Monday, May 18, 2009

ရပ်လိုက်တော့


လှောင်ရိပ်တခုအောက်
မင်းအပြုံးမျက်နှာက မပီမသနဲ့
ပေးဆပ်မှုတွေက ဗရပွ
ဘယ်အချိန်ထိ ဘယ်လိုအကြောင်းတွေနဲ့
မင်းအမုန်းတွေက ရှင်သန်နေမလဲ
ငါသိချင်တယ်တော့မဟုတ်ပါဘူး........

ဒါပေမယ့်
အခါခါ ရင်နာရအောင်
မင်းရဲ့ အာဃာတတွေအောက် ဝပ်စင်းနေရတာ
ငါ တကယ် ကြေကွဲရတယ်
ငါတယောက်တည်းတင်မဟုတ်ပါဘူး
နင့်အမုန်းအောက် အသက်ပျောက်သူတွေ
ဘဝပျောက်သူတွေ အများအပြားပဲ.....

အခုထိတော့
မင်းစရိုက်တွေနဲ့ မင်းအကျင့်ဆိုးဆိုးအောက်မှာ
ဖြူစင်သူတွေပေးဆပ်နေရတုန်းပဲ.....

မင်းကတော့ မိန့်မိန့်ကြီးပြုံးပြီး
ကောက်ကျစ်တဲ့အမုန်းတွေနဲ့
အားလုံးကို နှောင့်ယှက်ဆဲပဲ...

ငါ့ရင်တွင်းဆန္ဒကို
လှစ်ဟပြရရင်တော့
မင်းအပြုအမူအားလုံးကို
ဖြူစင်ခြင်းမှတ်တိုင်မှာ
အခု
ရပ်လိုက်တော့........




No comments: