Sunday, October 14, 2012
Thursday, January 12, 2012
အာရုဏ်ဦးရဲ့ အမုန်းမဲ့နှစ်သစ် ၂၀၁၂

ချစ်သူပေးတဲ့ နှစ်သစ်လက်ဆောင်
ဇီးကွက်လေးကောင်ကတဲ့ ကဒ်လေး
လက်ခံရရှိလိုက်တော့
အာရုဏ်တက် နှစ်သစ်နေနဲ့အတူပေါ့....
၂၀၁၂ တဲ့
ပေါင်းခြင်းကတော့ ငါး...
စကားလုံး ငါးလုံးပါတဲ့
“အမုန်းမဲ့နှစ်သစ်” ရယ်ပေါ့....
ချစ်သူနဲ့ကိုယ့်အတွက်
နှစ်သစ်မှာ အမုန်းမဲ့နေမယ်...
အားလုံးအတွက်လည်း
အမုန်းမရှိတော့တဲ့ နှစ်သစ်
အဲဒါ...
၂၀၁၂ ပေါ့...
ကိုယ်မျှော်လင့်နေမိတယ်...
ယုံကြည်စွာပေါ့...
ဒါဟာ
အားလုံးအတွက်
အထင်ကရနှစ်သစ် ၂၀၁၂ ....
သိပ်ချစ်မိတဲ့ချစ်သူ
သူနဲ့အတူ ကိုယ်ပျော်နေမယ်
အမုန်းမဲ့နှစ်သစ်အစမှသည်.....
နောင်ထာဝရ အမြဲ...
အားလုံးနဲ့လက်တွဲ
ငြိမ်းချမ်းရာဆီ
ခွန်အားအပြည့်နဲ့
သက်လုံလည်းမကျစတမ်း
အလွမ်းဗလာ အနာဂတ်ကဗျာဆီပေါ့...
သွားကြမယ်အတူတူ...
အခု ၂၀၁၂ ကနေ...
သက်ဆုံးတိုင်...
ကမ္ဘာတည်သရွေ့လေ...
အားလုံးပျော်မယ်ဆို...
ဆုတောင်းရကျိုး နပ်မယ်လို့
ကိုယ်တွေးရင်းကြည်နူး
ကြည်နူးရင်းခံစား....
အတွေးကို ပုံဖော်
အမုန်းကိုပယ်
အတ္တကို ဥပေက္ခာပြု
နှစ်သစ်ရဲ့အာရုဏ်ဦးရောင်ခြည်လို
အတွေးမြူးမြူးတွေနဲ့
ကဗျာတပုဒ်ကို
လှပစွာပုံဖော်နိုင်ကြဖို့
အားလုံး အားယူရုန်းကြွ နိုးထကြစို့...
၂၀၁၂မှာ...
မျက်ရည်တွေသိမ်း
အမုန်းမီးတွေငြိမ်း
အာဃာတလျှောက်လမ်းပေါ်က
ရန်ငြှိုးဆူးညှောင့်တွေအားလုံး
အဝေးက အတိတ်ထဲ
လုံးချေလွှင့်ပစ်ကြဖို့
အားလုံးအားယူကြစို့လား...
ကိုယ်... ချစ်သူ.... ခင်သူ... အားလုံး အားလုံးပေါ့....
၂၀၁၂
နှစ်သစ်ကူးအမှတ်တရ
(ရင်မှကဗျာ)
Saturday, August 27, 2011
အွန်လိုင်း ချစ်သူ ခင်သူ မြတ်နိုးသူ
ချစ်သူ
ကျွန်မဘ၀မှာ သူငယ်ချင်းဆိုတာ အလွန်မှ အရေးပါသလို အခုချိန်ထိလည်း ကျွန်မ ဆုံစည်းခင်မင်ရသူတွေ အားလုံးဟာ ကျွန်မအပေါ် ဖြူစင်ရိုးသားပြီး ခင်မင်ဖွယ်ကောင်းသူတွေချည်းဖြစ်နေတာကတော့ ကျွန်မရဲ့ ကံကောင်းခြင်း လက်ဆောင်လို့ ပြောရင်မှားမယ်မထင်ပါဘူး။
နိုင်ငံရပ်ခြားမှာ နေထိုင်နေရတဲ့ ကျွန်မအနေနဲ့ အလုပ်ချိန်ပြီးလို့ အိမ်ကိုတမ်းတရင် အင်တာနက်သုံးရတာဟာ ဘ၀ရဲ့အစိတ်အပိုင်းတခုဖြစ်လို့နေပါတယ်။ ဒီလိုအနေအထားမှာ အွန်လိုင်းမိတ်ဆွေတွေဟာ ငယ်ပေါင်းကြီးဖော်တွေလို အချိန်တိုတိုအတွင်း ရင်းနှီးနွေးထွေးမှုရစေတာ အံ့သြစရာတော့မဟုတ်ပါဘူး။
ကျွန်မမှာလည်း အွန်လိုင်းကနေ ခင်မင်သိကျွမ်းခွင့်ရသူတွေ အနည်းအကျဉ်းရှိပါတယ်။ အနည်းအကျဉ်းဆိုတာမှ တစ်ယောက် နှစ်ယောက် သုံးယောက်လို့ လက်ချိုးရေလို့ရပါတယ်။
အွန်လိုင်းဆိုတဲ့အတိုင်း တံခါးမရှိ ဓားမရှိ ကိုယ့်သတင်း အချက်အလက်ပေါင်းများစွာကို တိတ်တဆိတ်ခိုးယူသုံးစွဲပြီး အကျိုးယုတ်စေမယ့် နည်းလမ်းများစွာနဲ့ ဒုက္ခလှလှပေးနိုင်တဲ့သူလား တကယ့်တကယ်ခင်မင်သင့်တဲ့ မိတ်ဆွေလားဆိုတာ ခွဲခြားနိုင်စွမ်းရှိဖို့ ခဲယဉ်းလှပါတယ်။ ဒီလိုအနေအထားမှာ ကိုယ်နဲ့တကြိမ်တခါမှ မမြင်မဆုံဖူးဘဲ လိုင်းပေါ်သိ လိုင်းပေါ်ပြော လိုင်းပေါ်ခင်ဖို့ဆိုတာ အလွန်မှ ခက်ခဲလှပါတယ်။ ဒါပေမယ့် ခေတ်အလိုအရကော ကိုယ့်အနေအထားအရပါ ဝေးမြေမှာ ဗမာစာ ဗမာစကားနဲ့ ခင်မင်ခွင့်ရသူတွေကိုတော့ ငံ့လင့်မိတာအမှန်ပါပဲ။ ခေတ်လူငယ်ပီပီ အွန်လိုင်းမှာတွေ့သမျှ မိတ်ဆက်သမျှ သူတိုင်းကိုတော့ ပေါက်ကရလေးဆယ် ပျော်ရွှင်ဖွယ်ရယ်ပွဲဖွဲ့ရင်း မိတ်ဆက်တတ်ကြတဲ့ ခေတ်အကြောင်း သိထားလို့ပါပဲ။
နောက်ပြီး အွန်လိုင်းပေါ်မှာက အစစ်အမှန်ဆိုတာ အရှားသားလေ။ ယောက်ျားရှိလျက်နဲ့ အပျိုလို့ပြောလိုပြော၊ အသက်လေးငါးခြောက်ဆယ်အရွယ်က တက္ကသိုလ်တက်ဖို့စောင့်နေတာပါလို့ မိတ်ဆက်လိုမိတ်ဆက်တဲ့ အနေအထားမှာ အွန်လိုင်းက ဘယ်သူ့ကိုမဆို ယဉ်ကျေးပျူငှာနေဖို့ဆိုတာ လွယ်လှတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန်မမှာ အွန်လိုင်းပေါ်က ခင်မင်ရတဲ့ မိတ်ဆွေတွေ အလွန်မှနည်းပါးပါတယ်။
ကျွန်မ အွန်လိုင်းပေါ်ကနေ ပထမဆုံး ခင်မင်ရင်းနှီးခဲ့သူက ကျွန်မရဲ့ခင်ပွန်းဖြစ်လာမယ့် ချစ်သူကိုပါ။ ကျွန်မဟာ သူနဲ့ပတ်သက်တဲ့ အချက်အလက်အတိအကျကို ကျွန်မလက်လှမ်းမီရာ မိတ်ဆွေအပေါင်းအသင်းတွေကနေ တဆင့် စုံစမ်းရယူခဲ့ပြီး သေချာစိစစ်ပြီးမှ သူ့ကို ယုံကြည်စိတ်ချရတဲ့မိတ်ဆွေအဖြစ် လက်ခံခင်မင်ခဲ့တာပါ။ ဒီလိုလုပ်ရတာလည်း ကျွန်မအနေနဲ့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့အပြင် သိက္ခာတရားကို တန်ဖိုးထားသူမို့ပါ။ နောက်ပြီး သူနဲ့ကျွန်မဆုံတွေ့ချိန်မှာ ကျွန်မရော သူပါ မြန်မာပြည်ရဲ့တနေရာစီမှာမို့ တယောက်အကြောင်းတယောက် စုံစမ်းရတာ ပိုပြီးမြန်ဆန်လွယ်ကူခဲ့တယ်လေ။ သူနဲ့ကျွန်မဟာ အွန်လိုင်းမိတ်ဆွေအဖြစ်ကနေ တယောက်နဲ့တယောက်ခင်မင်ရင်း ဖုန်းနံပါတ်တောင်း ဖုန်းနဲ့ သူ့အကြောင်းကိုယ့်ပြော ကိုယ့်အကြောင်းသူ့ပြောနဲ့ ရင်းနှီးလာရာကနေ နောက်တော့ သူကိုယ်တိုင် အပြင်မှာ ကျွန်မကို လာရောက်တွေ့ဆုံစကားပြောကြရင်းနဲ့မှ ရည်ငံသွားပြီး လက်တွဲမိတဲ့အထိ ဖြစ်သွားတာမို့ အွန်လိုင်းနဖူးစာဆိုရင်ပိုမှန်ပါမယ်။
ခင်သူ
ဒီလိုနဲ့ တစုံတရာသောအကြောင်းကြောင့် ကျွန်မနဲ့ဝေးရာကို တိတ်တဆိတ်ထွက်သွားတဲ့ ကျွန်မချစ်သူရဲ့ မွေးနေ့မှာ လက်ဆောင်အဖြစ်နဲ့ သီချင်းလေးတစ်ပုဒ်ကို အွန်လိုင်းကတဆင့် သတင်းဌာန တစ်ခုရဲ့ ဝေဟင်ယံက သီချင်းသံ ဆိုတဲ့ ရေဒီယိုအစီအစဉ်လေးကနေ ဆက်သွယ်တောင်း ဆိုပေးဖို့ရာ စိတ်ကူးလေးရမိတဲ့အခါ အဲဒီသီချင်းတောင်းကဏ္ဍကို အီးမေးလ်နဲ့ဆက်သွယ်ပြီး သီချင်းတောင်းခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မဟာ မြန်မာပြည်ထဲက ကျွန်မတာဝန်ထမ်းဆောင်နေတဲ့ အလုပ်ဌာနတခုမှာပါ။ သိပ်မကြာ ခင်မှာ အဲဒီအစီစဉ်ကိုတာဝန်ယူထားသူက ကျွန်မဆီ ဖုန်းဆက်သွယ်လာပါတယ်။ အလုပ်ချိန်တွင်းဖုန်းလာတော့ ဖုန်းကိုထူးလိုက်မိတဲ့အချိန်မှာ သာယာချိုလွင်တဲ့ အသံကြည်ကြည်ချိုချိုလေးကို အမှတ်မထင်ကြားလိုက် ရပါတယ်။ သူမပြောသံတွေက တည်ငြိမ်ရင့်ကျက်တဲ့အသွင်ဆောင် နေပေမယ့် ခင်မင်နှစ်လိုမှု အပြည့်ပါဝင်နေတာကို သတိထားလိုက်မိပါတယ်။ သူမက ကျွန်မသီချင်းတောင်းတဲ့အပေါ် ဘာကြောင့်တောင်းဆိုတာပါဆိုတာလေးကို အသံသွင်းရယူပြီး ထုတ်လွှင့်ပေးချင်လို့ပါဆိုတဲ့ အကြောင်း ပြောကြားလာတော့ ကျွန်မတို့အဆင်ပြေမယ့် အချိန်လေးကို ညှိပြီး ဖုန်းချသွားပါတယ်။ အဲဒီတခဏ အတွင်းမှာ သူမကို ကျွန်မ ခင်မင်မိသွားပါပြီ။ သူမရဲ့ အသံချိုချိုလေးဟာ တဖက်သားကို ရင်းနှီးစဖွယ် ဖမ်းစားနိုင်ပါတယ်။
ကျွန်မတို့ သီချင်းတောင်းအစီအစဉ်အတွက် ဆက်သွယ်မိကြရင်း သူမနဲ့ကျွန်မ တယောက်အကြောင်း တယောက်အပြန်အလှန်မိတ်ဆက်ရင်း ခင်မင်သွားကြပါတယ်။ သူမဟာ ကျွန်မကို ညီမသဖွယ်ခင်မင်ကြောင်း ကျွန်မရင်ထဲက သိနေနှင့်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ချစ်သူကို လွမ်းစိတ်နဲ့ ခံစားနေရတာကတကြောင်း သူမဟာ ကျွန်မချစ်သူနဲ့ လက်လှမ်းမီရာ ဒေသကို ရောက်နေတယ်ဆိုတာကို သိရတာကတကြောင်း ချစ်သူနဲ့ကျွန်မ အွန်လိုင်းကနေ အဆက်သွယ်ပြတ်နေတာ တစ်ပတ်ကျော်ပြီမို့ ဆောက်တည်ရာ မရဖြစ်နေတာ တကြောင်းတို့နဲ့ ကျွန်မဟာ အရဲစွန့်ပြီး သူမကို အကူအညီတောင်းမိခဲ့ပါတယ်။ ဒါကတော့ ကျွန်မချစ်သူဆီ ဖုန်းဆက်ပြီး စကားတစ်ခွန်းလောက်ပြောပေးဖို့ အကူအညီတောင်းမိတာပါ။ စကားလေးကတော့ ကျွန်မဆီ အီးမေးလ်ဆက်သွယ်ဖို့ပါပဲ။ သူမဟာ တခဏလေးအတွင်းမှာပဲ ကျွန်မချစ်သူဆီကို ဖုန်းဆက်ပေးခဲ့ပါတယ်။ ကျွန်မလိုချင်တဲ့ ချစ်သူနဲ့ပတ်သက်တဲ့ သတင်းစကားလည်း သူမဆီကတဆင့် သိရှိခွင့်ရခဲ့ပါ တယ်။ ကျေးဇူးတင်မိတာတော့ အတိုင်းမသိပါပဲ။ သူမက ကျွန်မကို နားလည်ပေးသလို ကျွန်မကိုလည်း အ ချိန်ပေးကူညီခဲ့တာမို့ သူမကို တနေ့တချိန်မှာ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ကျွန်မလက်ရာ ထမင်းဝိုင်းလေးနဲ့ တည်ခင်းဖို့ ကိုလည်း အဲဒီအချိန်ကတည်းက ကျွန်မစိတ်ကူးထားခဲ့တာပါ။
အချိန်တွေတဖြည်းဖြည်းကုန်လွန်ခဲ့တဲ့နောက် ကျွန်မကိုယ်တိုင်လည်း ချစ်သူနဲ့လက်တွဲဖြစ် သွားပြီး နှစ်နှစ်ကျော် အကြာမှာ သူမနဲ့ကျွန်မတို့ ဆုံစည်းဖြစ်ခဲ့ပါတယ်။ သူမရောက်လာတော့ သင်္ကြန်ကာလနဲ့ ကြုံကြိုက်ပါတယ်။ သူမကလည်း အလုပ်တဖက်နဲ့မို့ ကျွန်မတို့ သူမ မပြန်ခင်တရက် ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ သူမဟာ ကျွန်မကို တရင်းတနှီးဖက်လှဲတကင်း နှုတ်ဆက်တဲ့အပြင် ကျွန်မတည်ခင်းတဲ့ ညနေစာကိုလည်း အားရပါးရသုံးဆောင် သွားခဲ့သလို ကျွန်မကိုလည်း ညီမလေးသဖွယ် ဆက်ဆံခဲ့ပါတယ်။ သူမနဲ့ကျွန်မ အပြန်အလှန် လက်ဆောင် ဖလှယ်ရင်း ကျွန်မတို့ရဲ့ တခဏတာ ဆုံစည်းမှုလေးဟာ ပျော်ရွှင်ကြည်နူးဖွယ် ကုန်ဆုံးခဲ့ရပါတယ်။ ကျွန်မလက်ရာ မရမ်းပြားထောင်းလေးကိုလည်း သူမအပြန်မှာ လက်ဆောင်အဖြစ်ထည့်ပေးနိုင်ခဲ့တာကို ကျွန်မ၀မ်းသာနေခဲ့ရတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကို ခံစားနားလည်ပေးခဲ့တဲ့အပြင် အဝေးရောက်ချစ်သူဆီက သတင်းစကားကို ကူညီရယူပေးခဲ့တဲ့ သူမရဲ့ စိတ်ထားလေးဟာ ကျွန်မအတွက် တန်ဖိုးထိုက်တဲ့ ချိုမြိန်မှုတခုပါပဲ။ ဒါဟာ အွန်လိုင်းပေါ်ကနေ ကျွန်မရရှိပိုင်ဆိုင်ခွင့်ရခဲ့တဲ့ မြတ်နိုးဖွယ်ရာ အသံချိုချိုလေးပါ။ ဒီလို မြတ်နိုးဖွယ်ကောင်းတဲ့ သူမအတွက် ကျွန်မကိုယ်တိုင်စီမံချက်ပြုတ်ထားတဲ့ စားသောက်ဖွယ်ရာတွေနဲ့ တည်ခင်းခွင့်ရတာကို ကြည်နူးမိပါတယ်။
အခုချိန်ထိ သူမဟာ ကျွန်မနဲ့ ခင်မင်ဆဲ ချစ်ခင်ရသော အစ်မအရင်းသဖွယ်ပါပဲ။ အခုဆိုရင် သူမနဲ့ သိကျွမ်းခဲ့တာ သုံးနှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီနေ့အထိ သူမရဲ့ ချိုကြည်တဲ့အသံ နှစ်လိုဖွယ်အပြုံးတွေနဲ့ သွက်လက်တဲ့ဟန်ကတော့ ချစ်ဖွယ်ကောင်းစွာ တီဗွီဖန်သားပြင်ပေါ်ကတဆင့် လေလှိုင်းကတဆင့် ပရိသတ်တွေဆီ ၀ဲပျံနေတုန်းပါပဲ။ ချစ်သူတွေအတွက်လည်း သူမရဲ့ ဝေဟင်ယံက သီချင်းသံအစီစဉ်လေးကလည်း လေလှိုင်းတွေကြားမှာ ခံစားခွင့်ပေးနေဆဲပါ။
မြတ်နိုးသူ
အွန်လိုင်းမိတ်ဆွေတွေထဲက ကျွန်မအပေါ် ရင်းနှီးခင်မင်ပြီး ရင်ဖွင့်တိုင်ပင်ဖော် စကားပြောဖော် နောက်တယောက်ကတော့ ဘလော့ဂါမမတစ်ယောက်ပါ။ သူမနဲ့ကျွန်မ စတင်ခင်မင်ခွင့်ရ တာက သူမရဲ့ ဘလော့ကြောင့်ပါ။ စာအရေးအသားကောင်းတဲ့ တင်ဆက်ပုံထူးခြားပြီး ပရိသတ် အပေါ်စေတနာပါတဲ့ သူမရဲ့ဘလော့ကို ကျွန်မ အစဉ်လည်ပတ်ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ကျွန်မကိုယ်တိုင် က သူမကို ခင်မင်ချင်တာနဲ့ စတင်မိတ်ဆက်ပြီး ခင်မင်ခွင့်တောင်းခဲ့တာပါ။ သူမကိုယ်တိုင်လည်း ကျွန်မကို လိုလိုလားလားခင်မင်ခဲ့တာမို့ ကျွန်မတို့နှစ်ယောက် အချိန်တိုအတွင်းမှာပဲ ခင်မင်သွားကြပါတယ်။
ဝေးမြေမှာ အသိအကျွမ်းနည်းပါးတဲ့ ကျွန်မအတွက် သူမဟာ တိုးတိုးဖော်အဖြစ် သူငယ်ချင်းမိတ်ဆွေအဖြစ် ချစ်ခင်ရသူတယောက်ပါ။ ကျွန်မစိတ်ကျဉ်းကြပ်နေတဲ့ အချိန်တွေမှာ သူမက ကျွန်မ အတွက် နှစ်သိမ့်အားပေးနိုင်တဲ့သူ တယောက်အဖြစ် ရပ်တည်နေတာပါ။ သူမ နဲ့ ကျွန်မ ခင်မင်ချိန်ဟာ အခုဆိုရင် တစ်နှစ်ကျော် နှစ်နှစ်နီးပါးကို ရောက်လာပါပြီ။ အခုချိန်ထိ သူမဟာ ကျွန်မကို ခင်မင်စွာ နဲ့ နွေးထွေးနေတုန်းပါပဲ။ သူမရဲ့ အားပေးစကားတွေ နှစ်သိမ့်ပေးမှုတွေနဲ့ ကျွန်မဟာ အင်အားတစုံတရာ ရခဲ့သလို သူမအတွက်လည်း ခင်မင်ဖွယ်မိတ်ဆွေတယောက်အဖြစ် ကျွန်မရပ်တည်နိုင်အောင် ကြိုးစားနေတာ ပါပဲ။
တခါတလေ သူမနဲ့ အဆက်သွယ်ပြတ်သွားတဲ့အခါတိုင်းမှာ သူမကို သတိတရရှိနေတတ်သလို ကျွန်မတစုံတရာ ခံစားနေရတဲ့အခါမှာလည်း သူမကို သတိတရနဲ့ ရင်ဖွင့်ချင်စိတ်တွေ ဖြစ်လာတတ်တာပါ။ ဒါကြောင့် ကျွန်မဟာ အွန်လိုင်းပေါ်တက်မိတဲ့အခါတိုင်းမှာ အဦးဆုံးနှုတ်ဆက်ဖို့ ရှာမိတာကတော့ သူမကိုပါပဲ။ သူမရဲ့ ဘလော့လေးဟာ ပရိသတ်ခိုင်မာစွာရှိနေသလို ပရိသတ်တွေအတွက် အသိခွန်အားတွေ ရသမျိုးစုံ နဲ့ ဝေငှပေးနေသူမို့ သူမကို ကျွန်မ လေးစားမိပါတယ်။ ကိုယ့်ဘ၀အတွက် ရုန်းကန်နေရင်း အားလပ်တဲ့အချိန် ဒါမှမဟုတ် ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်ထဲက တချို့ကို အများအတွက် တစုံတရာပေးစွမ်းနိုင်ဖို့ အားထုတ်နေတဲ့သူအဖြစ် သူမကိုမြင်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်နှလုံးကောင်းရှိတဲ့ အများကို ကူညီစာနာနားလည်ပေးတဲ့ ကောင်းသောအမြင် ကောင်းသောအကြံတွေနဲ့ အများအကျိုးကို ကူညီစောင်မ သူတွေကိုသာ ကျွန်မက မိတ်ဆွေအဖြစ် ပိုင်ဆိုင်ခွင့်ရထားတာကတော့ ကျွန်မကံကောင်းခြင်းတွေထဲက တစ်ခုပါပဲ။
အခြားအခြားသော ကျွန်မနဲ့ အပြင်မှာဆုံစည်းခြင်းမရှိသေးဘဲ အွန်လိုင်းကသာ ခင်မင်ရင်းနှီးကာ အပြန်အလှန် ကူညီနားလည်ရင်း ခင်မင်နေကြတဲ့ ချစ်သော ခင်သော ချစ်မမထားနဲ့ ချစ်ညီမလေး တို့ကိုလည်း ထာဝရ ခင်မင်ရင်းနှီးလိုပါသေးတယ်။ ကျွန်မကိုချစ်သော ကျွန်မက ချစ်သော ခင်မင်ရသူအားလုံး အောင်မြင် ပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း ဆုမွန်တောင်းရင်း….
အွန်လိုင်းသုံးခြင်း လေးနှစ်ပြည့် အမှတ်တရ
Friday, April 01, 2011
သင်္ကြန်မိုး
သင်္ကြန်ကာလ အခါသမယ နီးလို့လာပြီမို့ မြန်မာသင်္ကြန်သင်္ကေတတစ်ခုဖြစ်တဲ့ သင်္ကြန်မိုးဇာတ်ကားကို ကျွန်မအပါအဝင် မြန်မာရုပ်ရှင်ပရိသတ်တွေအားလုံး ရှုစားချင်ကြမှာပါနော်...သင်္ကြန်ရဲ့ လှပတဲ့မြန်မာဓလေ့တွေ ထုံမွှန်းနေတဲ့ ဒီဇာတ်ကားဟာ ကမ္ဘာတည်သရွေ့ မြန်မာတွေရဲ့ရင်ထဲသာမက ကမ္ဘာတစ်ဝှမ်းလုံးက မြန်မာသင်္ကြန်ချစ်သူတွေအားလုံးအတွက် စံတစ်ခုအဖြစ် တည်ရှိနေမယ်လို့ ထင်ပါတယ်။
သင်္ကြန်ရနံ့တွေထုံသင်းလာတဲ့ ဒီလို ဧပြီလရောက်တိုင်း ပိတောက်နဲ့အတူ လွမ်းမောမိတာက သင်္ကြန်မိုး ဆိုတဲ့ ဒီဇာတ်ကားလေးပါပဲ။
အချစ် ဒရာမာ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အပြင် မြန်မာ့ဓလေ့ရိုးရာတွေ ထုံမွှန်းထားတဲ့ ဒီဇာတ်ကားကို ရှုစားချင်ကြရင်ဖြင့် ဒီနေရာလေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ကြပါပြီလို့ သတင်းကောင်း ပါးလိုက်ပါရစေ....။
မိတ်ဆွေအားလုံး မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ရက်မြတ်များမှသည် နောင်နှစ်သစ်များစွာတိုင် ကမ္ဘာသူကမ္ဘာသား အားလုံးနဲ့အတူ ထာဝရ ငြိမ်းချမ်းစွာနဲ့ ဘေးဘယာဝေးကွာပြီး လှပတဲ့ ချစ်စရာ အချိန်လေးတွေကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း....
Friday, December 25, 2009
ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့ဖြစ်ပါစေ
Thursday, January 01, 2009
နှစ်သစ်နှုတ်ခွန်းဆက်
အဆုံးစမရှိတဲ့ ကောင်းကင်ကိုမော့ကြည့် အင်အားတွေကအသစ်စက်စက်ပေါ့...........။
မနက်ခင်းကသာယာတယ် နေရောင်ခြည်တောက်တောက်ရဲ့ကြားမှာဖြန့်ကျက်ထားတဲ့ တိမ်တိုက်တွေက ကမ္ဘာမြေကို
အသားတကျလည်ပတ်နေစေတာ............။
ကြည်နူးဖွယ်အတိတ်အနာဂတ်စိတ်ကူးတွေကို ပစ္စုပ္ပန်မှာ အကျိုးရှိရှိအသုံးချချင်တာမို့ အသက်ရှူသံကအစ အသစ်စက်စက်
ဖြစ်အောင် ခံစားလိုက်တယ်လေ..........။
ငြိမ်းချမ်းတဲ့အတွေးကိုပဲ အသားပေးပြီး ဒီနှစ်ကိုဖြတ်ကျော်မယ်လို့လဲစိတ်ကူးတယ်။
ဆုံဖြတ်ချက်တွေချတိုင်းချတိုင်း ရင်ခွင်မှာတသားတည်းဖြစ်တည်နေတဲ့ မေတ္တာတရားတွေကို စုစည်းထားမိတဲ့ ဆုံးဖြတ်ချက်
အခိုင်အမာတွေအောက် ထာဝရတော့ လောင်းရိပ်မိပါစေလေ.......။
အသက်ရှင်နေသမျှနေခွင့်ရနေတဲ့အချိန်ကာလတွေမှာ အရာအားလုံးအပေါ်မကူညီတောင်အနှောင့်ယှက်တော့မဖြစ်စေချင်ဘူး
ကိုယ့်ကြောင့်ပေါ့..............။
ကျေးဇူးတရားတွေနဲ့နစ်မွန်းနေတာကို အသာတကြည်လက်ခံထားမှာဖြစ်တဲ့ဘဝလေးကိုပိုင်ဆိုင်တာမို့ တခဏတာဆုံရကြုံရ
မယ့် ခပ်ဆိုးဆိုးအဖြစ်တွေကိုလဲ အမြဲတမ်းတော့ ရင်ဆိုင်ရမှာပေါ့ ခပ်ပြုံးပြုံးမဟုတ်တောင် မညစ်ညူးမိအောင်တော့ ထိန်းရ
မှာ...............။
သူငယ်ချင်းအားလုံးနှစ်သစ်မှာရွှင်လန်းကြပါစေလို့.................။
အချစ်နဲ့အတူပျော်ရွှင်နိုင်ကြပါစေ...............(၅၂၈ နှင့် ၁၅၀၀ ကြားအချစ်မပါ)
Tuesday, April 22, 2008
Burma New Year Present For All Ladies
Men can not avoid the Loves of Ladies' because they have to share their feelings in everybody.
Not all men, the men who the Ladies can see their third eyes.
So when we fall in love with one man,we must try to give our pure mind upon him.
When he get to feel our mind,he can still long and lasting in our living.
Comeon!!!
Let's try.
OK?
Monday, April 21, 2008
Happy new year for all!
Happy new year.
During this period,I get the knowledge of Buddha's Theory.
The truly freedom can get by applying and studying the Buddha's Theory.
Now I get a chance for freedom.
During Thinggyan Festival,I sit meditation.
I wish all my lovely surrounds can get peace.
That is all.
So I trust that we can get freedom in this new year.
Tuesday, March 25, 2008
ကျွန်မရဲ့ကျင့်စဉ်
လိုလားတယ်
ကိုယ်တိုင်လည်းပွင့်လင်းရိုးသားစွာနေတတ်ပါတယ်
ဟန်ဆောင်မှု
ရွံမုန်းတယ်
ဒါပေမယ့်
ကျွန်မတို့ အင်ဂျင်နီယာတွေလုပ်ငန်းခွင်မှာသုံးတဲ့
"Safty First"ဆိုတဲ့ ဆောင်ပုဒ်အတိုင်း
လောကအလယ်တင့်တယ်စွာနေနိုင်ဖို့အရေး
ရှောင်စရာရှိယင် ရှောင် ဆောင်စရာရှိယင် ဆောင် ဆိုတော့ကာ
တခါတလေတော့လည်း ဟန်ဆောင်ရတာပဲ
ဒါပေမယ့်သူများတကာ ကို မထိခိုက်တဲ့
ဟန်ဆောင်ခြင်းကိုပါ
လိမ်လည်မှု
စကားစကားပြောပါများ စကားထဲကဇာတိပြကြစမြဲပါ
ဒါကြောင့်
မှန်မှန်လိမ်မှအမှတ်ရမယ့်အခါမျိုး
လိမ်မှခါးမကျိုးမယ့်အခါမျိုးမှာ
သူများတကာအတွက်လည်းအကျိုးမယုတ်တဲ့
လိမ်နည်းမျိုးကိုတော့
ကျင့်သုံးပါတယ်
သစ္စာကတိတည်ကြည်မှု
တန်ဖိုးအထားဆုံးပါဘဲ
ကျွန်မဘ၀မှာ အရေးပါဆုံးပါ
ပတ်ဝန်းကျင် နဲ့ကိုယ်တိုင်အတွက်လုံးဝတန်ဖိုးထားကျင့်သုံးပါတယ်
ကျွန်မက သစ္စာစူးယင်သေတတ်တယ် ဆိုတာကို ယုံသူလေ
ထက်မြက်တက်ကြွမှု
အလိုအပ်ဆုံးပါဘဲ
ဘ၀ကိုအရှုံးမပေးလိုက်ဖို့က
လုံးဝတက်ကြွတဲ့အနေအထားနဲ့ စိတ်ကူးတွေကို
ကိုယ့်ရဲ့ထက်မြက်တဲ့ဥာဏ်စဉ်နဲ့တောက်ပလာအောင်
ပုံဖေါ်ကြရမယ်လေ
ဟုတ်တယ်ဟုတ်
ပေါက်ကွဲကာဖြေဖျောက်နိုင်မှု
မကျေနပ်စရာတွေ တင်းကြပ်မှုတွေကို
ဘ၀လှေကလေးတွေကိုယ်စီမောင်းနှင်နေသူတိုင်းကြုံရစမြဲပါနော်
အဲဒီအခါ ဒီခံစားမှုတွေကလွတ်မြောက်ဖို့ ပေါက်ကွဲလိုက်တာအကောင်းဆုံးပါ
ပေါက်ကွဲနည်းမျိုးစုံထဲက လွတ်လပ်တိတ်ဆိတ်စွာစိတ်အစဉ်ရဲ့ဦးတည်ရာကို
အချိန်ပေးပြီး ထိုင်ကြည့်လိုက်တဲ့ ၊ ရင်ဖွင့်ဖေါ်ကိုရှာပြီးရင်ဖွင့်လိုက်တဲ့နည်း နဲ့
ဖြေရှင်းပါတယ်
မြတ်စွာဘုရားရဲ့တရားကျင့်စဉ်ထဲကသိသလောက်လေးနဲ့လည်း
ဖြေရှင်းပါတယ်
အိုကေသွားပြီဆိုယင်
Forget it ပေါ့
.
Friday, February 22, 2008
My Wish
ပေါက်ကွဲချင်တဲ့အခါကျွန်မရဲ့ဘလော့ကကျွန်မကိုကူညီပါတယ်
တစုံတခုကိုမရရှိတဲ့အခါ အားလုံးအပေါ်မကျေနပ်တဲ့အခါ
အရူးတစ်ယောက်အဖြစ်အသိအမှတ်ပြုတာကိုခံရတာထက်
နားလည်စွာစာနာခံစားပေးတတ်မှသာ
မိတ်ဆွေကောင်းလို့ယူဆပါတယ်
Interior dreams!
I have many ideas and dreams for my life and my surrounds.
I take and try to improve my ideas.
I making and thinking for my life style.
I love PEACE but I cannot try to make peaceful in the world.
This blog is my territory of my dreams and all of my feels.
I want to share my feelings and I want to get the sharing of your feelings.
We can discuss,give advice to each other, and enjoy with me.
Good Luck for All!
I love Arts and Musics.
A part of my life is My Mom and My Beloved Maung.
Tanks for viewing my blogs.


