Friday, April 24, 2009

အမုန်းစစ်


ဒီလှိုင်းနဲ့တူတဲ့တံပိုး
အဖြူရောင်ခေါင်းတွေနဲ့ပေါ့.....
သေချာကြည့်တော့မျက်ဝန်းတစုံက
ထွက်ကျလာတဲ့တစုံတရာပါလား...

ထာဝရစိုးမိုးသူ
တဒင်္ဂကျေနပ်ရာ ရှုစိမ့်လား
ကျေနပ်လိုက်ပါတယ်
အမုန်းစစ်စစ်ဆိုလဲ
လက်ခံမယ်အမြဲချစ်တဲ့သူမို့
သိပ်ချစ်တဲ့မေတ္တာတွေနဲ့
မင်းအမုန်းကိုမုဒိတာပွားမယ်.....

မှတ်ထားစေချင်တာ
မင်းပေးမှာ
ငါ့အတွက်အမုန်းစစ်ဖြစ်ဖို့သာ....


No comments: