
ဘလော့သူငယ်ချင်းအပေါင်းကို ခရစ္စမတ်နေ့လေးမှာ မောင့်ရဲ့ ပို့စ်ကဒ်လေးနဲ့ ဆုမွန်ကောင်းပို့သလိုက်ပါရစေ။
မိတ်ဆွေအားလုံး ခရစ္စမတ်နေ့နဲ့လာမယ့် ၂၀၁၀ နှစ်သစ်မှာ လိုအင်တွေ အောင်မြင်စွာရရှိခံစား ပျော်ရွှင်နိုင်ကြ
စေကြောင်း ဆုတောင်းလိုက်ပါတယ်။
ရေညှိနဲ့ချောနေတဲ့
လမ်း
ယိုင်နဲ့နဲ့ခြေလှမ်းနဲ့
လှမ်းနေတုန်း
ဗြုန်းဆို
မိုးချုန်းတော့
လန့်တကြား
တအားပြေးတော့
အင်အားက
နုံးချိချိပေါ့..........
မျက်စိကိုမှိတ်
ရင်တထိတ်ထိတ်
ဆက်ကာလျှောက်လှမ်း
လိုရာလမ်းကို
မှတ်ထားတဲ့မျက်နှာ
သူ့ရုပ်လွှာကို
ရော်ရမ်းမှန်းဆ
တမ်းတမိကာ
လက်တံကိုဆန့်
ခြေကိုတန့်လျက်
ခပ်မတ်မတ်ပြန်ရပ်
မိုးကိုအံတုတော့
ငါ့မျက်နှာပေါ်မှာ
အပြုံးတခု
နှုတ်ခမ်းထက်နွေးထွေးစွာ........
လျပ်တပြက်ခံစားလိုက်ရတာ
စိုးမိုးထားတဲ့ သစ္စာတွေနဲ့
လွှမ်းမိုးသူ မင်းရယ်ပေါ့.......
အချစ်ဆိုတဲ့စကားတွေက
မင်းမပြောတော့ပေမယ့်
ငါ့နားထဲအမြဲကြားနေသလို.....
လုံခြုံမှုတွေပေးတတ်တဲ့
မင်းရင်အုံနွေးနွေးကလည်း
ငါမှန်းဆတမ်းတလိုက်တိုင်း
မင်းရင်အုံထဲငါရောက်ရောက်သွားတတ်တာမို့.....
အခုတော့
မိုးစိုမှာ လျှပ်ပြက်တာတွေ
ငါ့အတွက်
စိုးထိတ်စရာမဟုတ်တော့ဘူးပေါ့
ချစ်သူ မင်းသိပါလေစ.........
ငါ့စိတ်ရဲ့စေစားရာ
အင်အားတခုနဲ့ထပ်တူ
မင်းဟာ ငါ့အသည်းမှာ တထပ်တည်းပါလို့
သိစေချင်စမ်းပါဘိ...........
မျက်ဝန်းချင်း
နှလုံးသားချင်း
နှုတ်ခမ်းဖျားချင်း
ထပ်တူစွာခံစား
အပြုံးပန်းများဖလှယ်ကြရင်းနဲ့
နေ့ရက်ပေါင်းများစွာရဲ့ စက္ကန့်တိုင်းမှာ
ဘဝချင်းထပ်တူကျ
စိတ်ချင်းနားလည်ကြနဲ့
အသက်ဆုံးတိုင် ယုယမယ်ဆိုတာ
သူနဲ့ကိုယ်သာ သိမြင်ခံစားရတဲ့
နှစ်ကိုယ်တူ မူပိုင်စကား
အမြဲကြားရတာက
ချစ်တယ်.........
အခုထိ ယနေ့ထက်ထိ
မပြောင်းလဲသေးတာ ယုံကြည်ရတဲ့သစ္စာ
ကြည်နူးမှုအပြည့်နဲ့မျှဝေရင်း
တသက်တာအတွက်
ခရောင်းလမ်းများစွာကျော်ဖြတ်ရင်းပေါ့
တွဲလက်ကို တင်းတင်းဆုပ်
မဖြုတ်တမ်း လှမ်းလျှောက်မိမှာ
ဧကန်ပဲမို့
ဖြတ်သန်းရမယ့် လမ်းမျိုးစုံမှာ
အားပေးစကားလေးအဖြစ်
သူနဲ့ကိုယ့် နှုတ်ဖျားတွေက
ထွက်ကျကာ နှစ်သိမ့်မယ့်စကား
ချစ်တယ်.......