Thursday, March 13, 2008

သိပ်ချစ်ရသောကျွန်မချစ်သူအကြောင်း

မောင်လို့အမြဲတမ်းခေါ်နေချင်တဲ့သူကကျွန်မပါ။
ချန်ထားရစ်ခဲ့တာလည်းကြာပေါ့။
သူ့ရဲ့အကြောင်းတွေနဲ့ရှင်သန်နေရတာကကျွန်မလေ။
ခုတော့အဝေးတနေရာမှာလွတ်လပ်မှုတွေတောင့်တမှုတွေနဲ့အတူ
သူတစ်ယောက်ပင်ပန်းနေရှာပေါ့။
ကျွန်မလည်းမောင်ကြိုးစားသမျှအရာထင်ပါစေလို့ဆုတောင်းပေးနေရုံနဲ့ပဲ
လတွေများခဲ့ပြီလေ။
သူအခုဘာတွေလုပ်နေလဲ။သူအဆင်ပြေရဲ့လားစတာတွေနဲ့
အသက်ရှင်နေသူပါ။
သူသိပြီးဝမ်းသာတယ်ဆိုကျေနပ်ပါတယ်။
သစ္စာတရားနဲ့အတူယုံကြည်မှုများစွာနဲ့ချစ်နေတဲ့
ကျွန်မကအခုမျှော်လင့်နေသူတစ်ယောက်ပါလေ။
ခံစားရသူတိုင်းသနားစရာပဲလို့မပြောကြဖို့
မေတ္တာရပ်ခံပါရစေ။

No comments: