Sunday, July 26, 2009

၅နှစ်ပြည့်သံလွင်အိမ်မက်အင်တာနက်မဂ္ဂဇင်းအထူးထုတ်(အတွဲ၃၊အမှတ်၃)ထွက်ပြီ

၅နှစ်ပြည့် သံလွင်အိမ်မက်အင်တာနက်မဂ္ဂဇင်း
အထူးထုတ်(အတွဲ၃၊အမှတ်၃)
ကို ယနေ့
၂၆ရက်,ဇူလိုင်လတွင်ထွက်ပါပြီ။
အထူးထုတ် အမှာစာအောက်တွင် ၅နှစ်ပြည့်
ကျေးဇူးတင်လွှာအဖြစ် ဤသို့ဖော်ပြထားသည်။

“၅ နှစ်ပြည့် ကျေးဇူးတင်လွှာ”
“ကျွန်တော်တို့အတွက် ရုပ်ပြောင် ထိပ်ပြောင်
ပုံများ ဆွဲပေးသော ကာတွန်း ပန်းချီဆရာ
KNT၊ ဒီဇိုင်းများကို မညည်းမညူ ရေးဆွဲ
ပေးသော ကိုဖြိုး၊ရင်ဘတ်ချင်းတူစွာ စီး
ဆင်းခဲ့သော စာရေးသူများ၊ မိတ်ဆွေသူ
ငယ်ချင်းများနှင့် ငါးနှစ်ပြည့်အထိ အစဉ်တစိုက် အားပေးလာကြသော ပရိတ်သတ်များ အပြင် အခြားအခြားသော ကျေးဇူးတင်အပ်သည့် ပုဂ္ဂိုလ်များအားလုံးကို သံလွင်အိပ်မက် ၀ိုင်းတော်သားများက ကျေးဇူးတင်ရှိပါသည်..။”
ဟူ၍ ဖော်ပြထားပါတယ်....

ထို့အပြင် သံလွင်အိမ်မက်တွင် ရေးသားခဲ့ကြ
သော “ကလောင်ရှင်တို့ရဲ့ အမှတ်တရစကား
လေးများ”
ကိုလည်းဖော်ပြထားပါတယ်။

ငါးနှစ်ပြည့်အထူးထုတ်ဖြစ်တဲ့ သံလွင်အိမ်မက်
အင်တာနက်မဂ္ဂဇင်း(အတွဲ-၃၊ အမှတ်-၃) မှာ ကျမ ရေးသားတဲ့"ပေးဆပ်သူများ" ဆိုတဲ့
ဝတ္ထုတိုလေး ရွေးချယ်ဖော်ပြခြင်းခံရတဲ့
အတွက် အတိုင်းမသိပီတိဖြစ်မိပါတယ်.....
ကျမရဲ့ မိတ်ဆွေများအားလုံးလည်း ကျမရဲ့ခံစားချက်စာမူလေးကို မျှဝေခံစားဝေဖန်ပေးကြပါလို့ တောင်းဆိုလိုက်ပါရစေနော်....

“ပေးဆပ်သူများ”

ခပ်ဝေးဝေးကို ကြည့်လိုက်တော့ အုန်းပင်တန်း
နဲ့ဒီရေတောတွေက ဟိုနားဒီနား အစုလိုက်ပေါ့
ခေတ်ကို ကျောခိုင်းထားရတဲ့ ဒီဒေသလေးကို
ကျွန်မ ခြေချဖို့ ဆုံးဖြတ်လိုက်ကတည်းက အ
ခြေအနေအားလုံးကို လက်သင့်ခံမယ်ဆိုတဲ့
စိတ်လေးနဲ့ပါ။ ခေတ်မီတဲ့ အသိုင်းအဝိုင်းတစ်
ခုက သွေးသားအဖြစ်နဲ့ ကြီးပြင်းခဲ့ရတာမို့
ကျွန်မကတော့ ခေတ်မီအသုံးအဆောင်တွေ
ကို သိပ်ခုံမင်နှစ်သက်သူ တစ်ယောက်။ အထူး
သဖြင့် အခုလို ပင်လယ်ကမ်းခြေ ရွာငယ်တခုမှာ သူတို့ဓလေ့အတိုင်း နေထိုင်နိုင်ဖို့အတွက် သိပ်ကိုခက်ခဲမယ့်သူအဖြစ် အများအမြင်မှာ ထင်မြင်ယူဆခံရမယ့်သူဖြစ်တဲ့ ကျွန်မ၊ ဒီဒေသကို တွဲဖက်မူလတန်းကျောင်းဆရာမလေးအဖြစ် ခြေချမိစေဖို့ အဓိကအကြောင်းကတော့.......<<ဆက်ဖတ်ရန်>>




အာဇာနည်ဗိမာန်ဘွဲ့လေးချိုးကြီး(သခင်ကိုယ်တော်မှိုင်း)

သြော်၊ အဆောင်ဆောင်နန်းတွေ၊ ကြငှန်းတွေနှင့်နှော၊ အခေါင်မမြန်းခင်က၊ အောင်စာတမ်းချို့စေဘို့၊ အောင်ပန်းညို့ရရှာတဲ့၊ တောင်တမန်းတို့ဗမာမှာ၊ အဟောင်းသံသရာ အငုတ်တွေနှင့် အောင်ဆန်းတို့ မသာမယာဟာ၊ ၎င်း ကံကြမ္မာ အလုပ်ပေထင့်၊ သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်၊ ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သဂြုင်္ိဟ်ချင်။

သြော် တပည့်ရင်းတွေမို့၊ က၀ိမတင်းနိုင်ဘုကွယ့် သတိကင်းကာ မျက်ရည်ကျကျပြီး၊ ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘူ့၊ သောက ဘလောင်ဆူတော့၊ တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊ ယခေါင်မူ ယမန်သနစ်တွေပေါ့၊ ရန်အဖြစ်မကွယ့် မနှေးသနော် တသောင်းဇမ္ဗူရမ်းနေကြ၊ ကျန်ရစ်သူမြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့်၊ လူကြမ်းဓပြတွေ ကြမ်းလာ ရမ်းလာတဲ့အရေးတွင်မှ၊ ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့၊ သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင် ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့၊ သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊ သားရင်း ရှင်တရုပ်ကယ်က၊ ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွေဖြင့်၊ ဒ၀ယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊ ဟိုအရင် ယမန် နန်းတော်စီးစဉ်က၊ အပျက်ကြီးပျက်ကာ အသက်ခန္ဗ္ဓာတွေဆုံးပုံနဲ့၊ တထုံးနောက်တနဲမှာတော့၊ မင်းရဲရန္တမိတ်ခမျာမှာ ညီသနင်းပေပေါ့၊ ပြည်မင်းဂုဏ်ခံလို့၊ မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့အတိုင်းရဲ့ပြင်၊ တလိုင်းနယ် ရွှေပြည်တခွင်မတော့၊ ဓမ္မစေတီဘုရင်လက်ထက်တုန်းဆီက၊ လက်ရုံးရည် တသိန် လျှမ်းပေတဲ့၊ သမိန်ဗရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊ မဟုတ်တရုတ် အကောင် တေလေ တစ္ဆေ ကိုက်တာနဲ့၊ သြော် ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊ မရေမရာ သေရွာဆိုက်သလိုပါ့၊ အခိုက်အခါတူမို့လို့၊ ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊ ဘမရာ အဆူဆူ ကြာကြငှန်းတွေနှင့်၊ မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့် ငါတလူ ငါသရမ်းရော့မဟဲ့လို့၊ သာခန်း ပလ္လင်ညွှန်းပြီး၊ မြင်ကွန်းပိုင် သူပုန်ထစဉ်က၊ ကြုံရသူ မသာတော်နှင့်၊ ပမာသော်တူတယ်လို့ နှိုင်းမိတယ်၊ ရိုင်းသတဲ့ အတိတ်ယခင်လိုနော်ကွယ်၊ စကိုင်းတပဲ့ ဂိုဏ်းဖွဲ့တွေနဲ့၊ မှိုင်းရဲ့စိတ်ထင်။

မင်းစိတ်မင်းမာန် အကြံအဖန်ကင်းလိုက်ပုံက၊ အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့၊ ရန်ခပင်းကိုတဲ့ မောင်းကာနှင်၊ ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊ (အိုကွယ်) တကောင်းရာဇ၀င်ကိုတဲ့ ဆက်ချင်သကော။

နန်းမြို့တည်ရန်၊ မှန်းလို့ရည်ကာသန်တဲ့၊ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊ ထိုထိုလူ့ခပဲကိုမကြည်ညိုတဲ့၊ ၀သီလို တဖြေးဖြေးရူးမဟဲ့လို့၊ တနွေးနွေး မူးမူးပြီး၊ ခွေးဘီလူးလိုအကောင်မိုက်တွေက၊ သြော် အမှောင်စရိုက်ကယ်နှင့်၊ ပြောင်ပြောင်ဘဲမိုက်မပေါ့လို့၊ ဗြောင်ကိုက်သဟာမှာ ယာယီတြာအချိန်နဲ့၊ ဇာတာမှိန်လို့မို့၊ ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့၊ ဖြေမကြည် နေရီတော့လွမ်းစေဘို့၊ မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊ အစွမ်းကုန် သည်တခါဖြင့်၊ ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့၊ သုဿန် တံခွန်စောင်းရရှာတဲ့၊ ရုပ်အကျန်ခုနှစ်လောင်းရယ်နှင့်၊ အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊ အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်၊ ပါရမီအဓိဋ္ဌာန်တမျိုးရယ်နှင့်၊ ရှိခိုးကာဆရာကန်တော့ချင်ရဲ့၊ မြန်မာမတော့ ပူစရာဘို့၊ တဗျူဟာ အောင်ခမန်းတွင်မှ၊ လူမသမာ အမှောင်သန်းချိန်မို့၊ သောင်ကမ်းမို့မို့ဆီက၊ ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊ သြော် တောင်နန်းမြောက်နန်း အဆောင်ကြငှန်းနဲ့၊ အခေါင်မမြန်းရခင်က၊ အောင်ပန်းညို့ရရှာတဲ့၊ အောင်ဆန်းတို့ သေပုံနှမြော။


(မှတ်ချက် - ၁၉၆၉ ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ်ထုတ်ဝေသော အောင်သန်း၏အောင်ဆန်း စာအုပ်မှ သခင်ကိုယ်တော်မှိုင်း၏ အာဇာနည်ဗိမာန်ဘွဲ့လေးချိုးကြီးကို မူရင်းသတ်ပုံအတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)

ဝန်ခံချက်......မိုးမခ ဆိုဒ်မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်ရှင်....



Saturday, July 18, 2009

၁၉ ဂျူလိုင် မမေ့နိုင် ခြောက်ဆယ့်နှစ် နှစ်တိုင်


မိုးဖွဲဖွဲရွာနေတဲ့ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ နံနက် ၁၀း၃၇ နာရီမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ
အာဇာနည်ကိုးဦးလုပ်ကြံခံခဲ့ကြရတဲ့ အဖြစ်ကို ကျမမေမေက ကျမငယ်စဉ်ကလေးဘဝမှာ အာဇာနည်နေ့
ရောက်တိုင်း ပုံပြင်တစ်ပုဒ်လို တတွတ်တွတ်ပြောပြခဲ့တာပါ။ ကျမလည်း ငယ်ငယ်ကတည်းက မေမေ့ကျေးဇူး
ကြောင့်အာဇာနည်နေ့အကြောင်းသိခွင့်ခံစားခွင့်ရခဲ့တာယနေ့ထက်တိုင်ပါ။ ငယ်စဉ်ကာလက အာဇာနည်နေ့
ရောက်တိုင်း မြန်မာ့အသံရေဒီယိုကနေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကို အသံလွှင့်ပေးတတ်တယ်.....။
ဒါ့အပြင် အာဇာနည်နေ့မှာ ဗိုလ်ချုပ်တို့ကျဆုံးခဲ့တဲ့ နံနက်၁၀နာရီ ၃၇ မိနစ် ရောက်တိုင်း ဥသြဆွဲပြီး ဝမ်းနည်း
ခြင်းအထိမ်းအမှတ်နဲ့ တစ်မိနစ်ငြိမ်သက်နေကြရတာလည်း မှတ်မှတ်ရရပါပဲ။
ယနေ့အချိန်ခါမှာတော့ ကျမတို့ရဲ့မျိုးဆက်သစ်တွေအားလုံးထဲက အများစုဟာ အာဇာနည်နေ့သမိုင်းကို
မသိကြတော့ သလိုအာဇာနည်နေ့အမှတ်တရအခမ်းအနားတွေကျင်းပတာကိုလည်း မတွေ့မမြင်ကြရတော့
တာမို့ အာဇာနည်နေ့ အကြောင်းကိုကျမတို့လူကြီးများကနေတဆင့် လက်လှမ်းမီရာ မျိုးဆက်သစ်လူငယ်
လေးတွေကိုဖြန့်ဝေပေးကြရမယ်လို့ မြင်ပါတယ်.
မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်သူရဲကောင်းများအား ကောင်းရာ
သုဂတိ လားပါစေကြောင်း....ဆုမွန်ကောင်းတောင်းရင်း ဗိုလ်ချုပ်တို့မျှော်မှန်းတဲ့ စစ်မှန်တဲ့လွတ်လပ်ရေးအရ
သာကိုပြည်သူအားလုံး ရရှိခံစားစံစားနိုင်ကြပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်....



Thursday, July 02, 2009

ချစ်သူ့မျက်နှာ


ရင်ခွင်တံခါးလေးဖွင့်ပေးထားတယ်
ဘယ်သူပြောပြော ယုံကြည်မိတဲ့ကိုယ့်မှာ
ထာဝရစကား အချိန်ပြည့်ကြားချင်နေတော့
တီတီတာတာအမူပိုချွဲ........

ချစ်သူ့မျက်နှာရွှင်ပြနေအောင်
အမြဲသရုပ်ဆောင်နေမှ
သူ့စကားချိုချို ဖိတ်စင်ကျမလားရယ်လို့
တွေးမိတဲ့နောက် ကိုယ်အပြုံးတွေနောက်က
တတွတ်တွတ်ချစ်စကားလေး
သူနားခါးသွားလေသလား.....

အရိပ်တကြည့်ကြည့်နဲ့
လငပုပ်ဖမ်းမယ့်နေ့ကို ရင်ထိတ်ခါလွဲစေကြောင်း
ဆုမွန်ကောင်းလေးတောင်းရင်း
အချိန်တန်အိမ်ပြန်လာတဲ့ ချစ်သူ့မျက်နှာလေးကို
မျှော်လင့်ရင်းနဲ့.....

အတွေးတွေတိမ်နဲ့အတူလွင့်
အချစ်တွေ ရင်နဲ့ထပ်တူ ချစ်သူ့အတွက်သိမ်းဆည်းထားရင်း
အခုတော့ ကိုယ်တစ်ယောက်တည်း
လမ်းမပေါ်က ကတ္တရာခင်းမှာ
ငါချစ်တဲ့ ချစ်သူ့မျက်နှာ......