Saturday, March 16, 2013

အချစ် ညီမျှခြင်း အချစ် (၃)

မင်းကို ကိုယ်ချစ်တယ်လို့ တခါမှမပြောခဲ့ဘူးနော်... လို့ မောင်က ကျွန်မကို ဘယ်တုန်းကမှ မပြောခဲ့ဖူးသလို .... ကျွန်မ မောင့်ကို ချစ်တယ်လို့ တခါမှမပြောခဲ့ဘူး ... လို့လည်း ကျွန်မက တခါမျှမပြောခဲ့ဖူးဘူး။ ဒီလိုပဲ မင်းကို ကိုယ်လိုအပ်ခဲ့တာမဟုတ်ဘူး မင်းလိုအပ်နေမှန်းသိလို့ ကိုယ်က အလိုက်တသိလိုက်လျောပေးခဲ့တာလို့ မောင်က ကျွန်မကို စသလိုနောက်သလိုတောင် မပြောခဲ့ဘူးသလို.... ကျွန်မက မောင်အရမ်းချစ်မှန်းသိနေလို့ သနားလို့ပြန်ချစ်ခဲ့တာ ဆိုပြီးလည်း မပြောခဲ့ဖူးဘူး.... သေချာတယ် .... အဲဒီလိုစကားမျိုးတွေ တယောက်ယောက်ဆီက ထွက်ကျလာတဲ့အခါ ... ကျန်တယောက်က လွမ်းကျန်ရစ်ခဲ့မှာမဟုတ်သလို ကျောခိုင်းသွားတဲ့တယောက်ရဲ့ကျောကို အငမ်းမရ လှမ်းဆွဲနေမှာလည်းမဟုတ်ဘူး.... ဘာကြောင့်လဲဆိုတော့ ညီမျှခြင်းရဲ့တဖက်တချက်မှာ ညီမျှမှုတွေပဲရှိနေလို့ပါ....

No comments: