Monday, July 21, 2008

ံThe Reason for using internet!!!

နှစ်ဆယ့်တစ်ရာစုဆန်းစအချိန်
နေရာကတော့ ရန်ကုန်ဆိုတဲ့ရွှေမြို့တော်ပေါ့
ကွန်ပျူတာကိုခေတ်မီသူတိုင်းတတ်ကျွမ်းကြသောခေတ်ကြီးလည်းဖြစ်ပါ၏
အင်တာနက်ကို အစဉ်သာဆက်မပြတ်သုံးတတ်ကြတာလဲ ခေတ်မီခမ်းနားသူတစ်စုရဲ့ကျင့်စဉ်တစ်ခုသဖွယ်ဖြစ်နေသောအခါသမယမှာပါ။..
ငယ်သူငယ်ချင်းတစ်ယောက် ကျောင်းနေဘက်အတူစားအတူသွားဘော်လေးပေါ့
သူကဗြုန်းဆို စလုံးထွက်တော့အလွမ်းကုဋေနဲ့ကိုယ်ကကျန်ခဲ့ရတာလေ
မသွားခင်မှာတမ်းခြွေထားခဲ့တာက ငါ့ကိုနင်gmail ကနေစာပို့လို့ ချက်လို့ရတယ်ဆိုတာကို အလွတ်ကျက်
အသေမှတ်ထားတယ်။
ဒီနေ့က လခ စရတဲ့နေ့ ဆိုတော့ကာ ရောင်းရောင်းကို သူ့အချစ်အကြောင်းသတင်းပို့ပေးဖို့ အလို့ငှာ
မြို့လယ်က ခပ်မြင့်မြင့်ကဖေးဆိုင်ဘေးက အင်တာနက်ကဖေးဆီခပ်တည်တည်ဝင်ခဲ့ပေတယ်ပေါ့။
အဖြစ်ကအဲမှာစပြီ။
လေအေးစက်က သဘာဝမဟုတ်တဲ့လေအေးစိမ့်စိမ့်နဲ့အတူ ကောင်တာက မမ ကမျက်လုံးစိမ်းတွေနဲ့
အေးစက်စက်အကြည့်တစ်စုံက လျောတံခါးကိုသာသာတွန်းဝင်လိုက်တယ်ဆိုယင်ဘဲ ကြိုဆိုခံရတာပါပဲ။
အရေးစိုက်တဲ့ပုံမရှိတဲ့ကောင်တာကမမကို စာပို့ချင်တဲ့အကြောင်းကို မခို့တရို့ကိုယ်ပိုင်ဟန်နဲ့ ပြောလိုက်တော့
ကိုယ်ပိုင်လိပ်စာ၇ှိလားတဲ့။ နိုးပါပေါ့။ စိတ်ပျက်ပုံနဲ့ပင့်သက်ချယင်းသူက စောင်းငဲ့ငဲ့တသက်မမေ့ဖွယ်အကြည့်
တချက်တော့ လက်ဆောင်ပေးလိုက်သေးတယ်။
ကိုယ့်ပုံကလည်း ကလေးသာသာကြောင်တောင်တောင် အောက်သံဝဲတဲတဲနဲ့ စကားပြောယင်နှစ်လုံးမကွဲဘူးလေ။
ဘတ်စ်ကားကိုတိုးစီးလာရလို့ဘိုသီဘတ်သီနဲ့လေ။ရုံးအပြန်တန်းဝင်တာဆိုတော့ တိုလီမိုလီကလည်းအတွဲလိုက်နဲ့။
ပြောလိုက်တဲ့စကားလေးက
"ဒါဆို ဒီဆိုင်ကလိပ်စာနဲ့ပို့ပေးမယ် အချိန်တော့ကြာမယ် အားမှပို့ပေးမယ်"
"ဘယ်တော့လောက်ပို့ပေးနိုင်မလဲဟင် နည်းနည်းအရေးကြီးလို့ပါ"
"အော် မနက်ဖြန်တော့ရောက်မှာပါ သိပ်မကြာပါဘူး"
"ဟုတ်ကဲ့ ဒါဆို ညီမဘယ်လိုလုပ်ရမလဲဟင်"
ကောင်တာမမက လေတယ်ဆိုတဲ့ပုံနဲ့ သိပ်ရှုပ်တာပဲ ဆိုတဲ့အတွေးလေးကို မျက်လုံးလေးအဝေ့နဲ့
ဟန်ပါပါကြည့်လိုက်ပုံက တစ်သက်တာအတွက်မေ့လောက်စရာကိုမရှိလိုက်ပုံများ
သူ့ပြောပုံနဲ့ဟန်ပန်အမူအရာလေးက တစ်သက်မမေ့နိုင်စရာပါပဲလေ။
အင်းစိတ်လျှော့စိတ်လျှော့ဆိုပြီး ခပ်ပြုံးပြုံးလေးနဲ့ မေမေပြောတဲ့
‘လူ့အောက်ကျို့လို့မသေဘူး”ဆိုတဲ့စကားကို ရင်ဝယ်ပိုက်ပြီးတော့ပေါ့။
ထပ်ပြီးမေးသေးတဲ့ပုံက ဒီလိုလေ
“စာစီလာပြီးသားလား “ ဆိုတော့ ဟုတ်ကဲ့ပေါ့ အဲလောက်ကအဆင်ပြေသေးတယ်။
နောက်ထပ်မေးတဲ့မေးခွန်းကမှ ကမ္ဘာမကြေဖြစ်သွားစေခဲ့တာလေ။
“အင်္ဂလိုရေးတတ်တယ်မဟုတ်လားတဲ့ မြန်မာလိုဆိုပို့လို့မရဘူးတဲ့” ပြောပုံက
လူကိုနှိမ်တာများပြောပါတယ် သူပြောနေကျဆိုယင်လည်းကျွန်မက နည်းနည်းချော်တယ်ပဲထားပါတော့။
ဟုတ် အင်္ဂလိပ်လိုရေးထားတာပါ လို့ပြောတော့ သူက “အိုကေလေ ဒါဆိုဟိုမှာ သွားရိုက်ထားပါတဲ့”
လွတ်နေတဲ့ကွန်ပျူတာတစ်လုံးကိုညွှန်ပြပြီးပြောတယ် “Word ထဲမှာရိုက်ပြီး နာမည်တစ်ခုနဲ့သိမ်းထား ပြီးယင်
ပြောပါ “ တဲ့။
ခက်ပြီပေါ့။
ကွန်ပျူတာကိုလုံးဝသုံးရကောင်းမှန်းအသိအမှတ်ပြုထားတာမဟုတ်လေတော့ ဘယ်ကစပြီးစရမှန်းမသိပါဘူး။
Word file ကိုဖွင့်ပြီး ကီးဘုတ်ပေါ်လက်တင်လိုက်တယ်ဆိုယင်ပဲသေချင်စော်နံပြီလေ။
အေတစ်လုံးရိုက်ဖို့အရေးတစ်မိနစ်ခန့်အချိန်ယူရတယ်ဆိုတော့ကာ အချိန်နဲ့သုံးရတဲ့ဒီကဖေး
ဆိုင်သိမ်းချိန်တောင် ကိုယ့်စာကရိုက်ပြီးမှာမဟုတ်။
သိလိုက်ပါပြီ။
အားလုံးကိုဝေ့ကြည့်လိုက်တော့ အသီးသီးအသက က အိုကေစိုပြည် လေ။
သုံးနေကျအခက်ခဲမရှိဖြူးလို့။
ချွေးစေးထွက် လက်ကမသွက်နဲ့ သေငယ်ဇောမျောနေသလားအောက်မေ့မိတယ်။
အဲလိုဖြစ်နေတုန်းကံကောင်းထောက်မ
လူမစွမ်းနတ်တော့မဟုတ် စွမ်းတဲ့သူမ တဲ့သဘောလို့ပြောရမယ်။
ဘေးနားက မဒီတစ်ပါးက ငဲ့ကြည့်ပြီး မဟန်မှန်းသိတဲ့ပုံ။
ကိုယ့်ပုံကလည်း နှပ်ချေးမစင်တဲ့သူငယ်လေးပုံဆိုတော့ ကရုဏာသက်သွားပုံရပါတယ်။
မဒီက “ကလေး အိုကေလားအဆင်မပြေယင်ဒို့ရိုက်ပေးမယ်လေ” တဲ့။
အပီကျေနပ်သွားတာပေါ့ကိုယ်ကတော့ “ဟုတ်မမ ကျေးဇူးတင်ပါတယ်”ဆိုပြီး
ကိုယ့်အာဘော်ကိုခေါ်ပေးလိုက်တာ တစ်ခဏတွင်းပြီးသွားလေရဲ့။
ကျေးဇူးကြီးစွာတင်တဲ့မျက်လုံးလေးတွေနဲ့ သူမကို
ရိုကျိုးစွာကြည့်ပြီး ရင်ထဲမသက်မသာခံစားရလောက်တဲ့ အကြည့်ပိုင်ရှင်ကောင်တာကမမဆ
ီ တိုးလျှိုးတောင်ပန်ရသည့်အလားကိုယ့်စားရိတ်ကိုယ်စားပြီး မချိမဆန့်ပြုံးပြလိုက်ပြီးသကာလ
‘ဟို ပြီးပြီမမ” လို့ပြောတော့ သူမက အိုကေ ထားခဲ့ ခုတော့မအားလို့
အားယင်ပို့လိုက်မယ် ပို့ခကျသင့်ငွေပေးခဲ့ဖို့ပြောတာနဲ့ ကျွန်မက “ပြန်စာကိုဘယ်လိုသိရမလဲဟင်”ဆိုတော့
သူမက လာလာကြည့်နေပေါ့တဲ့။ အဲဒီကတည်းက နင်သွားမိတယ်လေ ကွန်ပျူတာကိုကော အင်တာနက်ကိုကော အကျွမ်းတ၀င်ရှိဖို့ကြိုးစားလာလိုက်တာခုဆို ကျွမ်းစကီးမဖြစ်တဖြစ်ဘ၀နဲ့ချက်တင်မမဖြစ်လာတာကို တွေးမိတိုင်း ကောင်တာမမရဲ့ကျေးဇူးတရားကို ထာဝရ အောက်မေ့တသ ရင်ခံမိပါကြောင်း။




1 comment:

ပီကေ said...

ညီမေရ No Pain, No Gain တဲ့။ အတွေ့အကြုံဆိုတာ ဒုက္ခတွေ တွေ့ပြီး ပြဿနာတွေ ကြုံမှ တန်ဖိုးရှိတတ်တာပါ။ စိတ်ဝင်စားရင် No Pain No Gain ဆိုတဲ့ ပို့စ်လေးကို အဲဒီမှာ ကလစ်နှိပ်ပြီး ဖတ်ကြည့်ပါလား။