Tuesday, January 20, 2009

သင့်တော့်တဲ့အခါ


ခပ်စိမ်းစိမ်းလေးပါပဲ

မသိကြတဲ့နှစ်ဦးသားရင်ကို

ဆက်သွယ်ပေးတာ

Available ပါတဲ့...............။

ဖိတ်ခေါ်မယ်ကြည်ဖြူစွာနဲ့

အမှတ်တရမြောက်မြားစွားကို

ထာဝရချည်နှောင်ပေးတာ

Yes ပါတဲ့...............။

ပုံမှန်လေးပဲ

တသိမ့်သိမ့်ဒီရင်အစုံကို

နာကြားမယ်ဇော်ဂျီနဲ့

Answer နှိပ်ကာတဲ့............။

မကြင်နာရှောင်ခွာချင်တော့

လွှဲရှောင်မယ်ပတ္တမြားရောင်နဲ့

မချိတင်ကဲခွင့်ပြုမိန့်မရတာ

Busy ပုံပါတဲ့...............။

ဆွေးနွေးခွင့်မရှိတော့ရင်တော့

ပုန်းကွယ်မယ်တိတ်တိတ်လေးပေါ့

ကျန်သူရင်မနစ်နာစေဖို့

Invisible လေးနဲ့တဲ့.............။

မမြင်နိုင်ကိုယ်မပိုင်ချင်တော့ရင်

မပူပင်ခပ်အေးအေးလေးပေါ့

လွန်ကဲစွာပူဆွေးနေသူကို

ပေးလိုက်မယ်ရက်စက်စွာလေ

Block လိုက်ပြီတဲ့............။

အကြင်နာလွှတ်ကာပေးတော့

မညိုငြင်ဆက်ကာကမ်းမယ်

ပေဖူးလွှာ mailing စနစ်နဲ့

ထပ်ပြီးသာလျှောက်လှဲချင်ပေမယ့်

သူမုန်းကာစိမ်းခါးနေတော့

ပေဖူးလွှာsetting change တယ်

Delete Forever နဲ့......................။





3 comments:

အောင်မြေ said...

ကဗျာနှစ်သက်သူမို့
ကဗျာလေးတွေ ဖတ်သွားတယ်
အားပေးနေပါတယ်

Welcome said...

သယ်ချင်း
ကဗျားလေးမိုက်တယ်။
စိတ်ကူးကောင်းကောင်းနဲ့ ရေးထားတာပဲ။
မိုင်စုဘူးကလည်း သယ်ချင်းရေးထားတာပဲလား။
ဂုဏ်ယူကြောင်းပါ။

Co2zeиith said...

ကဗျာတွေကို သိပ်နားမလည် မခံစား တတ်တဲ့ ကျွန်တော်တောင် ဒီကဗျာလေး ကို တော့ တော်တော်လေး ကိုသဘောကျမိတယ်ဗျာ။
Reason Why...
ကျွန်တော့ Gtalk Contact List ထဲက အမြဲလိုလို နဲ့ ထူးထူးဆန်းဆန်း Custom Msg လေးတွေ ရေးထားတတ်တဲ့ မီးနီလေး က ခဲရောင်လေး ပြောင်းနေတဲ့ ရက်တွေမှာ ကျွန်တော် ဒီကဗျာလေးကို ဖတ်လိုက်ရတော့ အရမ်း သဘောကျမိတာ့ သယ်ရင်း အတွက် သိပ်တော့ မထူးဆန်းလောက်ပါဘူးနော့။
ဒါပေမဲ့ ခံစားချက်တွေ မျှဝေကြရအောင်လေ ဆိုတော့
သယ်ရင်း လောက် ရင်ထဲက ခံစားချက်တွေကို စကားလုံး လှလှတွေနဲ့  ရေးမပြတတ်တဲ့ ကျွန်တော် အတွက် တူညီနေတဲ့ ခံစားချက်တွေနဲ့ သိပ်လှတဲ့ ဒီကဗျာလေးကိုတော့ ကူးယူသွားပါရစေလို့ သယ်ရင်း ကို ကျွန်တော် ခွင့်တောင်းတယ် နော်...
လာလည်သွားတဲ့ ဧည့်သည်သစ် ကို သတင်းကောင်းလေးတွေ စကားလုံးမိုက်မိုက် ဓါတ်ပုံ လှလှလေး တွေနဲ့ ဧည့်မခံနိုင်လိုက်တာ ကိုတော့ လုံးဝကို စိတ်မကောင်းပါဘူး။
မသေခင် လွတ်လပ် ရေးကြီး ရခဲ့ရင်တော့ ဒီလိုထပ် မဖြစ်စေရပါဘူးဗျာ။
ရေးချင်တာ အဲ့ဒီလို စာတွေမှ မဟုတ်တာ၊
တွေ့ ချင်တာ အဲ့ဒီလို ဓါတ်ပုံတွေ လည်းမဟုတ် ဘူးလေ။