Sunday, September 27, 2009

အမှတ်တရ


နောက်ကွယ်ရာမှာ အပြင်းစားဆူးတွေနဲ့

တစိမ့်စိမ့်စူးစေတတ်တဲ့

ခပ်လှမ်းလှမ်းနေရာတွေက

ကူးစက်ရောဂါလောက်တော့

ငါ့အပြစ်ကမပြင်းတာအသေချာပဲ.....

ဒါပေမယ့်

မခံစားနိုင်ဘူးဟာ.....

မေးခွန်းတွေသိပ်များသွားပြီလား?

မရည်ရွယ်ပါဘူး

ဘယ်သူ့ဘယ်သူမှ ဂိုးမရရှိဘဲ

ပြီးဆုံးသွားမယ့် ဘောပွဲလိုလည်း

တစ်ဖက်ဆယ်ယောက်ဆီကန်နေတာလည်းမဟုတ်တော့

ပြောရတော့အခက်သား.....

တကျင်းတည်းကို အတူစိမ်နေကြတဲ့

ဂေါက်သမားတွေဖြစ်နေတော့

တချိန်တည်းမှာ တကျင်းတည်းကို ပြိုင်တူဝင်ဖို့

အဲဒီကျင်းက ကျယ်ရဲ့လားလို့

မေးမိတော့

မိုက်ရိုင်းလိုက်တာတဲ့

ပြိုင်တူလိုလိုပြောကြတာ ကြားရတဲ့နောက်

အဲဒီအချိန်ကနေစပြီး အပြစ်တစ်ခုလုပ်မိသွားတယ်လို့

မှတ်ချက်ပေးခံလိုက်ရတာ

ဒီနေ့အထိမို့

အမှတ်တရပါပဲဟာ........


No comments: