Thursday, November 19, 2009

သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၄)ထွက်ပြီ

Photobucket

သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း အတွဲ(၃) အမှတ်(၄) ကို နိုဝင်ဘာလ ၁၆ရက်နေ့က ဖြန့်ချိလိုက်ပါတယ်။
ယခုမဂ္ဂဇင်းအတွက် ခေါင်းစဉ်ဖြစ်သော “အပြောင်းအလဲ” နှင့် သက်ဆိုင်သည့် ဆောင်းပါးများ၊ ယခင် ပါဝင်နေကျ ကဏ္ဍများ အပြင် ကဏ္ဍအသစ် အနေဖြင့် ဟာသကဏ္ဍကို ထည့်သွင်း ဖော်ပြထားပါတယ်။

ကျွန်မရေးသားတဲ့ အချစ်မရှိသောဒီနေ့စွဲများ ဆိုတဲ့ဝတ္ထုတိုလေး ရွေးချယ်ဖော်ပြခြင်းခံရတဲ့အတွက် အတိုင်းမသိပီတိဖြစ်မိပါတယ်.....

ကျမရဲ့ မိတ်ဆွေများအားလုံးလည်း ကျမရဲ့ခံစားချက်စာမူလေးကို မျှဝေခံစားဝေဖန်ပေးကြပါလို့ တောင်းဆိုလိုက်ပါရစေနော်....

အချစ်မရှိသောဒီနေ့စွဲများ

ခပ်ဝေးဝေးမှာ ငှက်တစ်ကောင်လား? နှစ်ကောင်လား?.... ခိုဖြူတွေမဟုတ်တာတော့ သေချာတယ်။
အိပ်မက်အစစ်လား? တကယ် ဖြစ်နေတာလား?

ခံစားလိုက်ရတာ တိုက်ရိုက် မဟုတ် တာတော့ သေချာပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ စကား နောက် စိမ်းလန်းခြင်း ဆိုတာပါ ဖြည့်စွက် နေကြပါလား။ ကြားမိတာပါ…. နားစွန်နားဖျား လက်တွေ့ မြင်တွေ့ရတာက တခြား။

ဘာပဲ ဖြစ်ဖြစ်ပါ။ ရင်ထဲမှာ သိမ်းဆည်းထားတာထက်စာရင် မျှဝေ ပေးလိုက်ချင်ပါတယ်။ ခံစားပေးချင် ကိုယ်ချင်းစာချင်တဲ့ သူတွေအတွက်ပေါ့။ အားလုံးကတော့ သနားစရာတွေ့ရင် ကရုဏာသက်ဖို့တော့ ဝန်လေးကြမှာ မဟုတ်သလို ဒေါသထွက်စရာ ရွံစရာအနေအထားတခုကိုကော ဝေဖန်ကြဖို့ ဝန်လေးကြမယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ပါးစပ် ကိုယ် တန်ဖိုးထားကြတာကိုးနော့်။

တွေးရင်းနဲ့ မဲ့ပြုံးလေးတစ်ခု ကိုယ့်နှုတ်ခမ်းမှာ ဖန်ဆင်းပြီးသား ဖြစ်သွားတယ်။ အော်……..မိုးတိမ်သားတွေကလဲ ထူထပ်နေလိုက်တာ။ နေရောင်တောင် တိုးမပေါက်တော့ပါလား။ တိမ်စိုင်တွေကို သေချာကြည့်လိုက်တော့ အိုး….. အမည်တပ်ရ တော်တော်ခက်မယ့် ပုံရိပ်တွေ သဏ္ဍာန်တွေပါလား။ အဲလိုပဲ သူ့ထက်ငါ အပြိုင် လေလွင့်နေကြတာတွေကကော လောကကြီးကို ရည်ညွှန်းတာပါလား။

ကာလ အပိုင်းအခြားတစ်ခုကို ကျော်ဖြတ်လိုက်ပြီးတဲ့နောက်…….ရင့်ကျက်မှုကို အရေခြုံ ဟန်ဆောင်မှုကို ရှေ့တန်းတင် ဝန်တိုမှုတွေကို ရင်ဝယ်ပိုက်လိုက်မိတာ ငွေကြေးဖောင်းပွမှုနဲ့ အပြိုင်ပါပဲ။

xxxxxxxxxxxxxxxxxxx

မှုန်ပျပျ အလင်းရောင်လေးက လမ်းပေါ်ကို ထိုးကျနေတယ်။ အဝေးတနေရာဆီက ညဥ့်ငှက်တစ်ကောင် အော်သံဖြတ်ကနဲ ကြားလိုက်ရတယ်။ တဖြည်းဖြည်း အဝေးက ကားတွေ ဆိုင်ကယ်တွေ ဥဒဟို ဖြတ်သန်းသွားလာနေတဲ့ အသံတွေ နီးလာလိုက် ဝေးသွားလိုက်ပေါ့။ စာအုပ်တွေ လှန်လှောနေတဲ့ သူမ မျက်နှာလေးက ဝင်းပကြည်စင်နေတယ်။ ကရုဏာအပြည့်ပါတဲ့ ဟန်အမူအရာတွေကိုလည်း သူမအပြုအမူတိုင်းမှာ တွေ့ရတယ်။ ဒီနေ့ သောကြာနေ့။ မနက်ဖြန်ဆို ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ။ သူမက ကလေးကို စိတ်ရှည်လက်ရှည် စာပြပေးနေတုန်း.......<<ဆက်ဖတ်ရန်>>