Friday, June 27, 2008

အချစ်လေးနဲ့နေတဲ့မေ

အချစ်ကိုငြင်းစကားပြောတတ်ခါစကတော့လုံးဝအေးဆေးဘဲလို့
မော့တော့တော့ကိုယ့်အဖြစ်ကို မော်ကြွားခဲ့မိပေမယ့် အချိန်တွေရလာတာနဲ့အမျှ ကြုံခဲ့ရမေလေးဘ၀မှာ
ချစ်ကြတဲ့ကိုယ်တော်တွေဆီက ရခဲ့ရတဲ့အချစ်အမုန်းရသအစုံစုံမကုန်နိုင်မခန်းနိုင်ရပေါင်းများလာတော့
ဟင်းခနဲ့သက်ပြင်းတင်မကသက်မပါချချင်စိတ်အခါခါပေါက်နေရတယ်လေ ခုတော့လည်းတစ်ယောက်တည်း
ကိုယ့်ဘ၀လမ်းပိုလန်းလာအောင်စိတ်ဆောင်ကိုယ်အောင်အောင်စွမ်းဆောင်နေရတာလည်းဆယ်စုနှစ်
များစွာခုဆိုဆယ်စုနှစ်၃စုနီးနီးရှိပြီပေါ့လေ
အချစ်ဆိုတာစတွေ့ပုံကအထီးကျန်နေရပ်တစ်ခုမှာကျင်လည်မိရာကစခဲ့ပါတယ်။ မိတ်ဆွေဆိုတာသူငယ်ချင်းလား အချစ်ဆုံးဆိုတာနားလည်ပေးနိုင်ဆုံးသူလား လက်ထပ်ဖို့ရည်ရွယ်သူလား ဆိုတာကို ဒဿနဆန်ဆန်တွေးမတတ်သေးခင်ကပေါ့ သူဆိုတဲ့တစ်ယောက်သောသူကအချစ်ဆိုတာကို
သူနားလည်လက်ခံထားသလိုပေးသွားလေရဲ့ အင်းကိုယ့်မှာတော့ပျော်ဝင်မတတ်တတတ်ပေါ့ ရင်ခုန်တာဒါလား
အချစ်ကဒါလား မဝေခွဲတတ်ခဲ့တဲ့အဲဒီအချိန်မှာအတ္တတွေကလည်းခေါင်းပြူလာလိုက်ကြတာဆုံးရှုံးမှုတစ်ခု
ရင်ဝယ်ပိုင်ပိုင်ပိုက်မိကာမှငုပ်လျှိုးသွားကြတာ မပြောချင်တော့ပါဘူး အင်းသွေးပူတုန်းခဏတော့အားလုံး
ကိုအပြစ်ပုံချလုပ်ရက်လေချင်းပေါ့ သေချာအေးဆေးစဉ်းစားကြည့်လိုက်တော့အချစ်ဆိုတာထက်ယမက်
တွေကသာလွှမ်းခြုံခဲ့ကြတယ်လို့မြင်လာခဲ့တယ် ဒါပေမယ့်စိတ်ထဲကိုအစွန်းအထင်းလေးတစ်ခုရောက်လာ
ပြီဆိုတော့ အဲဒီအစွန်းအထင်းရဲ့နောက်ကစွဲလန်းတပ်မက်တတ်တဲ့ခံစားမှုတစ်ခုဟာလည်းကပ်ပါးပိုးလို
တွယ်ငြိခဲ့ပြီလေ လုံခြုံအောင်ထိန်းချုပ်မဟုတ်တရုတ်မလုပ်ဘူးလို့သိက္ခာကိုရှေ့တန်းတင်ရင်တွင်းဖြစ်ဘေး
ချိတ်ထားတဲ့တခဏပေါ်လာတဲ့ကမ်းလှမ်းမှုရဲ့နောက်ခံစားမိသွားတာကနားလည်ပေးနိုင်မှု သည်းခံနိုင်မှု
အင်းဒီထက်ပိုတာကတပ်မက်မှုမပါတဲ့လွမ်းမောမှုများစွာကိုဆွဲကိုင်ထားတဲ့အတွေးနဲ့အတူဖြည့်ဆည်း
ပေးချင်တဲ့နူးညံ့သိမ်မွေ့တဲ့အချစ်ဆိုတဲ့အရာကိုတွေ့ရှိပြီလို့ယုံကြည်နေမိတယ် ဟုတ်ရဲ့လားလို့တွေးယင်
ဟုတ်ပါတယ်လို့ထောက်ခံပေးနိုင်တဲ့အရာက တုံ့ပြန်တဲ့အချစ်ပေါ့...

No comments: