စာ
မွန်းကျပ်ပိတ်လှောင်နေတဲ့ အခန်းကျဉ်းထဲ
ကွေးကွေးလေးတုပ်နေတဲ့ ဒီပုဆစ်
တဆစ်ဆစ်ကိုက်ခဲနေတာမို့
မျှော်ကြည့်မိ အပြင်ဘက်ဆီကို
ထွင်းထားတဲ့ ပြတင်းလေးထဲ
ငေးမိတဲ့ ငါ့အဖြစ်
မဆီလေးရယ်မှ တယ်မဆိုင်တဲ့
ယိုင်တိုင်တိုင် ဟိုအတွေးကို
အမှတ်မဲ့ ပုတ်ထုတ်မိစဉ်မတော့
သောင်မဲ့ကမ်း ပရမ်းပတာအခန်းမှာ
သော့မရှိ ပေးသူနတ္ထိသာမို့
နယ်လွန်ဒီစိတ်ကို
သိမ်းလိုက်ပေါ့ စာအဖြစ်နဲ့
အစောင်စောင်ထပ်ကာထားမိရဲ့
အတွေးများနဲ့ လန်း....................။
...
2 comments:
ပထမဆုံး လာလည်တာပါ။ ကဗျာလေး ကောင်းပါတယ်။
ဆက်လက်ရေးပါ။ အားပေးပါတယ်။
မနီ
လာရောက်ခံစားသွားပါတယ်
အကောင်းတကာ့ အကောင်းဆုံးတွေနဲ့ အများကြီးရေးနိုင်ပါစေ
သူငယ်ချင်း
Post a Comment