မခွဲရက်ဘူးရယ်လို့
အမူပိုပိုချွဲကာ
အသည်းတညှာကိုင်လှုပ်ကာမေးပုံက
သိပ်ချစ်ရဲ့လားတဲ့.........
အပြုံးကဗျာဗရပွရယ်နဲ့
အမောဗလာ
အမြဲပြောပြောတာကြောင့်
အကြင်သူပြိုင်ဘက်ကင်းတယ်
ထာဝရတသက်လုံးတဲ့........
အဖြစ်ထွေထွေရယ်
မနှစ်ဒီနွေဦးမှာလ
တန်ခူးအပြိုင်သင်္ကြန်အခါသမယမှာ
ပိတောက်တခက်ဆက်ကာလှမ်းတယ်
ဒို့သစ္စာစကားတဲ့.....
အမုန်းတွေဖယ်ဝေးမယ်
အချစ်တွေသာပေးမယ်လို့
အကြင်ထိုသူပြောစကားရယ်က
ဒီနှစ်အတာကူးမှာ
ပြောင်းနေပြီလားလို့မေးလိုက်ချင်ရဲ့........
3 comments:
ပျော်ရွှင်မှုများစွာ ပေးစွမ်းခဲ့သူ၊ ဘဝအမောတွေကို ပြေလျော့စေသူ၊ ပိတောက်တစ်ခက်နဲ့ အတူ ရင်ခွင်ကို တိုးဝင်လာသူ တစ်ဦးကို တမ်းတ နေတာလေး နှစ်သက်စွာ ခံစားသွားတယ်။ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။
သင်္ကြန်ရေလို အေးမြပါစေ
မြန်မာပြည်သူများ သာယာဝပြောပါစေ
ငြိမ်းချမ်းကြပါစေ
ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ
ကဗျာလေးလှလိုက်တာဗျာ ဖွဲ့နွဲ့ပုံလေး ကြိုက်တယ်။
Post a Comment