Tuesday, April 29, 2008

အမြဲတမ်းရင်မှာ

အမြဲတမ်းရင်မှာ မခွဲတမ်းကြင်နာ
စွဲလန်းအစဉ်သာ တမ်းတချင်တာ
မျှော်မှန်းသမျှသင်သာ ဖြစ်တတ်စေတာ
ယုံတမ်းစကားတွေဟာ ပျောက်ပျက်နေမှာ...

Friday, April 25, 2008

အပျိုကြီးဖြစ်တဲ့အခါ

ကမ္ဘာမှာအပျိုစင်စစ်စစ်အပျိုကြီးများစုဝေးရာဒေသကဒီမှာပါ
လူ့လောကထဲခြေချခွင့်ရကြတဲ့နောက် မိဘရဲ့အုပ်ထိန်းမှု ဆွေတော်များရဲ့အုပ်ထိန်းမှု မွေးချင်လွန်းသူတွေရဲ့အုပ်ထိန်းမှု စသည့်
အုပ်ထိန်းမှုပေါင်းစုံမှအစပြုခဲ့ကြသော မိန်းမလေးအများစုသည် အထူးသဖြင့် ထက်မြက်မှု၊ ငွေရှာချင်မှုတွေ ထက် ဆင်မြန်း
ပေးထားသော လက်ဝတ်လက်စားများအပေါ်၊ ဆင်ယင်ပေးထားသောဖက်ရှင်ဆန်းများအပေါ်တွင်သာ တွယ်တာမှုများဖြင့်မိရိုးဖလာ ဘာသာတရားကိုင်းရှိုင်းမှုများနဲ့သာ ပျော်မွေ့ခဲ့ကြသူများပါ၏။ နောက်ကြီးပြင်းအရွယ်ရောက်တော့ ပေးစားသူနဲ့
ထိမ်းမြားသို့တည်းမဟုတ် လောကအလယ်တင့်တယ်စွာဖြင့် အုပ်ထိန်းသူများရဲ့ဝန်တိုစေးနှဲကန့်သတ်မှုအပေါ်မုဒိတာပွားလေးစား
သောအားဖြင့် အပျိုကြီးမမဟူသောဂုဏ်ဒြပ်ကိုလက်ဝယ်ပိုင်ပိုင်ခံယူကာ တင့်တယ်နေသူများရှိရာထိုဒေသတွင် ရင်တွင်းဖြစ်စိတ်ခံစားမှုများစွာရဲ့ စေစားရာအောက်ပြားဝပ်ငြိမ်သက်လက်ခံနေကြပါသည်။တွေးမိတိုင်းလွမ်းမိသော
ဟိုအတိတ်ရယ်ကရင်ခုန်သံတွေအပေါ်ခံစားရတိုင်း တရားထိုင်၊ဘုရားရှိခိုး၊ တချို့ရဲ့အဖြစ်ကအဲလို။ အိပ်မက်တွေ
ရှင်သန်ဆဲ အလွမ်းဆိုတာ ဘာမှန်းမသိသူများ ကလည်းတွေ့တိုင်းခံစားမျှော်လင့်ရင်းတွေး၊လေယူရာတိမ်းယိမ်း၊ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက် ဒါနဲ့ပဲ မျက်ရည်များစွာ၊ အပြုံးများစွာနဲ့ရှင်သန်နေကြတာ လည်းရှိပါရဲ့။စိတ်ကူးယဉ်စရာများရှာကြံ၊တွေ့ရှိမှုအပေါ်ကြုံသလိုခံစား နောက်ဖန်တရာတေ မေ့ပျောက်ရခြင်းများဖြင့်ပြန်လည်နိုးကြားငါ့ဘ၀ငါဖြတ်သန်းခွင့်ရှိသည်ဟု လက်ကိုင်တရားရင်ဝယ်ထား ဘယ်သူ့မှဂရုမစိုက် လုပ်ချင်ရာဇောက်ချလုပ်တတ်ပါသောအကျင့်စရိုက်ဖြင့် ပတ်ဝန်းကျင်ကို
အတ္တအမြင်ဖြင့် တဖက်သတ် ပျော်ဝင်နေသူများကလည်း သဟဇာတဖြစ်သော ၄င်းတို့ရဲ့ စိတ်သယံဇာတများစွာနဲ့အိမ်တွေဆောက် နေကြတာလည်းဒုနဲ့ဒေးပါ။ ဘာသာတရားကိုအကာအကွယ်အသုံးချခံအဖြစ်ကြည်ညိုမှုအတ္တများစွာဖြင့်ကုသိုလ်ရေး လက်မနှေး သူများကလည်းလောက အလယ်ထင်ထင်ပေါ်ပေါ်ဖြတ်သန်းနေတာလည်း များပြားစွာပင်။ လွတ်လပ်သောဝန်းကျင် ခွင့်လွှတ်တတ်သောမေတ္တာများဖြင့် အုပ်ထိန်းခံခဲ့ရသော အချို့သူများကတော့ လောကထဲလမ်းစလျှောက်ခါစလို
အမှားမှားအယွင်းယွင်းနဲ့ ဝေဖန်မှု ဂရုစိုက်မှု မနာလိုမှု အထင်မြင်လွဲမှု ခြေထိုးနှိပ်ကွပ်မှုများစွာ နဲ့ရင်ဆိုင် ရင်ခုန်သံကို
ကဗျာဆန်ဆန်ခံစား များစွာသောသစ်လွင်မှုများရဲ့ကမ်းလင့်မှုကို ပြုံးပြုံးလေးတုံ့ပြန် ထပ်တူကျမလားစူးစမ်း
စိတ်ကူးသက်သက် ဘ၀င်တက်မှုများဖြင့် ပျော်နေဆဲ မျှော်နေဆဲ တစ်ယောက်မကသော ချစ်သောသူများအပေါ်
ပျော်ရွှင်စွာခံစား တက်ကြွသောအသွင်ဖြင့် လောကကိုရင်ဆိုင်သူတွေကလည်း တပုံတပင်။ ပိုင်ဆိုင်ခဲ့သမျှအပေါ် သံသယဖြစ်လောက်အောင် လွဲချော်တာတွေ၊ လက်ကိုင်တရားတွေပြောင်းပြန်ဖြစ်သွားအောင်ကြမ်းလှသောခံစားမှုများနဲ့
ရင်ဆိုင်ရ သူများကလည်းဘ၀ရဲ့အစိတ်အပိုင်းတွေအဖြစ်ပိုင်းခြားသတ်မှတ်၊ထင်မြင်သေးမှုနဲ့သံသယတွေကို
အမြစ်တွယ်အောင်ရေလောင်း အရာတိုင်းကိုသက`်ာမကင်းတဲ့အကြည့်နဲ့ကြည့်ယင်းမျောလွင့်နေသူများလည်းရှိပါရဲ့။
သနားစရာများရယ်လို့ပြောသူများကို ကိုယ့်ကိုယ်ကိုပြန်သနားကြပါလို့ တောင်းဆိုချင်ပါရဲ့လေ။

Tuesday, April 22, 2008

Some day, one way

Some day,
somebody can try to meet with you.
One way,
anybody can avoid to escape from something.
One day,
everybody can need to go to the same way.
Some way,
anybody can try to escape from this day.
Everyday,
anybody can hope their dreams.
One way,
everyone can get some goals.
By the way,
everyone cannot try to ignore their trap of the dream that is not overcome anyway.
So hot and too short for trying to get unlimited dreams of goal.

Burma New Year Present For All Ladies

In the world,
Men can not avoid the Loves of Ladies' because they have to share their feelings in everybody.
Not all men, the men who the Ladies can see their third eyes.
So when we fall in love with one man,we must try to give our pure mind upon him.
When he get to feel our mind,he can still long and lasting in our living.
Comeon!!!
Let's try.
OK?

Later the new year time

Many people cannot find their goals.
The highest temperature attacks here.
Evaporation point is reach now.
No Padauk.
No Nguwah.
On the other hand,I cannot get happiness.
Trying to control our situations.
No one can get enough their aims.

Monday, April 21, 2008

Happy new year for all!

Hello my guys!
Happy new year.
During this period,I get the knowledge of Buddha's Theory.
The truly freedom can get by applying and studying the Buddha's Theory.
Now I get a chance for freedom.
During Thinggyan Festival,I sit meditation.
I wish all my lovely surrounds can get peace.
That is all.
So I trust that we can get freedom in this new year.

Wednesday, April 09, 2008

ကာရံညှိမယ့်ကြိုး

သူ
တစ်ပါးသောအာရုံခံစားမှုရဲ့လွှမ်းမိုးစေစားရာအောက်မှာ
အလူးအလဲနလန်မထူနိုင်တော့ဘူးလေ
သူ
ဒီအချိန်မှာအမှတ်ရနေမိတာကအခါတစ်ပါးက
မျှော်လင့်ချက်များစွာနဲ့ငတ်မွတ်တမ်းတနေတဲ့မျက်ဝန်းတစ်စုံ
သူ
အဲဒီမျက်ဝန်းရဲ့ခက်ဆစ်တွေကိုအဘိဓါန်မလှန်ဖြစ်ခဲ့ယင်
သိပ်ကောင်းမှာဘဲလို့လည်းနောင်တမရမိတာကိုကပြုံးမိလျက်သားပါ
သူ
ဒေါသတကြီးတုံ့ပြန်မှုတွေကိုနားမလည်နိုင်စွာလက်ခံရရှိခဲ့ပြီးတဲ့နောက်
မျက်ဝန်းတစ်စုံရဲ့ဝိသေသတွေကိုအငမ်းမရလှန်လှောချင်စိတ်ပေါက်သွားမိတာ။
သူ
ဆင်ခြင်တုံတရားရဲ့အကူအညီနဲ့ခံစားချက်များစွာကိုတနင့်တပိုးပိုင်ဆိုင်နေရတဲ့
အချိန်မှာမျက်ဝန်းတစ်စုံဟာလည်းရောင်နီပျို့မယ်အရုဏ်ဦးကိုငံ့လင့်နေဆဲပါတဲ့။
သူ
လောကကြီးကိုဥပေက္ခာပြုတတ်အောင်ကျင့်ကြံမိလျက်သားဖြစ်သွားတာက
ငါးသိုင်းများဟင်းဟုံဆိုသလိုထပ်တူကျသွားတာပါလေ။
သူ
ရှိစေတော့ရယ်လို့စိတ်လျော့လိုက်ဖို့ကလည်းသူဗီဇကခွင့်မပြုပြန်ဘူး။
သူ
မျက်ဝန်းတစ်စုံရဲ့ခက်ဆစ်တွေကိုအထာကျကျကျက်မိတဲ့အချိန်မှာသည်းခံခြင်း
များစွာဟာခိုင်မြဲနေတာကိုစိတ်ချမ်းမြေ့ဖွယ်တွေ့ထိမိပြန်တော့။
သူ
ကာရံတွေကိုလှပအောင်ညှိယူဖို့မျက်ဝန်းတစ်စုံကကြိုးစားနေတာကိုသိနားလည်တဲ့
အချိန်မှာအလိုလားဆုံးဆန္ဒကကာရံညှိတဲ့ကြိုးအဖြစ်ရပ်တည်ချင်တာပါတဲ့။
သူ
ရင်တွင်းဆန္ဒကိုမျက်ဝန်းတစ်စုံသိခွင့်ရအောင်ကြိုးစားမိပေမယ့်လောကရဲ့နိယာမက
မျက်နှာသာမပေးခဲ့ပြန်တာကိုတော့အလိုမကျမှုများစွာနဲ့လက်ခံရပြန်ပါတ.ယ်။
သူ
လျှင်လွန်းတဲ့စိတ်ခံစားမှုရဲ့ဖြစ်တည်ရာနှလုံးသားဆိုတဲ့အရာကိုပိုင်ဆိုင်ခွင့်မရှိတော့တဲ့
အခါမျက်ဝန်းတစ်စုံဟာကာရံညှိတဲ့ကြိုးကိုဆော့ကစားခွင့်ရသွားပြီဆိုတာဝမ်းပန်းတသာ
လက်ခံလိမ့်မယ်လို့မျှော်လင့်နေမိတယ်။
သူ
မျက်ဝန်းတစ်စုံကိုခံစားခွင့်ရခဲ့တာကိုကဘ၀ရဲ့အရသာကိုနက်နဲသိမ်မွေ့စွာ
ကျော်လွှားခံစားစေသလို....
ယုံကြည်မျှော်လင့်ခြင်းဆိုတာထက်ပိုင်ဆိုင်ပျော်ရွှင်ခြင်းတွေကိုပဲခံစားခွင့်ပေးပါလို့
ငံ့လင့်နေမိတယ်လေ။
ကာရံကိုလှပအောင်ညှိဖို့ကြိုးတစ်ချောင်းသာလိုတဲ့ဒီဖြစ်ရပ်မှာလှပတဲ့ကာရံကို
ဖန်တီးမယ့်သူကမျက်ဝန်းတစ်စုံပိုင်ရှင်ပါ။
သူ
စောင့်နေတယ်
သူ
အားသစ်များတိုးပွားလာအောင်ယုံကြည်မှုဆိုတဲ့anti software
ကိုနှလုံးသားထဲမှာ install လုပ်ထားရတယ်။
သူ
မျှော်လင့်ရမှုများနဲ့အတူ ယုံကြည်မှုဆိုတဲ့အားတည်မြဲနေအောင် ဝင်ရောက်
ဖျက်ဆီးနေကြတဲ့ အတ္တ၊သံသယစတဲ့ ဗိုင်းရပ်စ်တွေကို နေ့စဉ်အောင်မြင်စွာ
ရှင်းပစ်နိုင်ဖို့ anti software ကို မျက်ဝန်းတစ်စုံရဲ့ရင်တွင်းဖြစ်ကာရံများစွာနဲ့
update လုပ်နေရတာလည်း မမောနိုင်မပန်းနိုင်ပါဘဲ။
သူ
သိပ်ကိုပျော်ဝင်သွားခဲ့ပါပြီ။
သူ
သိပ်ကိုတည်ငြိမ်သွားခဲ့ပါပြီ။
သူ
ကာရံလေးသာလှပစွာပေါ်ထွက်လာဖို့တမ်းတတတ်နေပါပြီ။
အတ္တမပါဘူးလို့မဆိုလိုပါဘူး။
အတ္တကသည်းခံလိုက်လျောခြင်းတွေလေ။

ကမ္ဘာ့စံတော်ချိန်တွေ

Monday, April 07, 2008

သင်္ကြန်အတွက်နှုတ်ခွန်းဆက်


ရောင်းရင်းများ
ကျွန်မကတော့နှစ်သစ်မှာကောင်းမှုတွေနဲ့ရှင်သန်နေချင်တဲ့အတွက်ဒီသင်္ကြန်
ရုံးပိတ်ရက်ရှည်မှာတရားစခန်းဝင်ပါမယ်
နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့အတွေးသစ်အမြင်သစ်တွေကိုကံကောင်းခြင်း
လက်ဆောင်အဖြစ်ရရှိစေကြောင်းကျွန်မရဲ့စိတ်အစဉ်
သစ်လွင်နေစေဖို့ဗုဒ္ဓဘုရားရှင်ရဲ့နည်းနာနိဿယတွေကိုရိုကျိုးကျင့်ကြံ
လိုက်ပါအုံးမယ်။
စိတ်တွေကအမြဲလွင့်နေရတာသူခေါ်ရာနောက်လိုက်နေရတာတစ်နှစ်ဟောင်း
လို့နှစ်သစ်တစ်ခုပြောင်းတော့မယ်လေ
ကိုယ့်စိတ်ကိုယ့်အတွေးတွေဟာဘာတွေလဲ။ဘယ်လိုလဲဆိုတာတစ်မိနစ်လေးပဲ
သိလိုက်ရပါစေသိချင်ပါတယ်။
ကြိုးစားခွင့်လေးလည်းပေးတုန်းအခွင့်အခါလည်းသင့်တုန်းကျွန်မစိတ်ကိုစစ်ချင်
တယ်လေ။
ရောင်းရင်းများအတွက်လည်းကျွန်မကုသိုလ်ပြုပြီးတိုင်းလှိုက်လဲစွာဆုမွန်ကောင်း
တွေတောင်းပေးမှာပါနော်။
မြန်မာ့နှစ်သစ်မှာငြိမ်းချမ်းရေးရေစင်သွန်းဖြန်းနိုင်ပြီးတစ်ကမ္ဘာလုံးကပ်သုံးပါးမှ
ထာဝရကျွတ်လွတ်ပါစေကြောင်း
အထူးဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ထာဝရအမှန်တရားကိုအထွဋ်အထိပ်ရောက်အောင်ရှာထားပေးရစ်ခဲ့တဲ့
သုံးလူ့ထွတ်ထားမြတ်စွာဘုရား၏တရားအဆုံးအမကိုလည်းနားလည်ခံစား
သိမြင်နိုင်ကြပါစေလို့။
သုဘာသိတာ ဆိုတဲ့စကားအရာကျင့်သုံးရာကိုသိမြင်ကျင့်သုံးနိုင်ကြပါစေ။
အိုကေနော်။
အားလုံးနှစ်သစ်အခါသမယမှာစိတ်အစဉ်ကိုတတ်နိုင်သလောက်သန့်စင်နိုင်
ပါစေလို့ ရင်ထဲကလှိုက်လှိုက်လှဲလှဲဆုတောင်းလိုက်ပါတယ်။
အားလုံးရဲ့ရင်ထဲကဆန္ဒတွေပြည့်ဝအောင်မြင်ကြပါစေ......
.

Thursday, April 03, 2008