Wednesday, March 05, 2014
ရွှေ့ပြောင်းကျောင်း ပညာရေး နဲ့ သုံးနာမညီ တြိဂံ အရွေ့
Monday, December 24, 2012
?
သူငယ်ချင်းလေးပါပဲ.... သူငယ်ချင်းလေးပဲတဲ့ကွယ်.... အဲဒီစကားနဲ့ ပြောင်းပြန်အချိုးကျသွားတဲ့တစ်နေ့မှာ.... ချစ်သူ သို့မဟုတ် သူစိမ်းတွေ ဖြစ်သွားတတ်သလား..... :P
Sunday, October 14, 2012
Monday, September 24, 2012
ပိတောက်တစ္ဆေ

နေပူရှိန်က တဖြည်းဖြည်း ပြင်းလာတာ တံလျပ်တွေ ခင်းတဲ့ ပြဒါးရောင် လမ်းပူပူထဲ လျှောက်နေရပြန်ပြီ………။ ရုံးအပြန် လမ်းတလျောက် ဖယ်ရီကားပေါ်ကနေ ငေးရင်း မြင်ရသမျှကို ပူပူလောင်လောင် ချွေးသံရွှဲရွှဲထဲ မိန်းမောလာမိလေရဲ့။ မနီးမဝေးက ကမူပေါ်မှာ ပိတောက်ပင်လေး…..။ အရွက်လေးက စိမ်းစိုစိုရယ်။ ပိတောက်ဖူးလေးတွေနဲ့။ ခုနောက်ပိုင်း ပိတောက်တွေ သင်္ကြန် မတိုင်ခင်ပွင့်တာ တော်တော်လေးကို ရှားသွားပြီ။ ပိတောက်တွေ ပွင့်သင့်နေပြီလို့ စိတ်ထဲ မချိမဆန့် တမ်းတ တွေးနေမိတယ်။သင်္ကြန်မိုးကလဲ ဘယ်နေမှန်း မသိတာ ကြာပေါ့။ ပန်းဆိုတာ ရေဖြန်းမှ လန်းအာနိုင်တာမို့လဲ မိုးမဖြန်းတော့ ဘယ်လန်းနိုင်ပါ့မလဲလို့ တွေးနေမိပြန်တယ်…။
ဒီနယ်မြေမှာ ပိတောက်တွေ ငုတွေ ရှားတယ်။ မရှိသလောက်ပဲ။ ဘာကြောင့်လဲဆို ဒီနယ်က အရင်တုန်းက လူနေထူထပ်တဲ့ နေရာမဟုတ်တဲ့ သစ်တောဟောင်းကြီးရယ်လေ။ ရွာငယ်၊
ဇနပုဒ်တွေပဲ ရှိခဲ့တာကလား။ ပဲခူးရိုးမရဲ့ အလယ်ရိုးမ တကျောမှာရှိတဲ့ ကြိုးဝိုင်းဟောင်းကြီးကို မြို့ပြပုံစံပြုလို့ အဆင့်မီ အဆောက်အအုံကြီးတွေ ဆောက်၊ ကတိုက်ကရိုက် အရွှေ့ပြောင်းတွေကြားမှာ နေသားကမကျတော့ ဂါဝန်တိုတိုကို ပုံမကျ ပန်းမကျ ဝတ်ထားတဲ့ ရွာသူလုံမေကညာရဲ့ ဟန်ပန်လို အချိုးမကျမလှမပပေါ့……..။ ရုံးတွေဘက်ကတော့ သစ်တောပင်တွေသာရှိတယ်၊ သစ်ကြီး ဝါးကြီး တောကောင်ကြီးတွေ မရှိတော့ဘူး။ ခုတ်ရောင်းတာ၊ သတ်ရောင်းတာနဲ့ ပြုန်းကုန်တာ ကြာပေါ့။ ဝါးပင်စုစုလေးတွေ၊ အပင်ပေါက်လေးတွေပဲ ရှိတဲ့ ချုံသာသာတောတွေရယ် လွင်တီးခေါင် နေရာတွေရယ်က ဟိုဟိုဒီဒီငေးတိုင်း တွေ့ရမယ့် ရှုခင်း။ အဲဒီလိုနေရာမျိုးကို ရွှေဥာဏ်တော်စူးရောက်ပြီး ဝန်ထမ်း မြို့တော် တည်လိုက်တာကလား။
တခါတလေ ဖုန်နီနီတွေက လေရှူတိုင်း ထိတွေ့ရတယ်။ ခုလိုနွေမှာ လေပြင်းပူပူတွေက ဟိုနေရာ ဒီနေရာ လေပွေလိုလို လေရူးလိုလိုနဲ့ သိပ်စိတ်ပျက်ဖို့ကောင်းတယ်။ တခါတလေ လေရူးနဲ့အတူ တောမီးတွေကလောင်တတ်သေးတယ် ။ မြို့ပြအရသာကို တစက်ကလေးမှ မခံစားရတဲ့ ရွှေမြို့တော် အမည်တပ်နေရာဆို မှန်တယ်။ပိတောက် မမြင်ရတဲ့ အဝါရောင်တွေမရှိတဲ့ ခံစားချက် အပြင်ဘက်က ဒီနေရာမှာ ဘဝအခြေအနေအရ ရုန်းကန်နေမိတာ ခုဆိုသုံးနှစ်ထဲဝင်နေပြီ။ သွေးသားရင်းခြာတွေနဲ့ အဝေးမှာ အသပြာ ခပ်ချာချာ အလုပ်ကို လက်လှမ်းလို့ မီလာတာနဲ့ ခပ်အေးအေးလေး လုပ်ကိုင်နေမိတယ်။ ဝေးတမြေမှာဆိုလို့ တိုင်းတပါးလို့ မထင်လိုက်ပါနဲ့။ မှားမယ်။ ရွှေမြို့တော်သစ်ဖြစ်တဲ့ ပြည်တွင်း တနေရာကို ရည်ရွယ်ချက်တွေ တပုံတပင်နဲ့ ဘဝကို စတင်ဖို့ ပြင်ဆင်လာခဲ့တာ ခုတော့ ကန္တရအလယ် အိုအေစစ် မတွေ့သူလို ရေရာတဲ့ ကဏ္ဍလဲ မရှိ၊ အဝင်ရှိပြီး အထွက်မရှိတဲ့ တံခါးပေါက်ဘေးမှာ ငုတ်တုတ်ထိုင်နေခဲ့ရတာ တော်တော် တရားကျနေမိတယ်။ ဘဝမှာ ဖြစ်ချင်တာတွေအတွက် အင်အားတွေ ထုတ်ခဲ့ အိပ်မက်တွေ တောက်ပနေတဲ့ အချိန်မှာ ဘဝကို ခါးဆစ် အလည်က ရိုက်ချိုး ခံလိုက်ရသလိုချည့်နဲ့ သွားခဲ့ရတာ ဒီပိတောက် မရှိတဲ့ လမ်းကို စလှမ်း ကတည်းကပါပဲ။ ရေသောက်တိုင်း ပိုငတ်တတ်တဲ့ ဘဝတော့ မဟုတ်ဘူး။ ရေကြည်တပေါက်ကို တမ်းတ ရှာဖွေနေမိတာကိုက မဟာအမှား၊ နေရာမှားပြီး လာရှာနေတာကိုးလို့ အပြစ်တင်ရင်လဲ ကိုယ့်အခြေနေအရ ရေနစ်တုန်း ကောက်ရိုး တစ်မျှင်အနေအထားနဲ့ ဒီနယ်မြေကို ရောက်လာတာ။
တခြား အခွင့်အလမ်း ဖမ်းဆုပ်လို့လဲမရဘူး။ လမ်းတွေ့နေတာက ဒီကန္တာရလမ်းလေးကို စိုပြေလာအောင် စွမ်းဆောင်မယ်ဟဲ့လို့တော့ ကြွေးကြော်ခဲ့တာတွေ၊ တောက်ပမယ့် သစ္စာတရားကို ရိုးသားစွာစောင့်သိမယ်ဟဲ့လို့လဲ ရည်ရွယ်ခဲ့တာတွေ၊ တထောင့်တနေရာကနေ သွေးချင်းတွေအတွက် ပေးဆပ်မယ်ဆိုတာတွေ အားလုံးအားလုံး ပျောက်ချင်းမလှ ပျောက်သွားခဲ့တာ ဒီပိတောက်ရှားတဲ့ရပ်ဝန်းထဲ ခြေချမိတယ်ဆိုရင်ပဲ…………။
ကာရံကော ရစ်သန်ကော ဟန်ချက်ပျက်ပြီး အသုံးမဝင်တဲ့ ကားအိုတစ်စီးလိုလို၊ တောဓလေ့ အသုံးနဲ့ပြောရရင် သားသတ်ရုံပို့ဖို့သာ အသုံးဝင်တော့တဲ့ နွားအိုလိုလို ကိုယ့်ဘဝကို လက်ညှိုးထိုးတတ်တဲ့ အသိုင်းအဝိုင်း၊ အမှန်တရားရဲ့ဆန့်ကျင်ဘက်နောက် ကမောက်ကမမာယာတွေနဲ့ မဆုံးသောလမ်းကို တွဲလျှောက်မလား၊ ရိုကျိုးသေဝပ်စွာ မာနခဝါချ၊ အငှားလူမိုက် လုပ်မလား၊ တဇွတ်ထိုးတယူသန်နဲ့ သေသပ်တဲ့အမိန့်တွေနောက် ကလန်ကဆန်လုပ်မလား ဒါတွေတွေးရင်း ချာချာလည်နေတုန်း ခုတော့တစ်နှစ်ဟောင်းလို့ တန်ခူးကာလ ပိတောက် အတာအခါသမယကို တဖန်ရောက်လာပြန်ပြီဆိုတော့ ပိတ်ရက်ရှည်ထဲ အမေ့အိမ်ကို တခေါက်ပြန်ရတော့မှာပါလားဆိုပြီး လေးတွဲ့တွဲ့ သက်ပြင်းပူကို မှုတ်ထုတ်မိတယ်။
ပြန်မယ်လို့သာတွေးနေရတယ် ပြန်ဖို့အတွက် လုပ်ရကိုင်ရမှာတွေက တသီတတန်းကြီးကို ပြန်စဉ်းစားလိုက်တိုင်း မောတယ် ဒေါသဖြစ်တယ်။ အဖြစ်က ဆိုးပုံပြောပြမယ်။ သင်္ကြန်ပိတ်ရက်ရှည်ထဲပြန်ဖို့က ဒီအရပ်က စိတ်သိပ်ပျက်ဖို့ကောင်းတယ်။ ပြန်မယ့်သူနဲ့ ရထားထွက်တဲ့ အစင်းအရေအတွက် အခေါက်ရေက မလောက်မငှ စတိုင်လ်နဲ့၊ ကားကလဲ ဈေးကြီးပေးဝယ်မယ်ဆိုရင်တောင် သင်္ကြန်ပိတ်ရက်မတိုင်ခင် နှစ်လလောက်ဆိုကုန်ပြီ။ အသိတွေ အဆက်အသွယ်တွေနဲ့ ဝယ်မှ အိုကေတဲ့ပုံနဲ့ ပရမ်းပတာအဖြစ်တွေကို ဂုဏ်တင်ပြောနေကြတာကလဲ နားထဲမဆန့်အောင်ကြားရတတ်တဲ့ အခါကြီးရက်ကြီးအချိန်……..။ ပြည်တွင်းမှာရှိတဲ့ တစ်မြို့နဲ့တစ်မြို့ ဆက်သွယ်ရေး ဆိုးတဲ့အထဲ မြို့တော်သစ်ကြီးဖြစ်တဲ့ ဒီနေရာက အတော်စိတ်ပျက်ဖို့ ကောင်းတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့အတွက် အိမ်ပြန်ဖို့ ပိတ်ရက်ရှည်အတွက် ရထား၊ ကားလက်မှတ်က အတော်လေးခက်တယ်။
“ ဒို့ကတော့ ဟိုမာစတာရဲ့ အကူအညီနဲ့ အိုကေတယ်။ ရှူး တိုးတိုးနော်။ အသိမို့လို့ ဒီလို လက်မှတ်ရအောင် လုပ်ပေးတာ နောက်ဆို ပြန်ဖို့ မလွယ်ဘူး” ဘာညာ ဘာညာပေါ့။ အဲလိုလေး။ အသက်ရှူချောင်ပြီး အိုကေတဲ့ ရထားကတော့ မစဉ်းစားနဲ့ အပ်ပါးဆိုတာဝေး၊ ရိုးရိုးခုံတောင်မရလို့ ခုံမဲ့နဲ့ ခြေကျင် မပြန်ရရုံတမယ် တိုးပိတ် ကြပ်သိပ်နေတာကို အတင်း တိုးဝှေ့စီးပြီး အတင်းအဖျင်းတွေ နားမဆန့်အောင် ကြားရမယ်………. လက်မှတ်က အလုအယက်ကြားထဲ ဝယ်ရတာမို့ ကိုယ်ကျတဲ့ရထားက မိုးမလင်းခင် ထွက်မယ်ဆိုလာထား မနက်လေးနာရီ လောက်ထပြီး နေထိုင်ရာအဆောင်ကနေ ပျဉ်းမနားမြို့ထဲမှာရှိတဲ့ ဘူတာရုံဆီကို သွားဖို့ လုံးပန်းရမယ်……..ရထားလက်မှတ်ခက ၅၀၀ နဲ့ ၁၀၀၀ကျပ် ကြားပဲကျတဲ့ ရထားကို ကိုယ်နေတဲ့ အဆောင်ကနေ တုတ်တုတ် လို့ခေါ်တဲ့ သုံးဘီးဆိုင်ကယ်ကို တစ်ထောင်ပေးစီးမလား၊ ဆိုင်ကယ်တက်စီကိုပဲ သုံးထောင် ပေးစီးမလား ကတိုက်ကရိုက် ပြေးပေတော့ပဲ။ ဒီကြားထဲ
ဘယ်ခရီးသည်တော့ ဆိုင်ကယ်သမားက ရိုက်နှက်လုယက် သွားပြန်ပြီစတဲ့ သတင်းဆိုးတွေကလဲ ကြားနေရပြန်တော့ ကွန်မန်ဒိုလို စိတ်ထားပြီး တက္ကစီသမား နောက်လိုက်ရတဲ့ ဒုက္ခကလည်း မသေး၊ ထမ်းပိုးထက် လက်ခကကြီးတဲ့ အိမ်တော်ပြန်ခရီးကို ရင်လေးစွာ တွေးနေမိတယ်။
အိမ်တော်ကလူတိုင်း ပြန်ချင်ကြပေမယ့် နှစ်ဆန်းတစ်ရက်နေ့မှာ ရုံးအရောက် ပြန်ရမယ့် ဒုက္ခကလည်း အတော်ကြီးသေးတယ်။ ကားလက်မှတ်က ကိုယ့်အရည်အချင်းနဲ့ ဝေလာဝေး။ ရထားလက်မှတ်ကလည်း ရထားရုံးချုပ်မှာ M.O နဲ့တကွ သွားတိုးရဦးမယ့်ဒုက္ခ၊ နောက်ညရထားမရှိပဲ နေ့ထွက်တဲ့ရထားကို မနက်အစောဆုံး ရထားနဲ့ကျလို့ကတော့ ကိုယ်နေတဲ့နေရာနဲ့ ဘူတာရုံက ညအိပ်စောင့်ရမယ့်အဖြစ်။ ရထားခထက် အိမ်ကနေဘူတာရုံကို လာမယ့်ကားခက ပိုမြောက်နေသေးတယ်။ နောက် မိန်းမသားဖြစ်တဲ့ ကျွန်မကို ရန်ကုန်မြို့စွန်မှာရှိတဲ့ အိမ်က ခြောက်ဆယ်ကျော် အဖေက ဘူတာကြီးကို မနက် အစောဆုံးထွက်မယ့် ရထားအမီ လိုက်ပို့ရတယ်လေ။ သူ့ခမျာ အိပ်ရေးပျက်၊ ပင်ပန်းတယ်။ ပြန်တွေးလိုက်တော့ အိမ်ကို မပြန်ဖြစ်တော့ပဲ ကျွန်မနေတဲ့အဆောင်နားက မိုးကုတ် တရားရိပ်သာမှာ ဆယ်ရက်တရားစခန်းဝင်ပြီး တစ်နှစ်လုံးလုပ်ခဲ့တဲ့ အကုသိုလ် အညစ်အကြေးတွေကို မစင်ကြယ်ရင်တောင် ဗုဒ္ဓတရားရိပ် ခိုလှုံခွင့်ရချိန်လေးမှာ ပွားများအားထုတ်မယ်လို့ ရည်သန်ပြီး ယောဂီစာရင်း ပေးလိုက်ပါတော့တယ်။ အိမ်ကလဲ ရုံးပိတ်ရက်ရှည်မှာ မပြန်ပဲ နေပြည်တော်မှာ တရားစခန်းဝင်မယ့်အကြောင်း ပြောတော့ သာဓုသုံးကြိမ်ခေါ်ပြီး ခွင့်ပြုခဲ့တယ်။
ဒီလိုနဲ့ သင်္ကြန်ရက်ရှည်ကြီးဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့တာပေါ့။ ပြန်ဖို့အတွက် ကရိကထတွေများသူနဲ့၊ ဗျာပါဒများသူနဲ့ စည်စည်ညံနေတဲ့အချိန်မှာ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ် တရားရိပ်သာကို အထုပ်လေးဆွဲပြီးဝင်ခဲ့တော့တယ်။ တရားရိပ်သာကို ဝင်တယ်ဆိုရင်ပဲ အေးမြတဲ့အရိပ်အာဝါသကိုခံစားလိုက်ရတယ်။ ဒါပေမယ့် ရိပ်သာထုံးစံအတိုင်း စာရင်းပေးထားသူတွေကို နေရာချတာ အတော်ကြာကြာ စောင့်နေရသေးတယ်။ ဒါပေမယ့် အိမ်ပြန်ဖို့ ရထားစီးရတာနဲ့စာရင် ဒါက မြတ်သေးတယ်လေ။ ခဏလေးကြာတော့ ကိုယ့်အတွက် သတ်မှတ်နေရာကို ရောက်တော့တယ်။ ပျဉ်ထောင်ဇရပ်လေး အပေါ်ထပ်မှာတဲ့။ ကြည့်လိုက်တော့ အမယ်အိုနှစ်ယောက်က ကိုယ့်ဘေးနားမှာ။ သူတို့က ကလေးမလေးဆိုတဲ့အကြည့်နဲ့ တချက်လှမ်းကြည့်ပြီး နှစ်ယောက်သားစကားတွေ ဖောင်ဖွဲ့နေကြတယ်။ စကားပြောနေလိုက်ကြတာ သူတို့ရဲ့သွားလေသူတွေကို တမ်းတမ်းတတနဲ့ နောက်ပြီး သားသမီးတွေအကြောင်း ပြောနေလိုက်ကြ ရယ်လိုက်ကြ တရားစကားလေး စွက်လိုက်ကြနဲ့ ငယ်ပေါင်းတွေဖြစ်ပုံရတယ်လေ။
ကျွန်မကိုတော့ ငဲ့ပြီး အသိအမှတ်ပြုရုံပေါ့။ အမယ်အိုနှစ်ယောက်က ဖွေးဖွေးလှုပ် ဆံနွယ်တွေကြား ဆေးလိပ်ခိုးငွေ့တွေ တလူလူနဲ့ပေါ့။ စကား ပြောပေါက်တွေကလဲ ဒီနယ်သားမှန်း သိသာတယ်။ ခဏနေကြာတော့ သားနှစ်ယောက်ဖြစ်ဟန်တူတဲ့ အမျိုးသားလူရွယ်နှစ်ယောက်ဟာ အမယ်အိုတွေဆီ ရောက်လာပြီး သူတို့ ပါလာတဲ့ စားဖွယ်ရာတွေကို ပေးပြီး ထိုင်ကန်တော့တယ်။ အမယ်အို နှစ်ယောက်ကလဲ ဆုတွေပေးပြီးတော့ပေါ့။ နောက်တော့ သားတစ်ယောက်က “အလုပ် သွားလိုက်အုံးမယ် အမေ”လို့ နှုတ်ဆက်ပြီး ပြန်သွားလေရဲ့။
ဒီလိုနဲ့ပဲ ကျွန်မဘေးနားက အမယ်အိုနှစ်ယောက်ကလဲ သူတို့ရဲ့ရှေ့ဟောင်းနှောင်းဖြစ်တွေ ပြောရင်း၊ ကျွန်မကိုလဲ အလာပသလာပပြောရင်းနဲ့ ခင်မင်ရင်းနှီး လာခဲ့တော့တယ်။ ငယ်ငယ်လေးနဲ့ ခုလိုတရားစခန်းဝင်ဖြစ်တဲ့ ကျွန်မကို သူတို့က အသိအမှတ်ပြုကြတယ်။ ကျွန်မကို ဘယ်ဌာနကလဲ ဘာလုပ်ရတာလဲ စသဖြင့်မေးမြန်းကြသေးတယ်။ “အိမ်မပြန်ပဲ တရားစခန်းဝင်တာ ကုသိုလ်ရတာပေါ့။ ခုလိုလူငယ်တွေ ဘာသာတရား ကိုင်းရှိုင်းတာကိုလဲ ကြည်နူးမိတယ်”ဆိုပြီး ချီးမွမ်းနေကြလေရဲ့။ ဆယ်ရက်စခန်းပွဲ အစနေ့တွေမှာတော့ ဟောတရားနာလိုက် ရှုမှတ်ပွားလိုက်နဲ့ နေသားတကျပါပဲ။ ဝန်ထမ်းအများဆုံးပါတဲ့ ယောဂီတွေကြားမှာ နယ်ခံရွာခံ အမယ်အိုတွေကတော့ အတော်လေး အနေကျုံ့နေရရှာ တာတွေ့ရသေး။ ဆယ်ရက်ပြည့်တဲ့နေ့မှာတော့ ရေစက်ချတရားနာပြီး စခန်းသိမ်းပွဲလုပ်တော့ ကိုယ်တို့အားလုံးလဲ ကိုယ့်နေရာကိုယ်ပြန်ဖို့ လုံးပန်းရတော့တာပေါ့.။ နှစ်ဆန်းတစ်ရက်နေ့ဆိုတော့ နောက်နေ့ ရုံးတက်ရမှာမို့ နေ့လည်ဆွမ်းစားပြီးတဲ့အချိန် ဆရာတော် ဘုရားကို ခွင့်ပန်ကန်တော့ပြီး ပြန်ဖို့လုပ်ရတော့တာပေါ့။
ပစ္စည်းတွေသိမ်းနေရင်း ဘေးနားက အမယ်အိုနှစ်ယောက်က ဆေးပြင်းလိပ်လေး ဖွာရှိုက်ရင်းက “အင်း….ပြန်ကြတော့မှာပေါ့လေ….ဒို့များတော့ အသက်ရှင်သခိုက်လေး အားထုတ်လိုက်အုံးမလို့ နေရစ်ခဲ့မယ်ဟေ့……”လို့ ပြောနေတယ်။ နောက် ကျွန်မကို ကြည့်ရင်း “ကလေးက ဘယ်ရုံးကလဲ” လို့မေးတော့ ကျွန်မက ကိုယ့်ဝန်ကြီးဌာန နာမည်ကို ပြန်ဖြေရတယ်။
နောက်တော့ ခေါင်းတညိတ်ညိတ်နဲ့ “အင်း….ကလေးတို့ရုံးတွေ မဆောက်ခင်၊ မရောက်ခင်တုန်းကတော့ ဒို့များရွာက သိပ်သာယာ သပေါ့၊ ဒို့ဝိုင်းကလဲအကျယ်ကြီး ကိုင်းတွေကလဲများတယ်၊ အိမ်ကအဘိုးကြီးက သူကြီးလေ ဘုရားဒကာကျောင်းဒကာပေါ့၊ အရင်တုန်းက ဒီတောရကျောင်းလေးကို ငါတို့တွေပဲ ပစ္စည်းလေးပါး ထောက်ပံ့ခဲ့ရတာ၊ ကုသိုလ်တွေ မနည်းခဲ့ဘူး၊ ခုတော့ အဲဒီကိုင်းတွေအကုန်လုံး ကလေးတို့နေဖို့ အဆောင်တွေ၊ ရုံးတွေဆောက်ဖို့သိမ်းလိုက်ပြီ၊ ကိုင်းတွေကုန်ပြီ၊ အိမ်ဝိုင်းလဲပေ ၄၀-၆၀ အဝိုင်းတွေချပေးတဲ့ နေရာမှာ အိမ်ဆောက်နေရတယ်၊ ချွေးနဲစာနဲ့ လက်ကျန် အတွင်းပစ္စည်းလေးတွေကို ထုခွဲရောင်းချပြီး ဆောက်ရတာကလား၊ အိမ်က သေးသေးရယ်ပဲ၊ ဘာဆက်လုပ်ရမှန်းလဲမသိပါဘူး…….” ဆိုတော့ ကျွန်မ အတော်ခံစားသွားရတယ်။
မနေနိုင်တဲ့အဆုံး ကျွန်မက “ဒါဆို အဘွားတို့ လျော်ကြေးရမှာပေါ့ ဘယ်လောက်ပေးလဲ” ဆိုတော့ “တစ်ဧက နှစ်သိန်းတဲ့ ၊ ဒို့များမြေကအများကြီးလေ ဆယ်ဧကကျော်တယ်။ နောက်ထပ် သိမ်းတဲ့အထဲမှာပါသွားတာလေ၊ ခုလုပ်နေတဲ့ တည်းခိုရိပ်သာတွေနားကပေါ့၊ လျော်ကြေးကလဲ ပေးမယ်ပေးမယ်နဲ့ ခုထိတော့မရသေးဘူး၊ စိုက်စားဖို့မြေလဲမကျန်တော့ဘူး”လို့ ရီဝေဝေမျက်လုံးတွေနဲ့ ငေးပြောပြောတယ်။
ကျွန်မက “သူများတွေကော လျော်ကြေးအပြည့်ရကြလား၊ အဘွားက ဆိုင်ရာကိုသွားပြောပေါ့၊ တစ်ဧကနှစ်သိန်းက နည်းနည်းလေးရယ်၊ ဒါကိုတောင် ချက်ချင်းမပေးတာ၊ သားသမီးတွေက ခုဘာတွေလုပ်စားကြလဲ”လို့ မေးတော့ အဘွားအိုက “အို ကလေးရယ် အများပဲဟာ ဒို့တဦးတည်း မရတာမှမဟုတ်တာ အားလုံးခံကြရတာပဲ ဝဋ်ကြွေးလို့ပဲ သဘောထားတယ်။ ဘယ်ကိုသွားပြောရမှာလဲကွယ်။ သားသမီးတွေအရင်က ကိုင်းစိုက်ယာစိုက်ပေါ့၊ ခုတော့ သားတွေက “ဘာဆက်လုပ်ရမှန်းလဲ မသိတော့ဘူးအမေရယ် ဈေးပဲရောင်းတတ်တာ”ဆိုပြီး ဟင်းရွက်စိမ်းလေးတွေရောင်းတယ် ပန်းရံတွေလဲလိုက်လုပ်တယ် ခုတော့ဆိုက်တွေ တော်တော် နည်းသွားပြီ လမ်းပြင်တာလောက်ကလဲ လူလိုမှ အလုအယက်လိုက်လုပ်ရတာ။ လူပြည့်ပြီဆို အလုပ်ကမရတော့ဘူး၊ သမီးတွေက ပန်းရံလုပ် ကုန်စိမ်းရောင်း၊ သားတွေက ဆိုင်ကယ်တက်စီဆွဲဖို့လဲ ပိုက်ဆံကမရှိ ဆိုတော့ ကျပန်းတွေလုပ် စည်ပင်သာယာမှာ နေ့စားဆိုလားလုပ်တယ်၊ နေ့စားအလုပ်က တခါတလေမှ လုပ်ရတာ၊ ဒီကြားထဲ ကုန်စိမ်းရောင်းတယ်၊ ဈေးရောင်းတာကလဲ မလွယ်ဘူး၊ ဆိုင်ခန်းမရှိတော့ သတ်မှတ်တဲ့ ဈေးကောက်ပေးမှ ရောင်းရတာ၊ ဈေးကောက်နဲ့ မလွယ်ဘူး။ ဝန်ထမ်းအိမ်ရာတွေထဲလဲ လှည့်ရောင်းတာ မိရင်ဖမ်းတယ်တဲ့။ အိမ်း…. ဒို့လဲ ဘာတွေ လုပ်ကိုင်စားသောက်ပြီး အသက်ဆက်ရအုံးမလဲ မသိဘူးအေ၊ သေခါနီးနေတဲ့ ငါတို့ကအရေးမကြီးပေမယ့် သားသမီးတွေက ခုမှဘဝ စကြတုန်း သူတို့ရှေ့ရေး ရင်လေးတယ်အေ” လို့ပြောလေရဲ့။
စိတ်ကူးတည့်ရာ အသစ်တစ်ခုရဖို့ စတေးပေးရတဲ့သူတွေရဲ့ လည်ချောင်းသွေးတွေကို အာမခံချက် မပေးနိုင်တဲ့ အဖြစ်အတွက် နားရည်ဝနေတဲ့ သံစဉ်ခပ်ပဲ့ပဲ့တစ်ခုကို ပြန်ကြားနေရသလို မချိတင်ကဲ ဖြစ်နေရတယ်။ ကျွန်မလဲစိတ်မကောင်းဘူး၊ အခြေအနေတွေကို နားလည်ပေးထားရတာကိုပေါ့။ အဘွားအိုပြောတဲ့ ဝဋ်ကြွေးနဲ့ ပတ်သက်တာကိုလဲ ဆန်းစစ်နေမိပြန်တယ်။
အတွေးတစ်ခုရတာနဲ့ ကျွန်မက “အဘွားတို့ တခြားရပ်ရွာမှာ အမျိုးဆွေမရှိဘူးလားဟင်” လို့မေးတော့ “ဘယ်……မရှိဘူးအေ့ ကျုပ်တို့က ဒီမှာမွေး ဒီမှာကြီးတရွာလုံးက အမျိုးချည့်နေတာ ခုတော့တမျိုးလုံး ဒုက္ခရောက်တာ ဆိုတော့ ဘယ်သူ့ကယ်ခိုင်းရမလဲ” ဆိုပြီး ငေးရီရီမျက်လုံးတွေက မျက်ရည်လဲ့နေတာကို ကျွန်မတွေ့လိုက်ရတော့ တော်တော် စိတ်ထဲထိခိုက်လာရတယ်။
ဆေးလိပ်ကို တစ်ချက် ဖွာရှိုက်လိုက်ရင်းက အဘွားအိုက “ဒီလိုအချိန်ဆို အရင်တုန်းက တရွာလုံး ရှင်ပြုမင်္ဂလာနဲ့ ခြိမ့်ခြိမ့်သဲပေါ့အေ……ခုတော့ စားဖို့တောင် မနည်း ရှာကြံနေရတာ ဆိုတော့ မလုပ်နိုင်ကြတော့ဘူးလေ ငါတို့လိုလူအိုတွေအတွက် သူတို့တွေ မနည်းရှာဖွေပေးနေရတာ၊ ကလေးတွေက သိတတ်လို့ နောက်မဟုတ်ရင် ခွက်ဆွဲရမယ်……အိမ်း ကလေးတွေလဲ ကျန်းမာချမ်းသာကြပါစေလို့ အမြဲဆုတောင်းပေးနေမိတယ် ခုတရားစခန်းဝင်တော့လဲ ဆရာတော်ဘုရားက ဝန်ထမ်းတွေကို ဦးစားပေးရတော့တာပေါ့။ သူ့ကို ပစ္စည်းလေးပါးလှူတဲ့ ဒကာတွေ ဒကာမတွေကိုတော့ ကျေးဇူးပြုရတော့ ငါတို့မလဲ ဘေးရောက်နေရပြီ ခုလိုအချိန်တရား အားထုတ်စရာက ဒီကျောင်းလေးရှိတာကိုး ငါတို့ကတော့ ကျောတခင်းစာ အတော်ရှာရတာနော့ တရားအားထုတ်ချင်လို့သာ လာခဲ့ရရှာတာ ခုဆိုအိမ်မှာ ငါ့မြစ်ပေါက်စလေးတွေဆို အထိန်းအကွပ်မရှိနဲ့ ကျောင်းလဲ မထားနိုင်ဘူးလေ စားဖို့ကို တစ်အိမ်လုံးထွက်ရှာနေရသကိုး ငါမရှိတော့ အဲမြစ်ကလေးတွေလဲ ထိန်းတဲ့သူ မရှိဖြစ်နေတော့တာ မတတ်နိုင်ဘူးလေ၊ ရသခိုက်လေး ကိုယ့်အတွက် လုပ်ရဦးမှာမို့ မျက်စိမှိတ်လာခဲ့တာ…..” လို့ ဆက်ပြောနေတယ်။
ကျွန်မလဲ အားပေးနှစ်သိမ့်ပေးစရာ စကားစရှာနေမိပေမယ့် လည်ချောင်းတောင် ခြောက်နေတဲ့ အဖြစ်နဲ့မို့ အပြန်ခရီးအတွက် အသက်ကြီးသူတွေအားလုံးကို ဦးချကန်တော့ပြီး ပြန်လာရတော့တယ်။ လမ်းမှာလဲ ပိတောက်ပင်တွေမရှာမိတော့ဘူး။ နေကလဲ ပိုပူပြင်းနေသလိုပဲ..။ လက်ပြကျန်ရစ်ခဲ့တဲ့ အဘွားအိုမျက်နှာကိုပြေးမြင်နေမိတယ်………..။ နေတော်တော် ပူနေတယ်….။
အဆောင်ပြန်ရောက်တော့  ဝမ်းစာအတွက် မြို့မဈေးအပြေးသွားမိတယ်။ ကားပေါ်မှာ အမယ်အိုတစ်ယောက် ခြင်းတောင်းစုတ်လေး တစ်လုံးနဲ့ရယ်။ လက်ထဲမှာ တစ်ထောင်တန်လေး တစ်ရွက်နဲ့။ ဈေးတောင်းလေးအသာချပြီး ကားကြမ်းခင်းမှာထိုင်ပြီးမှိန်းနေတယ်။ ကြည့်ရတာဒီလိုကားတွေနဲ့ ခရီးမသွားဘူးတဲ့ပုံနဲ့  အန်ထားပုံရတယ်။ သူလဲ ဟိုအဘွားအိုတို့လို ဘဝတူတွေလား။ သားသမီးမရှိတော့ ရုန်းကန်နေရပုံရတယ်။
ဈေးရောက်တော့ ဟင်းရွက်သည်က အတော်လေးနည်းနေပြီ။ မိုးချုပ်စပြုနေပြီ။ လမ်းဘေးပလက်ဖောင်းမှာ ဟိုယောင်ဒီယောင်လုပ်နေတဲ့ ခပ်ငယ်ငယ်မိန်းကလေးသုံးယောက်လောက်က ကျင့်သားမရသေးတဲ့ ဟန်ပန် တစ်ခုကို မျက်နှာပြင်မှာ နေရာပေးထားတယ်။ ပါးမှာလဲ တတ်သလောက် မှတ်သလောက် ခြယ်သထားဟန်နဲ့ ဟန်ပန်မကျဖြစ်နေတယ်။ သူမတို့ မျက်ဝန်းတွေက တစုံတရာကို ဝမ်းစာအတွက်ရှာနေဟန်နဲ့ ဘဝတစ်ခုအပေါ် သစ္စာရှိစွာ ရုန်းကန်ဖို့ အသင့်အနေအထားတွေနဲ့။
ဆိုင်ကယ် တက်စီသမားတွေကလဲ မျက်ဝန်းချင်း ဆုံလိုက်တာနဲ့ ဘယ်သွားမလို့လဲဆိုပြီး အလုအယက် ဈေးခေါ်ကြတယ်။ ဝမ်းစာအတွက်ကိုး။ အားလုံးကို ခြုံကြည့်တော့ ကျွန်မ ဒီနယ်မြေမှာ နေထိုင် လုပ်ကိုင်နေရတာကို မသတီဖြစ်လာတယ်။ မျက်ရည်ပေါက်ကြီးငယ် ကျထားတဲ့ နေရာအလုပ်အကိုင် အသိုက်အမြုံတွေ ပျက်စီးပြီးမှ ဖြစ်လာတဲ့ အဆောက်အဦးတွေကို ကြည့်ရင်း ရင်မှာ နာကျင်နေမိတယ်။ သူတို့သဘာဝ သူတို့ အိုးအိမ်လေးတွေ ပျောက်၊ ကံအကြောင်းမလှတဲ့ အခြေအမြစ်မရှိတဲ့ သူတွေအဖြစ် ဘဝပြောင်းပြီး မြို့တော်အင်္ဂါရပ်နဲ့ မညီညွတ်တဲ့ မလိုလားအပ်တဲ့ အာမခံချက်မရှိတဲ့ ဘဝတွေကို မျက်နှာလွှဲခဲပစ် လုပ်ပြီး ကိုယ့်ဝမ်းစာအတွက် ရှာကြံနေကြတဲ့ အသိုင်းအဝိုင်းကိုလဲ တော်တော်လေး စက်ဆုပ်မိနေတယ်။
ပိတောက်တွေလဲ မမြင်တဲ့ ဒီသင်္ကြန်ကတော့ ပြီးသွားခဲ့ပေမယ့် ကျွန်မကတော့ သင်္ကြန်ချိန်ခါရောက်တိုင်း အဲဒီနှစ်တုန်းက တရားစခန်းမှာ ဆုံခဲ့ကြားခဲ့ခံစားခဲ့ရတဲ့ အရာအားလုံးဟာတော့ ရင်ထဲစွဲကျန် နေရစ်တော့တယ်လေ။ သင်္ကြန်နဲ့ ပိတောက် ခွဲမရသလို၊ ပိတောက်မြင်တိုင်း ကျွန်မ ရင်ထဲ နှလုံးသားထဲမှာ ကာရံမလှတဲ့ ဘဝများစွာအတွက် အိပ်မက်ဆိုးလို တစ္ဆေခြောက်ခံနေရတာ ခုချိန်ထိပါပဲ။
ရပ်ဝေးမြေခြားမဟုတ်တဲ့ ကိုယ့်အမိမြေရဲ့ အထင်ကရနေရာ အသစ်တစ်ခုမှာ ဖြစ်ပျက်ကြုံတွေ့ကြရတဲ့ အမှန်တရားတွေဟာ မင်ရည်ဖြူဖြူနဲ့ ရေးထားတဲ့ စက္ကူဖြူစာတမ်း တော့မဟုတ်ဘူး။ ပုံပြင်လို့လဲ ပြောမထွက်ပါဘူးနော်။ စက္ကန့်မလပ်မရိုးနိုင်တဲ့ မျက်ရည်စတွေကို ခြေနဲ့ နင်းကန်လိုက်ပုံတွေကလဲ သိုသိုသိပ်သိပ်ပါပဲ……….။ “အများပဲလေ……။ အများပဲ……။ တစ်ယောက်ထဲ မဟုတ်ဘူးလေ……။ ဝဋ်ပေါ့……” ဆိုတဲ့ အသံက ပဲ့တင်ထပ်နေတယ်။ ဒုက္ခဆိုတာ ပေါ်ပေါ်ထင်ထင် တွေ့ရမှ လူသိတတ်ကြပေမယ့် ဒီလို လူမသိသူမသိတဲ့ ဘဝဆိုးတွေနဲ့ ဒုက္ခသည်တွေကို ဘယ်လို ကိုယ်ချင်းစာစိတ်နဲ့ ကူညီနိုင်ကြမလဲ ဆိုတာ ကျွန်မ ဝေခွဲမရပါဘူး။ အများပဲလေ ဆိုတဲ့ အမယ်အိုရဲ့ စကားကလဲ နားထဲ ပဲ့တင်ထပ်နေဆဲပါ……………။
ငွေအတွက် ဘဝပျက်နေရသူတွေ၊ ဘဝမပျက်သင့်ပဲ ပျက်နေရသူတွေ၊ ပညာတတ်ပေမယ့် အလုပ်လက်မဲ့ ဖြစ်နေရသူတွေ၊ အလုပ်ရှိပေမယ့် စားမလောက်၊ သောက်မလောက်ဘဝနဲ့ အကြွေး ပတ်လည်ဝိုင်းနေသူတွေ၊ ဘဝတွေအတွက် ကိုယ့်ဘဝကို ရောင်းစားခံထားကြရသူတွေ၊ အမြတ်ထုတ်ခံနေရသူတွေ၊ အာမခံချက်မရှိတဲ့ ပြည့်စုံခြင်းတွေကြား လုံးပါးပါးနေကြရသူတွေ… …….။
မျက်ကန်းတစ္ဆေ မကြောက်တော့သလို အဖြစ်ဆိုးကို သဘောတွေ့နေရသူတွေ၊ မချစ်သော်လည်း အောင့်ကာနမ်းနေရသူတွေ၊ နားလှည့်ပါးရိုက် ခံနေရသူတွေ၊ သကာလောင်းထားတဲ့ ပုံရိပ်ယောင်အပေါ် အတ္တတွေနဲ့ ခယနေကြသူတွေ…………သေချာတွေးလိုက်တော့  အားလုံး ဒုက္ခသည်တွေ ပါလားလို့လေ။ ကိုယ့်ကိုကိုယ်ရော မိတ်ဆွေတို့ ဘယ်လို သတ်မှတ်ပါသလဲ…..။ အာမခံချက်ရှိတဲ့ နိုင်ငံသားတွေ အဖြစ်လား။ ဒီလို သင်္ကြန်ခါထဲ ရောက်ပြီဆိုရင်ဖြင့် ၂၀၀၈ခုနှစ် သင်္ကြန်ပိတ်ရက်ရှည်က ကျွန်မ ကြားခဲ့ခံစားခဲ့ရတာတွေကို တစ္ဆေခြောက်သလို ပြန်ပြောင်းခံစားနေရပါပြီ……..။ မိတ်ဆွေတို့အားလုံးလဲ ဒီလို ဒုက္ခသည်တွေအတွက် နည်းလမ်းလေးများရှိရင် ဝေမျှပေးကြပါလို့………။
(မှတ်ချက်။ ၂၀၀၈ခုနှစ် သင်္ကြန်တွင်း နေပြည်တော်တွင် ကြုံတွေ့ခဲ့ရသော ကိုယ်တွေ့ခံစားချက် တစ်ခုအား မျှဝေခြင်းဖြစ်ပါသည်။)
ညနေဥာဏ်
Wednesday, July 18, 2012
Monday, June 18, 2012
Saturday, April 07, 2012
ဧပြီရဲ့ဧဒင်ဥယျာဉ်
အပြုံးချိုချိုတွေနဲ့ဘဝကိုအေးချမ်းအေးဆေးစွာဖြတ်သန်းချင်တဲ့သူအဖြစ်
ကျွန်မသူ့ကိုစတင်သိကျွမ်းခဲ့ရတယ်...
နုငယ်တဲ့အတွေ့အသိတွေနဲ့ဘဝကိုဖြူစင်စွာလျှောက်လှမ်းနေရင်းပျော်ရွှင်
ရမယ့်ဧဒင်ဥယျာဉ်ကိုသူရှာဖွေနေခဲ့တယ်...
အရမ်းသိမ်မွေ့တဲ့ခံစားချက်တွေနဲ့သူကအရာတိုင်းကိုနားလည်ပေးထား
သေးတယ်...
ချစ်စဖွယ်အပြုံးတွေရဲ့နောက်ကွယ်မှာသူ့ဘဝအမောတွေကလဲကဗျာဆန်
ဆန်နဲ့ရသပေါင်းစုံပါဝင်နေပြန်တယ်...
အရိုးသားဆုံးရင်ခုန်သံတွေနဲ့သူဟာအမြဲတမ်းပေါ့ပါးလန်းဆန်းအောင်
ကြိုးစားနေသူအဖြစ်ခံစားမိသေးတယ်။
ပွင့်လင်းတဲ့ရင်ခုန်သံတေးသွားတခုကိုလဲသူဆိုညည်းခွင့်ရမလိုဖြစ်ခဲ့
သေးတယ်။
အဲဒီအချိန်တုန်းကသူဟာရင်နဲ့အမျှချစ်ခြင်းတရားဆိုတဲ့အရာကိုလန်း
ဆန်းစွာလက်ခံခဲ့တယ်...သူပျော်နေခဲ့တယ်ပေါ့....
အပျော်တွေရဲ့ နောက်ပါးမှာ မလွန်ဆန်နိုင်တဲ့ အဆိုးရွားဆုံး အိပ်မက်
တခုကသူ့ကိုအပျော်ကမ္ဘာထဲကဆွဲထုတ်သွားမယ်လို့သူထင်မှတ်ထားပုံ
မရခဲ့ပါဘူး...
ဗြုန်း ဆိုခံစားလိုက်ရတော့လဲ သူ့မှာရင်ဖွင့်ဖော်အဖြစ်အနားကခင်မင်
ရသူတွေကိုမောင်နှမသဖွယ်မျှဝေခံစားစေခဲ့သေးတယ်...
အဲဒီတုန်းကသူ့မျက်ဝန်းမှာအရည်ကြည်တချို့လတ်ဆတ်နေခဲ့တယ်
လေ...
သူပြောသမျှတွေဟာ အရမ်းသိမ်မွေ့စွာခံစားပြီးယုံကြည်ချက်အပြည့်နဲ့
မျှော်လင့်နေတဲ့အိပ်မက်ဖြစ်တဲ့ဧဒင်ဥယျာဉ်ကိုအတူသွားဖို့အဖော်တ
ယောက်အဖြစ်ပိုင်ဆိုင်ခွင့်ရချင်ပုံပါ...
အမှားတွေကိုရုတ်သိမ်းဖို့ခွင့်ပြုတယ်ရင်ခွင်မှာခိုးနားဖို့အလွမ်းအမောနဲ့
အကျည်းတန်တဲ့အိပ်မက်တွေကိုနှစ်သိမ့်ခွင့်လွှတ်တယ်လို့သူပြောခဲ့တယ်...
သူ့ရင်ထဲကအကြင်နာတွေဟာမေတ္တာထုသိပ်သည်းဆကြီးမားကြောင်း
ခံစားမိသေးတယ်....
ဒါပေမယ့် မေ့ပစ်လိုက်တော့ ဆိုတဲ့အားလုံးရဲ့နှစ်သိမ့်မှုအလည်မှာသူမချိ
မဆန့်ခံစားခဲ့ရသေးတယ်...
ဖြူစင်တဲ့စိတ်ထားကတော့သူ့ကိုအိပ်မက်ဆိုးကလွတ်မြောက်အောင်ဖန်တီး
ပေးခဲ့ပြန်တယ်...
အဲဒီအခါသူဟာပျော်ရွှင်တဲ့အပြုံးတွေနဲ့လက်တွဲဖော်ကိုဧဒင်ဥယျာဉ်ထဲ
အရောက်ခေါ်ဖို့ကြိုးစားခဲ့တော့တယ်...
ဘဝဆိုတဲ့နာမဟာသိပ်ခက်ခဲတယ်လို့ယူဆရပေမယ့်ယုံကြည်မှုတွေကို
ရိုးရိုးသားသားပိုင်ဆိုင်ချင်တဲ့အခါမှာတော့အခက်ခဲအားလုံးဟာတချို့တ
လေလောက်သာကာလအကန့်အသတ်တခုလောက်သာလွှမ်းမိုးနေနိုင်
တော့တာကို သူလက်တွေ့ခံစားလိုက်ရတယ်...
သူ့အိပ်မက်တွေအောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့တယ်..
ဧပြီနွေရဲ့နေ့တနေ့မှာပေါ့...
သူဟာသူ့ဘဝလက်တွဲဖော်နဲ့အတူဧဒင်ဥယျာဉ်ကပန်းသီးလေးကို
ချိုမြိန်စွာစားသုံးခွင့်ရနေပြီလေ.......
သူအဲဒီနေ့ကရင်ခုန်နေတယ်...
ဟန်ပန်အမူအရာတွေအားလုံးဟာလဲအောင်မြင်မှုလက်တကမ်းအလို
မှာရောက်နေတဲ့ဟန်နဲ့စိုးရိမ်စိတ်တွေလွှမ်းနေတာကိုလဲခံစားခဲ့ရတယ်...
ဒါပေမယ့်သူအောင်မြင်ခဲ့ပါတယ် ကျန်ရှိတဲ့သူ့ဘဝခရီးမှာလဲအောင်မြင်မှု
တွေရရှိအောင်သူစွမ်းဆောင်နေအုံးမှာပါ....
သူ့စွမ်းဆောင်ချက်တွေအားလုံးမှာတော့ချစ်ခင်ကြင်နာသနားတတ်တဲ့
သိမ်မွေ့တဲ့ဖြူစင်ရိုးသားတဲ့သူ့စိတ်ထားလေးကခေါင်းဆောင်ခြယ်လှယ်
နေအုံးမှာကိုကျွန်မယုံကြည်နေမိပါတယ်.......
(၄ရက်၎လ၂၀၀၉ကကျင်းပခဲ့တဲ့မောင်လေးစောဗညားရဲ့မင်္ဂလာပွဲအမှတ်တရ)
Sunday, June 05, 2011
Friday, April 01, 2011
သင်္ကြန်မိုး
သင်္ကြန်ကာလ အခါသမယ နီးလို့လာပြီမို့ မြန်မာသင်္ကြန်သင်္ကေတတစ်ခုဖြစ်တဲ့ သင်္ကြန်မိုးဇာတ်ကားကို ကျွန်မအပါအဝင် မြန်မာရုပ်ရှင်ပရိသတ်တွေအားလုံး ရှုစားချင်ကြမှာပါနော်...သင်္ကြန်ရဲ့ လှပတဲ့မြန်မာဓလေ့တွေ ထုံမွှန်းနေတဲ့ ဒီဇာတ်ကားဟာ ကမ္ဘာတည်သရွေ့ မြန်မာတွေရဲ့ရင်ထဲသာမက ကမ္ဘာတစ်ဝှမ်းလုံးက မြန်မာသင်္ကြန်ချစ်သူတွေအားလုံးအတွက် စံတစ်ခုအဖြစ် တည်ရှိနေမယ်လို့ ထင်ပါတယ်။
သင်္ကြန်ရနံ့တွေထုံသင်းလာတဲ့ ဒီလို ဧပြီလရောက်တိုင်း ပိတောက်နဲ့အတူ လွမ်းမောမိတာက သင်္ကြန်မိုး ဆိုတဲ့ ဒီဇာတ်ကားလေးပါပဲ။
အချစ် ဒရာမာ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အပြင် မြန်မာ့ဓလေ့ရိုးရာတွေ ထုံမွှန်းထားတဲ့ ဒီဇာတ်ကားကို ရှုစားချင်ကြရင်ဖြင့် ဒီနေရာလေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ကြပါပြီလို့ သတင်းကောင်း ပါးလိုက်ပါရစေ....။
မိတ်ဆွေအားလုံး မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ရက်မြတ်များမှသည် နောင်နှစ်သစ်များစွာတိုင် ကမ္ဘာသူကမ္ဘာသား အားလုံးနဲ့အတူ ထာဝရ ငြိမ်းချမ်းစွာနဲ့ ဘေးဘယာဝေးကွာပြီး လှပတဲ့ ချစ်စရာ အချိန်လေးတွေကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း....
Friday, March 18, 2011
သဘာဝဘေးဆိုးကြီးမှလွတ်မြောက်လာတဲ့ခွေးကလေးများ
တချို့တချို့သော သူတွေကတော့ ဒုက္ခတွေနဲ့ရင်ဆိုင်ရတိုင်း လက်မြှောက်အရှုံးပေးခြင်းနည်းလမ်းကိုသာ ကျင့်သုံးတတ်ကြ တာကို အမြဲလိုလိုတွေ့ကြရပါတယ်။
ကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းနည်းနဲ့ အခက်အခဲတွေရဲ့ ဖိစီးမှုကနေ လွတ်ရာလမ်းကို မြန်းကြတာ နေ့စဉ်နဲ့အမျှတွေ့ရ ကြားရတာ ဝမ်းနည်းဖွယ်ရာပါပဲ။
ထိုအထဲကမှ မလျှော့သောဇွဲ လုံ့လ ဝီရိယတွေနဲ့ ကံကြမ္မာကို ရိုးမယ်ဖွဲ့ပြီး ဒုက္ခနွံအောက် သည်းခံခြင်း နည်းလမ်းကို ကျင့်သုံးကာ အသက်ရှင်နေထိုင်နေသူတွေလည်း ဒုနဲ့ဒေးပါ။
ဒုက္ခတွေ အခက်အခဲတွေကြားမှာ ရှင်သန်နေကြရတဲ့ လူသားတွေထဲက အများစုကတော့ဖြင့် မိမိတို့ခံစားနေရ တဲ့ ဒုက္ခတွေကိုသာ ဖြေရှင်းနိုင်ဖို့ ကြိုးစားနေကြတာမို့ မိမိတို့ပတ်ဝန်းကျင်နဲ့တကွ မိသားစုအတွင်းက သူတွေရဲ့ ခံစားချက်တွေ ဒုက္ခတွေ အခက်အခဲတွေကို လျစ်လျူရှုထားမိသလိုဖြစ်နေကြတာက များပါတယ်။
အခက်အခဲဆိုတာ နိစ္စဓူဝ ခံစားနေရတာတွေက သိပ်မသိသာလှပေမယ့် ကြီးမားတဲ့ဘေးဆိုး ရန်ဆိုး အန္တရာယ်ဆိုးတွေကို အများနဲ့အတူ ရင်ဆိုင် ခံစားကြရတဲ့အခါမျိုးမှာတော့ တဦးချင်းစီရဲ့ အောင်းစိတ်ကလေး များဟာ သိသိသာသာ ပေါ်လွင်လာတတ်ကြပါတယ်။ အချို့သောသူတွေက လက်လှမ်းမီရာ အချင်းချင်း ပရဟိတစိတ်ကလေးနဲ့ ဝိုင်းဝန်းကူညီကြ ဖေးမတတ်ကြပေမယ့် အချို့သော သူတွေမှာတော့ မျက်နှာလွှဲခဲပစ် သဘောမျိုးနဲ့ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုသလို ပရဟိတစိတ်ဓာတ်ကလေးများ မရှိတတ်ကြတာကို လည်း တွေ့တတ်ကြရ ပြန်ပါသေးတယ်။
ဒီလိုအခြေနေတွေထဲကမှ ပြီးခဲ့တဲ့ ၂၀၁၁ မတ်လ ၁၁ရက်နေ့က ဂျပန်နိုင်ငံ အရှေ့ပိုင်းမှာ လှုပ်ခတ်သွားတဲ့ အင်အားပြင်း ငလျင်ရဲ့ နောက်ဆက်တွဲအဖြစ် ဆူနမီ ရေလှိုင်းတွေဒဏ်ကို ဂျပန်က သန်းပေါင်းများစွာသော လူသားများ နဲ့ သတ္တဝါများစွာ ခံစားနေကြရပါတယ်။
ဂျပန်လူမျိုးတွေဟာ အချင်းချင်းကူညီနားလည်စာနာတတ်ကြ စည်းစနစ်တကျနဲ့ ဒုက္ခကို ရင်ဆိုင်ကျော်လွှားကြ နဲ့ သူတို့ရဲ့ ငရဲခန်းကာလတွေကို အခုအချိန်တိုင် ကြံ့ခိုင်တဲ့စိတ်ဓာတ် ပရဟိတစိတ်ဓာတ်တွေနဲ့ လူသားဆန်စွာ အသက်ရှင်ရပ်တည်နေကြ ပါသေးတယ်။
ကမ္ဘာအဝှမ်းက လူသားတိုင်းဟာလည်း ဂျပန်တွေရဲ့ သဘာဝဘေးအန္တရာယ်ရင်ဆိုင်နေရမှုကနေ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ငွေအား လူအား ပစ္စည်းအား တွေသာမက ဆုတောင်းပွဲတွေပြုလုပ် ကြရင်း ကူညီနေကြတာလည်း မြင်တွေ့ကြားသိရတာကိုက ကြည်နူးစရာပါ။
နေ့စဉ် အိပ်ရာကနိုးထလာတိုင်း ဂျပန်ငလျင်ရဲ့ နောက်ဆက်တွဲ သတင်းတွေ စောင့်ကြည့်နေတတ်ကြတဲ့ လူတွေထဲမှာ ကျွန်မလည်း တယောက်အပါအဝင်ပါ။ ဒီနေ့ နံနက်လေးမှာ Facebook ထဲ ကျွန်မဝင်လိုက်တဲ့အခါ သူငယ်ချင်းတယောက် တင်ထားတဲ့ Link လေးတခုကို သွားတွေ့မိပါတယ်။
သူတင်ထားတဲ့ Link လေးက .....
khin kyu aye: really heart pain :(
Dog in Japan watches over ailing friend - Yahoo!
sg.news.yahoo.com
The video is a stark reminder that, as was the case when Hurricane Katrina devastated the Gulf Coast in 2005, there will likely be thousands of pets orphaned or involuntarily abandoned due to the catastrophe in Japan. If you'd like to … Continue reading..... တဲ့။
စိတ်ဝင်တစားဖြစ်သွားမိတဲ့ ကျွန်မ အဲဒီသူငယ်ချင်းပေးထားတဲ့ Link လေးအတိုင်း ဝင်ရောက်မိပါတော့တယ်။
အဲဒီမှာ တွေ့လိုက်ရတဲ့ သဘာဝဒဏ်ကို ခါးစည်းခံစားနေရတဲ့ ခွေးကလေးရဲ့ဓာတ်ပုံကလေး၊ အဲဒီပုံလေးရဲ့ အောက်မှာ YouTube မှာ တင်ထားတဲ့ ခွေးကလေးကို ရှာဖွေတွေ့ရှိပုံ ဗွီဒီယို မှတ်တမ်းတစ်ခု၊ အဲဒီရဲ့အောက်မှာမှ ဗွီဒီယိုထဲက ကယ်ဆယ်ရေးလုပ်သားတွေပြောထားတဲ့ ဂျပန်ဘာသာစကားကို အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုရေးသား ထားချက်လေး။
ကျွန်မ စိတ်ဝင်တစားဖတ်ရှုမိလိုက်တော့ အဲဒီခွေးကလေးကို ကယ်ဆယ်ရေးလုပ်သားတွေက မြင်တွေ့လိုက်ချိန် မှာ ခွေးကလေးက အလွန်တရာကြောက်ရွံ့ထိတ်လန့်နေပုံရတယ်။ နောက်ပြီး ခွေးကလေးက သူနဲ့အတူ အသက်ရှင်ကျန်နေခဲ့တဲ့ အဖော်ခွေးထီးလေး တကောင်ကိုလည်း ကာကွယ်ပေးနေတယ်တဲ့။ အဲဒီခွေးထီး ကလေးက အားပြတ်နေပြီး လဲလျောင်းအိပ်စက်မိန်းမူးနေတယ်။ ခွေးကလေးဟာ ကယ်ဆယ်ရေး လုပ်သားတွေ သူတို့အနားလာမှာကိုလည်း စိုးရွံ့နေပုံရတယ်။ ဒါပေမယ့် ကယ်ဆယ်ရေးလုပ်သားတွေက ဒီခွေးကလေး နှစ်ကောင် အသက်ရှင်နေတာကို အတော်လေးဝမ်းမြောက်မိကြောင်း၊ သူတို့အနေနဲ့ ဒီခွေးကလေးတွေ ကို မကြာခင်မှာ ကယ်ဆယ်နိုင်မှာဖြစ်ကြောင်း ပြောထားတာကို ဖတ်ရှုရပါတယ်။
အခုတော့ အဲဒီခွေးကလေးတွေဟာ ကယ်ဆယ်စောင့်ရှောက်ထားတဲ့စခန်းကို ရောက်ရှိသွားကြပြီဖြစ်ပါတယ်။
ဒီသတင်းလေးကို ဖတ်ပြီးတဲ့အခါ ကျွန်မဟာ ကယ်ဆယ်ရေးလုပ်သားတွေကိုကော ဂျပန်က လူသားတွေကိုပါ ချီးကျူးမိပါတယ်။ သူတို့ဟာ အခုလို အစားအစာ သောက်ရေ ဆေးဝါးတွေ ခက်ခဲနေတဲ့အချိန် နျူကလီးယား ရောင်ခြည်ပျံ့နှံ့မှု အန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ အချိန်မှာတောင် လူသားအချင်းချင်းသာမက ကမ္ဘာပေါ်က သက်ရှိသတ္တဝါတွေအားလုံးထဲအပါအဝင်ဖြစ်တဲ့ ဒီခွေးကလေးတွေလို တိရိစ္ဆာန်လေးတွေကိုတောင် ကြင်နာစွာ ကယ်ဆယ်ခဲ့တာကို လေးစားမိပါတယ်။
ဒီလိုသဘာဝဘေးဆိုးမကျရောက် မခံစားရဘဲ တော်ရုံမီးဘေး လေဘေး ရေဘေးတွေမှာတောင် အိမ်မွေး တိရိစ္ဆာန်တွေသာမက ပတ်ဝန်းကျင်က တမြေတည်းနေ တရေတည်းသောက်သူ အချင်းချင်းကိုတောင် မျက်နှာလွှဲခဲပစ်လုပ်တတ်ကြတဲ့ ဘယ်သူသေသေ ငတေ မာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်နဲ့ အတ္တဟိတကိုသာ ဦးစားပေးအသက်ရှင်နေကြတဲ့ ကမ္ဘာ့လူသားတချို့ကိုလည်း ဒီသတင်းလေးထဲက လူသားတွေလို စိတ်ဓာတ်ကလေးများ ရရှိပိုင်ဆိုင်နိုင်ကြစေဖို့ ကျွန်မဆန္ဒပြုမိပါတယ်။
ဘာပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားတိုင်းဟာ မေတ္တာတရား နဲ့ စာနာထောက်ထား ကြင်နာတရားကို အလေးပေးထားကြတာပါ။ ဒီတော့ အခုလို အန္တရာယ်ဆိုးတွေနဲ့ရင်ဆိုင်နေရပေမယ့် မေတ္တာတရား နဲ့ စာနာထောက်ထားမှုတွေ ဖေးမကူညီတတ်တဲ့ ပရဟိတစိတ်ဓာတ်တွေ ရှင်သန်နေတဲ့ ဂျပန်လူမျိုးတွေ နဲ့ ကမ္ဘာအရပ်ရပ်ကရောက်ရှိနေကြတဲ့ ကယ်ဆယ်ရေးလုပ်သားတွေ အလှူရှင်တွေရဲ့ မေတ္တာတရားခွန်အားတွေက ဒီအန္တရာယ်ဆိုးကြီးကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ကြမယ်လို့ ကျွန်မ ယုံကြည်နေမိပါတယ်။
ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ် အများအကျိုးဆောင် ကိုယ့်အကျိုးအောင် စတဲ့ ဆောင်ပုဒ်တွေ အတိုင်း ဂျပန်ပြည်တွေအနေနဲ့ လက်ရှိခံစားနေရတဲ့ ဘေးဆိုးကြီးကနေ မကြာခင် လွတ်ကင်းပြီး ငြိမ်းချမ်း သာယာတဲ့ ဘဝတွေကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်ကြမှာ မလွဲဧကန်ပါပဲ။
နေ့စဉ်လည်း ကျွန်မအနေနဲ့ ဘုရားရှင်ထံမှာ အခုလိုဘေးဆိုးသင့်လူသားတွေအားလုံး ကျန်းမာချမ်းသာ ဘေးဘယာ ဝေးကွာစေကြောင်း ဆုမွန်ကောင်းလည်း တောင်းပေးလျက်ပါ။
အားလုံးလည်း ဒီPostလေး ဖတ်ပြီးရင် ဂျပန်ကပြည်သူတွေအတွက် မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား ထုံစံအတိုင်း တစ်မိနစ်ခန့် ဆုတောင်းမှုတစုံတရာပြုလုပ်ပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါရစေနော်။
လူသားအားလုံး ကပ်ကြီးသုံးပါးမှ လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်...
(၂၀၁၁ မတ်လ ၁၈ရက် နံနက်ခင်း ၉နာရီ ၅၀မိနစ်)
သတင်းမူရင်းကို ပြန်လည်ဖော်ပြလိုက်ပါရစေ...
Direct Link: http://www.youtube.com/watch?v=J3TM9GL2iLI&feature=player_embedded
UPDATE: CNN and the UK Telegraph have both reported that the dogs have been rescued since the footage aired, and are both receiving veterinary care; the more seriously wounded dog is at a clinic in the city of Mito, while the protective spaniel-type dog is receiving care at a shelter in the same town.
Here is an English translation of the voiceover exchange between the two reporters in the clip (translation courtesy of Toshiyuki Kitamura):
We are in Arahama area. Looks like there is a dog. There is a dog. He looks tired and dirty. He must have been caught in the tsunami. He looks very dirty.
He has a collar. He must be someone's pet. He has a silver collar. He is shaking. He seems very afraid.
Oh, there is another dog. I wonder if he is dead.
Where?
Right there. There is another dog right next to the one sitting down. He is not moving. I wonder. I wonder if he is alright.
The dog is protecting him.
Yes. He is protecting the dog. That is why he did not want us to approach them. He was trying to keep us at bay.
I can't watch this. This is a very difficult to watch.
Oh. Look. He is moving. He is alive. I am so happy to see that he is alive.
Yes! Yes! He is alive.
He looks to be weakened. We need to them to be rescued soon. We really want them rescued soon.
Oh good. He's getting up.
It is amazing how they survived the tremendous earthquake and tsunami. It's just amazing that they survived through this all.
Follow Yahoo! News on Twitter and become a fan on Facebook.
Original Link: http://sg.news.yahoo.com/blogs/what-is-buzzing/dog-japan-watches-over-ailing-friend-20110317-042033-011.html
Wednesday, October 20, 2010
ကုန်ကြမ်း

“ငါ့ညီမရေ အစ်မနဲ့ ခဏ လိုက်ခဲ့စမ်းပါ”
အစ်မတစ်ယောက်လို ခင်မင်ရင်းနှီး ရသော မမ၀င်းက ကျွန်မ အိမ်ရောက်လာပြီး အဖော်ခေါ်ခြင်း ဖြစ်သည်။
သူက ကျွန်မတို့ လမ်းထဲမှာ မုန့်ဆိုင်ဖွင့်ထားသည်။
“ဘယ်လဲ မမ၀င်း”
“အကြွေး သွားတောင်းမလို့”
“ဟင်”
ကျွန်မ နည်းနည်း တွန့်သွားသည်။ ကျွန်မ ဘာဖြစ်သွားမှန်း သူကလည်း ရိပ်မိဟန်တူသည်။ “ဩော် အဲဒီလို အော်ကျယ်ဟစ်ကျယ် ပြောဆိုပြီး တောင်းရမယ့် အကြွေးမျိုး မဟုတ်ပါဘူးဟယ်။ အဲဒီလိုမျိုးလည်း ငါမလုပ်ပါဘူးဟဲ့ နင်ကလည်း။ လာပေးမယ် ပြောပြီး ခုထိ ပေါ်မလာလို့ သူ့အိမ် အထိ သွားလိုက်ကြည့်ရုံတင်ပါ။ လာပါ အဖော် လိုက်ပေးစမ်းပါ။ ဒီမှာ တစ်ယောက်တည်း ဖြစ်နေလို့” “လိုက်သွားလေ။ ညည်းပဲ ကုန်ကြမ်း ရချင်တယ်ဆို” နံဘေးမှ အမေက အချွန်နှင့် ၀င်မသည်ကို အဟုတ်ထင်ပြီး မမ၀င်း ကလည်း အားတက်သရော ထပ်ခေါ်သည်။ “ဟုတ်တယ်ဟဲ့၊ ခုမှ သတိရတယ်။ ကြွေးရှင်နဲ့ ကြွေးယူသမား ဇာတ်လမ်းမျိုး နင်ရေးဖို့ ကုန်ကြမ်းရတာပေါ့”
ကုန်ကြမ်း အသံကြားလိုက်ရ၍ ကျွန်မလည်း နည်းနည်း စိတ်ပါလေသည်။ ကျွန်မလို စာရေးချင်သူ တစ်ယောက် အဖို့ တစ်ခါတလေ အတွေ့အကြုံက ကိုယ့်ဆီ ရောက်လာတတ်တာ ရှိသလို တစ်ခါတလေ ကျတော့ အတွေ့အကြုံ ရှိရာ ကိုယ်က သွားရတာလည်း ရှိသည် မဟုတ်လား။ ပြီးလျှင် အခု အကြွေးသွားတောင်းမည့် သူကလည်း တခြားမဟုတ် ခင်မင်ပေါင်းသင်း လာကြတာ ကြာပြီမို့ မမ၀င်း တစ်ယောက် သူတစ်ဖက်သား အပေါ် အားနာတတ်တာ၊ သနားတတ်တာ ကျွန်မ သိသည်။ ဆိုင်သမားမို့သာ ကြွေးယူသူတွေ ရှိန်အောင်တမင် ဟန်ကိုယ့်ဖို့ လုပ်နေရပေမယ့် တကယ့် တကယ်၌ သူလည်း ခပ်အေးအေး သမားပဲ ဖြစ်သည်။ ခုပဲကြည့်လေ၊ တော်ရုံလူ ကိုယ့်ဘာသာ သွားမည့် ကိစ္စအား ကျွန်မကို အဖော်လာစပ်နေသည်။ အဖော်လိုတာထက် အကြွေးသွားတောင်းရာမှာ တစ်ယောက်တည်းထက် နှစ်ယောက်ဆို ပို၍ အရှိန်အဟန့် ဖြစ်အောင် ကျွန်မကို ခေါ်တာဖြစ်သည်။
“ထုံးစံအတိုင်း မုန့် အကြွေးပဲလား”
“အေးပေါ့ဟယ်”
မမ၀င်းက ညည်း ညည်းညူညူနှင့် ပြန်ဖြေ သည်။ ခုခေတ်မှာ ဆိုင်ဖွင့်စား ရသည်မှာလည်း တစ်ဒုက္ခပင်။ ကျောင်းဈေးတန်းမှ လွဲ၍ ကျန်ဆိုင် အတော်များများ အကြွေးကိစ္စ မဖြစ်မနေ ကြုံ ကြရသည်သာ။ မမ၀င်း၏ ဆိုင်က လက်လီလက်ကား ဖြန့်သည်မို့ ရပ်ကွက် အသီးသီးမှ အိမ်ဆိုင်သေးသေးလေး များကလည်း ဖောက်သည် လာလာယူကြသည်။ ထို ဖောက်သည်တွေထဲမှာ တချို့က ငွေလက်ငင်း ရှင်းသလို တချို့ဆိုင်တွေ ကျတော့လည်း အဟောင်းပေး အသစ်ယူလုပ် ကြပါသည်။ ခေတ်အခါ အရ မပေးလျှင်လည်း မဖြစ်တာမို့ မမ၀င်း၏ ဆိုင်လည်း ထိုစနစ် ကိုလက်ခံကျင့်သုံး နေရသည် သာ။
“အဟောင်းမှန်မှန် ပေးပြီး အသစ် ယူနေရင် ငါဘာမှ မပြောပါဘူးဟယ်။ ငါတို့တွေလည်း တကယ့်ပင်ရင်း ဆိုင်ကြီးတွေဆီက ဒီလိုပဲ အဟောင်းပေး အသစ်ယူ လည်ပတ် နေရတာမို့ နားလည်ပါတယ်။ ငါတို့ကမှ တစ်ခါတစ်ခါ ပင်ရင်းဆိုင် ကြီးတွေဆီ ငွေလွှဲရင် လေး ငါးသိန်း အောက်ထစ်ဆုံးပဲ။ ကိုယ်က ရေရှည်လုပ်စားမှာ ဆိုတော့ အတတ်နိုင်ဆုံး ကတိ မပျက်အောင် ကြိုးစားတယ်။ တစ်မျိုးမှ ငါးဆယ်တစ်ရာ မြတ်တာလေးတွေ စုပြီး ပေးရတာပဲ။ ဆိုင်သေး သမားတွေက ပုံမှန်မဆပ်ရင် ငါက ဘယ်ကငွေတွေ ရပြီး သူများကို ပြန်ပေးနိုင်မှာလဲ။ မဟုတ်ဘူးလား”
သူ့ဆိုင်သွားတိုင်း မမ၀င်းတစ်ယောက် သူ့ အခက်အခဲတွေကို ပြောဆို ရင်ဖွင့်ပြသည်ချည်းမို့ သူ့ဆိုင်မျိုး၏ ကြုံရသော သဘော သဘာဝတွေကို ကျွန်မလည်း သိနေသည်။ တချို့က ဒီလိုပဲ အဟောင်းပေး အသစ်ယူနှင့် ကတိတည်တော့ ဆက်ဆံ လာတာနှစ်နှင့် ချီလာသည်အထိ အဆင်ပြေသည်။ တချို့ကျ တော့လည်း အဟောင်းပုံမှန် မပေးဘဲ အသစ်တွေ ထပ် တလဲလဲ ယူကာ အကြွေးလည်း များလာရော ပေါ်မ လာကြတော့ပါ။ ဆိုင်လုံးလုံး ပြုတ်သွားသူ ရှိသလို၊ အကြွေး မပေးချင်တော့၍ လူလည်ကျပြီး တခြားဆိုင်ကို ဖောက်သည် ပြောင်းယူလိုက် တာလည်းရှိသည်။ တချို့ စိတ်ရင်းဓာတ်ခံ ကောင်းသူ တွေကျတော့လည်း ဆိုင်ပိတ် လိုက်ရပေမယ့် အဆင်ပြေ လျှင်ပြေသလို အကြွေးကို သတိတရ လာဖဲ့ဆပ်ကြတာ လည်းရှိပါသည်။ အပေါ်ယံ ကြည့်လျှင် ဆိုင်ကောင်တာ၌ အေးအေးဆေးဆေး ငွေထိုင် သိမ်းရုံလိုလိုနှင့် တကယ့် လက်တွေ့မှာ လူ့စိတ်အမျိုး မျိုးအကြောင်း သိရလေသော ခေါင်းရှုပ်စရာအလုပ်ပါပေ။
“ခါတိုင်း မမ၀င်း အကြွေးသွားတောင်းရင် ဘယ်သူ့ကို ခေါ်သွားတာလဲ”
“ဘယ်သူ့မှ မခေါ်ဘူး။ ငါဆိုင်ဖွင့်လာတာ လေးငါး နှစ်ရှိပြီ။ တစ်ခါမှ အကြွေး ကိုယ်တိုင် လိုက်မတောင်းဖူး ဘူး။ သူတို့ ဆိုင်သမားအချင်း ချင်း လူကြုံမှာတဲ့အခါ မှာ တယ်။ ငါ့ယောက်ျားသွား တောင်းခိုင်းတဲ့အခါ သွား တောင်းခိုင်းတယ်။ ငါ့ ကြောက်လို့သာသွားပေးတာ။ ခုတော့ ငါ့ဘာသာသွားကြည့် မလို့။ မတောင်းဘဲ နေရင်လည်း ပိုဆိုးတယ်ဟဲ့။ ဒီ တစ်ယောက်ဆို အဟောင်း မပေးဘဲ အသစ်ချည်းထပ် ထပ်ယူရင်း အကြွေး များလာတော့ ပေါ်မလာတော့ဘူး လေ။ အဲဒါ ဟိုတစ်ရက်က ဈေးထဲမှာ တွေ့တယ်။ အသား ငါးတန်းမှာ သိလား။ ဘယ်မလဲ အကြွေးဆိုတော့ ပျာပျာ သလဲနဲ့ ပေးမယ် အစ်မရဲ့ သတိရတယ်။ မလာအား သေးလို့ ကြာနေတာ။ ဒီနေ့ ညနေဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ် ဆက်ဆက် လာပေးမယ် နော် ဆိုပြီး ခုထိပေါ်လာဘူး။ တစ်ပတ်ကျော်သွားပြီ။ တခြားသူတွေဆီက စုံစမ်း ပြီးပြီ။ ငါ့ဆိုင်မှာ အကြွေးများ လို့ တခြားဆိုင်ပြောင်းယူနေ တာတဲ့။ အဲဒါ သူ့အိမ်ကို စုံစမ်းပြီး သွားတောင်းမလို့”
“အကြွေးက များလို့ လား”
“သုံးသောင် နီးနီးရှိ တယ်”
သိပ်ပြဿနာ မရှိ လောက်ပါဘူးလေဟု တွေးပြီး ကျွန်မလည်း မမ၀င်းနှင့် အတူ အဖော် လိုက်သွားပေး လိုက်ပါသည်။ ကြွေးယူထားသည့် မသောင်းစိန်တို့ ရပ်ကွက်လေးက တော်တော် ချောင်ကျသော အခြေခံ လူတန်းစား ရပ်ကွက်လေးဖြစ် သည်။ ကျောက်ကြမ်းခင်းသည့် လမ်းကျဉ်းလေးဖြစ် သည်ကတစ်ကြောင်း၊ အိမ် နေရာအတိအကျ မသိသည်က တစ်ကြောင်းမို့ လမ်းထိပ် ကွမ်းယာဆိုင်မှာ ဆိုင်ကယ်ကို ခဏ အပ်ခဲ့ကာ လမ်းထဲသို့ နှစ်ယောက်သား လမ်းလျှောက် ပြီး ၀င်လာလိုက်ကြသည်။
“ကြည့်ရတာ ဒီမိန်းမ ငါ့ကို တမင်သက်သက် မပေးချင်လို့ မပေးတာ ဖြစ်ရမယ်။ မပေးနိုင်တာတော့ မဖြစ်နိုင်ဘူး”
“ဘာဖြစ်လို့လဲ မမ၀င်း”
“ကလေးဒီလောက် ပေါများတဲ့ ရပ်ကွက် နင်မြင် ဖူးလို့လား။ မရောင်း ရစရာကို မရှိဘူး”
ကျွန်မ ရယ်မိသည်။ ဟုတ်သားပဲ၊ တစ်မိသားစုကို ကလေး ဘယ်နှယောက် လောက်နှုန်းနှင့် မွေးထားကြသည် မသိချေ။ ဒီလောက် ကျဉ်းသည့် ရပ်ကွက်လမ်း ကြားရှည်မျောမျော တစ်လျှောက် ကလေး အရွယ်စုံနှင့် ပြည့်နေ သည်။ ကျောင်းပိတ်ရက် ဖြစ်တာလည်း ပါပါလိမ့်မည်။ ကျွန်မတို့ သွားနေတာ နေ့ခင်း အချိန်ဖြစ်၍လား မသိ လူကြီးတော့ သိပ်မတွေ့ရပါ။ အလုပ် ကိုယ်စီနှင့် အပြင်ထွက် နေကြရသည် ထင်ပါသည်။
“မသောင်းစိန်ရဲ့ မုန့်ဆိုင်က ဘယ်နားမှာလဲ ကလေး”
နှပ်ချေး တွဲလွဲနှင့် ကလေး တစ်ယောက်က လမ်းကြား အဆုံး တစ်နေရာဆီ လက်ညှိုး ထိုးပြသဖြင့် နှစ်ယောက်သား ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွားကြ သည်။ အိမ်က သွပ်မိုး ထရံကာ နှစ်ထပ်အိမ်လေး ဖြစ်ပြီး အိမ်နှင့် တစ်ဆက်တည်း ကွပ်ပျစ်လေး ထုတ်ပြီး အိမ်ဆိုင် တည်ထားသည်။ ကွမ်းယာ နှင့် ကလေးမုန့် အခြောက် အခြမ်းလေးတွေ တွဲရောင်းတာ ဖြစ်သည်။ မမျှော်လင့်ဘဲ သူ့ဆိုင်ပေါက်ဝ၌ ကျွန်မတို့ နှစ်ယောက်ကို ဘွားခနဲမြင် လိုက်ရသော မသောင်းစိန် သည် ရုတ်တရက် လန့်သွားဟန် ပါးစပ်ကြီး ဟနေပြီးမှ ကပျာကယာနှင့် ထလာသည်။
“သြော် လာလာအစ်မ။ ထင်တော့ ထင်သားပဲ၊ ငါ့ အစ်မ တစ်ယောက်တော့ ငါ့ကို မျှော်နေရှာတော့မှာလို့။ အားနာလိုက်တာ အစ်မရယ်၊ လာလာ အိမ်ပေါ်တက်ဦး။ ညီမလည်းလာ”
ချက်ချင်း အပြင်ထွက် လာကာ လက်ဆွဲမတတ် ခေါ် ရာနောက် မမ၀င်းယောင် တောင်ပေါင်တောင်နှင့် ပါသွား၍ ကျွန်မလည်း မျက်နှာ ပူပူနှင့်ပင် နောက်ကလိုက် တက်သွားရသည်။ ကြမ်း အပြည့်ခင်းထားသော အိမ်ထဲ မှာ မြင်မကောင်းအောင် ရှုပ်ပွ ခတ်နေလျက်ရှိသည်။ အ၀တ် တွေလည်း လျှော်ပြီး မခေါက်သိမ်း အားသေး၍ ပစ်ထားတာလား၊ ဒါမှ မဟုတ် အ၀တ်ပေတွေမလျှော် ဘဲ ပစ်ထားတာလားတော့ မသိ။ အိမ်ထောင့်တစ်နေရာ မှာ ပုံထားတာ နည်းသည့်အပုံ ကြီး မဟုတ်ပါ။ တစ်ဆက်တည်း ဖြစ်၍ တိုးလျှိုပေါက် မြင်နေရသော မီးဖိုချောင်ထဲ မှာလည်း စားပြီးသား ပန်းကန်တွေက စားပွဲပေါ်မှာ ဒီအတိုင်းစုပုံ ထပ်ထားကာ ယင်တလောင်း လောင်းအုံလို့။ တစ်ဝက်တစ်ပျက် ဖုံးထား သည့် ထမင်းအိုး ဖုံးပေါ်မှာလည်း ထမင်းစေ့တွေနှင့်။
ကြမ်းပေါ်မှာလည်းကြက်သွန် ခွံတွေမှန်းမသိ ကြွပ်ကြွပ် အိတ်တွေမှန်းမသိ ဟိုတစ်စ၊ ဒီတစ်စနှင့် ပွစာကျဲနေသည်။ သဲရှပ်နေသည့်ကြမ်းပေါ်ဝင် ထိုင်လိုက်ရုံရှိသေး၊ မသောင်း စိန်တစ်ယောက် မမ၀င်း၏ လက်ကိုဆွဲကာ ဖြစ်ကြောင်း ကုန်စင် သံစုံနှောပါတော့ သည်။
“အစ်မ ကျွန်မ အကြောင်း သိပါတယ်။ အစ်မရယ်။ ကျွန်မဘ၀မှာ ဘယ်သူ့ ကိုမှလည်း မလိမ်မညာဖူးပါ ဘူး။ သောင်းစိန်တဲ့ ရပ်ကွက်ထဲမှာ လိုက်မေးကြည့် နာမည် တစ်လုံးနဲ့ နေတာပါ။ အရင် တုန်းကတည်းက အစ်မ အကြွေး ကျွန်မ ပေးဖို့ရာပါ။ ဘုရားပေးပေး ကျမ်းပေးပေး သိလား။ ဒင်းရိုက်ခွဲကုန်လို့ အရင်း ပြုတ်သွားတော့ ဆိုင်ကို အစကနေ ပြန်ထူရတယ် လေ”
“ဟင် ဘယ်သူကလာ ရိုက်ခွဲတာတုံး”
“အိမ်က ဆန်ကုန်မြေ လေးကြီး မိုက်ကြီးပေါ့ အစ်မရယ်။ ဘယ်သူ ရှိရမှာလဲ။ ရှာကျွေးတာကို ပါးဖြဲနားဖြဲ ထိုင်စားပြီး အေးအေးဆေး ဆေးနေမယ် စိတ်မကူးဘူး။ အရက်လေး တမြမြ ဖြစ်လာရင် ကျွန်မကို နှိပ်စက်ချင် သေးတာ။ ကလေးတွေကို လည်း မယားပါ သားနဲ့ရတဲ့ ကလေးတွေလို ဖအေတန်မဲ့ ရိုက်ဟဲ့နှက်ဟဲ့ လက်သရမ်း ချင်သေးတာ။ ဒါတွေ လုပ်တာ ထားပါဦး၊ ကိုယ့်ကို ထမင်း ကျွေးနေတဲ့ အိမ်ဆိုင် လေးကိုတော့ ကျေးဇူးကန်းပြီး မဖျက်ဆီးသင့်ပါဘူး။ မလုပ်ကောင်းဘူးလေနော်။ မဟုတ်ဘူးလား အစ်မ”
“ဒါပေါ့”
ယောင်ယမ်း ခေါင်းညိတ် ထောက်ခံလိုက်ပြီးမှ မမ၀င်းက သူ့ကိုယ်သူ ဘာလာလုပ်မှန်း သတိရသွားပုံ ပေါ်သည်။ မျက်နှာထားကို ခပ်တင်းတင်း ဖြစ်အောင် ပြင် လိုက်ပြီး ကိုယ်ကိုလည်း ခပ်မတ်မတ် ပြင်ထိုင်သည်။ လူပိန်သလောက် စကားတရ စပ်ပြောနိုင်သော မသောင်းစိန်၏ လေကြောထဲ မျောနေ၍ အလုပ် မဖြစ်သေးဘူးဟု တွေးမိဟန်တူသည်။
“ဒါနဲ့..”
“နေဦး အစ်မရဲ့ ကျွန်မ ပြောပါရစေဦး။ ဒင်း ကျွန်မ အပေါ်ဘယ်လောက် ယုတ်မာ နှိပ်စက်ပုံတွေ ပြောပြချင် လွန်းလို့ပါ။ အစ်မပဲ စဉ်းစား ကြည့်။ လူရယ်လို့ဖြစ်လာရင် လူ့တာဝန် ဆိုတာရှိတယ်။ သူများတာဝန် မယူနိုင်ရင် တောင် ကိုယ့်တာဝန် ကိုယ်တော့ ယူသင့်တယ်လေ။ မဟုတ်ဘူးလား။ ခုတော့ သူများ သားသမီးကို ယူထားပြီး ရှာမကျွေးတဲ့ အပြင် ရိုက်လား ပုတ်လား လုပ်သေးတာ ကောင်းလား”
“အင်းပေါ့ ဒါနဲ့”
“အဲဒါပြောတာပေါ့ အစ်မရယ်။ သူနှိပ်စက်လိုက်လို့ ပထမ အကြိမ် ဆိုင်အရင်း ပြုတ်သွားတော့ ကျွန်မမှာ အစ်မကို မျက်နှာ ပျက်ရတယ်။ မျက်နှာလည်း ပူရ တယ်။ အားနာတယ်လေ။ ဟော့ဒီ သောင်းစိန်တို့က အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး။ အရှက်နဲ့ လူလုပ်တာ။ အဲဒါ ထပ်ယူပြန်ရင်လည်း ကြွေးဟောင်းနဲ့ ကြွေးသစ် ပေါင်းပြီး မပေးနိုင်တော့ အစ်မကို ဒုက္ခပေးရာကျ တယ်”
“ဒါကြောင့် ကျွန်မကို အကျိုး အကြောင်းလေးတောင် လာမပြောဘဲ ဆိုင်ပြောင်းယူ တယ်ပေါ့လေ”
မမ၀င်း စကားကြောင့် မသောင်းစိန် မျက်နှာ ကွက်ခနဲ ပျက်ပြီး အိုးတိုးအမ်းတမ်း ဖြစ်သွားပြီးမှ မျက်နှာထားကို ချက်ချင်းပြန်ပြင်သည်။
“ပြောဦးမယ်လေ အစ်မ ရယ်။ ကျွန်မ စကားဖြင့် မဆုံးသေးဘူး။ ဟိုတစ်လောက ဈေးထဲမှာ ဆုံတော့ အချိန် မရလို့ အဲဒီ ကိစ္စလေးပြောပြချင် တာ။ အခိုက်အတန့် အဆင် မပြေသေးလို့ အစ်မဆီ မလာတာပါ။ သူများဆီသွားယူ ပေမယ့် အမြဲယူဖို့ စိတ်ကူး မရှိ ပါဘူး။ ကိုယ့်အပေါ် ကောင်းခဲ့တဲ့ အစ်မဆီပဲ လာချင်တာပေါ့ မဟုတ်ဘူးလား။ အဆင် ပြေရင် ပိုက်ဆံလေး ဆပ်ပြီး အသစ်ပြန်လာယူမယ် ဆိုတဲ့ စိတ်ကူးနဲ့ ဖဲ့ဖဲ့စုထားတာ အစ်မရယ်။ တစ်ခါတည်း တော့ အကျေ မဆပ်နိုင်ဘူး ပေါ့လေ”
“အို တစ်ခါတည်း မဆပ်နိုင်လည်း တစ်ဝက်စီ ခွဲဆပ်ပေါ့ ရပါတယ်။ ကိစ္စ မရှိပါဘူး”
မမ၀င်း၏ အားတက် သရော စကားပင် မဆုံးသေး မသောင်းစိန်က မျက်နှာ ငယ်သွားသည်။
“အဲဒါကြောင့် အားနာတယ် ပြောတာပေါ့ အစ်မ ရယ်”
“ဟင် ဘာဖြစ်လို့လဲ”
“ဘာဖြစ်ရမှာလဲ။ အခု ကျွန်မမှာ စုထားတာ ငါးထောင် မပြောနဲ့။ ငါးရာ တောင်မရှိတော့လို့ပေါ့။ ဒင်းလေ ဒင်း”
ပြောရင်း ဒေါသထွက် လာဟန်ဖြင့် မသောင်းစိန် မျက်လုံးတွေ ပြူးလာသည်။
“ခုပြောရင် ချက်ချင်း အရေခွံ ပြေးဆုတ်ချင်တယ်။ ကျွန်မ ခေါင်းအုံးအောက်မှာ သိမ်းထားတဲ့ ပိုက်ဆံတွေ ယူပြီး ဘောလုံးပွဲလောင်း ရှုံးပစ်လိုက် တယ်လေ။ ပိုက်ဆံ ပျောက်တာကို သိသိချင်း ကျွန်မလည်း ဓားဆွဲပြီး သူ့လှည့်ပတ် ရှာတာပဲ”
ပြောရင်းဆိုရင်း သူ့ ပိုက်ဆံ သေတ္တာကို လက်သီးနှင့် “ဒုန်း”ခနဲ ထုထည့်လိုက် ၍ ကျွန်မနှင့် မမ၀င်းပင် ရုတ်တရက် လန့်ပြီး တုန်သွား ရသည်။
“သူကလည်း ကျွန်မ အကြောင်းသိတော့ တစ်ညလုံး ပြန်မလာဘူး။ ခုထိလည်း ပြန်မလာဘူး။ သူ့အမေ အိမ်မှာလည်း မရှိဘူး။ သူသွား တတ်တဲ့ နေရာတွေ လိုက်ရှာ တော့လည်း မရှိဘူး။ ကျွန်မကလည်း သဘောကောင်းရင် နှစ်ယောက် မရှိသလို ဒေါသ ထွက်ပြီဟေ့ ဆိုရင်လည်း သူများနဲ့ တူတာမဟုတ်ဘူး။ ကျွန်မကို မကျေနပ်ရင် ပါးကို ဘယ်ပြန်ညာပြန် လာရိုက် သွား ကျေနပ်တယ်။ ခုတော့ ချွေတာ စားသောက်ပြီး အကြွေးဆပ်ဖို့ စုထားတဲ့ငွေ ကိုမှ သိသိကြီးနဲ့ခိုးသွားတာ။ ဘောလုံးပွဲလောင်း ရှုံးပစ် လိုက်တာ။ တကယ်အသည်း နာတယ်အစ်မ ကျွန်မ ကျွန်မ...”
ပြောရင်းတန်းလန်း မျက်ဖြူ လန်သွားကာ လက်သီးနှစ်ဖက် ကျစ်ကျစ်ပါအောင် ဆုပ်၍ အံကြီးကြိတ်ပြီး ပစ်လဲ ကျသွားသော မသောင်းစိန်ကြောင့် ကျွန်မနှင့် မမ၀င်း အလန့်တကြား ဖြစ်သွားကြ သည်။
“ဟဲ့ ဟဲ့ လုပ်ကြပါဦး။ လုပ်ပါဦး ငါ့ညီမရဲ့”
“သူ ဘာဖြစ်သွားတာ လဲ မမ၀င်း”
“တက်တာလေ အဲဒါ တက်သွားတာ။ အနီးအနားမှာ ဘယ်သူရှိလဲ အော်ပါဦး ဟဲ့။ ငါဘာမှ မလုပ်တတ် ဘူး”
“ဟင် ကျွန်တော်လည်း ဘာမှ မလုပ်တတ်ဘူးနော်”
ရှေ့ဘက်အိမ်တွေဆီ လှမ်းအသံပြုကြည့်တော့လည်း လူရိပ်လူယောင်ပင် မမြင်ရပါ။
“နင် ခဏနေခဲ့ဦးနော်။ ငါအိမ်နီးချင်းတွေ လိုက်ခေါ် ကြည့်ဦးမယ်။ ဆရာဝန်လည်း ခေါ်မှရမယ် ထင်တယ်”
ကျွန်မ၏ စကားပြန်ကို ပင်မစောင့်ဘဲ ထဘီတိုတိုဝတ် ကာ မမ၀င်းက အိမ်ပေါ်မှ အပြေးအလွှား ဆင်းသွား၍ လူမမာနှင့် ကျွန်မ နှစ်ယောက် တည်း ကျန်ရစ်ခဲ့သည်။ မျက်ဖြူကြီး လန်ကာ တံတွေး တစီစီနှင့် ခြေတွေလက်တွေ ကုပ်ပြီး တဂစ်ဂစ် တက်နေသော မသောင်းစိန်ကို ကြည့် ပြီး ကျွန်မသည် ထူပူနေကာ တုန်တုန်ယင်ယင်နှင့် ဘာလုပ် ပေး၍ လုပ်ပေးရမှန်း မသိဖြစ်နေ သည်။ တက်နေသူကို ခြေမ၊ လက်မ ချိုးပေးရသည်ဟု ကြားဖူးနားဝ ရှိနေပေမယ့် ထို အသိ ဆိုတာကလည်း စာအုပ် တွေထဲ၊ ရုပ်ရှင် ဗီဒီယိုတွေထဲ မှာတင် ကြည့်ဖူးဖတ်ဖူးရုံ အဆင့်မျှ ဆိုတော့ ကျွန်မ မလုပ် ပေးတတ်ပါ။ လုပ်လည်း မလုပ်ရဲ။ အမှန်အတိုင်း ပြောရလျှင် ဘယ်လိုပြုစု ကုသပေးရန် သိဖို့ နေနေသာ သာ၊ တဂစ်ဂစ်တ က်နေသည့် လူတစ်ယောက်ကို မြင်ဖူးတာ ပင် ကျွန်မဘ၀မှာ ဒါ ပထမ ဆုံးအကြိမ် ဖြစ်ပါသည်။ ချက်ချင်း ဆိုသလို မိန်းမ တချို့ နှင့် ကလေးတွေ တသီတ တန်းကြီး အိမ်ပေါ် တ၀ုန်းဝုန်း ပြေးတက်လာကြကာ တစ် ယောက်တစ်ပေါက်နှင့် ဆူညံ ကုန်တော့သည်။
“ဘယ်လို ဖြစ်သွားတာ လဲ”
မျက်နှာထား ဆိုးဆိုးနှင့် အမျိုးသမီးကြီးက ကျွန်မ လက်ထဲမှ မသောင်းစိန်ကို ပွေ့ထူရင်း ခပ်လောလောမေး သည်။
“မ မသိပါဘူး။ စကား ပြောနေရင်း အကောင်းကြီး ကနေ သူ့ဟာသူ ဖြစ်သွားတာ ပဲ”
မမျှော်လင့်ဘဲ ကြုံလိုက်ရသည့် အဖြစ်အပျက် အပေါ် လန့်ရလွန်း၍ ကျွန်မမှာ အသံ တွေပင်တုန်နေသည်။ ဒီကြား ထဲက ဘယ်က ပေါ်လာမှန်း မသိသော လေးငါးခြောက် နှစ်ဝန်းကျင် အရွယ်ကလေး နှစ်ယောက်က မသောင်းစိန် ကို “အမေ...”ဟု ငယ်သံပါ အောင် အော်ပြီးပြေးဖက် လိုက်တော့ မျက်စိတွေပါ ပြာ လာကုန်သည်။ ကလေး ပေါင်းသောင်းခြောက်ထောင် ကလည်း တဂစ်ဂစ် တက်နေ သော မသောင်းစိန်ကို တစ်လှည့်၊ နံဘေးမှာကြောင်စီစီ ထိုင်နေသည့် သူစိမ်းဖြစ်သူ ကျွန်မကို တစ်လှည့် ကြည့်နေ ကြသည်။ အမျိုးသမီး သုံး ယောက်ကတော့ မသောင်းစိန်ကို နှိပ်သူနှိပ်၊ ခြေမချိုး သူချိုး၊ ယပ်တောင်ခတ်သူ ခတ်ဖြင့် ၀ိုင်းဝန်း ပြုစုပေးနေ ကြသည်။ မမ၀င်းဆရာဝန် သွားခေါ်တာကလည်း ကြာလှသည်။ အကယ်၍ အခြေ အနေဟန် ပုံမရဘူး ဆိုပြီး ပြန် မလာလျှင်...။ ဘုရား... ဘုရား တက်ရင်းနှင့် သေသွား တာမျိုး အထိတော့ မဖြစ်နိုင် လောက်ဘူး ထင်ပါရဲ့။ မပြော ကောင်းမဆိုကောင်း မသောင်း စိန်သာ ခုနေတစ်ခုခုဖြစ်သွား လျှင် ကျွန်မကတော့ ဖြေရှင်း ရခက်ပြီ။ မထွက်စဖူး ဇောချွေးတွေပင် ပြန်ချင်လာ သည်။
“ဟော ဆရာဝန်လာ ပြီ”
ရှေ့မှ ဆေးအိတ်ကိုင်ပြီး ခပ်သုတ်သုတ် အိမ်ပေါ်တက် လာသည့် ဆရာဝန်နှင့် မမ၀င်းကို မြင်လိုက်ရမှ ကျွန်မ၀မ်းသာ အားတက်သွား သည်။ ဆရာဝန် အသံကြား၍ ပဲလား၊ သူ့ဘာသာသူ တကယ် သက်သာသွား၍လား မသိ ချက်ချင်းပဲ အတက် ရပ်သွားပြီး မသောင်းစိန်သတိ ပြန်လည်လာသည်။ ထတော့ မထိုင်သေး။ အင်းအင်းအဲအဲ ညည်းနေကာ မျက်လုံးကို ဖွင့်ကြည့်ရုံမျှ ကြည့်ပြီး “ရေ ရေ” ဟု ဆိုကာ ပြန်မှိတ်သွား သည်။ တစ်ယောက်က ရေ ပြေးခပ်၍ တိုက်ပေးသည်။ သတိ လည်လာပြီ ဆိုပေမယ့် ဆရာဝန် ပင့်ထား လက်စနှင့် စိတ်ချရအောင် မသောင်းစိန်ကို စမ်းသပ်ကြည့်ရသည်။ ဇာတ်ပေါင်းကတော့ မမ၀င်း နှင့် ကျွန်မ၏ ကြွေးတောင်း ခရီးက မအောင်မြင်သည့် အပြင် မသောင်းစိန် အတွက် ဆရာဝန် ပင့်ရသဖြင့် စမ်းသပ်ခနှင့် ခြေကြွခကိုပါ မမ၀င်း ၏ အိတ်ကပ်ထဲမှ စိုက်ရှင်း ပေးခဲ့ရသေးသည်။ တစ်ခါမှ မကြုံဖူးသည့် အတွေ့အကြုံကြောင့် အိမ်ပြန်လမ်းမှာ မမ၀င်း၏ “မသောင်းစိန် တက်သွားတာ တကယ်တော့ ဟုတ်မှာပါနော်”ဟူသော စကားကိုပင် ပြန်မပြောနိုင်။ အိမ်ပြန်ရောက်သည် အထိ ရင်တုန်ပန်းတုန် ဖြစ်နေမိဆဲ ဖြစ်သည်။
ထိုအဖြစ်အပျက်တွေ ဖြစ်ပွားပြီး ဆယ့်လေးငါး ရက်မျှကြာတော့ ကျွန်မအိမ် သို့ မမ၀င်း ထပ်ရောက်လာ သည်။
“ငါ့ညီမရေ အကြွေး သွားတောင်းမလို့”
“အမယ်လေး မလိုက် ပါရစေနဲ့တော့နော်”
သူ့စကားပင် မဆုံးသေး ကျွန်မ ခေါင်းတခါခါ လည်တခါခါ ထငြင်း၍ မမ၀င်းက “နင်ပဲ ကုန်ကြမ်း လိုချင်တယ် ဆို”ဟုပြောရင်း ရယ်သည်။ ကျွန်မကတော့ မရယ်နိုင်။ သူပြောသလို ၀တ္ထုရေးဖို့ ကုန်ကြမ်း ရလိုက်တာတော့ မှန်သည်။ သို့သော် ဒီကုန်ကြမ်းမျိုးက တစ်သက်မှာ တစ်ခါလောက်ပဲ ကောင်း သည်လေနော်။
ငွေဇင်ယော်ဦး၊မိုးကုတ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၀)
{နှစ်သက်မိသောကြောင့် ရွှေအမြုတေ မှ ကူးယူဖော်ပြသည်။}
http://www.shweamyutay.com/index.php?option=com_content&view=article&id=2661:2010-10-19-06-38-14&catid=92:2008-06-08-19-55-48&Itemid=684
Monday, August 30, 2010
တိုက်ရိုက်ဖတ်နိုင်သောစာအုပ်များ
- ကံချွန် - အပျိုစင်တို့သိဖို့ 2 (06/27)
- ကံချွန် - အပျိုစင်တို့သိဖို့ ၃ (06/27)
- ကံချွန် - အင်တာဖီးနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် (Nov 11, 2008)
- ကံချွန် - မန္တလေးကလူတွေအကြောင်း (Nov 11, 2008)
- ကံချွန် -ပေါ့ပေါ့ပါးပါးဟာသဟာသ၀တ္တု တိုများ (Nov 11,2008)
- ကံချွန် - ကြားဖူးနားဝ ဟာသများ (Nov 11,2008)
- ကံချွန် - ဒါကဒီလိုရှိတယ် ဟိုဟာကဟိုလိုရှိတယ်။ (Nov 11,2008)
- ကံချွန် - ဒိုးဒိုးဒေါက်ဒေါက်ဟာသများ (Nov 11,2008)
- ကျော်ဝင်း - စိန်ခေါ်ကြသူများ(06/28)
- ချစ်စံဝင်း - တော်ဝင်စံထားမိန်းမသား
- ချစ်ဦးညို - အီဂျစ်နဲ့အင်္ဂလန် နိုင်ငံခြားကိုမောင်သွားထားလေမလား (07/29)
- ချစ်ဦးညို - ရုက္ခစိုးနဲ့ အခြား ပြိတ္တာများ (08/06)
- ချစ်ဦးညို - ရာဇကုမာရ (08/06)
- ချစ်ဦးညို-၀ိဇိတာဝီ (08/06)
- ချစ်ဦးညို - ၀ိသာခါနှင့်သီတာ (08/06)
- ချစ်ဦးညို - စက္ကရုနှင့်ဘဒ္ဒါ (08/06)
- ချစ်ဦးညို - ရှင်စောပု (08/06)
- ချစ်ဦးညို - မလေးမဏိစန္ဒာ (08/06)
- ချစ်ဦးညို -လင်္ကာဒီပချစ်သူ (08/06)
- ချစ်ဦးညို - လောကဓံနှင့် လမ်းလျှောက်အတူထွက်ခြင်း (08/06)
- ချစ်ဦးညို - နေမင်းလမင်းသိန်းရာထောင် (08/06)
- ချစ်ဦးညို - ချစ်သောပါဒဧကရီ (08/06)
- ချစ်ဦးညို - ချစ်သူမင်းနန္ဒာ (08/06)
- ချစ်ဦးညို-ဒေ၀စ္ဆရာနှင့်တွေ့ဆုံခြင်း (08/06)
- ချစ်ဦးညို - ယာဇ (08/06)
- ချစ်ဦးညို - စာမရီသို့ထူးထူးခြားခြား (08/06)
- ချစ်ဦးညို - မဏိစန္ဒာဥဒါန်း (08/06)
- ချစ်ဦးညို - မဟာသေနာပတိ.(08/06)
- ချစ်ဦးညို - အစီရ၀တီ ကုဏ္ဍလကေသာ (08/06)
- ချစ်ဦးညို - သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေမယ့် စကားများ (08/06)
- ဆောင်းဝင်းလတ် - ဆူးလေးဆူးတယ်ခုးမယ် (06/28)
- ပြည့်ပိုင်မူးအိမ် - ကျူးပစ်ဒ်၏ရင်ဖွင့်မြှား
- ပြည့်ပိုင်မှူးအိမ် - ကုန်ကြမ်း (0ct 10, 2008)
- ပြည့်ပိုင်မှူးအိမ် - ပန်းနုရောက်ပြကွက်ထဲက ကကြိုးလှတဲ့သတို့သမီး (oct 16, 2008)
- ပြည့်ပိုင်မှူးအိမ် - သတ္တမမြောက်နတ်သမီး ( oct 16, 2008 )
- ပြည့်ပိုင်မှူးအိမ် - ခြံခုန်တဲ့ကြယ် ( oct 16, 2008 )
- ပြည့်ပိုင်မှူးအိမ် - အချစ်နဲ့နက္ခတ် ( oct 16, 2008 )
- ပြည့်ပိုင်မှူးအိမ် - နွေရင်ခွင်အတွက်နှင်းစက်အနမ်း ( oct 16, 2008 )
- ပြည့်ပိုင်မှူးအိမ် - ချစ်သူကိုတိုင် သွန်းခတ်ခဲ့သောသစ်သီးများ ( oct 16, 2008 )
- ပြည့်ပိုင်မှူးအိမ် - မိုးရထားပေါ်က လက်ပြတဲ့ကောင်မလေး ( oct 16, 2008 )
- ပြည့်ပိုင်မှူးအိမ် -မိုးကောင်းကင် လှည့်စားတဲ့ကြယ် ( oct 16, 2008 )
- ပြည့်ပိုင်မှူးအိမ် - အချစ်ကိုကြက်ခြေမခတ်ကြေး ( oct 16, 2008 )
- မဟာဆွေ - အင်္ကျီပါး (Nov 28, 2008)
- မဟာဆွေ - သူပုန်ကြီး ( Nov 28, 2008)
- မဟာဆွေ - စာရေးကြီး (Nov 28, 2009)
- မင်းခိုက်စိုးစန် -ဖိုးသူတော်ပြောသောပုံပြင်
- မင်းခိုက်စိုးစန် - ချောင်းကြည်တတ်သူတစ်ယောက်ရဲ့ည (06/27)
- မင်းခိုက်စိုးစံ - စိုမှာစိုးလို့ မိုးမိတယ်(08/19)
- မင်းခိုက်စိုးစံ - ခေတ်တစ်ခု၏အစ အဓိပါယ်တစ်ခု၏အဆုံး (08/19)
- မင်းခိုက်စိုးစံ - သုည (08/19)
- မင်းခိုက်စိုးစံ - ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက် လမ်းဆုံ (08/19)
- မင်းခိုက်စိုးစံ - ကော်ဖီည (08/19)
- မင်းခိုက်စိုးစန် - ကလေးအတွေး (08/19)
- မင်းလူ - သင်္ခါရများ
- မင်းလူ - ခေါင်းလောင်းထိုးသောဝတ္ထုတိုများ (06/26)
- မင်းလူ - အချစ်လို့အဓိပါယ်သက်ရောက်ခြင်းမရှိစေရ (06/26)
- မင်းလူ - ငိုအားနဲ့ရယ်အား (06/27)
- မင်းလူ - ခြေစစ်ပွဲများ - ၀တ္ထုတို (06/27)
- မင်းလူ - အဖွားကြီးသုံးယောက်နဲ့စကားပြောခြင်း (၀တ္ထုတို) ( 06/26)
- မင်းလူ - ဒေ၀တာမြို့တော်-၀တ္ထုတို (06/27)
- မင်းလူ-စိန်အလွမ်း (06/27)
- မင်းလူ - အီးကော်လံ-၀တ္ထုတို (06/27)
- မင်းလူ - လေထန်ဖုန်း-၀တ္ထုတို (06/27)
- မင်းလူ - ခြေစစ်ပွဲများ - ၀တ္ထုတို (06/27)
- မင်းလူ - ညာဏ်စမ်းပုစ္ဆာ-၀တ္ထုတို(06/27)
- မင်းလူ - ဖူးစာရှင်ကိုရွေးတော့မည်-၀တ္ထုတို (06/27)
- မင်းလူ-ပြတိုက်ထဲက ပြဇာတ် (06/27)
- မင်းလူ - ငါးလေးတစ်ကောင်ဖမ်းမိတယ် - ၀တ္ထုတို (06/27)
- မင်းလူ - ချစ်မြှားရှင်အစ ချစ်မြှားရှင်အဆုံး (Nov 28, 2008)
- မင်းသိခ်-မြနန်းနွယ် (07/20)
- မင်းသိခ်-မိုးနဲ့မြေ (07/20)
- မင်းသိင်္ခ - မ "တတ်ပါ့" (07/20)
- မင်းသိခ်-မနောမရမြသက်လည် (07/20)
- မင်းသိခ်-မနောမရကိုပီတာ (07/20)
- မင်းသိင်္ခ - မြိုင်ဟေ၀န် (07/24)
- မင်းသိင်္ခ - ပုဏ္ဏားဘကွန်း အပိုင်း၁ အပိုင်း ၂ (07/24)
- မင်းသိင်္ခ - တစ်ပွဲစားဦးနှော အပါအ၀င် အခြားဝတ္ထုတိုများ (07/24)
- မင်းသိင်္ခ - မိုးနဲ့အတူ (07/24)
- မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်နဲ့ မြိုင်မဟာမမြလေး (07/24)
- မင်းသိင်္ခ -ပေတလူ ( 07/24)
- မင်းသိင်္ခ - ဖြစ်ချင်ရာဖြစ် မောင်ဘချစ် အပိုင်း ၁ အပိုင်း ၂ (07/24)
- မင်းသိင်္ခ - မအောင်ရင် ( 07/24)
- မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်နဲ့ ပျားဆွဲသောမုတ်ဆိတ် (07/24)
- မင်းသိခ်-ဘမျိုးဘိုးတူဘယ်သ န်ဘမှန် (07/20) (pdf)
- မင်းသိခ် - မမင်းဖြူမှန်မှန်ပြော (Nov 28, 2008)
- မြသန်းတင့် - လာခြင်းကောင်းသောအရှင်သခင် (ဘာသာပြန်) (07/29)
- မြသန်းတင့်၊သက်အောင် - သမိုင်းစကားပန်းစကားနှင့် အခြားရသစာတမ်းများ (07/29)
-ဲမြသန်းတင့် - လက်ဖက်ရည်ဆိုင် (ဘာသာပြန်) (07/29)
- မြသန်းတင့် - ဂျူပီတာဖိုက် (07/08)
- မြသန်းတင့် - မော်ဒန်ကဗျာနှင့်ပတ်သက်၍ (07/29)
- မြသန်းတင့် - ကြာညိုနံသင်းသောရေ၀တီမ (07/29)
- မြသန်းတင့် - ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် (07/29)
- မြသန်းတင့် မှောင်မိုက်မှာငို (ဘာသာပြန်) (07/29)
- မြသန်းတင့် - တိမ်းရှောင်သူ (ဘာသာပြန်) (07/29)
- မြသန်းတင့် - ၏ကရီဖွားစော (ဘာသာပြန်) (07/29)
- မြသန်းတင့် -မှော်ရုံတော်မှာ မောလှပြီ(ဘာသာပြန်) (07/29)
- မြသန်းတင့် - စာရေးခြင်းအတတ်ပညာ (ဘာသာပြန်) (07/08)
-ဲမြသန်းသင့် - လမင်းကိုထရံပေါက်မှချောင်း ကြည့်ခြင်း (07/29)
-ဲမြသန်းတသင့် - သြဂုတ်တစ္ဆေ နှင့် အခြားဝတ္ထုတိုများ (07/29)
- မြသန်းတင့် - ရေပွက်ပမာ .. (07/29)
- တက္ကသိုလ်ဘုန်းနိုင် - ညီမလေးရယ် စိုးရိမ်မိတယ်။(06/28)
- တက္ကသိုလ်ဘုန်းနိုင် - မောင်ဘ၀ ညအလားကွယ် (06/27)
- တက္ကသိုလ် ဘုန်းနိုင် - ဝသန်လေချိန်မှန်ကူး
- တက္ကသိုလ် ဘုန်းနိုင်- ရှားလော့ဒေ၀ီနှင့် ဘာသာပြန် ကဗျာများ ( 07/15)
- တက္ကသိုလ် ဘုန်းနိုင် - ပညာရဲ့ သဘော (07/16)
- တက္ကသိုလ် ဘုန်းနိုင် - တန်ခူးလေနှင့်လျောတော့သည် (07/16)
- တက္ကသိုလ်ဘုန်းနိုင် - မိုးတွေရွာမှဖြစ်လျှင်ကွယ် (Nov 28, 2008)
- တက္ကသိုလ်ဘုန်းနိုင် - နှင်းငွေ့တစ်ထောင့် မိုးတစ်မှောင့် (Nov 28, 2009)
- တက္ကသိုလ်ဘုန်းနိုင် - လွမ်း (Nov 28, 2008)
- တာရာမင်းဝေ - ပန်းခေတ်ကလမင်း
- တာရာမင်းဝေ-ကျွန်တော်နဲ့ဧဒ င်ကခြေသည်
- တာရာမင်းဝေ အရှေမြို့ ရိုးကမိုးရေစက်များ
- တာရာမင်းဝေ-ရွှေဖိနပ်မှာအစ မ်းရောင်ကြက်ခြေခတ်နဲ့ကောင်မလေး
- တာရာမင်းဝေ - ပြိုင်မြင်းတို့ရဲ့ခွာသံ
- တာရာမင်းဝေ-ကိုယ့်လက်နဲ့ဖမ်းမိတဲ့နဂါးငွေ့တန်း
- တာရာမင်းဝေ-ကောင်းကင်အကြွေ ကောက်တဲ့လက်.
- တာရာမင်းဝေ-မှော်ဆရာရဲ့ ကျောင်းစာအုပ်
- တာ၇ာမင်းဝေ ကျွန်တော်နဲ့ကြယ်မြင်လမြင် လောကဓံ
- တာရာမင်းဝေ သင်နှင့်နံနက်ခင်းကိုသာဝင် ခွင့်ပြုမည
- တာရာမင်းဝေ ကျွန်တော်နဲ့ကြေးသွန်းယဉ်ေ ကျးမှု
- တာရာမင်းဝေ ကိုးမရှိတဲ့န၀င်း
- တာရာမင်းဝေ - လရောင်ကိုပန်၍ ညယံ၌လည်း မွေးမွေးဖြူနိုင်ကြပါစေ (oct 11, 2008)
- တာရာမင်းဝေ - ကိုယ်ရေးကိုယ်တာ ပုရပိုက် (oct 11, 2008)
- တာရာမင်းဝေ - ရှူး (oct 11, 2008)
- တာရာမင်းဝေ - သူအိုးပုတ်လေး ကျွန်တော်ပြန်ပေးပါ (oct 11, 2008)
- တာရာမင်းဝေ -ပင်လယ်အတုထဲကကျွန်း (oct 11, 2008)
- ဒဂုန်ရွှေမျှား - ရုပ်ထုကျိန်စာ (09/03)
- ဒဂုန်ရွှေမျှား - ရွှေစင်နတ်ဘုရား (ဘာသာပြန်) (09/03)\
- ဒဂုန်ရွှေမျှား -ရောဘ့်ဘင်ဆင်ကရူဆိုး (09/03)
- ဒဂုန်ရွှေမျှား -သုံးဖော်ညီနောင် (09/03)
- ဒဂုန်ရွှေမျှား - စောရသက်ပြင်း (09/03)
- ဒဂုန်ရွှေမျှား - ငယ်ကချစ်အနှစ်တရာ (09/03)
- ဒဂုန်ရွှေမျှား -လုသစ်ပင်နှင့် ဖြစ်ရပ်ဆန်းကြယ်ဝတ္ထုများ (09/03)
- ဒဂုန်ရွှေမျှား - ကျွန်းမင်းသား (09/03)
- ဒဂုန်ရွှေမျှား - ကမ္ဘာကိုကိုင်လှုပ်သူ (09/03)
- ဒဂုန်ရွှေမျှား - ကဗလာနီအောက်ဝယ် (09/03)
- ဒဂုန်ရွှေမျှား - ထောင်မင်းသား ဦးဘိုးထော် (09/03)
- ဒဂုန်ရွှေမျှား - အီဂျစ်ဘုရင်မာယာရှင် (09/03)
- ဒဂုန်ရွှေမျှား - ချစ်သွေးဧကရီ(09/03)
- ဒဂုန်ရွှေမျှား - ဘ၀မုန်တိုင်း (09/03)
- ဒဂုန်ရွှေမျှား - မေ၀ါ၏ကလဲံ့စား (09/03)
- နန္ဒ - လေးရူးသုန်သုန် (ဘာသာပြန်) (07/29)
- နီကိုရဲ - ဇွတ်
- နီကိုရဲ - ကျွန်တော်နဲ့ဈေးသည်အလွဲများ
- နီကိုရဲ - ပန်းပွင့်ကိုဖယ်ကြည့်မှမြင်ရမဲ့လမင်း (06/27)
- နီကိုရဲ - ကျွန်တော်နဲ့ဈေးသည်အလွဲများ (06/27)
- နီကိုရဲ - နှလုံးသားထဲကြွက်ဝင်နေသည်။ (07/08)
- နီကိုရဲ - လှည့်စား (07/08)
- နီကိုရဲ - အိုးလေး - (oct 11, 2008)
- နတ်နွယ် - ကမ္ဘာစာပေ တစေ့တစောင်း (08/28)
- နတ်နွယ် - ရတနာလှိုဏ်ဂူ (ဘာသာပြန်) (08/28)
- နတ်နွယ် - မိုဗစ်ဗီးယား၏ အတိုင်းအတာနဲ့ အခြားဝတ္ထုတိုများ (08/28)
- နတ်နွယ် - ရေအောက်တစ္ဆေ (ဘာသာပြန်)
- နတ်နွယ် - အလည်လာတဲ့မိန်းကလေးရယ် (08/28)
- နတ်နွယ် - မင်းမှာသစ္စာလူမှာကတိ (ဘာသာပြန်) (08/28)
- နတ်နွယ် - ဒက်ဇယ်လာ (08/28)
- နွမ်ဂျာသိုင်း - တစ်မျိုးညာနွဲ့ သွေမဖယ် ပိုးပါနဲ့မေရယ် (Nov 28, 2008)
- နွမ်ဂျာသိုင်း - နွေလေကညင်း (Nov 28, 2008)
- ရွှေဥဒေါင်း - ဆော်လမွန်သိုက် (Nov 25, 2008)
- ရွှေဥဒေါင်း - သူရဲကောင်းသုံးယောက် အပိုင်း၁ အပိုင်း၂ အပိုင်း၃ (Nov 25, 2008)
- ရွှေဥဒေါင်း - ဆင်စွယ်မင်းသမီး အပိုင်း၁ အပိုင်း၂ (Nov 25, 2008)
- ရွှေဥဒေါင်း - ဗတ်စကာဗျီလ်ခွေးကြီး အပိုင်း၁ အပိုင်း၂ (Nov 25, 2008)
- ရွှေဥဒေါင်း - ရတနာပုံ (Nov 25,2008)
- ရွှေဥဒေါင်း - အတွေးအမြင်နှင့် ရှူထောင့် (Nov 25, 2008)
- ရွှေဥဒေါင်း - တသက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များ (Nov 25, 2008)
- ရွှေဥဒေါင်း - မြသက်မော် (Nov 25, 2008)
- လယ်တွင်းသားစောချစ် - ပန်းများကိုမွေးစေသူ (07/04)
- ၀တ္ထုတိုများ - ဆရာစုံ (06/26)
- ဝေမူးသွင် - ၀တ်မှုန်ကူးတဲ့ကြယ် ( oct 09, 2008 )
- ဝေမူးသွင် - စိတ်ကောက်နတ်သမီး (oct 09,2008)
- ဝေမူးသွင် - ကျူးပစ်ဒ်ကိုတိုင်မသိတဲ့ မြှားတစ်စင်းအကြောင်း (oct 09,2008)
- ဝေမူးသွင် - သံယောဇဉ်ဖတ်စာ (oct 09,2008)
- ဝေမူးသွင် - လူပျောက်ကြော်ုငြာ (oct 09,2008)
- ဝေမူးသွင် - တစ်ခါတစ်ရံများ (oct 09,2008)
- ဝေမူးသွင် - ချစ်သူပြောတဲ့တနင်္ဂနွေပုံပြ င် (oct 09,2008)
- ဝေမူးသွင် - စက္ကုပန်းတွေရဲ့သီချင်း (oct 09,2008)
- ဝေမူးသွင် - အသဲကွဲလူရွင်တော် (oct 09,2008)
- ဝေမူးသွင် - အဆင့်မြင့်ချည်တိုင် (oct 09,2008)
- သုခ - ဒီဆောင်းဟေမာန် (Nov 28,2008)
- သုခ - ဂုဏ်ရည်မတူလို့လား (13 January, 2009)
- သိပ္ပံမောင်ဝ - အဟိတ်…၀တ္ထုဇာတ်လမ်းများ (06/28)
- သိပွံမောင်ဝ - စစ်အတွင်းနေစဉ်မှတ်တမ်း (Nov 28, 2009)
- အကြည်တော် - စွယ်စုံလက်ဆောင်
- အကြည်တော် - လှအိုးကွဲ
- အကြည်တော် - သံသရာရထား
- အကြည်တော် - ယ္ခောမနဲ့တစ်ထောင့်တစ်ည (06/27)
- အကြည်တော်-ကျွန်တော်ချစ်သူပြောပြတဲ့သူချစ်သူအကြောင်း (06/27)
- အကြည်တော် - ဆွေတစ်ရာမောင်တစ်ကျိပ် (06/27)
- အကြည်တော် - သဲလှည်း(06/27)
- အကြည်တော် - အိမ် အပိုင်း(၁) ( 06/27)
- အကြည်တော် - အိမ် အပိုင်း(၂) -(06/27)
- အကြည်တော် - အိုင်အိုဒင်းကိုကိုကြီးနှင့် … (07/04)
- အကြည်တော် - ရီတန်းအောဖ့်ဘီလုး (07/05)
- အကြည်တော် - ကျွန်တော်ထောင်းသောပေါင်များ (09/07)
- အကြည်တော် - ပိုးကောင်များ (09/07)
- အကြည်တော် - မိုးတိမ်ပုံပြင် (09/07)
- အကြည်တော် -အိမ်မက်အပိုဒ်ခွဲ ၉ (09/07)
- အကြည်တော် - တောသားကြီး (09/07)
- အကြည်တော် - တခါက .. ငယ်ငယ်လေးတွေ (09/07)
- အကြည်တော် - ကဝေပျိုနိဒါန်း (09/07)
- အကြည်တော် - ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ် (09/07)
- အကြည်တော် - ပြတ်ထွက်သွားသော ကျောရိုးဆစ်လေးများ (09/07)
- အကြည်တော် - နတ်နေကိုင်း (09/07)
- အကြည်တော် - ရွှေမိုးသည်း (09/07)
- အကြည်တော် - ခင်မှုန်မင်္ဂလာဆောင် (09/07)
- အကြည်တော် - ဟဒယတက်ကျမ်း (09/07)
- အကြည်တော် - ဇော်က . ကနေသည် (09/07)
- အကြည်တော် - နတ်ပြည် နံနက်ခင်း (09/07)
- အကြည်တော် - ဘီလူး (09/21)
- အထင်ကရ - မင်းနဲ့ကိုယ် (Nov 28, 2008)
- အထင်ကရ - ကောင်လေးချစ်တဲ့သူ (Nov 28, 2008)
- အထင်ကရ - သူဖန်ဆန်းတဲ့သင်္ကြန် (Nov 28, 2009)
- အီကြာကွေး - တွေ့ရကြုံရရှတတလေးတွေ (06/30)
- အီကြာကွေး - နတ်ရူးတို့ကြောင်နိုင်ပါပေ့ (06/30)
- ကလျာ - ဆောင်းဆည်းဆာ(Dec 23, 2008)
- ကြည်အေး - မိ(06/28)
- ကြည်အေး - အပြင်ကလူ(06/28)
- ကြည်အေး - နွမ်းလျအိမ်ပြန် (Dec 23, 2008)
- ကြည်အေး - ကျွန်မပညာသည် (Dec 23, 2008)
- ဒဂုန်တာရာ + ကြည်အေး - စမ်းမြညတစ်ည (Dec 23, 2008)
- ခင်ခင်ထူး - ဆံရစ်ဝိုင်း ၀တ္ထုတိုများ (Dec 23, 2008)
- ခင်မျိုးချစ် - ကိုင်းပြောလိုက်စမ်းကွယ် သောင်းပြောင်းထွေလာ (Dec 23, 2008)
- ခင်မျိုးချစ်ဂျူနီယာဝင်း - ဆယ်နှစ်လရာသီပန်းများနှင့် ပွဲတော်များ (06/30)
- ခင်ဆွေဦး - ဒို့တိုင်ဌာနီ (Dec 23, 2008)
- ခင်နှင်းယု - လာခြင်းကောင်းသောလူကလေး (Dec 23, 2008)
- ခင်နှင်းယု - မွှေး (Dec 23, 2008)
- ခင်နှင်းယု - ဘယ်လိုသောအကြောင်းကြောင့်( Dec 23, 2008)
- ဂျာနယ်ကျော်မမလေး - သွေး (07/04)
- ဂျာနယ်ကျော်မမလေး - မုန်း၍မဟူ (07/04)
- ဂျာနယ်ကျော်မမလေး - အဖြူ (၀တ္ထုတို) (Nov 28, 2008)
- ဂျာနယ်ကျော်မမလေး - မေ့အိမ်မက် (Dec 23, 2008)
- ဂျာနယ်ကျော်မမလေး - ပျိုလေးတို့အိမ်ခေါင်မိုး( ၀တ္ထုတို)(Dec 23, 2008)
- ဂျူး - ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့
- ဂျူး - လရဲ့အောက်ဖက်မိုင်အဝေးမှာ
- ဂျူး - ကံကြမာကိုမယုံကြသူများ
- ဂျူး - ကျွန်မ၏သစ်ပင် (06/30)
- ဂျူး -ကြယ်ကြွေတို့အတောင်ပံ (06/30)
- ဂျူး - ကျွန်မချစ်တြဲ့မို့တစ်မြို့ (06/31)
- ဂျူး - ချစ်သူရေးတဲ့ကျွန်မ၏ည (06/31)
- ဂျူး - မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက် (06/30)
- ဂျူး - ကြယ်စင်တံတားကမ်းပါးနှင်ြး ဖူ (06/30)
- ဂျူး"ဆဲတတ်သူများနှင့် တစ်ညနေ"
- ဂျူး- ကျွန်မတို့မိန်းမတွေ - ၀တ္ထုတို (06/30)
- ဂျူး - ရဲရင့်သော နှလုံးသား-၀တ္ထုတို (06/30)
- ဂျူး - တွေ့ချင်လှပြီ-၀တ္ထုတို (06/30)
- ဂျုး - အ၀ါရောင်ရထား (၀တ္ထုတို) (06/30)
- ဂျူး -ရေမျောသီး - ၀တ္ထုတို (06/30)
- ဂျူး - ဖျားနေတဲ့မြို့-၀တ္ထုတို (06/30)
- ဂျူး - နာမည်နဲ့အသက်-၀တ္ထုတို (06/30)
- ဂျူး -မိန်းမနှစ်ယောက်-၀တ္ထုတို( 06/30)
- ဂျူး - အနှပညာရှင်များနဲ့စံလက်ရာများ - ၀တ္ထုတို (06/30)
- ဂျူး - လေထဲမှာကပျံဝဲကျသူများ (၀တ္ထုတို) (06/30)
- ဂျူး - ကောင်းကင်မပါသောည (၀တ္ထုတို) (06/30)
- ဂျူး - သူတို့တွန်းအားကြောင့်ကျွန်တော်လုပ်မိသွားတာပါ။ (၀တ္ထုတို) (
- ဂျူး -မြရဲ့လ-၀တ္ထုတို (06/30)
- ဂျူး -မတော်တရော်-၀တ္ထုတို (06/30)
- ဂျူး — ပြတင်းပေါက်-၀တ္ထုတို (06/30)
- ဂျူး - ကမ္ဘာမြေရဲ့ချစ်သူ-၀တ္ထုတို (06/30)
- ဂျူး - ဘ၀ဇာတ်စရာ (၀တ္ထုတိုများ) (06/30)
- ဂျူး - ငါးမျှားခြင်း - ၀တ္ထုတို (06/30)
- ဂျူး - လူနဲ့ကြိုး - ၀တ္ထုတို (06/30)
- ဂျူး - ရေမျောသီ-၀တ္ထုတို (06/30)
- ဂျူး - ၀တ္ထုတိုများ (06/30)
- ဂျူး — ကမ္ဘာမြေရဲ့ချစ်သူ (Dec 23, 2008)
- ဂျူး - ရွက်လှေများ (၀တ္ထုတို) (Dec 23, 2008)
- ဂျူး - ပင်လယ်နဲ့တူသောမိန်းမများ (Dec 23, 2008)
- စမ်းစမ်းနွဲ့(သာယာဝတီ) - နေပန်းပွင့်ရဲ့ အပြာရောင်စာမျက်နှာသစ် (Dec 23, 2008)
- စိုးမြတ်သူဇာ - feeling 35 (06/30)
- စိုးမြတ်သူဇာ - အနားသတ်သစ္စာ (Nov 28,2008)
- ဆွေဆွေအောင် - လွယ်အိတ်ကလေး (Dec 23, 2008)
- ဆွေဆွေအောင် - လူညာကြီး (Dec 23, 2008)
- ညိုနှင်းအိမ် - အိမ်မက်ပန်း အလွမ်းနှင်းဆီ (Dec 23, 2008)
- ပုညခင်- ယောင်္ကျားတစ်ယောက်ရဲ့ ဖြစ်တည်မူ(Nov 11,2008)
- ပုညခင်- ကြယ်တစ်ပွင့်နဲ့ စံပယ်ဖြူ (Nov 11,2008)
- ပုညခင်- လျှိုဝှက်တိတ်ဆိတ်သော (Nov 11,2008)
- ပုညခင်- အချစ်နဲ့ကကြိုး (Nov 11,2008)
- ပုညခင်- ညခင်းရဲ့ လမင်း(Nov 11,2008)
- ပုညခင်- ကဗျာမမှီ (Nov 11,2008)
- ပုညခင်- ချစ်သူရှိတဲ့မိန်းမ (Nov 11,2008)
- မချိုမော်+ချစ်စံဝင်း - ဒေါင်းဖတ်စာပုံပြင်များ (Dec 23, 2008)
- မစန္ဒာ - ငြိုးမာန်ဖွဲ့သူရယ်
- မစန္ဒာ - ငယ်သူမို့မသိပါ
- မစန္ဒာ -န က်ဖြန်ခါ (07/08)
- မစန္ဒာ - တိမ်ဖုံးလို့လမသာ..(07/08)
- မစန္ဒာ - စိမ်းရွက်တစ်ဝေေ၀ (07/08)
- မစန္ဒာ - ဂျီဟောသူ (07/08/08)
- မစန္ဒာ - ဆံဌဂံ(Dec 23, 2008)
- မစန္ဒာ - ပန်းပွင့်ခရေ(Dec 23, 2008)
- မစန္ဒာ - ပုစ္ဆာ (Dec 23, 2008)
- မစန္ဒာ - နှင်းဆီ(Dec 23, 2008)
- မစန္ဒာ - ၀တ္ထုတိုများ ၇ (Dec 23, 2008)
- မစန္ဒာ - ၀တ္ထုတိုများ ၄(Dec 23, 2008)
- မစန္ဒာ - အရိပ်(Dec 23, 2008)
- မဦး - ပန်းပွင့်မျက်နှာ လိပ်ပြာနှုတ်ခမ်း (၀တ္ထုတို) (Dec 23, 2008)
- မိုးငြိမ်းဧ နွေနေအောက်မှာ .. ကြွေ(Dec 23, 2008)
- မိုးမိုး(အင်းယျား) - စိန်တစ်ပွင့်
- မိုးမိုး(အင်းလျား) - ၀တ္တုတိုများ ၄ (Nov 28,2009)
- မိုးမိုး(အင်းလျား) - မေတ္တာကမ်းနားအချစ်သစ်ပင် (Nov 28,2009)
- မိုးမိုး(အင်းလျား) - ဝေဒနာကြာပွင့်နီ(Nov 28,2009)
- မိုးမိုး(အင်းလျား) - ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား (Nov 28,2009)
- မိုးမိုး(အင်းလျား) - မသုဓမ္မစာရီ (Nov 28,2009)
- မိုးမိုး(အင်းလျား) ဘယ်သူလာကူပါမယ် (Nov 28,2009)
- မိုးမိုး(အင်းလျား) - မှတစ်ဆင့် (Nov 28,2009)
- မိုးမိုး(အင်းလျား) - ဂျိုး (Nov 28,2009)
- မိုးမိုး(အင်းလျား) - ပျောက်သောလမ်းမှာစမ်းတ၀ါး (Nov 28,2009)
- မိုးမိုး(အင်းလျား) - မြူမှောင်ဝေကင်း Nov 28,2009)
- မိုးမိုး(အင်းလျား) - မီးရောင်အောက်ကိုဝင်လျှင် (Nov 28,2009)
- မိုးမိုး(အင်းလျား) - မြန်မာပြည်တွင်နေကြသည်။ (Nov 28,2009)
- ရှင်မိုး(ဆေးတက္ကသိုလ်) - နေခြည်သစ်နှင့်စတင်ခြင်း (Dec 23, 2008)
- ရှား - အဖော် (Dec 23, 2008)
- လမင်းမို့မို့ - မောင် (Nov 28, 2008)
- လူထုဒေါ်အမာ - မြန်မာမဟာဂီတ (Dec 23, 2008)
- လွန်းထားထား - မာန၏နောက်ဆက်တွဲများ (06/30)
- ၀င်းဝင်းမြင့်(နန်းတော်ရှေ့ ) - ပန်းတစ်ပွင့်ရဲ့ရင်ခုန်သံ (Dec 23, 2008)
- ဝေေ၀အောင် - ပွင့်ဦးခြွေသူ(Dec 23, 2008)
- ဝေေ၀အောင် - ကျွန်မရဲ့ပင့်ကူ (Dec 23, 2008)
- ဝေေ၀အောင် - နေရောင်လွမ်းတဲ့မိုးပြာကော င်းကင် (Dec 23, 2008)
- ဝေေ၀အောင် - ခါချဉ်တစ်ကောင်အကြောင်း (Dec 23, 2008)
- ဒေါက်တာနန်းဥမ္မာ - က္ကထ္တိယနဲ့ ဆေးပညာ (Nov 28, 2009)
- နုနုရည်(အင်းဝ) - ပြုံး၍လည်းကန့်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ (Nov 28, 2009)




A shivering dog remains loyally by the side of a stricken fellow canine amid the devastation of the Japanese tsunami. …