆရာကိုတာ
12. တွေးသူများ

ဒဂုန်ရွှေမျှား
13. ငယ်ကချစ်အနှစ်တစ်ရာ
14. စောရသက်ပြင်း
15. ညမဖတ်ရ (သို.မဟုတ်) သွေးစုပ်ရောဂါ
16. စိတ်ပြောင်းကိုခွာ
17. ထမင်းလုံး တစ္ဆေ
18. ဂြိုလ်မွေတဲ့ပန်းတဂေါင်း
19. ၀ိညာဉ်၏ အရိပ်
20. သင်္ဘောပျက် ခရီးသည် ခုနှစ်ယောက်
21. လက်မတင်ကလေး
22. သူယောင်ရုပ်
23. ကမ္ဘာကို ကိုင်လှုပ်သူ
24. ငယ်ကချစ် အနှစ်တစ်ရာ
205. အီဂျစ်ဘုရင်မာယာရှင်
206. ထောင်မင်းသားဦးဘိုးတော်
207. ကမ္ပလာနီအောက်ဝယ်
208. ကျွန်မင်းသား
224. ရော်ဘင်ဆင်ကရူးဆိုး

ချစ်စံဝင်း
25. ရှက်ပြုံး

ကျော်လှိုင်ဦး
26. မျက်ရည်စများနှင့်ရယ်သံ

ကျော်ငြိမ်း
27. ရဲဘော်သုံးကျိပ်

ကျော်ဝင်း
28. တော်ဖလာနှင့်စကားစမြည်

လင်းဝေမြိုင်
29. တော

လွန်းထားထား
30. မာန၏နောက်ဆွဲတွဲများ

ဇင်သန့်
31. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး
32. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၂
33. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၃

ညီသစ်
34. ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ

ပါရဂူ
35. သူတို.အမြင်သူတို.အတွေး
36. ကလေးပြဿနာ
37. သူ.လိုဘုရင်

ဖေမြင့်
38. လူသုံးကုန်ပစ္စည်းရောင်းသူများ

ဖိုးကျော့
39. သေရွာပြန်တို.၏အဏ္ဏ၀ါခရီး
40. ဆင်သင်္ချိုင်းရှာပုံတော်နှင့်အခြားဝတ္တုတိုများ
41. ပင်လယ်ကျား၊အဏ္ဏ၀ါမီးစုန်းများနှင့်အခြားဝတ္တုတိုများ

တက္ကသိုလ် ဘုန်းနိုင်
42. ညီမလေးရယ်စိုးရိမ်မိတယ်
43. တန်းခူးလေနှင့်လျော့တော့သည်
44. ၀သန်လေချိန်မှန်ကူး

ဖိုးဝမောင်
45. ခေါင်းနှင့်ပန်း
46. အေးချမ်းစေသော စကားလုံးလေးများ

ဆန်းလွင်
47. ဖြစ်တည်ခြင်း ပဓါန၀ါဒနှင့် လူသားပဓါန၀ါဒ
48. ကမ္ဘာ.တွေးခေါ်ပညာရှင်ကြီးများ

စံ-ဇာဏီဘို
49. အချစ် လက္ခဏာ
50. အချစ် ဗေဒင်

ဆောင်းဝင်းလတ်
51. မီးပြတိုက်
52. နံနက် ၃နာရီ
53. ဆူးကလေးစူးတယ် ခူးမယ်

ဝင်းငြိမ်း
54. အမှတ်တရရွှေ ၆၀

ရှား
55. အဖော်

ရွှေဥဒေါင်း
56. တသက်တာမှတ်တမ်းနှင့်အတွေးခေါ်များ
57. မြတ်သက်မော်
58. ခေါင်းတုံးပေါ်ထိပ်ကွက်
59. ရတနာပုံ
60. ခရီးထွက်ရန်စီစဉ်ကြခြင်း

စိုးမြတ်သူဇာ
61. အနားသတ်သစ္စာ

ဆွေမင်း၊ ဓနုဖြူ
62. ဘ၀တစ်ခုအမှတ်တရ

ဆွေဆွေအောင်
63. လူညာကြီး
64. လွယ်အိပ်ကလေး

တာရာမင်းဝေ
65. အရှေ.မြို.ရိုးမှ မိုးရေစက်များ
66. မှော်ဆရာရဲ.ကျောင်းစာအုပ်
67. ကောင်းကင်အကြွေကောက်တဲ့လက်
68. ရွှေဖိနပ်မှာအစိမ်းရောင်
69. ကိုယ့်လက်နဲ. ဖမ်းမိတဲ့နဂါးငွေ.တန်း
70. ကိုးမရှိတဲ့ န၀င်း
71. အထဲသို.၀င်လော့ ဘာကြောင့်ရပ်နေသနည်း
72. ကျွန်တော်နှင့်ကြယ်မြင်လမြင်လောကဓံ
73. ပြိုင်မြင်းတို.ရဲ့ခွာသံ
74. ကျွန်တော်နှင့်ဧဒင်ကချေသည်
75. ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု
76. လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်

သန်းဆွေ
77. ချစ်သုံးလီ

သော်တာဆွေ
78. ကျွန်တော့်ဘ၀အကြောင်း
79. ဘရန်ဒီတစ်ပုလင်း
80. ကျောက်ဖြုံးကျော်ကြီး

သိန်းဖေမြင့်
81. အရှေ.ကနေ၀န်းထွက်သည့်ပမာ

သုမောင်
82. မျိုးရိုးထဲမှ ဆိုးပေကြီးများ

သုသုက
83. အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ

84. သုခ မှတ်စု

ဦးလှဝင်း
85. ငလျင်ဗုံးကြဲခဲ့စဉ်ကနှင့်အခြားဝတ္တုတိုများ
86. ရွှေဘုံသာ လမ်းပေါ်မှာ

ဦးနု
87. အာဇာနည်
88. တာတေ စနေသား

ဦးရွှေအောင်
89. ဘ၀အကျဉ်းသား
90. ၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားမှုရက်စွဲမှတ်တမ်းများ

ဒေါက်တာသီဟ
91. HIV မှတ်စုများ ၂၀၀၄

ဒေါက်တာသန်းထွန်း
92. ငါပြောချင်သမျှငါ့ကြောင်း

ဗိုလ်ချုပ်အောင်ဆန်း
93. ကဗျာများ

ဦးဘသန်း
94. ယောနသံ ဇင်ယော်
95. မှတ်မိသမျှ ကိုအောင်ဆန်း၏ကျောင်းသားဘဝ

မောင်ထင်
96. ကိုဒေါင်း

ကြည်သာ
97. ရေဘုရင်မြေပြင်မှာတော့

ဂျာနယ်ကျော် မမလေး
98. သွေး

မန်းတင်
99. ဂျုလိယက်ဆီဆာ

ဝင်းသိန်းဦး
100. ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများ

ငြိမ်းအေးအိမ်
101. ငှက်တွေ ဆောင်းမခိုမီ

ဦးနု
102. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း က
103. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း ခ

သိပ္ပံမောင်ဝ
104. အဟိတ်- - - ၀တ္တုဇာတ်လမ်းများ

နတ်နွယ်
105. ရတနာ လိုဏ်ဂူ
106. အတွေးအမြင်စာစဉ်

ဝင်းဝင်းမြင့်
107. ပန်းတစ်ပွင့်ရဲ. ရင်ခုံသံ

ဇော်ဂျီ
108. ဗေဒါလမ်း

ဇော်ဇော်အောင်
109. ဝေေ၀ရီရီ ၀တ္တု

ဒဂုန်တာရာ
110. မြိုင်

မစန္ဒာ
111. စက်ဝိုင်း
112. ငယ်သူမို.မသိပါ
113. ငြိုးမာန်ဖွဲ့သူရယ်
114. ဂျီဟောသူ
115. အရိပ်
116. ၀တ္တုတိုများ ၆
117. ပုစ္ဆာ

မောင်အံ့
118. မြန်မာ့ယဉ်ကျေးမှုနှင့်ကျင့်ဝတ်

မှော်ပီဆရာသိန်းကြီး
119. ပါးစပ်ရာဇ၀င်


မောင်ထင်
120. ကိုဒေါင်း
121. မြန်မာ၁၂လအကြောင်း

မောင်ကောင်းထိုက်
122. ဟာသများလက်ရွေးစင်
123. ဟာသများလက်ရွေးစင် ၂

124. ဟာသများလက်ရွေးစင် ၁၄

မောင်ပေါ်ထွန်း
125. သေပြေးရှင်ပြေး

မောင်စူးစမ်း
126. ဂလိုဘယ်လိုက်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး

ဒေါက်တာအောင်ကျော်
127. ထူးအတွေ.ကြုံအဆန်း တစ္ဆေဇာတ်လမ်းများ

အီကြာကွေး
128. တွေ.ရကြုံရ ရှတတလေးတွေ

မိုးမိုး အင်းလျား
129. မီးရောင်အောက်ကိုဝင်လျှင်
225. မှ တစ်ဆင့်
226. ဖြူမှောင်ဝေကင်း
227. ပျောက်သောလမ်းမှာ စမ်းတ၀ါး
228. စိန်တစ်ပွင့်
229. သိက္ခာရှိတဲ့ မုန့်ဟင်းခါး
230. ဝေဒနာ ကြာနီပွင့်

မိုးနီလွင်
130. ဖြတ်သန်းသွားလာခွင့်မရှိ

မင်းသိင်္ခ
131. ပေတလူ
132. ၀တ္တုတိုပေါင်းချုပ်
133. ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ပထမပိုင်း
134. ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ဇာတ်သိမ်း
135. မ" တတ်ပါ့"
136. မအောင်ရင်
137. မနောမယကိုပီတာ

မြင့်သန်း
138. ဖရန်.(ဇ)ကာ(ဖ)ကာ၏ စာ

နန္ဒာသိန်းဇံ
139. ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ

နေ၀င်းမြင့်
140. အိုင်ဒီယာ အက်ဆေးများ

နီကိုရဲ
141. နှလုံးသားထဲကြွက်ဝင်နေသည်
142. ကျွန်တော်နှင့်လက်တွဲဖေါ်များ
143. ကျွန်တော်နှင့်ဈေးသည်အလွဲများ
144. တစ်သုံးခုနှစ်ရှစ်
145. လှည့်စား
146. သံစုံကြူးတဲ့ည
147. လွယ်အိတ်ထဲကအလွဲများ
148. နတ်ဆိုးတစ်ကောင်နဲ.ရင်လွဲသူ
149. ဇွတ်
150. ဇက်ပေါ်ကဆီးသီး

မြသန်းတင့်
151. ရေပွက်ပမာ
153. သြဂုတ်တစ္ဆေများနှင့်အခြားဝတ္တုတိုများ

နွမ်ဂျာသိုင်း
154. လွမ်းလေကညင်း
155. တစ်မျိုးညာနွဲ. သွေမဖယ် စိုးပါနဲ.မေရယ်

မစန္ဒာ
156. ပန်းပွင့် ခရေနှင့်အခြားဝတ္တျုတိုများ
232. ကွက်လပ်ကလေးဖြည့်ပေးပါ
233. ပန်းစကား

သိပ္ပံမောင်ဝ
157. အောက်စ်ဖို.ဒ် တက္ကသိုလ် ခရီးသွားမှတ်တမ်း

ဒေါက်တာဝါလ်ပိုလာ
158. မြတ်ဗုဒ္ဓ ဒေသနာ

ချစ်စံဝင်း
159. အမေနဲ့အမေ့အကြောင်း

မင်းလူ
160. ဖူးစာရှင်

ဂျူး
161. အမှတ်တရ
162. ချစ်သူ၏သမီး
163. ရေမျောသီး
164. လေထဲမှာပျံဝဲသူများ
165. ကမ္ဘာမြေရဲ့ချစ်သူ
166. အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ
167. ကြယ်စင်တံတားကမ်းပါးနှင်းဖြူ
168. ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့
169. လရောင်ကိုကြောက်သူ
170. ချစ်ခြင်း၏အနုပညာ
171. မိန်းမနှစ်ယောက်
172. မြရဲ့လ
173. အက်ဆစ်တစ်ခွက်
174. ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်
175. ကျွန်မနဲ့ဆေးလိပ်
176. ဆရာဝန်နှစ်ယောက်
177. ကြယ်ကြွေတို့ရဲ့အတောင်ပံ
178. ကမ္ဘာမြေရဲ့ချစ်သူ
184. ပင်လယ်နှင့်တူသောမိန်းမများ
231. လရဲ့အောက်ဘက်မိုင်အဝေးမှာ

ချစ်ဦးညို
179. လောကဓံနှင့်လမ်းလျှောက်အတူထွက်ခြင်း


လူထုစိန်ဝင်း
180. ရှက်စိတ်

ဂျာနယ်ကျော် မမလေး
181. အဖြူ

လွန်ထားထား
182. အတောင်ပံတွေရှိခဲ့ရင်

တာရာမင်းဝေ
183. ရှူး

ကြည်အေး
185. အပြင်ကလူ
186. နွမ်းလျအိမ်ပြန်

ရဝေနွယ်-အင်းမ
187. ကံကိုပြင်လိုက်ပါ

ကံချွန်
188. အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း

ဝေမှူးသွင်
189. သစ်ရွက်တို့၏ပေါ့ဆခြင်းများ
190. စက္ကူပန်းတွေရဲ့သီချင်း
191. နဂါးနိုင်ဓါး


မင်းခိုက်စိုးစန်
192. စိုမှာစိုးလို့မိုးမိတယ်
193. ခေတ်သစ်တစ်ခု၏အစ၊ အဓိပ္ပါယ်များ၏အဆုံး
194. ချောင်းကြည့်တတ်သူတစ်ယောက်ရဲ့ည
195. ကလေးအတွေး
196. သုည

အရှင်ဆန္ဒာဓိက
197. နှလုံးသားမိတ္တူ
198. လူပျိုဘုရားလုံးဝမရှိ

တာရာမင်းဝေ
199. သင်နဲ့နံနက်ခင်းကိုသာဝင်ခွင့်ပြုမည်

နိုင်ဝင်းဆွေ
200. မဟူရာမေတ္တာ

ဂျာနယ်ကျော်မမလေး
201. မုန်း၍မဟူ

ဝင်းဦး
202. မိန်းမလှအမုန်း

ရန်ကုန်ဘဆွေ
203. ရွှေဝါပြည်


ပုညခင်
204. ယောင်္ကျားတစ်ယောက်ရဲ့ဖြစ်တည်မှု

အကြည်တော်
214. စွယ်စုံလက်ဆောင်
215. မိုးတိမ်ပုံပြင်
216. ဘီလူး
218. အိုင်အိုဒင်းကိုကိုကြီးနှင့်
219. ပိုးကောင်များ
220. တောသားကြီး
221. သံသရာအကွေ့တစ်ရာ
222. သဲလှည်း
223. အိပ်မက်အပိုဒ်ခွဲ၉
234. ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်
235. နတ်နေကိုင်း
236. နတ်ပြည်၏နံနက်ခင်း

ဦးဘရင်
237. ဆရာတော်ဦးဥတ္တမ လွတ်လပ်ရေးစိတ်ဓာတ်မျိုးစေ့ချခဲ့သူ

ရဲစတိုင်း
238. ပြုံးပြီးမှရယ်





Tuesday, February 10, 2009

တပေါင်းမင်းလွင်ဟန်

အနှုန်းမမြင်၊ ဘုန်းခြောက်အင်နှင့်၊ ကောင်းကင်တိမ်ဆိုင်း၊ ရပ်ရှစ်တိုင်းပင်၊
ရီမှိုင်းပြိုးပြက်၊ လျှပ်စုံထွက်၍၊ အောင်ချက်ဒေသ၊ တောင်ညိုမြထက်၊
တပါ့နောင်မြောက်၊ သုံးပါးနောက်ကို၊ လျှံတောက်စက်ရွှေ၊ ဖလ်ရဝေလျှင်၊
မဇ္စျေလက်ျာ၊ ဝင်ခဲ့လာ၍၊ လိတ္တာပြည့်ဆုံး၊ နှစ်ဆယ့်သုံးတွင်၊ သွယ်ကုံးရှိရည်၊
မယ်လျှောက်သည်ကား၊ လေးမည်ဖြူလွ၊ မိုးစင်ကပင်၊ သြဃလေးထွေ၊
မြင့်မိုရ်ခြေဝယ်၊ ကုဋေဘိုးကြူး၊ မျက်ရှင်မြူးသို့၊ တထူးသာကြည်၊ မှတ်ပါသည်ကို၊
နေ့ရှည် လွမ်းရက်၊ ကွာသည့်တွက်ကြောင့်၊ မယ့်သက်နဂို၊ မေတ္တာညိုခဲ့၊
သည်ကိုဘုန်းမြင့်၊ ကယ်မှသင့်ရှင့်၊ ပုံသင့်တော်ရာ၊ မယ့်ဗျာပါလည်း၊
လွမ်းတာလွမ်းကြောင်း၊ ပွားဆင့်လောင်းသည်၊ တပေါင်းမင်လွင့် ဟန်ကိုလည်း။

ရှင်မင်း
(ဝန်ခံချက်။ ကျွန်မဖတ်ဖြစ်လိုက်သော ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလထုတ် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
၏ ဂန္တဝင်အမွေ ကဏ္ဍမှ ကူးယူဖော်ပြပါသည်)



Tuesday, February 03, 2009

ဆရာသခင်ကိုယ်တော်မှိုင်း၏ကမ္ဘာ့ငြိမ်းချမ်းရေးကဗျာ မဟာလေးချိုးကြီး

(၁)စံရွှေပြည်-ဇမ္ဗူမြန်မာပျက်တက်တက်နန်းဆီက၊ဟန်ဂေရီ-ဘူဒါပက်(စ်)ကြငှန်းဆီသို့၊
အယူဘာသာနှစ်ဘက်နှစ်လမ်းရယ်တို့-အကြမ်းဘတန်းကိုင်မဟေ့ဆိုတဲ့-အနန်းနန်းပိုင်တို့မှာ၊
"အိုကွယ်"လူသတ္တဝါအသက်တွေနှင့်-နှစ်ဗျူဟာမထွက်မူ၍၊ပျူပျူငှာငှာဓမ္မစက်တွေနဲ့ ကမ္မဌာန်းထိုင်ဘို့ရာ။ ။

(၂)သြော်-အလံတော်တင်တင်ပြီး၊ရန်ပေါ်လျှင်နှင်မဟဲ့ဆိုတဲ့၊မြန်ပေါ်တွင်အစုံအဆန်လမ်းတည်းဟူသော၊
စမုန်စခန်းရယ်နှင့်ဆံတော်ရှင်ဒဂုန်ဗဟန်းရယ်က၊
တဖုံမြန်းမည်လေယာဉ်ပျံဖြင့်၊ဝေဟင်ယံကောင်းကင်ခရီးပေပေါ့၊ဒေါင်းယာဉ်စီးသလို-ဆရာလာခဲ့တော့၊
တအာဏာပါဝါတန်ခိုးရယ်နှင့်၊တခါနှစ်ခါဗမာတို့စိုးခဲ့တဲ့၊အမျိုးသားမညီမညာနှင့်၊ကသီကရီခမျာတွေမှာ
(ကန်)အလျောက်ပေထင့်၊ယိုးဒယားပြည်မှာအတန်မောက်ပေတဲ့၊ဘန်ကောက်တသုတ်ဆင်းပြီး...................

ယင်းမှတဖန်တခါကြွခဲ့သမို့၊ဂန္ဓာရတက္ကသိုလ်ကဝိအထွေထွေနဲ့တဘိသေလှစ်ခဲ့တဲ့အပြင်၊ဝိဒေဟရဇ်
သမုတ်အမည်နှင့်တရုပ်ပြည်ဇမ္ဗူတကျောတည်းဟူသော၊သူ့တလောကကိုဖြင့်၊ဥရောပအနောက်တခွင်
က၊မျောက်အသွင်အစိုးရဆိုတဲ့-သူခိုးဒမြတွေ(ဘိန်း)ကုန်သွင်းပြီး............

သြ-ရှိန်းလိုက်မှိန်းလိုက်၊တဖိန်းဖိန်းရှိုက်ပြီး၊ဘိန်းငိုက်သည့်ခေတ်အတွင်းမှာပေါ့၊

အတင်းဘလက္ကာရ-မရမနေ၊သေသူလဲသေ၊ကြေသူလဲကြေကြပရော့ဟေ့လို့၊မရေမရာ-တကြိမ်ထဲ-
ကြိမ်းကြိမ်းပြီး၊တထိန်းထိန်း-တဂျိမ်းဂျိမ်းနဲ့-အပစ်သရဲပေတဲ့၊(ဘိန်းစစ်ပွဲ)ရယ်လို့-ဆင်နွှဲကာအတင်း
ကြိတ်မဟဲ့လို့၊

အင်္ဂလိပ်တွေအချောင်ယူခဲ့တဲ့၊ဟောင်ကောင်ဇမ္ဗူ-ကျွန်းများဗဟိုရ်ထီးဆီက................

ခရီးသယ်ရထားပြောင်းစီးပြီးတော့...........

သြော်-အများကောင်းဘို့၊တရားမစောင်းတဲ့၊ဘုရားလောင်းကြီးမဟော်သဓာတို့-အမရာတို့နှင့်၊
တော်ပဏ္ဏာအဟုတ်စည်ခဲ့တဲ့-တရုပ်ပြည်အနိမ့်ပိုင်းတွင်ဖြင့်၊
စိန်တိုင်းကမ္ဘာတွင်သည့်-သာသနာဝင်ကောဋုမ္ဗရဇ်ကဲ့ပြင်-တခေတ်တဖန်ကျော်သည့်-ဟန်ကော်
မှတခါဆင်းသကောဆိုတဲ့၊ယင်းတလောမှာတော့...........သင်္ဘောဖြင့်သာအမြန်ချီမပေါ့လို့။

ယန်ဆီခေါ်ယမုန်သီတာဖြတ်ကျော်ကူးပြီး၊တပ်မတော်ဦးမှာတဗျူဟာတအားဆိုတဲ့၊ရထားနှင့်
သာအပြင်းလာခဲ့သမို့၊မင်းတရာ-ပဏ္ဏာကြို့တဲ့၊ရာဇင်္ဂြိုဟ့်ပမာမှာ"မဟော်"အရည်တနှုန်းသာပ၊
မော်စည်တုန်းတို့စံရာ-ရာဇဌာနီဆိုတဲ့၊ထိုတကဲ့မင်းနေပြည်"ရွှေပီကင်း"ကိုဖြင့်.............

သြော်-တြင်းနာင်းလှလှ-ကြံသာဖန်သာအောင်နော်ကွယ်.............
အချင်းချင်းသမပြီး-အခင်းရစေဘို့-ဆင်းရပြန်ပါ။ ။

(၃)အထူးလည်းမှတ်စရာ-ဧကစာတပည့်ရယ်နှင့်၊ဦးစီးမြတ်ဆရာဒေသစာလှည့်ခဲ့တော့၊
မှူးကြီးမတ်ရာ-သေနာပတိတို့ကလဲ။

ဆွေသဟာကဝိကိုဖြင့်၊ထွေရာတစိ၊ဝေဒနာမရှိအောင်ရယ်လို့၊တမိသားချင်း-ဂေါင်းနင်းပြီး
ဆင်းခဲ့ကြတဲ့၊မွေးချင်းဖေါက်ဘော်ကဲ့သို့-ယုယုယယနှင့်-ပြုစုကြပေသဟာ။

ဂရုဓမ္မဒေသနာနှင့်-မသွေကွာတည်း.............

"အိုကွယ်"ဇမ္ဗူမြန်မ-ပြေဗမာထက်တောင်မှစေတနာကြီး။

(၄)ပီကင်းမှာတခါ၊ချီရင်းယတြာနှင့်ထက်အာကာဝေဟင်အဇဋာမှ၊လေယာဉ်ရတနာ-
တကြောင်းထိုခရီးမှာတော့၊မောင်ဂိုလီးယားပြည်တခွင်-ပလ္လင်ကဒဏ်နှင့်၊ရှင်ဘုရင်စံတဲ့-
"ဦလန်ဘာတာ"မြို့တော်ရောက်ပြီတထောက်အနှီရှုစရတွေနဲ့၊အီရကု(ရှ်)မှဂဒေါဂမျောနှင့်၊
တလောကြွခဲ့တော့၊အောမဓကတို့ရဲ့ပြင်၊ပြောလောက်စရာ-မဟာဆန်တဲ့၊ကာမဇံမြို့စခန်း
ရယ်နှင့်၊ဒို့ဘဟန်းလို-ဂိုက်မသေဘဲ ထီးထီးမားမားနှင့်၊တသီးတခြားကြီးမားပေသည့်၊
ဆိုက်ဘေးရီးယားပြည်နယ်နှင့်................

ပထဝီအကျယ်-တကယ်မတုပနိုင်တဲ့၊ရုရှပြည်ပေါ်-အကျော်အမော်ဆိုတဲ့၊နဂိုရ်တွေဖြင့်၊
မော်စကိုအံ့မခန်းဆီကဖြန့်မြန်းကာမပူမဆူအောင်ထိန်းပြီးဇမ္ဗူငြိမ်းစေမည့်၊ယူကရိန်း
ပြည်နယ်-တကယ်ပြည့်ပြည့်ဝဝတွေရဲ့၊ကိ(ဗ်)မြို့တော်ဒို့မနော်ရောက်ပါလို့.........

ထို့နောက်ဟန်ဂေရီဆိုတဲ့စံရွှေပြည်ဘူဒါပက်(စ်)ကြငှန်းတွင်မှ၊အနန်းနန်းအပြည်ပြည်
မကွေ့မကောက်မူ၍၊ယနေ့အရောက်-အရှေ့အနောက်-တကမ္ဘာလုံးပေပေါ့၊အလာဆုံးသော
မိတ်ဆွေတွေစီကာရံကြတဲ့၊သီဟာပျံကဲ့သို့သော-ညီလာခံ(လူထု)အသိန်းအသန်းရယ်နှင့်၊
ငြိမ်းချမ်းရေးပွဲတော်ကြီးမဟာသဘင်၊ဆရာဝင်ရမြင်ရတော့၊ထာဝစဉ်ငြိမ်းစေကြောင်းရယ်
နှင့်၊ဆုတောင်းပတ္တနာ-မေတ္တာသာပို့ရတော့..........

ဒို့အရွယ်မှာကို-တဖိုဖိုညည်းညည်းပြီး၊အလိုမပြီးနိုင်ဘဲ.................

(အင်)အိုကြီးအိုမ-ပျိုပျိုဘဝနဲ့ဟိုသမယကဲ့သို့-ကိုယ်ကဆရာမစွမ်းမူ၍.............

သြ! မသာကမ္မဌာန်းနှင့်၊မရဏာမြန်းရတော့မည့်၊ဇရာတန်းပေမို့နှော............

သာခန်းအနို့သတိရရပြီးတော့၊ငဒို့မိဘဘိုးဘွားအမျိုးသားတို့ရဲ့၊ပုထိုးဘုရားအဆူဆူကို-
ကြည်ဖြူတဲ့စိတ်ကများပေသနဲ့-သြော်-အနိစ္စဘုရားဘုရားနှင့်တဆိတ်ကမှ မအားမရ
အောင်ကိစ္စများပေမဲ့၊ဘုရား,တရားဘက်မှာစိတ်မငြီးမူ၍............

ရာက-ဘာဝနာသမထသဘင်-နေ့စဉ်တက်တက်ပြီး............

“အမယ်မင်း”ဓမ္မစက္ကနှင့်၊ဓဇဂ္ဂအဖွင့်ပရိတ်ကြီးတို့ရဲ့အပြင်၊(သြော်)မနက်နှင့်ညမပျက်ရ
ပါဘူး-လက်ကစိတ်ပုတီး။ ။

သခင်ကိုယ်တော်မှိုင်း


(ဝန်ခံချက်။ “စတာလင်၏နိုင်ငံတကာကမ္ဘာ့ငြိမ်းချမ်းရေးဆုရဆရာကြီးသခင်ကိုယ်တော်မှိုင်း၏
လေးချိုးပေါင်းချုပ်”မှ ကူးယူဖော်ပြသည်။)





ကိုယ်ရည်သွေးတေးထပ်

ရူးပေါပေါခေတ်ထဲ (တစ်) စွဲတဲ့- မှိုင်းနော်၊ ခေတ်မစဲ စကိုင်းပေါ်မှာ၊ သမိုင်းတော်ထင်ရှား။ ။

မန်းနှစ်ဆက်ရောက်သောခါဝယ်၊ နောက်ဂေါယာယွန်းချိန်နှင့်ညား။ ။

ဘုန်းတော်ဘွဲ့မရေးသာတယ် အေးစရာရှောင်ရှား၊ ကျေးဝနာတောင်ကြားက၊ ချောင်တရားကျင့်ကာ။ ။

တောဆီ, ကောလီကြိတ်ခဲ့တဲ့၊ ယောဂီဟိတ်ဆောင်းပါးကဗျာ။ ။

အကြောင်းအားလျော်စွာရယ်၊ ပျော်စရာမပြတ်တိုးရန်ဘို့၊
ဓါတ်ဘိုးရှာခိုက်မှာကို၊ အားတိုက်(စာဆို)။ ။

ခုလိုများငွေအလိုမှာ၊ စနေကိုလွမ်းပြန်ချည်လေး။ ။

သခင်ကိုယ်တော်မှိုင်း


(ဝန်ခံချက်။ “စတာလင်၏နိုင်ငံတကာကမ္ဘာ့ငြိမ်းချမ်းရေးဆုရဆရာကြီးသခင်ကိုယ်တော်မှိုင်း၏
လေးချိုးပေါင်းချုပ်”မှ ကူးယူဖော်ပြသည်။)




Wednesday, January 14, 2009

လှူဒါန်းနိုင်ကြရန် ဆော်သြလိုက်သည်


ဒီနေ့မနက်မေးလ်စစ်မိတော့ကိုပီကေရဲ့စာလေးတစောင်ကိုဖတ်မိပါတယ်။
သိပ်ကောင်းတဲ့စေတနာလေးအတွက်တတ်အားသမျှလှူဒါန်းနိုင်ကြဖို့
ထပ်ဆင့်ဆော်သြပေးလိုက်ပါတယ်ရှင်။
၂၀၀၈ ခုနစ် ခရစ္စမတ်နေ့ က ဘလာဂေါက်တို့ ဦးစီးပြီး လုပ်တဲ့ My Web My
Style ပွဲလေးမှာ ဦးဇင်း ဦးကောဝိဒကို စပြီး ခင်မင်ခဲ့ရပါတယ်။ စကားလက်စုံ
ကျရင်း ဦးဇင်းရဲ့ ပညာဒါန အလှူတွေအကြောင်း ပြောဖြစ်ခဲ့ပါတယ်။
ကျနော့အနေနဲ့ လေးစားမိတာက တစ်ကြောင်း၊ အားကျမိတာက တစ်ကြောင်း၊
ကူညီပေးချင်တာက တစ်ကြောင်းကြောင့် ကျနော်ရဲ့ ဘလော့ဂ်မှာ အများအနေနဲ့
မုဒိတာ ပွားနိုင်သလို၊ တတ်စွမ်းသလောက် ဝိုင်းဝန်းဖေးမပေးဖို့
ကုသိုလ်ယူရန် လက်တို့လိုက်ရပါတယ်။

ဦးဇင်း ဦးကောဝိဒဟာ မြန်မာနိုင်ငံရဲ့ သာသနာအထွန်းကားဆုံး
မြို့တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းမြို့မှာ သီတင်းသုံးပါတယ်။
စစ်ကိုင်းမြို့ဟာ ဆိုရင် မြန်မာနိုင်ငံမှာ သာသနာ အနွယ်ဝင် သံဃာတော်
အများဆုံး သီတင်းသုံးတဲ့ မြို့တစ်မြို့ ဆိုတာလည်း လူတိုင်း သိမှာပါ။
စစ်ကိုင်းမြို့မှာ ဆိုရင် သံဃာတော်၊ သီလရှင်တွေ အတွက် ပရိယတ်အဖြစ်
ဗုဒ္ဓစာပေ သင်ကြားရာ တက္ကသိုလ်၊ စာသင်ကျောင်းတွေ အများဆုံး ရှိတဲ့
မြို့တစ်မြို့ ဖြစ်သလိုပဲ ပဋိပတ်အဖြစ် ဝိပဿနာတရား အားထုတ်ရာ ရိပ်သာ၊
တရားစခန်း အများဆုံး ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဓိက
ဖြန့်ချီရာ ဒေသလည်း ဖြစ်တဲ့ စစ်ကိုင်းမြို့ကို အနယ်နယ် အရပ်က သံဃာတော်တွေ
အနေနဲ့ လက်လွတ်မခံဘဲ လာရောက် ဆည်းပူးကြရပါတယ်။ ဒါကြောင့်လည်း
သာသနာနွယ်ဝင် အများစု မှီတင်းရာ ဒေသအဖြစ် စစ်ကိုင်းမြို့ဟာ ကမ္ဘာမှာ
ထင်ရှားတာ လူတိုင်း သိပြီးသားပါ။

၂၁ ရာစုမှာ လူသားအဖြစ်နဲ့ အသက်ရှင်တဲ့ လူတွေအတွက် ကွန်ပြူတာ၊ အင်တာနက်
ဆိုတာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလို မရှိမဖြစ် ဖြစ်နေပါပြီ။
သံဃာတော်တွေ အတွက်လည်း ချွင်းချက် မဟုတ်ပါဘူး။ သာသနာ ပြန့်ပွားဖို့
ကြိုးပမ်းတဲ့ အခါမှာ ဟိုး ခေတ်ဦးပိုင်းက သံဃာတော်တွေ သက်ဆိုင်ရာ ဒေသ
တစ်ခုကို ကိုယ်တိုင်​ ကြွရောက်ပြီး သာသနာပြုရပါတယ်။ ဒီထက်
လမ်းပမ်းဆက်သွယ်ရေး ကောင်းလာတဲ့အခါမှာ စာပေတွေ ရေးသား ဖြန့်ဝေပြီး
သာသနာပြုပါတယ်။ နည်းပညာ တိုးတက်လာတော့ လေလှိုင်းပေါ်ကနေ ဂြိုလ်တု၊ တီဗီ၊
ရေဒီယိုကတဆင့် တရားတော်တွေ ထုတ်လွှင့်ပြီး သာသနာ ပြုနိုင်ခဲ့တယ်။ အခု
အင်တာနက် ခေတ် ရောက်လာတော့ နိုင်ငံတကာမှာ ရှိတဲ့ သံဃာတော်တွေ သာသနာတော်
ပြန့်ပွားဖို့၊ တည်တန့်ဖို့ အွန်လိုင်းကို အသုံးချပြီး လုပ်ဆောင်နေကြတဲ့
အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ အတော်လေးကို အားနည်းနေတာ
တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ သံဃာတော်တွေ အနေနဲ့ အင်တာနက်နဲ့
အထိအတွေ့ မပြောပါနဲ့ ကွန်ပြူတာကို ထိတွေ့ဖို့ဆိုတာတောင် အတော်လေး
ခက်နေပါသေးတယ်။ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန် မန္တလေးမှာတောင်
ခက်ခဲနေတာပါ။ စစ်ကိုင်းမြို့ဆိုရင်တော့ တွေးကြည့်စရာတောင် မလိုတော့ပါဘူး။

အဲဒီ ခေတ်ရဲ့ ရေစီးနဲ့ အခက်အခဲကို သိတဲ့အပြင် ကူညီဖြေရှင်းဖို့
တတ်နိုင်တဲ့ဘက်က ကြိုးစား အားထုတ်နေသူကတော့ ဦးဇင်း ဦးကောဝိဒပါ။
ဦးဇင်းက စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့မှာ တစ်လှည့်စီ
ကွန်ပြူတာပညာရပ်တွေကို သူ တတ်သလောက် ပညာဒါနအနေနဲ့ ဖြန့်ဝေပေးနေတာပါ။
မန္တလေးမြို့ရဲ့ စေတနာအလှူရှင်ကြောင့် ဦးဇင်းအနေနဲ့ အွန်လိုင်း
သင်ကြားခွင့်ရခဲ့ပါတယ်။ မန်းက အင်တာနက် ကဖေးတစ်ဆိုင်က ဦးဇင်းကို
သင်ကြားဖို့ လှူဒါန်းတာကြောင့် မန်းက သံဃာတော်တချို့ကို ပညာဒါနအနေနဲ့
အင်တာနက်သင်တန်းအဖြစ် ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး
စစ်ကိုင်းမြို့မှာလည်း သင်တန်းခန်းမတစ်ဆောင် အနေနဲ့ သီးသန့် လုပ်ထားပြီး
ကွန်ပြူတာအကြောင်းကို သင်တန်းအနေနဲ့ သံဃာတော်တွေအတွက် ပညာဒါန ဝေမျှ
ပေးနိုင်ခဲ့ပါတယ်။ အဲဒီ သင်တန်းခန်းမရဲ့ ကြမ်းပြင်ကိုလည်း ညီလင်းဆက်ရဲ့
အကူအညီနဲ့ နိုင်ငံခြားမှ လှူဒါန်းငွေကြောင့် မကြာခင်က ကြမ်းခင်းထားပါပြီ။
သင်တန်းမှာ ကွန်ပြူတာ (၆) လုံးပဲ ရှိပါတယ်။ အဲဒီ ကွန်ပြူတာခြောက်လုံး
နဲ့ပဲ အခု သင်တန်းသစ်တစ်ခု စတင်ဖို့ ကြံဆောင်နေတယ်လို့ ဦးဇင်းက
မိန့်ပါတယ်။

သင်တန်းသစ်စမယ်လို့ သတင်းရတာနဲ့ စစ်ကိုင်းမြို့မှာ ရှိတဲ့ ကွန်ပြူတာ
နည်းပညာ ငတ်မွတ်သူ၊ အင်တာနက် ငတ်မွတ်သူတွေ ဝိုင်းပြီး စာရင်း ပေးလိုက်တာ
ကြေငြာပြီး မကြာခင်မှာပဲ လျှောက်လွှာတင်သူ ၅၀ ကျော်သွားလို့
ရပ်ဆိုင်းထားရပါတယ်။ ရပ်ဆိုင်းထားဆို ကွန်ပြူတာက (၆) လုံးတည်း
ရှိတာဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဦးဇင်းရဲ့ ခံစားချက်ကို
ကိုယ်ချင်းစာမိပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့အနေနဲ့ လျှပ်စစ်မီး
ကောင်းကောင်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လျှပ်စစ်မီး အချိန်များများ
ရဖို့တောင် ဆုတောင်းဖို့ မလွယ်ပါ။ ဒါကြောင့် ကွန်ပြူတာရဲ့ အသက်ဖြစ်တဲ့
လျှပ်စစ်မီးက ရှိဖို့ အရေးကြီးနေပြန်ပါတယ်။ ဒါကြောင့် ဦးဇင်းအနေနဲ့လည်း
မီးစက်ဝယ်ဖို့ စိုင်းပြင်းနေရပြန်တယ်။ ပညာဒါန အလှူလုပ်ဖို့
သင်ကြားတယ်ဆိုတော့ ပစ္စည်းပစ္စယ ဝယ်ဖို့ ငွေကြေးဆိုတာ အလှူရှင်ကိုပဲ အဓိက
တည်မှီနေရတော့မှာပါ။ ဦးဇင်းကို မေးကြည့်တော့ မီးစက်ဝယ်ဖို့ ကျပ်ငွေ (၁၇)
သိန်း လောက် လျာထားရမယ်လို့ မိန့်ပါတယ်။ နောက်ပြီး သင်တန်း အရှိန်ရဖို့
ကွန်ပြူတာ အလုံးရေ များဖို့ကလည်း အရေးကြီးပြန်တော့
ကွန်ပြူတာအလှူရှင်ကလည်း လိုအပ်နေပြန်ပါတယ်။

ဒီအခက်အခဲတွေ ကြားက ဘာကိုမှ မမှုဘဲ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို
အကောင်အထည် ပေါ်ဖို့ပဲ အမြဲ ကြိုးစားနေတဲ့ ဦးဇင်းရဲ့ စိတ်ဓါတ်နဲ့ ဇွဲကို
ကျနော် မလေးစားဘဲ မနေနိုင်ပါဘူး။ အားကျတယ်လို့လည်း ပြောလို့ရတယ်။
ဒါကြောင့် ဦးဇင်းရဲ့ ပညာဒါန သင်တန်းတွေ အမြဲ အဓွန့်ရှည်
တည်တန့်စေနိုင်ဖို့ အလှူရှင်တွေ လိုအပ်နေတာ အမှန်ပါ။ ပြည်တွင်းမှာ ရှိတဲ့
သာမာန် ဝန်ထမ်းတစ်ယောက် အနေနဲ့ ငွေ တစ်သောင်း လှူဖို့ဆိုတာ အခက်အခဲ
ရှိပေမယ့် ပြည်ပ ရောက်နေသူတွေအတွက် အခက်အခဲ သိပ်မရှိလောက်လို့ အကူအညီ
တောင်းလိုက်ရပါတယ်။ တကယ်လို့ ပြည်တွင်းက လူတွေအနေနဲ့လည်း တတ်နိုင်သလောက်
တစ်ထောင် နှစ်ထောင်ကအစ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့
သင်တန်းကျောင်းအတွက် လက်တလော လိုအပ်နေတဲ့ ပစ္စည်းတွေကတော့

၁။ ကွန်ပြူတာ (လက်ရှိ ခြောက်လုံးသာ ရှိသည်)
၂။ သင်တန်းခန်းမ မျက်နှာကျက် (လုံးဝ မရှိသေးပါ)
၃။ ကြမ်းခင်းအုတ်ခင်း (ခန်းမ အရှေ့ပိုင်းကို ညီလင်းဆက်ကူညီသော အလှူနဲ့
အုတ်ခင်းပြီး)
၎။ ၁၀ ကီလိုဝပ်ထွက် မီးစက်တစ်လုံး (မီးမရှိလျှင် လုံးဝ သင်မရပါ။ လက်ရှိ
လျှပ်စစ်မီးမှာ ပျက်တလှည့် မလာတလှည့်)
၅။ နည်းပညာပိုင်း ဆိုင်ရာ ပညာဒါန သင်ကြားပေးနိုင်သူ (မန်း သို့
စစ်ကိုင်းတွင် သင်ကြားပေးနိုင်သူ ဖြစ်ရန်လိုသည်)
၆။ အင်တနက် သင်တန်း သင်ကြားနိုင်ရန် အွန်လိုင်း သုံးစွဲခွင့် (အင်တာနက်
ကဖေးဆိုင် တစ်ဆိုင်မှ သူ့ဆိုင်တွင် သင်ကြားနိုင်ရန် အချိန်ပိုင်း
လှူဒါန်းထားသည်။ ထိုအလှူရှင်ကဲ့သို့ လှူဒါန်းနိုင်လျှင် ပိုကောင်းမည်။
သို့မဟုတ် တစ်နာရီ သုံးစွဲခ လျှော့ဈေးဖြင့် ညှိနှိုင်းပေးပါကလည်း
အဆင်ပြေပါမည်။ သို့မဟုတ်ပါက အလှူငွေဖြင့် အင်တာနက် သုံးစွဲဖို့
စီမံရပါမည်)
၇။ ရေအေးစက် (အင်မတန်ပူသော စစ်ကိုင်းမြို့အတွက် လိုပါသည်)
၈။ အလှူငွေ (တခြား သင်တန်းအတွက် လိုအပ်ချက်များ စီမံဆောင်ရွက်ရန်)

လှူဒါန်းလိုသူများ ဆက်သွယ်ရန်
၁။ ဦးကောဝိဒ @mailto: kovida9@gmail.com
၂။ ပီကေ @mailto: pikay@myanmarbloggers.org
၃။ ညီလင်းဆက် @site: http://blog.nyilynnseck.com
၎။ မျက်လုံး @mailto: thethtoo@gmail.com
၅။ မင်းယွန်းသစ် @mailto: minnyoonthit@gmail.com
၆။ အရုပ်ကလေး @mailto: idulize@gmail.com

ဘုန်းဘုန်းဆီ ပြည်တွင်းမှ လွှဲချင်သူများ အနေနဲ့ ဒီကိုလွှဲလို့ရပါတယ် ခင်ဗျာ။

မန္တလေး ရိုးမဘဏ် (ရတနာပုံ)၊
ဦးကောဝိဒ -၉/ပဥလ(သ)၀၀၀၅၂၆
ဦးရဲဝင်းနောင် 09-2028917

နိုင်ငံခြားမှ လှူဒါန်းလိုသူတွေအတွက် PayPal နှင့် UK Bank Account
နှစ်မျိုးစလုံးနဲ့ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း href="http://kovida.multiply.com/">ဦးကောဝိဒရဲ့ ကိုယ်ပိုင်
ဘလော့ဂ်ကိုလည်း သွားရောက် လေ့လာနိုင်ပါတယ်။ ဦးဇင်း ဘလော့ဂ်မှာ
ကျနော် အပေါ်မှာတင်ပြခဲ့တဲ့ ဦးဇင်းရဲ့ လှုပ်ရှားမှုတွေကို ဓါတ်ပုံနဲ့တကွ
အသေးစိတ် ဖော်ပြထားပါတယ်။ သွားရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။
ကျနော်အနေနဲ့ တောင်းဆိုချင်တာက အလှူငွေမှ မဟုတ်ဘဲ ကူညီတဲ့အနေနဲ့
ဒီပို့စ်လေးကို တတ်နိုင်သလောက် ဖြန့်ဝေပေးစေချင်ပါတယ်။

အားလုံးကို လေးစားသောအားဖြင့်
ပီကေ



Monday, December 29, 2008

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း(အွန်လိုင်း)


ကျွန်မတို့မြန်မာလူမျိုးတော်တော်များများအတွက် မရှိမဖြစ်လိုအပ်တဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကြီးကို
ဝေးမြေရပ်ခြားတိုင်းတပါးမှာ ကြည့်ချင်တယ်ဆို ဒါမှမဟုတ် အွန်လိုင်းမှာ မြန်မာစာရေးနေတုန်း အချစ်ကို
ရယစ်နဲ့ ခြစ်ရမလား.............ရပင့်နဲ့ချစ်ရမလား....... မုန်းတယ်လို့ပြောချင်လဲ မုံးလား...........မုန်းလားပေါ့
မသေချာမရေရာရင် .......... ငယ်ငယ်ကလဲအလွတ်ကျက်အသေမှတ်နဲ့သာ မြန်မာစာကိုအောင်လာကြတာ
ဆိုတော့ကာ(ကိုယ့်ကိုရည်ညွှန်းခြင်းဖြစ်) တစ်ခါတလေအမြဲတမ်းက စာလုံးပေါင်းသတ်ပုံက ခပ်မှားမှားရယ်လေ
ဘလော့ရေးတော့လဲ အမြဲတမ်းမြန်မာစာလုံးပေါင်းသတ်ပုံကမှားမြဲပေါ့..........
အခုတော့ အဲဒီအမှားတွေအတွက် ဖြေဆေးပေါ်လာပါပြီ
အွန်လိုင်း မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ပါတဲ့....။
စေတနာဝေဖြာစွာနဲ့တင်ဆက်လိုက်တဲ့ ကိုပီကေ ကိုကျေးဇူးအထူးတင်ရှိပါတယ်။
နောင်တစ်ရက်နှစ်ရက်အတွင်းအပြီးသတ်မယ်လို့လဲ သိရှိရပါတယ်။
ကျွန်မဘလော့မိတ်ဆွေများသိအောင် ဝေမျှလိုက်ပါတယ်နော်။
လိပ်စာကတော့
http://myanmarwords.pikay.org/
ပါနော်။


Thursday, December 18, 2008

Co.CC မှာဒိုမိန်းပြောင်းချင်ရင်


မြန်မာနိုင်ငံကဘလော့ဂါတွေအတွက် free domain လုပ်နည်းလေးတစ်ခုမျှဝေပေးလိုက်မယ်နော်။
ကိုအောင်မျိုးဟန်ရေးထားတာ။
အရှင်းဆုံးလို့ထင်ပါတယ်။
မော်စီက ရှယ်လိုက်တာ။
လုပ်နည်းလေးသိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်လိုက်နော်။

အိုကေကြပါစေလို့................။





Sunday, July 06, 2008

Gtalk ကနေဖုန်းခေါ်ကြရအောင် Free Cash လေ

Gtalk ကနေ ဖုန်းအလကား ခေါ်ကြရအောင်!!!
Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ ဒီမှာ စာရင်းပေးသွင်းနိုင်ပါပြီ။

အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။

1. Google Talk ကိုဖွင့်ပါ။
2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။ (phonenumber@talkster.gtalk2voip.com) ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
4.
Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။


Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။

Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။
မြန်မာများ ဆက်သွယ်ရေး လွယ်ကူချောမွေ့နိုင်ကြပါစေ ခင်ဗျား။
ညီမေ ရးထားတာမဟုတ်ပါဘူး Forwarded mail တစ်ခုကရတာပါ ပိုင်ရှင်ကိုလည်းမသိပါဘူး..
အားလုံးသိ‌ေ စခ်င္တဲ့‌ေ စတနာ‌ေ လးနဲ့တင္ထား‌ေ ပးတာပါ

Tuesday, July 01, 2008

ကျားတဲ့ဟေ့


ကျားတော့ကြောက်ကြတယ်နော်
ဒါပေမယ့် ဒီကျားမိသားစုလေးကိုတော့ကြောက်ပါနဲ့တဲ့
အိမ်နောက်နံရံမှာကပ်ထား စိုပြည်တယ်တဲ့
planet ကတွေ့လို့ share ပေးတာအဟဲ
ကျားဆို ယောက`်ျား ကအကြောက်ရဆုံးလို့ကြားဖူးတာဘဲ
ဟုတ်တယ်ဟုတ်...

Tuesday, April 22, 2008

Later the new year time

Many people cannot find their goals.
The highest temperature attacks here.
Evaporation point is reach now.
No Padauk.
No Nguwah.
On the other hand,I cannot get happiness.
Trying to control our situations.
No one can get enough their aims.

Wednesday, April 09, 2008

ကမ္ဘာ့စံတော်ချိန်တွေ

Tuesday, March 25, 2008

Internet မှာကြုံရတဲ့ခဏ

တစ်နေ့ကျွန်မချစ်သူနဲ့တွေ့ဖို့ချိန်းထားတာနဲ့ Internet Cafeမှာသူငယ်ချင်းနဲ့သွားစောင့်နေတုန်း
vzo သုံးဖို့ sign in လိုက်တဲ့တစ်ခဏမှာ
ဘယ်ဘယ်ရပ်ရွာက နှာသရဲများရဲ့ မိတ်ဆက်မှုခပ်ကြမ်းကြမ်းလေးနဲ့ဆုံလိုက်ရပါတယ်။
2ယောက်စလုံးရင်တုန်ပန်းတုန်ပါဘဲ။ဟဲဟဲ
မမြင်ဘူးသေးတာတွေကိုလည်းတွေ့ရတာတစ်ကြောင်းပေါ့
ဟူး ရှက်စရာပါနော်။ ကျွန်မလည်းချက်ချင်းဆဲဆိုပြီးထွက်လိုက်တယ်။
ဒေါသကငယ်ထိပ်ရောက်တဲ့တခဏမှာတော်တော်ပေါက်ကွဲသွားတာလေ။
သူငယ်ချင်းတချို့ကဒီလိုပါပဲတဲ့။
ဝေးမြေရပ်ခြားကိုရောက်နေတဲ့ရောင်းရင်းများကိုလည်း သတိပေးပါရစေ။
အိမ်လွမ်းအကုန်လွမ်းတာနဲ့ပဲ Internet chat chat နဲ့အချိန်ပေးစိတ်ဖြေတာတော့ဖြေပေါ့ ဗမာမလေးတွေနဲ့ကြုံတဲ့အခါ လူလူသူသူမိတ်ဆက် အလာပသလာပပြော ဘာညာသရကာနေကြာကွာစိ ပလီစိခြောက်ချက်ကို ရိုးရိုးသားသားဆောင်ရွက်ကြဖို့ပါ နိုင်ငံခြားမှာအနေကြာ မယ်ကမ္ဘာနဲ့ရောပြီး ဗမာအချင်းချင်း ဇာတ်ယုတ်မခင်းကြဖို့အကြောင်း သတင်းတောင်းလိုက်ပါရစေနော်။
စိတ်မသက်မသာလွန်းလို့ပါ။

ဗမာမလေးတွေလည်း ကိုယ့်ပစ္စည်းကိုယ်ရှိတာအကုန်ထုတ်ဘိန်းမုန့်လုပ်ကြခြင်းကို
ရှောင်ကြဉ်ကြပါလို့
...