သီတင်းကျွတ်လပြည့်ညဖြစ်တဲ့ ဒီနေ့ညမှာ ကျမတို့အိမ်ရှေ့ဝရန်တာလေးမှာ မောင့်လက်ရာ မီးပုံးလှလှလေး
ငါးလုံးကို အနန္တောအနန္တငါးပါးဦးထိပ်ထားသောအားဖြင့် ထွန်းညှိခဲ့ပါတယ်။
အသည်းပုံလေးတွေ က ကျမတို့ရဲ့ အချစ်သင်္ကေတလေး၊
ကော်ဖီခွက်လေးတွေ က ကျမတို့ရဲ့ အတူဆုံချိန်အမှတ်တရလေး၊
ကြယ်လေးတွေက ကျမတို့မျှော်လင့်ခြင်းသင်္ကေတ၊
သစ်ရွက်စိမ်းစိမ်းလေးတွေက ကမ္ဘာကြီးသာယာစိုပြည်စေဖို့ကျမတို့ရဲ့ဆုတောင်းလေး၊
ပန်းပွင့်လေးတွေက အနာဂတ်မျိုးဆက်လေးတွေရှင်သန်စေဖို့ ကျမတို့ရဲ့ဆန္ဒလေးပေါ့။
အားလုံးလည်း မီးပုံးလေးတွေထွန်းဖြစ်ကြမယ်ထင်ပါတယ်နော်။
ခံစားကြည့်ပါလို့.........
Sunday, October 04, 2009
သီတင်းကျွတ်လပြည့်ညရဲ့ မီးပုံးလေးတွေ
Sunday, September 27, 2009
ချစ်ခြင်းနံရံ

ပန်းသီးတစ်လုံးလို့တင်စား
တယောက်ကခွံ့ရင် တယောက်ကစား
မအောင့်အီးနိုင်တဲ့အခါ
နှစ်ယောက်အတူစား။
နံရံများစွာ ပိတ်လှောင်ကာထား
ချစ်ခြင်းခွန်းတုံ့ရင်း
လက်တွဲရုန်းထွက်တော့
နံရံများစွာဟာ
အတိတ်မှာကျန်ခဲ့ပြီ။
အမုန်းလွင်ပြင်မှာ
အာဃာတမြက်ပင်တွေပြည့်နှက်နေပေမယ့်
ချစ်ခြင်းနံရံနဲ့
ပိတ်ကာထားရင်
ပုံရိပ်ယောင် အလှတရားတွေကို
မြင်ရမတဲ့လား။
ခိုင်မြဲတဲ့ဒီနံရံမှာ
တယောက်ကအင်္ဂတေဆို
တယောက်ကအုတ်ပေါ့
ဒါပေမယ့်ထူးခြားတာက
ချစ်ခြင်းနံရံဟာ
အချစ်တွေနဲ့သာတည်ဆောက်ထားသတဲ့။
သိပ်လှတဲ့ဒီနံရံကို
နှစ်ယောက်ရဲ့အချစ်တွေနဲ့
အမြဲမွမ်းမံနေတော့
အမုန်းလွင်ပြင်က အာဃာတမြက်ပင်တွေကို
မမြင်ရတော့ဘူးပေါ့။
အမှတ်တရ

နောက်ကွယ်ရာမှာ အပြင်းစားဆူးတွေနဲ့
တစိမ့်စိမ့်စူးစေတတ်တဲ့
ခပ်လှမ်းလှမ်းနေရာတွေက
ကူးစက်ရောဂါလောက်တော့
ငါ့အပြစ်ကမပြင်းတာအသေချာပဲ.....
ဒါပေမယ့်
မခံစားနိုင်ဘူးဟာ.....
မေးခွန်းတွေသိပ်များသွားပြီလား?
မရည်ရွယ်ပါဘူး
ဘယ်သူ့ဘယ်သူမှ ဂိုးမရရှိဘဲ
ပြီးဆုံးသွားမယ့် ဘောပွဲလိုလည်း
တစ်ဖက်ဆယ်ယောက်ဆီကန်နေတာလည်းမဟုတ်တော့
ပြောရတော့အခက်သား.....
တကျင်းတည်းကို အတူစိမ်နေကြတဲ့
ဂေါက်သမားတွေဖြစ်နေတော့
တချိန်တည်းမှာ တကျင်းတည်းကို ပြိုင်တူဝင်ဖို့
အဲဒီကျင်းက ကျယ်ရဲ့လားလို့
မေးမိတော့
မိုက်ရိုင်းလိုက်တာတဲ့
ပြိုင်တူလိုလိုပြောကြတာ ကြားရတဲ့နောက်
အဲဒီအချိန်ကနေစပြီး အပြစ်တစ်ခုလုပ်မိသွားတယ်လို့
မှတ်ချက်ပေးခံလိုက်ရတာ
ဒီနေ့အထိမို့
အမှတ်တရပါပဲဟာ........