Tuesday, July 01, 2008

လှေလှော်ကြရင်းနေ၀င်ချိန်မှာ


လှေတစ်စင်းဟာ ဘ၀တစ်ခုဆိုရင်
ပဲ့ကိုင်ရှင်ကဒို့ မင်းကရောဘယ်နေရာက၀င်လာမလဲ
တက်မကိုင်သူအဖြစ်တဲ့ နေရာပေးမယ်ထင်လား
အတူတော့လှော်ရအောင်လေ
ဒါမှမဟုတ် ဒို့လှေကပေါက်နေယင် စိမ့်နေယင် ၀င်လာတဲ့ရေကိုခပ်ထုတ်တဲ့သူလား
နေရာပေးရမယ်တဲ့လား
ကိုယ့်ကိုယ်ကိုအားကိုးမိတဲ့အခါ ယုံပြီးပုံအပ်မိတဲ့အခါ အချစ်ဆိုတာကြောင့်သာပေါ့
လှေတစ်စင်းကို ဘ၀နှစ်ခုအဖြစ်ဖြစ်တည်ခွင့်ပေးတဲ့အခါ
နေ၀င်ဆည်းဆာချိန်အထိ ပျို့အန်လာမယ့်ညရိပ်လေးကို အတူစောင့်စားဖို့
အတူသာစီးနင်း အတူတက်ကိုင် ရေလေးခပ်ထုတ်ရင်း ခိုနားခွင့်လေးတော့ ပေးမိမယ်...

No comments: