Thursday, March 13, 2008

မောင့်အတွက်အတ္တနဲ့မာနတွေ




မောင်ရေ
ဘာတွေလုပ်နေပြန်လဲ
မောင်ရေ
ဘာကြောင့်တိတ်နေပြန်တာလဲ
မောင်ရေ
ကိုယ့်အတ္တကဘယ်မှာထားရမှာလဲ

အရာရာတိုင်းကိုကောက်ကြောင်းချပြီးထင်သလိုဖန်တီးပြီးမှ
အသိပေးခံစားစေတာ
အံ့သြနဘန်းခံစားချက်တွေနဲ့အတူ
ဝေဒနာတွေနဲ့ရင့်ကျက်မှုတွေကိုတစ်ပြိုင်နက်
ရရှိလာအောင်သွန်သင်ခဲ့သူဟာ
မောင်ဆိုတဲ့
ကျွန်မချစ်သူကျွန်မကိုသိပ်ချစ်တဲ့သူပါ။.

No comments: