ဖြူးတစ်ကောင်လို ဆူးတောင်လဲမပါဘူး
သိုးကောင်လို ဖြူစင်မှုလဲမရှိဘူး
ဆင်လိုလဲ ခွန်အားကမကြီးဘူး....။
ဒါပေမယ့်
ကျားတစ်ကောင်လို ရက်စက်တတ်တယ်
ခြင်္သေ့လို ဗိုလ်မထားတတ်ဘူး
မြွေပွေးလိုတော့အဆိပ်ပြင်းတယ်......။
အမြဲတမ်းမတော့
ယုန်တစ်ကောင်လို နားရွက်တစ်ထောင်ထောင်နဲ့
လိပ်လိုလဲ နှေးကွေးနေမယ်
ရေမြွေလို အေးတိအေးစက်ပါပဲ........။
ဆန္ဒတစ်စုံတစ်ရာနဲ့အတူ
ဒေါင်းတွန်သံကြားတိုင်း နာကျည်းစွာခေါင်းထောင်တတ်ပေမယ့်
ခွေးဟောင်တိုင်းတော့ ထမကြည့်တတ်ဘူး ဟေ့..........။
Thursday, October 09, 2008
Wednesday, October 08, 2008
ဆောင်ရာခေါ်သူအား
လေအသွဲ့ သင်းတပျံ့ပျံ့ ကြူ
ရင်ခွင်အလှည့် နွေးမိတဲ့ အပူ
ဒီအပူ တကြူကြူသင်းတာမို့
ဟိုတစ်ချိန်ချစ်ပုံဆန်းရယ်နဲ့
ပျို မထိုင် မှိုင်ကာမငေးစေဖို့
ခင်တန်းငယ်ပြို စမ်းရေကသည်း............။
အခါမတိုင် ယိုင်ကာငေးမိတော့
ကိုယ်မပိုင် ဆိုင်တာလေးလောက်နဲ့
ပြောမိတော့ သူ့အပူ.................။
ပျိုကိုချူ တိုင်အောင်ပေါင်းမယ်တဲ့
နှစ်ဆယ်ကျော် ခင်မင်လေးလောက်ရဲ့
ဘယ်မလဲ ဆောင်မိတဲ့ဒီလူ
ပေးမယ်လို့မျှော်မိသူမယ် မရတဲ့ဒီအယူ................။
ငေးမိကာ အစဉ်တွေးတယ်ကွယ့်
မှန်းဆဆ ရော်ရမ်းနေတာမို့
တနွယ်ငင် တံစဉ်မပါလေအောင်
အောင့်သက်သက်နမ်း...................................။
နီနီဝင်း
(အောက်တိုဘာ ၈ရက်၊ ၂၀၀၈ )
ရင်ခွင်အလှည့် နွေးမိတဲ့ အပူ
ဒီအပူ တကြူကြူသင်းတာမို့
ဟိုတစ်ချိန်ချစ်ပုံဆန်းရယ်နဲ့
ပျို မထိုင် မှိုင်ကာမငေးစေဖို့
ခင်တန်းငယ်ပြို စမ်းရေကသည်း............။
အခါမတိုင် ယိုင်ကာငေးမိတော့
ကိုယ်မပိုင် ဆိုင်တာလေးလောက်နဲ့
ပြောမိတော့ သူ့အပူ.................။
ပျိုကိုချူ တိုင်အောင်ပေါင်းမယ်တဲ့
နှစ်ဆယ်ကျော် ခင်မင်လေးလောက်ရဲ့
ဘယ်မလဲ ဆောင်မိတဲ့ဒီလူ
ပေးမယ်လို့မျှော်မိသူမယ် မရတဲ့ဒီအယူ................။
ငေးမိကာ အစဉ်တွေးတယ်ကွယ့်
မှန်းဆဆ ရော်ရမ်းနေတာမို့
တနွယ်ငင် တံစဉ်မပါလေအောင်
အောင့်သက်သက်နမ်း...................................။
နီနီဝင်း
(အောက်တိုဘာ ၈ရက်၊ ၂၀၀၈ )
Thursday, October 02, 2008
စာ
မွန်းကျပ်ပိတ်လှောင်နေတဲ့ အခန်းကျဉ်းထဲ
ကွေးကွေးလေးတုပ်နေတဲ့ ဒီပုဆစ်
တဆစ်ဆစ်ကိုက်ခဲနေတာမို့
မျှော်ကြည့်မိ အပြင်ဘက်ဆီကို
ထွင်းထားတဲ့ ပြတင်းလေးထဲ
ငေးမိတဲ့ ငါ့အဖြစ်
မဆီလေးရယ်မှ တယ်မဆိုင်တဲ့
ယိုင်တိုင်တိုင် ဟိုအတွေးကို
အမှတ်မဲ့ ပုတ်ထုတ်မိစဉ်မတော့
သောင်မဲ့ကမ်း ပရမ်းပတာအခန်းမှာ
သော့မရှိ ပေးသူနတ္ထိသာမို့
နယ်လွန်ဒီစိတ်ကို
သိမ်းလိုက်ပေါ့ စာအဖြစ်နဲ့
အစောင်စောင်ထပ်ကာထားမိရဲ့
အတွေးများနဲ့ လန်း....................။
...
Subscribe to:
Posts (Atom)