Friday, June 27, 2008

ခေတ်ပြိုင်မေ့နိုင်ချစ်ပိုင်ပိုင်

ဟေ့ လှည့်ကြည့်လိုက်တော့ပုပ်သိုးသိုး
ဟော ပြောကြည့်လိုက်တော့စူပုပ်ပုပ်
ဟဲ့ ငေါက်မိပြန်တော့ငိုမဲ့မဲ့
ဟေး ခေါ်လိုက်တော့သမင်လည်ပြန်စောင်းငဲ့ငဲ့
ဟူး မှုတ်ထုတ်မိတော့ချွေးတွေနဲ့
ဟင်း စိတ်လျှော့လိုက်တော့ဝေးပြီကွဲ့
(ခေတ်ပြိုင်)
အမြဲတမ်းယုံကြည်တယ်
မခွဲတမ်းကြင်နာမယ်
အစွဲအလန်းအားကြီးတယ်
ဆိုချင်ဆို ပိုချင်သလိုပို ငိုချင်သလိုငို
ခဲရာခဲဆစ်ချဲမှာဘဲ
(မေ့နိုင်)
ဗိုင်းရပ်စ်လေးဝင်သွားတယ်
ဆော့ဖ်ဝဲလေးနင်သွားမယ်
ဖျက်မိတော့ပျက်သွားတယ်
ပြန်ပြင်ယင်အရင်အတိုင်းဘဲ
ကောင်းမယ်လို့ထင်ပါနဲ့
ဒဏ်ရာမပေါ်အနာပေါင်းများစွာလည်း
ထင်မြင်စရာအပြစ်မပုံချင်ပါနဲ့
အော် ဒီတစ်ခါနံရိုးပျောက်ယင်ဖြင့်
မတွယ်တာထင်ရာစိုင်းတော့မယ်
မယ်ပိုင်ပိုင်ချစ်ကာသိမ်းထားတယ်
ဘေးဖြစ်တဲ့အချစ်
(ချစ်ပိုင်ပိုင်)...

အချစ်လေးနဲ့နေတဲ့မေ

အချစ်ကိုငြင်းစကားပြောတတ်ခါစကတော့လုံးဝအေးဆေးဘဲလို့
မော့တော့တော့ကိုယ့်အဖြစ်ကို မော်ကြွားခဲ့မိပေမယ့် အချိန်တွေရလာတာနဲ့အမျှ ကြုံခဲ့ရမေလေးဘ၀မှာ
ချစ်ကြတဲ့ကိုယ်တော်တွေဆီက ရခဲ့ရတဲ့အချစ်အမုန်းရသအစုံစုံမကုန်နိုင်မခန်းနိုင်ရပေါင်းများလာတော့
ဟင်းခနဲ့သက်ပြင်းတင်မကသက်မပါချချင်စိတ်အခါခါပေါက်နေရတယ်လေ ခုတော့လည်းတစ်ယောက်တည်း
ကိုယ့်ဘ၀လမ်းပိုလန်းလာအောင်စိတ်ဆောင်ကိုယ်အောင်အောင်စွမ်းဆောင်နေရတာလည်းဆယ်စုနှစ်
များစွာခုဆိုဆယ်စုနှစ်၃စုနီးနီးရှိပြီပေါ့လေ
အချစ်ဆိုတာစတွေ့ပုံကအထီးကျန်နေရပ်တစ်ခုမှာကျင်လည်မိရာကစခဲ့ပါတယ်။ မိတ်ဆွေဆိုတာသူငယ်ချင်းလား အချစ်ဆုံးဆိုတာနားလည်ပေးနိုင်ဆုံးသူလား လက်ထပ်ဖို့ရည်ရွယ်သူလား ဆိုတာကို ဒဿနဆန်ဆန်တွေးမတတ်သေးခင်ကပေါ့ သူဆိုတဲ့တစ်ယောက်သောသူကအချစ်ဆိုတာကို
သူနားလည်လက်ခံထားသလိုပေးသွားလေရဲ့ အင်းကိုယ့်မှာတော့ပျော်ဝင်မတတ်တတတ်ပေါ့ ရင်ခုန်တာဒါလား
အချစ်ကဒါလား မဝေခွဲတတ်ခဲ့တဲ့အဲဒီအချိန်မှာအတ္တတွေကလည်းခေါင်းပြူလာလိုက်ကြတာဆုံးရှုံးမှုတစ်ခု
ရင်ဝယ်ပိုင်ပိုင်ပိုက်မိကာမှငုပ်လျှိုးသွားကြတာ မပြောချင်တော့ပါဘူး အင်းသွေးပူတုန်းခဏတော့အားလုံး
ကိုအပြစ်ပုံချလုပ်ရက်လေချင်းပေါ့ သေချာအေးဆေးစဉ်းစားကြည့်လိုက်တော့အချစ်ဆိုတာထက်ယမက်
တွေကသာလွှမ်းခြုံခဲ့ကြတယ်လို့မြင်လာခဲ့တယ် ဒါပေမယ့်စိတ်ထဲကိုအစွန်းအထင်းလေးတစ်ခုရောက်လာ
ပြီဆိုတော့ အဲဒီအစွန်းအထင်းရဲ့နောက်ကစွဲလန်းတပ်မက်တတ်တဲ့ခံစားမှုတစ်ခုဟာလည်းကပ်ပါးပိုးလို
တွယ်ငြိခဲ့ပြီလေ လုံခြုံအောင်ထိန်းချုပ်မဟုတ်တရုတ်မလုပ်ဘူးလို့သိက္ခာကိုရှေ့တန်းတင်ရင်တွင်းဖြစ်ဘေး
ချိတ်ထားတဲ့တခဏပေါ်လာတဲ့ကမ်းလှမ်းမှုရဲ့နောက်ခံစားမိသွားတာကနားလည်ပေးနိုင်မှု သည်းခံနိုင်မှု
အင်းဒီထက်ပိုတာကတပ်မက်မှုမပါတဲ့လွမ်းမောမှုများစွာကိုဆွဲကိုင်ထားတဲ့အတွေးနဲ့အတူဖြည့်ဆည်း
ပေးချင်တဲ့နူးညံ့သိမ်မွေ့တဲ့အချစ်ဆိုတဲ့အရာကိုတွေ့ရှိပြီလို့ယုံကြည်နေမိတယ် ဟုတ်ရဲ့လားလို့တွေးယင်
ဟုတ်ပါတယ်လို့ထောက်ခံပေးနိုင်တဲ့အရာက တုံ့ပြန်တဲ့အချစ်ပေါ့...

နေ့စဉ်ဖြစ်စဉ်

နေ့တိုင်းကြုံနေရတဲ့အဖြစ်တွေက သူငယ်တန်းဖတ်စာထဲက
စာပိုဒ်လေးလိုပါဘဲလေ
မိုးလင်းစပြုပြီဆိုတာနဲ့ အော်တိုပွင့်မျက်ဝန်းအစုံက တမုဟုတ်ချင်းထထိုင်ချင်စိတ်ကိုနှိုးဆွပေး
ကတိုက်ကရိုက်ထဖို့စိုင်းပြင်း အိပ်ရာမသိမ်းနိုင်သေးခင် မန်းမန်းအိုးလေးခလုတ်ပြေးနှိပ်
မျက်နှာမသစ်နိုင်သေးခင် ဟင်းလျာကလေးပြေးချက်ကိုယ်ထင်ရွှေခေါင်းပြောင်နတ်သုဒ္ဓါပေါ့
အင်းအိပ်ရာထဲက၀က်ဝံရုပ်ကလေးပိုးလိုးပက်လက်ကိုတစ်ချက်ငဲ့ကြည့် ဒါကရောဂါ
နောက်မျက်နှာပြေးသစ် အဲဒီကြားထဲကတူးနံ့ထွက်စဟင်းအိုးကိုကမန်းကတန်းဖြုတ်
ဟုတ်တုတ်တုတ်ဖြစ်နေတုန်း အော်တိုမတက်တဲ့အရစ်ကျဆပ်ပေါင်းအိုးကတူးနံ့သာသာသင်းတပျံ့ပျံ့ ဖြစ်နေတာနဲ့ကြုံ မပလုံခင်အမြန်ပိတ် တိတ်တိတ်ဆိတ်ဆိတ်ပေါ့
အပျိုကြီးဖြစ်ခါစအခါသမယမှာပွစိပွစိတော့မလုပ်ဖြစ်သေးတာ ကျေးဇူးတင်စရာပါ
ကိုယ့်ကိုယ်ကိုအပြစ်မမြင် မပြုမပြင်တစ်ကိုယ်ယဉ် ဆိုးတတ်တဲ့ဥာဉ်လေးအသာမွေး
ငေးတေးတေးစိတ်ကလေးအပြေးပြန်ကောက် ပေါက်တောက်တောက်အတွေးဘေးပစ်
အထုပ်အပိုးပြင်ချိုင့်ကလေးထည့် အဲ ရေကလေးပြေးချိုး အ၀တ်တွေဆပ်ပြာစိမ်
တတိန်တိန်မြည်နေတဲ့ရေနွေးအိုးဘေး အသာလေးပြေးထိုင် ကျောက်ပြင်ကိုင်
သနပ်ခါးလေးသွေး ဟိုတွေးဒီတွေး သီချင်းကလေးညည်းဆို
ပြီးပြီဆို ခါးခါးလူး ပြုံးမယောင်မျက်နှာဘေးလေးကို ကြေးမုံမှာမြင်ကာငေး
အဟေး :)
အော်ဘုရားရှင်ကိုဆွမ်းရေချမ်းကပ် ရသမျှဂါထာပေါင်းစုံအချိန်မီသလောက်ရွတ်ဖတ်
သရဇါယ်ပြီးသကာလ ဗဟိုစည်ရှစ်ချက်တီးတော့
သံပါတ်ပေးစက်ရုပ်လို ရုတ်တရက်ထပြေးတက်ပေါ့ ဖယ်ရီပေါ်
ဦးရာလူနေရာလေး တင်တစ်ခွင်စာဝင်အောင်လု ပြုမိပေါ့ကိုယ့်ကုသိုလ်
ဘယ်ဆီဝယ်သောင်ကမ်းကိုလ ဆိုက်ပါနိုင်ဖြေနိုင်မောလုရဲ့
ကမ်းနားဘေးဗေဒါလေးလို ပေါ်နေအဲဗား ဘယ်တော့များနားရမယ်
ပေးဘ၀ မယ့်ကုသိုလ် ဒါနခန်းတစ်ခါဖွင့်တာပေါ့ မိဘကိုလုပ်ကျွေးတယ်
ဆည်ပါနိုင်ဒီအဖြစ်ကို အထီးကျန်ဒီအဖြစ်ရယ်က လွတ်ပါယင် တယ်ကောင်းမှာမို့
မေ့ကိုလေပစ်မထားပါနဲ့ ဘယ်ဝယ်ရောက်မောင့်ကို တမ်းတမိနေပြန်တစ်ချိန်လုံး
အပြုံးဗလာ အလွမ်းအပြည့်ရယ်မို့ ရွှေရင်ဆို့နင့်နေပြန်တဲ့ ငိုသံမပါအသံတိတ်အဖြစ်ကို
ဖန်တစ်ရာတေခံစားလျက်ပါပေါ့
နေ့စဉ်မှတ်တမ်း...

Thursday, June 26, 2008

ကြင်နာတတ်ကြပါသည်

အချိန်တော်တော်များများကြာပြီးတဲ့နောက်
လောကကြီးမှာကျင်လည်လာရတဲ့အခါ အချစ်ရဲ့ရသအဖုံဖုံကို
သူတလူငါတမင်းခံစားရင်းသူနိုင်ငါနိုင်အပြိုင်ကြဲမိပါရဲ့။
နေရာအတော်များများသွားပြီးတဲ့နောက်
ဒေါသကြီးစရာကြုံရဖန်များလာတဲ့အခါ အမုန်းခွန်အားအစုံကို
သူ`့ထက်ငါအနိုင်အယိုင်အလဲထိုးခဲ့မိပါရဲ့။
စေတနာအတော်များများထားခဲ့ပြီးတဲ့နောက်
ကွန်းခိုစရာရေကြည်အိုင်လေးကိုရှာရဖန်များလာတဲ့အခါ နားလည်မှုတစုံတရာကို
သူဆိုတဲ့ပိုင်ဆိုင်လိုမိသူကိုအပိုင်လည်းရခဲ့မိပါရဲ့။
အောင်မြင်မှုလက်တစ်ကမ်းမှာအနေကြာလာတဲ့အခါ
ဆုံးရှုံးမှုအတော်များများလက်ခံရရှိပြီးတဲ့နောက်
အကြင်နာတွယ်တာမှုလေးတွေကိုလည်းအောင်မြင်စွာရယူလိုမိပါရဲ့လေ။

...