ရေညှိနဲ့ချောနေတဲ့
လမ်း
ယိုင်နဲ့နဲ့ခြေလှမ်းနဲ့
လှမ်းနေတုန်း
ဗြုန်းဆို
မိုးချုန်းတော့
လန့်တကြား
တအားပြေးတော့
အင်အားက
နုံးချိချိပေါ့..........
မျက်စိကိုမှိတ်
ရင်တထိတ်ထိတ်
ဆက်ကာလျှောက်လှမ်း
လိုရာလမ်းကို
မှတ်ထားတဲ့မျက်နှာ
သူ့ရုပ်လွှာကို
ရော်ရမ်းမှန်းဆ
တမ်းတမိကာ
လက်တံကိုဆန့်
ခြေကိုတန့်လျက်
ခပ်မတ်မတ်ပြန်ရပ်
မိုးကိုအံတုတော့
ငါ့မျက်နှာပေါ်မှာ
အပြုံးတခု
နှုတ်ခမ်းထက်နွေးထွေးစွာ........
လျပ်တပြက်ခံစားလိုက်ရတာ
စိုးမိုးထားတဲ့ သစ္စာတွေနဲ့
လွှမ်းမိုးသူ မင်းရယ်ပေါ့.......
အချစ်ဆိုတဲ့စကားတွေက
မင်းမပြောတော့ပေမယ့်
ငါ့နားထဲအမြဲကြားနေသလို.....
လုံခြုံမှုတွေပေးတတ်တဲ့
မင်းရင်အုံနွေးနွေးကလည်း
ငါမှန်းဆတမ်းတလိုက်တိုင်း
မင်းရင်အုံထဲငါရောက်ရောက်သွားတတ်တာမို့.....
အခုတော့
မိုးစိုမှာ လျှပ်ပြက်တာတွေ
ငါ့အတွက်
စိုးထိတ်စရာမဟုတ်တော့ဘူးပေါ့
ချစ်သူ မင်းသိပါလေစ.........
ငါ့စိတ်ရဲ့စေစားရာ
အင်အားတခုနဲ့ထပ်တူ
မင်းဟာ ငါ့အသည်းမှာ တထပ်တည်းပါလို့
သိစေချင်စမ်းပါဘိ...........
Monday, December 14, 2009
စေစားစိတ်
Subscribe to:
Post Comments (Atom)
2 comments:
မိုးချိန်းချိန်ကို မြင်ယောင်မိတယ်ဗျာ
ZaunG
သယ်ချင်းရေ ..
စာရေးတာက စိတ်ပေါ့ပါးတယ်၊ ကဗျာစပ်တာက တအား စူးနစ်ရတာမို့ သိပ်မရေးဖြစ်တော့ဘူး။
ကဗျာလှလှလေးတွေ အမြဲသီကုံးနိုင်ပါစေဗျာ ...
Post a Comment