တမ်းတမိတိုင်း တိမ်တိုက်ရဲ့ဟိုအဝေးမှာ ပုံရိပ်တခုကိုမြင်နေရတယ် ဒါပေမယ့် အဲဒါ ပုံရိပ်စစ်မဟုတ်တော့ တမ်းတတတ်တဲ့စိတ်ကို နှမြောလို့သွားမိတယ်... ဒါအတ္တဆိုရင် အဲဒီအတ္တအတွက် ကိုယ်ဂုဏ်ယူနေလိုက်မယ်... ဘာလို့လဲ ဆိုတော့ ကိုယ့်ဘ၀ကို ကိုယ်ပဲပိုင်ချင်တယ်... ထွက်ပေါက်မရှိတဲ့အခန်းထဲက ခံစားချက်တွေအားလုံးသွန်မှောက်ခွင့်ရမှ ဘ၀ဟာနေသာထိုင်သာရှိသွားမယ်ဆိုရင် အဲဒီခံစားချက်တွေကို တန်ဖိုးထားတတ်သူတယောက်ဆီကိုပဲ သွန်ချချင်နေမိတာမို့ပါ.... စိတ်ဆိုတာ ဆန်းကျယ်ပေမယ့် အချစ်ကိုတော့ ကိုယ်တန်ဖိုးထားတယ်... တသက်တာအတွက်ရွေးချယ်မိတယ်ဆိုရင်တောင် အဲဒီရွေးချယ်မှုဟာ အမှားတခုအဖြစ်ပိုင်ဆိုင်ခွင့်ရနေမယ်ဆိုရင် ကိုယ့်ရင်ထဲ ဆူးတစ်ချောင်းကို အဆိပ်တခွက်ကို အာသာငမ်းငမ်းနဲ့ စွဲလန်းနေမှာတော့မဟုတ်ဘူး... အချစ် ညီမျှခြင်းမှာ အချစ်ပဲရှိတယ်...
No comments:
Post a Comment