21 ရက်နေ့တော့ ကျော်သွားပြီ.... လှလှပပ ငြိမ်ငြိမ်သက်သက်လေးပါပဲ.... ဒါပေမယ့် အဲဒီနေ့မတိုင်ခင်ကတော့ လူတွေအများစု နေစရာမရှိအောင်တုန်လှုပ်ခဲ့ကြ... တချို့ကလည်း ဘုရားစာတွေရွတ် တရားတွေထိုင် ပုတီးတွေစိပ်၊ တချို့ကလည်း ချစ်သူရည်းစားဆီ အရောက်သွားပြီး အတူသေပွဲဝင်မယ်ဆိုတဲ့ အထာနဲ့ ကမ္ဘာပျက်မယ့်အချိန်ကို စောင့်စားနေကြ၊ တချို့ကလည်း မိသားစုကို ကိုယ့်နားအပါခေါ်ပြီး ရင်တဒိတ်ဒိတ်နဲ့ ဥစ္စာဓနတွေဖင်ခုထိုင်ပြီး တုန်လှုပ်နေကြ၊ တချို့ကလည်း ကမ္ဘာပျက်တော့ အကုန်သေ အားလုံးအေးရော ကောင်းတာပေါ့ အများပဲဟာ ဘာကြောက်စရာမှတ်လို့ဆိုတဲ့ သေမထူးနေမထူးနဲ့ မျက်နှာလွှဲခဲပစ် ထင်သလို နေကြ၊ တချို့ကလည်း ဟောကိန်းတွေအပေါ် သုံးသပ်ဝေဖန်ရင်း ပျက်ရေးမပျက်ရေး အလုပ်ရှုပ်နေကြ၊ တချို့ကလည်း သွေး`၇ူးသွေးတန်းနဲ့ အရူးဇာတ်ခင်းပြီး ၂၁ ရက်နေ့မတိုင်ခင် ကိုယ့်ကိုယ်ကို သတ်သေကြ၊ တချို့ကလည်း.... လက်ရှိအတ္တတွေအတွက် မာနတွေ လောဘတွေတသီကြီးထားပြီး ကိုယ့်အတ္တအနိုင်ရရေး ကြံဆောင်လုံးပမ်း၇င်း ၂၁ ရက်နေ့ကို ဥပေက္ခာပြုထားကြ၊ တချို့ကလည်း ကောင်းတဲ့စိတ်ကောင်းသောအကြံကောင်းတဲ့အလုပ်တွေလုပ်ရင်း ငြိမ်းချမ်းနေကြ.... ဒီလိုနဲ့ပဲ ၂၁ ရက်နေ့ကြီးမှာ ဘာမှမဖြစ်ဘဲ အခု ၂၃ ရက်နေ့အထိ ကမ္ဘာကြီးဟာ အရင်လို နေ့နဲ့ည လည်ပတ်မြဲပဲ... ကဲဘယ်မလဲ မာယာ... ကဲဘယ်မလဲ ၂၁ ရက်နေ့ဟောကိန်း... အားလုံးဟာ မှားတယ်ဆိုရင် ငါက ကမ္ဘာမပျက်ကြေး လောင်းထားတော့ နိုင်တယ်ပေါ့... ဒါပေမယ့် နိုင်တဲ့အတွက် အလျော်အစားကတော့ တိတ်ဆိတ်စွာ ရှင်သန်နေခွင့်ပါပဲ...
No comments:
Post a Comment