Tuesday, July 01, 2008

ပန်းချီကားမဟုတ်တဲ့သဘာဝတရား


ဟန်ဆောင်ထားရင်တောင်အံဝင်ခွင်ကျမတဲ့လား
မဖြစ်နိုင်တာက သဘာဝတစ်ခုဟာ ပန်းချီတော့မဟုတ်ဘူး
ဓါတ်ပုံတော့ရိုက်နိုင်တယ် ဒါပေမယ့်လက်တွေ့ကျကျပျော်ဝင်ခွင့်တော့ရမှာမဟုတ်ဘူး
အစစ်တွေရချင်ယင်အစစ်ကိုပုံအောလိုက်လေ
ဒါဆိုသဘာဝတစ်ခုဟာ ပန်းချီထက်ရောင်းဈေးမဖြတ်နိုင်တဲ့အရာလို ကြီးမြင့်သွားမယ်
ထင်မြင်ရာဟန်ဆောင်ကာ ဖန်တစ်ရာတေဇာတ်ခင်းမယ်ဆိုရင်တော့
ဓါတ်ပုံရိုက်လို့မရတဲ့ တစ္ဆေအဖြစ် ငရဲထက်နက်တဲ့ချောက်ထဲမှာ ရဲရဲနီတဲ့အပူများနဲ့ နေရစ်လေ
အရောင်စုံတဲ့သဘာဝဟာ စစ်မှန်တဲ့ရိုးသားမှုနဲ့အတူ ဖြူစင်စွာရပ်တည်ခွင့်ရထားတယ်
ဒါကိုဓါတ်ပုံရိုက်ဖို့ကြိုးစားမှာလား
ထိန်းသိမ်းဖို့စဉ်းစားပါလားဟာ...

No comments: