Thursday, June 26, 2008

ကြင်နာတတ်ကြပါသည်

အချိန်တော်တော်များများကြာပြီးတဲ့နောက်
လောကကြီးမှာကျင်လည်လာရတဲ့အခါ အချစ်ရဲ့ရသအဖုံဖုံကို
သူတလူငါတမင်းခံစားရင်းသူနိုင်ငါနိုင်အပြိုင်ကြဲမိပါရဲ့။
နေရာအတော်များများသွားပြီးတဲ့နောက်
ဒေါသကြီးစရာကြုံရဖန်များလာတဲ့အခါ အမုန်းခွန်အားအစုံကို
သူ`့ထက်ငါအနိုင်အယိုင်အလဲထိုးခဲ့မိပါရဲ့။
စေတနာအတော်များများထားခဲ့ပြီးတဲ့နောက်
ကွန်းခိုစရာရေကြည်အိုင်လေးကိုရှာရဖန်များလာတဲ့အခါ နားလည်မှုတစုံတရာကို
သူဆိုတဲ့ပိုင်ဆိုင်လိုမိသူကိုအပိုင်လည်းရခဲ့မိပါရဲ့။
အောင်မြင်မှုလက်တစ်ကမ်းမှာအနေကြာလာတဲ့အခါ
ဆုံးရှုံးမှုအတော်များများလက်ခံရရှိပြီးတဲ့နောက်
အကြင်နာတွယ်တာမှုလေးတွေကိုလည်းအောင်မြင်စွာရယူလိုမိပါရဲ့လေ။

...

No comments: