သံလွင်အိပ်မက် မဂ္ဂဇင်း အတွဲ(၄) အမှတ်(၁) ယနေ့ထွက်ရှိလာပါပြီ။
ယခုမဂ္ဂဇင်းအတွက် ခေါင်းစဉ်ဖြစ်သော “အဂတိလိုက်စားမှု” နှင့် သက်ဆိုင်သည့် ဆောင်းပါးများ၊ ယခင် ပါဝင်နေကျ ကဏ္ဍများ အပြင် သံလွင်အိပ်မက် အယ်ဒီတာ တစ်ဦး ဖြစ်သူ နေဘုန်းလတ်၏ ကဗျာတစ်ပုဒ်နှင့် ပေးစာတို့အား ဖော်ပြထားသည်။
ဆောင်းပါးကဏ္ဍတွင် သူရိယ၏ အာရှဒေသခြစားမှုများ၊ ဟေမာ၏ လာဘ်ပေးလာဘ်ယူ တို့လည်းကူ၊ ညီညီ(သံလွင်)၏ သုညငွေကြေးပေးရအောင် စသည့် မျက်နှာဖုံး ဆောင်းပါးများ ပါရှိသည်။ ၎င်းအပြင် ပရိသတ်အများ နှစ်ခြိုက် အားပေးကြသည့် မောင်ပွတ်၏ သိထားသင့်သည့် စင်ကာပူ (၇)၊ ဆောင်းပါးရှင် ရဲဝင့်ဦး၏ ဆေးပညာရပ်ဆိုင်ရာ ဆောင်းပါး၊ ကိုငယ်(မန္တလေး)၏ ဘာသာရေးဆောင်းပါး စသဖြင့် စုံလင်စွာ ဖော်ပြထားသည်။
ဝတ္ထုတိုကဏ္ဍတွင်လည်း သံလွင်အိပ်မက်၏ ပင်တိုင်စာရေးဆရာများ၊ မြန်မာ ဘလော့ဂါများနှင့် ကလောင်သစ်များ၏ လက်ရာများကို စုစုပေါင်း ၉ ပုဒ်တိတိ မနားတမ်း ဖတ်ရှုရမည် ဖြစ်သည်။
ထို့အပြင် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ အိုင်ယာလန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတဟောင်း မေရီရော်ဘင်ဆင်နှင့် မေးမြန်းထားသည့် ဘာသာပြန်အင်တာဗျူးကိုလည်း စိတ်ဝင်စားစရာ ဖတ်ရမည် ဖြစ်သည်။
သံလွင်အိပ်မက် အတွဲ (၄) အမှတ် (၁) ကို မူလက ဇန်န၀ါရီလတွင် ထွက်ရှိရန် စီစဉ်ခဲ့သော်လည်း မထင်မှတ်ဘဲ ပေါ်ပေါက်လာခဲ့သည့် အကြောင်းအမျိုးမျိုးကြောင့် ယခုလတွင်မှ ထုတ်ဝေနိုင်ခဲ့သည်။
သံလွင်အိပ်မက်၏ Fan Page ကိုလည်း လူသုံးများလာသော Social Network Media တစ်ခုဖြစ်သည့် Facebook တွင် ဖန်တီးထားပြီး အင်တာနက် လိပ်စာ http://go2.vg/tlamfb သို့ သွားရောက်၍ Facebook Account ရှိရုံမျှဖြင့် သံလွင်အိပ်မက် Fan Club တွင် Member ဖြစ်နိုင်သလို နောင်တွင် သံလွင်သတင်းနှင့် သံလွင်အိပ်မက် ဆိုင်ရာ သတင်းများ အသစ်တင်တိုင်း Fan Club ၀င်ထားသူများ၏ Facebook တွင် အလိုအလျောက် ဖော်ပြပေးမည် ဖြစ်သည်။(သံလွင်သတင်းမှ ကူးယူဖော်ပြသည်)
ယခုမဂ္ဂဇင်းရဲ့ ၀တ္ထုတိုကဏ္ဍမှာ ကျွန်မရဲ့ စာမူဖြစ်တဲ့ ခြတောင်ပို့ ဖော်ပြခြင်းခံရပါတယ်။
ဘလော့မိတ်ဆွေအားလုံးလည်း ကျွန်မရဲ့ ခြတောင်ပို့ကို ခံစားဝေဖန်ပေးကြဖို့ တောင်းဆိုလိုက်ပါရစေ......
တချွတ်ချွတ်နင်းလာသော ခြေသံကြောင့် အလန့်တကြား ဖြစ်သွားရသည်။ ခေါင်းအုံးအောက်ထဲ လက်နှိုက်ပြီး သော့တွဲကိုစမ်းမိသေးသည်။ တော်သေးရဲ့ ရှိသေးသား။ အမှောင်ထဲကျင့်သားရနေသော မျက်လုံးတစ်စုံအားကိုးဖြင့် ခြေသံလာရာကို မှန်းဆကြည့်မိသည်။ လားလား.... သားကြီး သြရဿပါလား။ ဒင်း ကတုန်ကယင်ဖြစ်နေတဲ့ လက်တစ်စုံနဲ့ ကျွန်မခေါင်းအုံးကို စမ်းနေသေးသည်။ ကျွန်မ လူးလွန့်လိုက်သဖြင့် တွန့်ဆုတ်ကာ နောက်ကြောင်းလှည့်ဟန်ပြင်သည်။ သို့ပေမယ့် မှန်ခုံပေါ်က ပိုက်ဆံအိတ်ထဲ လက်ထိုးကာ အထုပ် တစ်ထုပ် ဆွဲထွက်သွားသည်။
သက်ပြင်းရှည်ဆွဲရင်း ကျွန်မစိတ်တို့ နောက်ပြန်လည်သွားသည်။ ((ဆက်ဖတ်ရန်))
Sunday, May 09, 2010
ခြတောင်ပို့ (သံလွင်အိပ်မက် မဂ္ဂဇင်း အတွဲ(၄) အမှတ်(၁) ထွက်ရှိ )
Subscribe to:
Post Comments (Atom)
1 comment:
ဆက်ရေးနော်.. စောင့်ဖတ်နေမယ်
စိတ်ဝင်စားနေပြီ.. မြန်မြန်လေးနော်း)
Post a Comment