Wednesday, September 03, 2008

သက်ငြိမ်မှတ်တမ်း

အသက်ရှူသံများနဲ့ အတူ
ရင်ခုန်သံနဲ့ထပ်တူ တိုးတိတ်ညင်သာတဲ့ ခံစားချက်ကလေးတွေကို နူးညံ့သက်ရောက်မိတဲ့အခါ
ထာဝရကျကွဲသွားတဲ့ မာကျောကျော အတ္တကို ကိုယ်ငုံ့ကြည့်မိတဲ့အခါ ရင်မှာနှမြောတသမိတဲ့ခံစားချက်လေး စိုးစဉ်းမျှမရှိတာကို
ဝမ်းသာမိတယ်.........။

မထင်မှတ်တဲ့အချိန်တိုင်းမှာ လုံးဝမျှော်မှန်းမထားတဲ့ အရာတချို့ကို အဲဒီအထဲမှာ ခံစားချက်တွေ သံစဉ်တွေ
မျှော်လင့်ချက်တွေနဲ့ အရူးအမူးတိမ်းညွှတ်မိတဲ့အခါ ထာဝစဉ်သိုဝှက်ထားမိတဲ့ ရှက်ရွံ့ရင်ခုန်ခြင်းကိုလည်း
ခါးသီးစွာစွန့်လွှတ်လိုက်တယ်ဆိုတာ သိလိုက်ခံစားလိုက်ရတဲ့အချိန်လေးမှာ ကိုယ့်ရင်မှာ ရှက်ပြုံးမဟုတ်တဲ့
အလှပဆုံးအပြုံးတစ်ပွင့်ကိုလည်း ဖန်တီးလိုက်ပြီးသား.........။

ဟင်းလင်းပြင်အာကာသကြီးကို မော်ကြည့်လိုက်တဲ့အခါ နွေးထွေးတဲ့ငြိမ်သက်မှုတစ်ခုက အနားမှာညင်သာတဲ့ယုယမှုတပွေ့တပိုက်နဲ့
ယှဉ်လျက်ရှိနေသေးတာကို မျက်လုံးမဖွင့် အသိစိတ်ကင်း နေတဲ့အချိန်တွေမှာတောင် လုံးဝသိသာခံစားနေရတဲ့အခါ
ဝေယံထဲမှာ ရွက်လွှင့်ပျံသန်းယင်း လုံခြုံမှုခပ်သိမ်းပိုင်ဆိုင်နေရတယ်လို့ ခံစားလိုက်တယ်.........။

ယုံကြည်နားလည်မှုတွေ အားပေးနိုင်မယ့်စိတ်စေစားမှုအားလုံး ဖြစ်တည်ပေါ်ပေါက်လာစေတဲ့ လက်မရေးပန်းချီကားလေးတစ်ချပ်
ကို အတူဆွဲနေတဲ့ ဘဝပိုင်ရှင်ကို အမြဲဆိုးနွဲ့ချင်နေတဲ့အခါ ပွင့်လင်းစွာပေါက်ကွဲခွင့်ရနေတာကို ကြည်နူးနှစ်သိမ့်ပျော်မွေ့နေမိတယ်
ဆိုတာ သိမြင်ထားရတဲ့နောက် ကိုယ်လုံးဝတစ်စုံတစ်ရာကို ယုံကြည်မိသွားတယ်..........။




..

No comments: