Thursday, June 26, 2008

ကြင်နာတတ်ကြပါသည်

အချိန်တော်တော်များများကြာပြီးတဲ့နောက်
လောကကြီးမှာကျင်လည်လာရတဲ့အခါ အချစ်ရဲ့ရသအဖုံဖုံကို
သူတလူငါတမင်းခံစားရင်းသူနိုင်ငါနိုင်အပြိုင်ကြဲမိပါရဲ့။
နေရာအတော်များများသွားပြီးတဲ့နောက်
ဒေါသကြီးစရာကြုံရဖန်များလာတဲ့အခါ အမုန်းခွန်အားအစုံကို
သူ`့ထက်ငါအနိုင်အယိုင်အလဲထိုးခဲ့မိပါရဲ့။
စေတနာအတော်များများထားခဲ့ပြီးတဲ့နောက်
ကွန်းခိုစရာရေကြည်အိုင်လေးကိုရှာရဖန်များလာတဲ့အခါ နားလည်မှုတစုံတရာကို
သူဆိုတဲ့ပိုင်ဆိုင်လိုမိသူကိုအပိုင်လည်းရခဲ့မိပါရဲ့။
အောင်မြင်မှုလက်တစ်ကမ်းမှာအနေကြာလာတဲ့အခါ
ဆုံးရှုံးမှုအတော်များများလက်ခံရရှိပြီးတဲ့နောက်
အကြင်နာတွယ်တာမှုလေးတွေကိုလည်းအောင်မြင်စွာရယူလိုမိပါရဲ့လေ။

...

Monday, May 12, 2008

Anything you say!

Man!
what is happen?
Girl!
What is going on?
Gentalman!
What are you doing now?
Graceful Lady!
How are you writing now?
Poor Guy!
Where are you living now?
I!
How can I staying now?.

တနင့်တပိုးခံစားချက်များဖြင့်

ရည်ရွယ်ရာ ရှင်သန်တာက မီးလား ရေလား
ကြင်နာစရာ တွယ်တာတာက အချစ်ဆိုတဲ့သူလား
မြင်မြင်ရာထင်တာတွေးတာက အပြစ်လို့လား
မုန်းအောင်စွဲတဲ့ စာသူငယ်ရယ် လမ်းမှာတာလား
လေအားကကောင်းတော့ မြေများကပြောင်းပေါ့
သြော် စတိုင်လ်ရှိမှစတားဖြစ်မယ်ဆိုယင် ဒါတွေအားလုံးက စတိုင်လ်လား
ခင်မတွေးတတ်ပါဘူး ရင်လေးရတယ်အခု
ဘယ်သောင်ကမ်းဆက်မှန်းကာ ရှင်ရပါ့
မောင်မှန်းကာလမ်းပြပါလား
...