Monday, July 14, 2008

ဝါဆိုသင်္ကန်းကပ်ဖြစ်တယ်


ကျွန်မတို့ရုံးမှာဒီနေ့ဝါဆိုသင်္က်န်းကပ်ဖြစ်တယ်လေ
ဆရာတော်မိန့်မြွက်တဲ့မြတ်စွာဘုရားတရားတော်တွေကိုနာကြားခဲ့ရပါတယ်
ပီတိဖြစ်မိတယ် မျှဝေပေးချင်တ.ဲ့ဆန္ဒလေးနဲ့ဒီပို့စ်တင်ဖြစ်တာပါနော်

မြတ်စွာဘုရားရဲ့သတိပေးမိန့်မှာချက်တွေပါ
မကောင်းမှုရှောင် ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထား
ပြောပြုတွေးစဉ်အသိယှဉ်ဆင်ခြင်ဥာဏ်နှင့်သွား
ဒုက္ခတွေ့လျှင်သတိနှင်သည်းခံမေတ္တာထား
တဲ့
လပြည့်လကွယ်တိုင်းကုသိုလ်လေးတစ်ခုခုကိုအမြဲပြုမယ်ဆိုယင်ကိုယ့်ဘ၀အတွက်
တန်ဖိုးမဖြတ်နိုင်တဲ့ရတနာကိုပိုင်ဆိုင်သွားရမှာလေ
ကုသိုလ်ဆိုတာသတိနဲ့ယှဉ်ပြီးနေထိုင်ကျင့်ကြံမှဖြစ်တာလေနော်
အကုသိုလ်ကအချိန်တိုင်းဖြစ်နေတာကိုသိတောင်မသိကြဘူး
လုပ်ရမယ့်ဝတ္တရားကိုလုပ်နေတယ်စေတနာလည်းအပြည့်ပါတယ်ဆိုယင်ကုသိုလ်ဖြစ်ပါတယ်တဲ့
မလုပ်သင့်တာကိုလုပ်တာက အကုသိုလ်
လုပ်ရမှာကိုမလုပ်တာကလည်း အကုသိုလ် ဆိုတော့
သတိလေးနဲ့ယှဉ်ပြီးအရာတိုင်းကို ကုသိုလ်ဖြစ်အောင်ကျင့်ကြံကြပါလို့
မိုးကုတ်ဆရာတော်တစ်ပါးဟောကြားခဲ့တဲ့တရားအဆုံးမကို
မျှဝေပေးလိုက်ပါတယ်။
ဝါဆိုမှာသံဃာတော်ကိုသင်္ကံန်းကပ်မှကုသိုလ်မဟုတ်ပါဘူးတဲ့
အတိဒုက္ခဘေးတွေရင်ဆိုင်နေကြရသူတွေအမှန်တကယ်လိုအပ်နေတဲ့သူတွေကို ကိုယ့်ရဲ့ပိုင်ဆိုင်မှုထဲကအထည်ဟောင်းတွေကိုလှူတန်းဝေမျှတာဟာလည်းဒါနပါရမီမြောက်ပါတယ်နော်
ဒီစာစုလေးဖတ်မိကြပြီး သူငယ်ချင်းတို့လည်းကုသိုလ်တစ်ခုခုပြုလုပ်နိုင်ကြပါစေလို့...

No comments: