Monday, July 28, 2008

အို.........မာတာ

နေ့ခင်းလေးက အသစ်။
နေရောင်ကလည်းခပ်လွင့်လွင့်။
ဒီအချိန်လေးရောက်တိုင်း အတွေးအစဉ်က ဟိုးအရင်အချိန်တချို့ ကို ပြန်ပြောင်းတမ်းတမိပါရဲ့.....
အချိန်ရာသီကလည်းသာယာနေတယ်ပေါ့။ မသာမယာနိုင်တာက ရင်ထဲကရာသီဥတု။ တော်တော်ပူပြင်းနေတာ။
စံချိန်တင်ကန္တာရအပူချိန်တောင်လိုက်မီမယ်မထင်ဘူး။
ကျောင်းဖွင့်စအချိန်ဒီလိုအခိုက်အတန့်မှာ ရတနာများအတွက် ပူရပင်ရဓမ္မတာအချိန်ကိုး နော့။
အစစအရာရာက အသစ်ကပြန်ပြန်စနေရတဲ့ ဒီအချိန်အခါသမယမှာ လိုအပ်တဲ့အ၇ာအားလုံးကို အပူပင်ကင်းကင်းလူတန်းစေ့သူတို့သုံးနိုင်ဖို့အရေး မာတာလေးက တာဝန်ယူပေးရတာကလည်း
ဖတ်ဖတ်မော ကြိမ်ဖန်များစွာပါလေ။ ငရဲပန်းကိုအလှပန်းထင်သကိုး လို့နှိုင်းကြယင်လည်း ရှိစေတော့ပေါ့။
ဘာလို့လည်းဆိုတော့...

ရထားတဲ့ရတနာလေးကလည်းကိုယ်လိုသလိုပုံသွင်းကြည့်တာ ဟိုဆောင်ပုဒ်ကို သက်သေပြနေတဲ့အတိုင်းပဲ။
ဘာတဲ့... ပုခက်လွှဲသောမိခင်၏လက်သည်ကမ္ဘာကိုလွှမ်းနိုင်သည် ဆိုတဲ့ ဆောင်ပုဒ်လေ။ ပြောပြရအုံးမယ်။
ကျုပ်ကလေးကသူများတွေထက်ထူးတယ်။ သားလိုချင်ပေမယ့် မွေးတော့သမီးလေးဖြစ်နေတာကို
စိတ်ကတော်တော်ကျသွားခဲ့ရပေမယ့်ကျုပ်စိတ်ကူးတွေအားလုံးကို သူ့ကိုပြောပြတဲ့အခါ
မျက်လုံးအ၀ိုင်းသားနဲ့နားထောင်တတ်ပြီးကျုပ်ဆန္ဒတွေကိုတင်ပြတဲ့အခါမျက်လုံးလေး
စူးစူးစိုက်စိုက်နဲ့ကြည့်ပြီးခေါင်းညိတ်လက်ခံတတ်တဲ့ရတနာလေး။
ကျောင်းစတက်ရမယ့်အရွယ်ရောက်တော့ပညာသင်ချင်တာလည်းသူ့အပြင်
နှစ်ယောက်မရှိခဲ့ဘူးလေ။
ကျုပ်မရခဲ့တဲ့အောင်မြင်မှုတွေကို သူကရအောင်ကိုကြိုးစားပြနိုင်ခဲ့တာ။
ဒါပေမယ့် ကျုပ်ကနည်းဗျူဟာလေးတစ်ခုတော့သုံးခဲ့ရတာပေါ့။
သူ့စိတ်ကိုနှိုးဆွပေးနိုင်မယ့် မက်လုံး လေးပေါ့။
လောကမှာအပေးရှိမှအယူရှိသတဲ့ဆိုတဲ့အတိုင်းပေါ့ သူကလည်းအောင်မြင်မှုတွေရအောင်
စွမ်းဆောင်ပေးနိုင်သလို
သူ့ကိုလည်း ကျုပ်က ဂုဏ်ပြုတဲ့အနေနဲ့တော့ တစ်ခုခု တော့ပြန်ဖန်တီးပေးရတယ်ပေါ့လေ။
ဒီလိုနဲ့ တစ်နှစ်တစ်တန်းတက်လာလိုက်တာ ခုဆိုအတန်းတော်တော်ရလာပြီလေ။
အတန်းကြီးလာတာနဲ့အမျှစရိတ်စက ကလည်းမြင့်တက်လာလိုက်တာ အခုဆို ကျုပ်လည်ပင်းက
အရာလေးကိုတောင်စိန်ခေါ်လာပြီ။ ဘယ့်နှယ်လုပ်ရပါ့မလဲ။
ဟုတ်။
ကိုယ်ကစထားတဲ့ဇာတ်ကိုး။
ကျုပ်ကလည်း သူ့အတွက်ဆိုအရာရာဖန်တီးဖြည့်ဆီးပေးချင်နေတာပါ။
ကျုပ်ဖြည့်ဆီးပေးတဲ့အရင်းအနှီးတွေအားလုံးကိုလည်း သူက အမြတ်မထွက်တောင်အဖတ်တင်အောင်
စွမ်းဆောင်ပေးနိုင်တဲ့သူပါလေ။ သူအောင်မြင်မှုတစ်ခုရတိုင်းရတိုင်း
ကျုပ်ကပီတိဗရပွနဲ့ ခေါင်းမော့ရင်ကော့နိုင်ခဲ့တာလည်း ဆယ်စုနှစ်တစ်ခုတောင်ကျော်ခဲ့ပြီ။
စိန်ခေါ်တိုင်းအနိုင်မခံအရှုံးမပေးတတ်တဲ့သူ့သဘာဝကိုကျုပ်ကခိုင်ခံ့အောင်ပျိုးထောင်ပေးနေခဲ့တာပါ။
မျှော်လင့်ရတဲ့ဒုက္ခကလည်းမသေးပါဘူး။ သူ့ဆီမှာကျုပ်ဘ၀ရဲ့မျှော်လင့်ချက်အားလုံးပုံအပ်ကာ
စောင့်စားလိုက်တဲ့အချိန်ကစပြီး သူဟာကျုပ်ရဲ့ရင်နှစ်သည်းခြာ ရတနာတစ်ပါးသာမကတော့ဘူး
ကျုပ်ရဲ့ရှင်သန်ရာအားလုံးကို ပိုင်ဆိုင်သူတစ်ယောက်အဖြစ်နဲ့ပါရပ်တည် လာခဲ့တာ။
သူကလည်းကျုပ်ကို အရာတိုင်းမှာပွင့်လင်းတတ်တယ်။ တိုင်ပင်တတ်တယ်။
ကျုပ်ကိုလည်းဝေဖန်တတ်သေးတယ်လေ။
ကျုပ်ကတော့ သူ့ရဲ့သဘာဝလေးကိုသဘောတကျနဲ့လက်ခံထားမိတဲ့သူဆိုတော့
သူ့ရဲ့အမူအကျင့်အားလုံး နဲ့ စိတ်ဓါတ်လေးကိုလည်းအလိုက်တသင့်လေးရင့်သန်ခွင့်ပေးခဲ့မိတယ်။
အင်းလေ။ ဒီလိုကျောင်းဖွင့်ချိန်ရောက်တိုင်း သူတက်ချင်တဲ့ကျောင်း၊ သူလိုအပ်တဲ့အရာအားလုံးကို
ကျုပ်ကအင်တိုက်အားတိုက်ပံ့ပိုးပေးခဲ့တယ်။ သူ့ဘက်ကမားမားမတ်မတ်ရပ်တည်ပေးခဲ့တယ်။
သူဖြစ်ချင်တာအားလုံးကို မျှော်လင့်ချက် ခပ်ဖျော့ဖျော့လေးနဲ့ ဖြည့်ဆည်းပေးနေခဲ့တယ်။
ကျုပ်ကိုမေးငေါ့ခဲ့၊ မျက်လုံးမှေးပြီးမတူမတန်သလိုဆက်ဆံခဲ့တဲ့ ကျုပ်ရဲ့ပတ်သက်မိတဲ့အသိုင်းအ၀ိုင်းက
မယုံနိုင်လောက်အောင် အထင်ကြီးငေးမောလောက်တဲ့အောင်မြင်မှုတစ်ခုကို သူက ကျုပ်အတွက်
သူ့ရဲ့ရည်မှန်းချက်စိတ်ကူးအိပ်မက်ကို အရာထင်အောင် စွမ်းဆောင်လိုက်တဲ့အခါမှာ တော့
ကျုပ်အမောပြေသွားခဲ့ပါတယ်။
ကျန်တဲ့ဘ၀ခရီးမှာ အမောပြေပြေလျှောက်လှမ်းခွင့်ကို သူကကျုပ်အတွက်နားနားနေနေ
ဖြည့်ဆည်းပေးမယ်လို့လည်း လုံးဝယုံကြည်ထားခဲ့တယ်လေ။
ခုတော့ကျုပ်ပျိုးထောင်ခဲ့တဲ့ ကျုပ်ကိုတိုင်ပုံဖော်ခဲ့တဲ့ကျုပ်ရဲ့ ရတနာပန်းလေးတစ်ပွင့်ဟာ
လူတန်းစေ့ဘ၀ခရီးရှည်ကို စတင်လှမ်းလျှောက်ခဲ့ပြီလေ။
ကျုပ်အောင်မြင်ခဲ့တယ်လို့တော့ပြောကြတာပါပဲ။
သူ့ကိုတော့ ကျုပ်က ရင်ခွင်ပိုက်အနေအထားနဲ့ပဲ မျက်ခြေမပြတ်ကြည့်နေချင်
တာပါ။ဒါပေမယ့် ကျုပ်အသက်အရွယ်ကျန်းမာရေးအခြေအနေကတော့ သူ့ကိုကျုပ်ပြန်မျှော်လင့်
အားထားနေမိတဲ့ အချိန်ကိုရောက်နေခဲ့ပါပြီ။ ကျုပ်တခါတလေငိုမိတယ်။ ရင်ခွင်ကိုငုံ့ကြည့်လိုက်တော့
သူကမရှိပြန်ဘူးလေ။ ဘ၀လမ်းကို ကျုပ်နဲ့ဝေးရာတစ်နေရာမှာ သူကဖြတ်သန်းနေပြီ။
ဒါပေမယ့် ကျုပ်က ရေဆန်ဆိုတာကို လုံးဝလက်ခံထားသူတော့မဟုတ်ဘူး။ ဒါပေမယ့်
ဆန်လာတဲ့ရေလေးတစ်ပေါက်နဲ့တော့ ဘ၀အမောကိုပြေချင်သေးတယ်။ မျှော်လင့်နေမိပါရဲ့။ သူ့ဘ၀လေးလန်းဆန်းနေတာကိုမြင်နေရပေမယ့် ကျုပ်ကိုပစ်သွားမလားဆို
တဲ့အတ္တသံသယအတွေးကလည်း သူဖန်တီးလိုက်တဲ့ အခြေအနေတစ်ရပ်ကြောင့် ဝေဒနာအဖြစ်
ကျုပ်ခံစားနေရပြန်ပြီ။ ဒါပေမယ့်ကျုပ် သူ့ကိုယုံကြည်နေတုန်းပါပဲ။
သူ ပေးမယ့် ဆန်ရေတစ်ပေါက်ကိုလည်းဆက်သောက်ချင်နေသေးတယ်လေ။ ငံ့လင့်နေရဆဲပဲ။
ဘုရားမှာတော့သူကျန်းမာချမ်းသာပါစေ အသံကြားသနား မျက်နှာမြင်ချစ်ခင်ပါစေ အရာရာအဆင်ပြေပါစေ
လို့ဆုတောင်းပေးမိတာ အမြဲပေါ့။
.........................................................
မေမေရေး လို့ ဖက်ဖက်ပြီးငိုချင်တယ်။
ဒီအချိန်ဆိုအိမ်မှာတုန်းက ရခဲ့တဲ့စည်းစိမ်က သိပ်ကောင်းခဲ့တာပေါ့။ ကျောင်းလေးဖွင့်ချိန်ဆိုယင်
မေမေက ကိုယ့်အတွက် ကျောင်းဝတ်စုံကအစ စာရေးကိရိယာအလယ် အသုံးအဆောင်ပစ္စည်းအဆုံး
အကုန်လုံးကို ပီတိ ဖြစ်လောက်အောင် ဖန်တီးပေးတတ်တာလေ။ ကျောင်းေ၇ာက်ပြီဆိုယင်လည်း
မုန့်တွေကိုလက်ညှိုးညွှန်လိုက်ယင် ၀ယ်ပေးပြီးပြီ။
တခါတလေကိုယ်စားချင်တာလေးက ရောဂါဖြစ်နိုင်တယ်ဆိုယင်တော့ ဆော်ပလော်တီးပြီမှတ်။
ဒါပေမယ့်ကိုယ်က မေမေတီးလည်းအေးဆေးပဲ။ငိုလိုက်တယ်။မေကပြန်ချော့တယ်လေ။
မေမေပြန်ချော့တိုင်းမျက်ဝန်းမှာမျက်ရည်လေးတွေနဲ့။ နောက်မလုပ်နဲ့နော်ဆိုတဲ့စကား
ကိုလည်းအမြဲကြားရတတ်သလို ကိုယ်ကလည်းခေါင်းကလေးညိတ်ပြီးနှာတရှုံ့ရှုံ့နဲ့ပေါ့။
ခုတော့ ကိုယ့်ဘ၀လေးကို ကိုယ့်ဘာသာဖန်တီးရချိန်ရောက်လာတော့ ကိုယ်တောင့်တမိတဲ့
အရာအားလုံးကို ကိုယ်တိုင်ရှာကြံရတဲ့အခါဟိုးအဝေးက မေ့ရင်ခွင်ထဲပြေးဝင်ချင်
စိတ်ကို ထိန်းချုပ်ရတာလဲအခါခါပေါ့။
အင်း ကျောင်းမှာဆုပေးပွဲအချိန်ရောက်ယင်ဖြင့်မေမေက ကိုယ့်အတွက်ဖိတ်စာလေးကို
တကြည့်ကြည့်နဲ့ ပီတိအစုံကို မဖုံးနိုင်မဖိနိုင် ခံစားပြီး ကိုယ်ဆုပေးပွဲမှာဝတ်ဖို့ ၀တ်စုံလှလှလေး
လည်းဖန်တီးပေးပြန်တာပေါ့။ ကိုယ့်ကိုလည်းပြောသေးတယ် မေမေ၀ယ်လာတဲ့ဝတ်စုံက
ဘယ်သူမှ မ၀တ်သေးတဲ့ဖက်ရှင်အသစ်ဈေးအကြီးဆုံးဆိုတာတွေပေါ့။ ကိုယ်ကပီတိဖြာပြီးနောက်ထပ်အောင်မြင်မှုတွေထပ်ယူချင်တဲ့ဆန္ဒတွေအပြည့်နဲ့ပေါ့။
ဒီလိုနဲ့ပဲကိုယ်နိုင်သလောက်ကြိုးစားလာလိုက်တာ ကိုယ်လိုချင်တဲ့ဘွဲ့ကိုလည်းရခဲ့ပြီးပြီလေ။
အလွယ်လေးနဲ့ရခဲ့တာမဟုတ်ဘူး။ကိုယ့်အောင်မြင်မှုတိုင်းမှာ အမေ့ချွေးတွေပါတယ်။
အမေ့သွေးကလာတဲ့ခံစားချက်တွေပါတယ်။ မေမေရဲ့ပိုင်ဆိုင်မှုအားလုံးပါခဲ့တယ်။
အဲဒါကို ကိုယ်သိနေပါတယ်လေ။ အေးဆေးနေတတ်တဲ့သဘာဝရှိတဲ့ကိုယ်က
ကိုယ့်ဘ၀ကို ကိုယ့်စိတ်ကြိုက်အဆင့်ခပ်မြင့်မြင့်ဖြတ်သန်းချင်တာကလည်း မေမေကြောင့်ပါပဲ။
ကိုယ်ကြိုးစားခဲ့တယ်။ နောက်တော့ကိုယ်နေရာတစ်ခုကိုလူတန်းစေ့ခပ်မြိန့်မြိန့်လေး
ပိုင်ဆိုင်နိုင်ခဲ့တယ်။ အဲဒီဘ၀အဆင့်ကိုလည်း ကိုယ့်ရဲ့မျက်ရည်နဲ့မေမေ့မျက်၇ည်တွေ
မေမေ့ခွန်အားနဲ့ကိုယ့်ခွန်အားတွေထပ်တူကျခဲ့တယ်။
မေမေရဲ့နောက်ဆုံးမီးကုန်ယမ်းကုန်အားထုတ်ဖြည့်ဆည်းပေးခဲ့တာကြောင့်လည်း
ကိုယ်ဟာ မေမေ့ရဲ့တာဝန်ကို လုံးဝဥဿုံ လွှဲပြောင်းယူခဲ့တယ်။
ဒါဟာလည်း လုံးဝလုပ်ရတော့မယ့်အချိန်အခါသမယပေပဲလေ။
အင်း တွေးမိတိုင်းမချိမဆန့် ခံစားရတာကတော့ ကိုယ်ဖြည့်ဆည်းပေးနိုင်သေးတာက
မေမေ့အတွက် ရယ်စရာကောင်းနေတာကိုပါပဲ။
လုံးဝတာဝန်မကျေသလိုခံစားနေရတယ်။ ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာထဲကနေပြီး
အဆုံးစွန်ထိ ကြိုးစားပေးနေတာပါပဲ။ပြန်ဖြေသိမ့်ကြည့်ပေမယ့် ကိုယ့်ကို
မေမေ၀ယ်ပေးခဲ့တဲ့ခွေးရုပ်ခဲတံတစ်ချောင်းဖိုးတောင် မကျေနိုင်သေးတာကို ရှက်မိပါရဲ့။
မတတ်နိုင်ဘူးလေလို့ပြောရလောက်အောင်ကိုယ်အရှက်တရားက ခွင့်မပြုပြန်ဘူး။
သိတတ်မှုတာဝန်ယူချင်မှုတွေတစ်ပုံတစ်ပင်နဲ့ ကိုယ် ဆက်လျှောက်နေသေးတယ်။
ဘ၀ဟာအကွေ့အကောက်များတယ်ဆိုတာ ကိုယ် လက်ခံလိုက်တဲ့အခါမှာ
ကိုယ်ထင်မထားတဲ့လမ်းလေးတစ်ခုကလည်း နှစ်သက်လိုလားလက်ခံချင်လိုမှုတွေ
ဖြစ်လာအောင်ကဗျာဆန်ဆန်လေး ပေါက်လာပြန်တယ်။ မေမေကတော့ စိုးရိမ်တကြီးနဲ့ ပေါ့လေ။
ကိုယ်ယုံကြည်ရာကိုယ်လုပ်ခွင့်ကို ဖန်တီးပေးမြဲဖြစ်တဲ့မေမေ ကတော့ သူမရဲ့စိုးရိမ်စိတ်တွေကတဘက် ကိုယ့်ကိုယုံကြည်မျှော်လင့်ထားတဲ့သူ့အိပ်မက်ကတဘက် နဲ့အတူ ကိုယ်ဘာလုပ်လေမလဲ
လို့ငံ့လင့်တွေဝေနေဆဲပါပဲ။
ကိုယ့်ဘ၀ရဲ့ခမ်းနားတဲ့အချိန်တိုင်းကို ပိုင်ဆိုင်နိုင်အောင် ဆက်လျှောက်နေတဲ့ ကိုယ့်မှာ ခွန်အားတွေက
အပြည့်နဲ့ပါ။ ချော်လဲတဲ့အကြိမ်တိုင်းမှာ မေမေက ကိုယ့်အတွက် စိတ်ဓါတ်ကြံ့ခိုင်လာစေမယ့် စကားလုံး
တွေနဲ့ အစဉ်သွန်သင်ပေးနေခဲ့တယ်။ သူများတွန်းချတာလည်း ခံရတော့မလိုဖြစ်တဲ့အခါတိုင်းမှာလည်း
ကိုယ့်အတွက် မေ့ရဲ့မေတ္တာတွေက တံတိုင်းတစ်ခုလို ကာရံထားပေးနေတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့
ကိုယ့်ငယ်ဘ၀လေးဟာ မေမေ့ကြောင့် စိုပြည်မှုအပြည့်ခံစားခဲ့ရတယ်။ ကိုယ်တမ်းတမိတိုင်း အိုမေမေ
လို့ သာ အမြဲရင်ထဲ အစဉ်ပဲ ဟစ်ကြွေးနေမိတယ်လေ။
ကိုယ့်ထက်မြက်မှုတွေအားလုံး ကို ပုံဖော်ပေးခဲ့တဲ့မေမေ့အတွက် ကိုယ်ရှင်သန်ချိန်အားလုံးမှာ ကိုယ်
စိတ်တိုင်းကျ ပေးဆပ်ချင်နေတယ်။ အဲဒီအတွက်ကိုယ် အချိန်တိုင်းမှာကြိုးစားနေတယ်။ တခါတလေတော့
ကိုယ်ရင်ဆိုင်ရတဲ့အထေ့အငေါ့လေးတွေကိုကြုံတိုင်း မေမေ့ရဲ့ခွန်အားတွေကို လေးစားမိတယ်။
မေမေကျော်ဖြတ်ခဲ့ရတဲ့ ကိုယ့်ကိုပျိုးထောင်ပေးရတဲ့အချိန်တိုင်းမှာ ကိုယ်မြင်ခဲ့ရတဲ့မေမေရဲ့ ခွန်အားတွေကိုပေါ့။
ကိုယ်ကတော့ မေမေရဲ့ရင်ခွင်ကရုန်းထွက်ခဲ့ရသူမဟုတ်ပေမယ့် တိုက်ဆိုင်တဲ့အချိန်တိုင်းမှာ မေမေ့ရင်ခွင်ထဲ
ခေါင်းဝှေ့ပြီးကျီစယ်နေချင်ချွဲနွဲ့နေချင်တာပါ။ ကိုယ်ပြန်မရနိုင်တော့တဲ့ကိုယ့်ရဲ့အတိတ်အချိန်တွေက မေမေ့ရဲ့
ကျေးဇူးတွေကို တော့ ကိုယ်ဦးခိုက်နေတာ ထာဝရပါပဲ။ မေမေသိနိုင်မယ်လို့မျှော်လင့်နေတာတော့မဟုတ်ဘူး။
ကိုယ်ပတ်ဝန်းကျင်အသစ်အသစ်တွေ လူအသစ်အသစ်တွေနဲ့ အစဉ်ထိတွေ့နေခဲ့ရတယ်။ကိုယ်အစဉ်အတိုင်းရှာဖွေနေ
မိတဲ့ ကိုယ့်ဘ၀တိုးတက်မှုအသီးအပွင့်တိုင်းကို မေမေအရသာခံနိုင်ပါစေလို့ဆန္ဒအမြဲပြုနေမိတယ်။
အရင်တုန်းက နုနယ်တဲ့အသည်းကို အပြင်လေကြမ်းလေးတိုးတာကိုတောင် ကိုယ်က မခံမရပ်နိုင်နဲ့ မေမေ့ဆီ
တိုင်တည်တတ်တယ်။ ခုတော့ ကိုယ်အဲဒီအမူအကျင့်ကို လုံးဝရှောင်လိုက်ပြီ။ အရာတိုင်းကို ခံနိုင်ရည်ရှိအောင်
ကြိုးစားတွန်းလှန်ရမယ်ဆိုတဲ့စိတ်နဲ့ပေါ့။
ခုတော့အေးဆေးပါပဲ။အရာတိုင်းကို စိန်ခေါ်နိုင်ဖို့ ကိုယ့်ဘ၀ဆိုတဲ့ Crcuit မှာ Resistor တွေခပ်များများ
ထည့်ထားရတယ်။ Automatic Control System တစ်ခုကိုလည်း ကိုယ့်ဘ၀ Circuit ပတ်လမ်းမှာ အော်တိုချိတ်ထား
တယ်။ မလိုလားအပ်တဲ့တိုက်ခိုက်မှုတွေနဲ့ကြုံလာတိုင်းလည်း ကိုယ် Circuit ကို FeedBack ပြန်ကျွေးတတ်အောင် ကျင့်ကြံ
လာပြီလေ။ ကိုယ်တတ်တဲ့ပညာလေးနဲ့တော့ ကိုယ့်တစ်သက် ရှင်သန်နေချိန်တိုင်းကို အကျိုးရှိရှိဖြတ်သန်းလိုက်မယ်
လို့ ဆုံးဖြတ်ထားတယ်။နောက်ပြီးကိုယ်ခံယူထားတာက ကိုယ်အသက်ရှင်နေသရွေ့
မေမေရဲ့မျှော်လင့်ခြင်းကောင်းကင်ကနေဆန်ရေလေးတစ်ပေါက်အဖြစ်
အမြဲဖန်တီးပေးနေချင်တာပါပဲ.။
ဘုရားမှာ မေမေအတွက်တာဝန်ကျေနိုင်ပါစေ လို့အမြဲဆုတောင်းနေမိတယ်လေ။


Thursday, July 24, 2008

Poem

ချစ်သူ
ရင်ခွင်နဲ့အနီးဆုံးနေရာမှာနေခွင့်လေးရခဲ့ယင်
မင်းနှလုံးသားအလယ်ဗဟိုတည့်တည့်မှာ ငါ့ပါးလေးအပ်ထားချင်တယ်
ချစ်သူ
နှလုံးသားနဲ့အနီးဆုံးနေရာမှာနေခွင့်မင်းပေးခဲ့ယင်
မင်းနှလုံးသားရဲ့ချစ်သံစဉ်တွေကို ငါ့နားအစုံနဲ့ကြားချင်သေးတယ်
ချစ်သူ
မင်းကိုအမြဲထာဝရပိုင်ဆိုင်ခွင့်ရခဲ့ယင်
မင်းရင်ခွင်မှာမှေးစက်ပြီး ငါ့နှာသီးဖျားလေးနဲ့မင်းနှလုံးသားကိုနမ်းရှိုက်ချင်တယ်
ချစ်သူ
မင်းသာတန်ဖိုးထားတဲ့အချစ်တွေထာဝရပေးခဲ့ယင်
မင်းရဲ့ငါ့ကိုချစ်တဲ့အချစ်တွေစုစည်းထားတဲ့မင်းနှလုံးသားလေးကိုထာဝရယုယခွင့်ရချင်တယ်...

Beloved

Monday, July 21, 2008

ံThe Reason for using internet!!!

နှစ်ဆယ့်တစ်ရာစုဆန်းစအချိန်
နေရာကတော့ ရန်ကုန်ဆိုတဲ့ရွှေမြို့တော်ပေါ့
ကွန်ပျူတာကိုခေတ်မီသူတိုင်းတတ်ကျွမ်းကြသောခေတ်ကြီးလည်းဖြစ်ပါ၏
အင်တာနက်ကို အစဉ်သာဆက်မပြတ်သုံးတတ်ကြတာလဲ ခေတ်မီခမ်းနားသူတစ်စုရဲ့ကျင့်စဉ်တစ်ခုသဖွယ်ဖြစ်နေသောအခါသမယမှာပါ။..
ငယ်သူငယ်ချင်းတစ်ယောက် ကျောင်းနေဘက်အတူစားအတူသွားဘော်လေးပေါ့
သူကဗြုန်းဆို စလုံးထွက်တော့အလွမ်းကုဋေနဲ့ကိုယ်ကကျန်ခဲ့ရတာလေ
မသွားခင်မှာတမ်းခြွေထားခဲ့တာက ငါ့ကိုနင်gmail ကနေစာပို့လို့ ချက်လို့ရတယ်ဆိုတာကို အလွတ်ကျက်
အသေမှတ်ထားတယ်။
ဒီနေ့က လခ စရတဲ့နေ့ ဆိုတော့ကာ ရောင်းရောင်းကို သူ့အချစ်အကြောင်းသတင်းပို့ပေးဖို့ အလို့ငှာ
မြို့လယ်က ခပ်မြင့်မြင့်ကဖေးဆိုင်ဘေးက အင်တာနက်ကဖေးဆီခပ်တည်တည်ဝင်ခဲ့ပေတယ်ပေါ့။
အဖြစ်ကအဲမှာစပြီ။
လေအေးစက်က သဘာဝမဟုတ်တဲ့လေအေးစိမ့်စိမ့်နဲ့အတူ ကောင်တာက မမ ကမျက်လုံးစိမ်းတွေနဲ့
အေးစက်စက်အကြည့်တစ်စုံက လျောတံခါးကိုသာသာတွန်းဝင်လိုက်တယ်ဆိုယင်ဘဲ ကြိုဆိုခံရတာပါပဲ။
အရေးစိုက်တဲ့ပုံမရှိတဲ့ကောင်တာကမမကို စာပို့ချင်တဲ့အကြောင်းကို မခို့တရို့ကိုယ်ပိုင်ဟန်နဲ့ ပြောလိုက်တော့
ကိုယ်ပိုင်လိပ်စာ၇ှိလားတဲ့။ နိုးပါပေါ့။ စိတ်ပျက်ပုံနဲ့ပင့်သက်ချယင်းသူက စောင်းငဲ့ငဲ့တသက်မမေ့ဖွယ်အကြည့်
တချက်တော့ လက်ဆောင်ပေးလိုက်သေးတယ်။
ကိုယ့်ပုံကလည်း ကလေးသာသာကြောင်တောင်တောင် အောက်သံဝဲတဲတဲနဲ့ စကားပြောယင်နှစ်လုံးမကွဲဘူးလေ။
ဘတ်စ်ကားကိုတိုးစီးလာရလို့ဘိုသီဘတ်သီနဲ့လေ။ရုံးအပြန်တန်းဝင်တာဆိုတော့ တိုလီမိုလီကလည်းအတွဲလိုက်နဲ့။
ပြောလိုက်တဲ့စကားလေးက
"ဒါဆို ဒီဆိုင်ကလိပ်စာနဲ့ပို့ပေးမယ် အချိန်တော့ကြာမယ် အားမှပို့ပေးမယ်"
"ဘယ်တော့လောက်ပို့ပေးနိုင်မလဲဟင် နည်းနည်းအရေးကြီးလို့ပါ"
"အော် မနက်ဖြန်တော့ရောက်မှာပါ သိပ်မကြာပါဘူး"
"ဟုတ်ကဲ့ ဒါဆို ညီမဘယ်လိုလုပ်ရမလဲဟင်"
ကောင်တာမမက လေတယ်ဆိုတဲ့ပုံနဲ့ သိပ်ရှုပ်တာပဲ ဆိုတဲ့အတွေးလေးကို မျက်လုံးလေးအဝေ့နဲ့
ဟန်ပါပါကြည့်လိုက်ပုံက တစ်သက်တာအတွက်မေ့လောက်စရာကိုမရှိလိုက်ပုံများ
သူ့ပြောပုံနဲ့ဟန်ပန်အမူအရာလေးက တစ်သက်မမေ့နိုင်စရာပါပဲလေ။
အင်းစိတ်လျှော့စိတ်လျှော့ဆိုပြီး ခပ်ပြုံးပြုံးလေးနဲ့ မေမေပြောတဲ့
‘လူ့အောက်ကျို့လို့မသေဘူး”ဆိုတဲ့စကားကို ရင်ဝယ်ပိုက်ပြီးတော့ပေါ့။
ထပ်ပြီးမေးသေးတဲ့ပုံက ဒီလိုလေ
“စာစီလာပြီးသားလား “ ဆိုတော့ ဟုတ်ကဲ့ပေါ့ အဲလောက်ကအဆင်ပြေသေးတယ်။
နောက်ထပ်မေးတဲ့မေးခွန်းကမှ ကမ္ဘာမကြေဖြစ်သွားစေခဲ့တာလေ။
“အင်္ဂလိုရေးတတ်တယ်မဟုတ်လားတဲ့ မြန်မာလိုဆိုပို့လို့မရဘူးတဲ့” ပြောပုံက
လူကိုနှိမ်တာများပြောပါတယ် သူပြောနေကျဆိုယင်လည်းကျွန်မက နည်းနည်းချော်တယ်ပဲထားပါတော့။
ဟုတ် အင်္ဂလိပ်လိုရေးထားတာပါ လို့ပြောတော့ သူက “အိုကေလေ ဒါဆိုဟိုမှာ သွားရိုက်ထားပါတဲ့”
လွတ်နေတဲ့ကွန်ပျူတာတစ်လုံးကိုညွှန်ပြပြီးပြောတယ် “Word ထဲမှာရိုက်ပြီး နာမည်တစ်ခုနဲ့သိမ်းထား ပြီးယင်
ပြောပါ “ တဲ့။
ခက်ပြီပေါ့။
ကွန်ပျူတာကိုလုံးဝသုံးရကောင်းမှန်းအသိအမှတ်ပြုထားတာမဟုတ်လေတော့ ဘယ်ကစပြီးစရမှန်းမသိပါဘူး။
Word file ကိုဖွင့်ပြီး ကီးဘုတ်ပေါ်လက်တင်လိုက်တယ်ဆိုယင်ပဲသေချင်စော်နံပြီလေ။
အေတစ်လုံးရိုက်ဖို့အရေးတစ်မိနစ်ခန့်အချိန်ယူရတယ်ဆိုတော့ကာ အချိန်နဲ့သုံးရတဲ့ဒီကဖေး
ဆိုင်သိမ်းချိန်တောင် ကိုယ့်စာကရိုက်ပြီးမှာမဟုတ်။
သိလိုက်ပါပြီ။
အားလုံးကိုဝေ့ကြည့်လိုက်တော့ အသီးသီးအသက က အိုကေစိုပြည် လေ။
သုံးနေကျအခက်ခဲမရှိဖြူးလို့။
ချွေးစေးထွက် လက်ကမသွက်နဲ့ သေငယ်ဇောမျောနေသလားအောက်မေ့မိတယ်။
အဲလိုဖြစ်နေတုန်းကံကောင်းထောက်မ
လူမစွမ်းနတ်တော့မဟုတ် စွမ်းတဲ့သူမ တဲ့သဘောလို့ပြောရမယ်။
ဘေးနားက မဒီတစ်ပါးက ငဲ့ကြည့်ပြီး မဟန်မှန်းသိတဲ့ပုံ။
ကိုယ့်ပုံကလည်း နှပ်ချေးမစင်တဲ့သူငယ်လေးပုံဆိုတော့ ကရုဏာသက်သွားပုံရပါတယ်။
မဒီက “ကလေး အိုကေလားအဆင်မပြေယင်ဒို့ရိုက်ပေးမယ်လေ” တဲ့။
အပီကျေနပ်သွားတာပေါ့ကိုယ်ကတော့ “ဟုတ်မမ ကျေးဇူးတင်ပါတယ်”ဆိုပြီး
ကိုယ့်အာဘော်ကိုခေါ်ပေးလိုက်တာ တစ်ခဏတွင်းပြီးသွားလေရဲ့။
ကျေးဇူးကြီးစွာတင်တဲ့မျက်လုံးလေးတွေနဲ့ သူမကို
ရိုကျိုးစွာကြည့်ပြီး ရင်ထဲမသက်မသာခံစားရလောက်တဲ့ အကြည့်ပိုင်ရှင်ကောင်တာကမမဆ
ီ တိုးလျှိုးတောင်ပန်ရသည့်အလားကိုယ့်စားရိတ်ကိုယ်စားပြီး မချိမဆန့်ပြုံးပြလိုက်ပြီးသကာလ
‘ဟို ပြီးပြီမမ” လို့ပြောတော့ သူမက အိုကေ ထားခဲ့ ခုတော့မအားလို့
အားယင်ပို့လိုက်မယ် ပို့ခကျသင့်ငွေပေးခဲ့ဖို့ပြောတာနဲ့ ကျွန်မက “ပြန်စာကိုဘယ်လိုသိရမလဲဟင်”ဆိုတော့
သူမက လာလာကြည့်နေပေါ့တဲ့။ အဲဒီကတည်းက နင်သွားမိတယ်လေ ကွန်ပျူတာကိုကော အင်တာနက်ကိုကော အကျွမ်းတ၀င်ရှိဖို့ကြိုးစားလာလိုက်တာခုဆို ကျွမ်းစကီးမဖြစ်တဖြစ်ဘ၀နဲ့ချက်တင်မမဖြစ်လာတာကို တွေးမိတိုင်း ကောင်တာမမရဲ့ကျေးဇူးတရားကို ထာဝရ အောက်မေ့တသ ရင်ခံမိပါကြောင်း။




I'm appreciate to Ko PK!!!

ကျေးဇူးတင်ထိုက်သူကိုကျေးဇူးတင်ရခြင်းသည်မင်္ဂလာတစ်ပါးမည်၏ဆိုသည့်အတိုင်း
မင်္ဂလာအပေါင်းခညောင်းစိမ့်သောငှာ ကိုပီကေကိုဒီစာစုလေးနဲ့ကျေးဇူးတင်လိုက်ပါရစေနော်။
ကိုပီကေရဲ့ဗမာအချင်းချင်းရိုင်းပင်းတတ်တဲ့စိတ်ကိုလည်းဂုဏ်ပြုလိုက်ပါတယ်။
ကျွန်မရဲ့ပို့စ်တွေမှာRead more .....လေး လုပ်ပေးတဲ့အတွက်ပါ။
သူငယ်ချင်းတို့လည်း Read more ကို ကိုယ့်ရဲ့ပို့စ်တွေမှာလုပ်ချင်ကြယင်ဖြင့်...

http://pikay.myanmarbloggers.org/2007/07/peekaboo.html

Wednesday, July 16, 2008

Congratulations!!! I proud of Ma Wai


မော်မြိုင်နည်းပညာကောလိပ်(၂၀၀၀-၂၀၀၄)ခုနှစ် ကျောင်းနေဘက်သူငယ်ချင်းများ

...



ကျွန်မသူငယ်ချင်းမဝေလွင်လွင်အောင်ဖြစ်ပါတယ်။
သူ့အတွက်ဂုဏ်ယူတဲ့အနေနဲ့ခုလိုပို့စ်တင်ဖြစ်တာပါ။
ကျွန်မတို့တတွေဟာမော်လမြိုင်နည်းပညာကောလိပ်မှအတူပညာသင်ကြားခဲ့ကြတဲ့မောင်နှမတွေပါ။
ရင်းနှီးခင်မင်စွာပျော်ရွှင်ခဲ့ရတဲ့အချိန်တွေကိုအောက်မေ့တသယင်း ကျွန်မတို့မော်လမြိုင် GTI ကျောင်းဆင်းမောင်နှမတစ်ယောက်ရဲ့အောင်မြင်မှုကိုမျှဝေခံစားလိုက်တာပါနော်။
ဒီပို့စ်ကိုကျောင်းနေဖက်သူငယ်ချင်းများဖတ်မိကြရင်လည်းဝမ်းသာဂုဏ်ယူကြမယ်လို့ထင်ပါတယ်။
ကျွန်မတို့မော်လမြိုင်နည်းပညာကောလိပ်ကနေခွဲခွာကြပြီးတဲ့နောက်ကမ္ဘာ့နေရာအသီးသီးမှာ
အောင်မြင်စွာရပ်တည်နေကြတဲ့သူငယ်ချင်းတွေကိုလည်းအမြဲသတိရဂုဏ်ယူလျက်ပါပဲ။
ခင်မင်ရတဲ့မဝေရဲ့အောင်မြင်မှုတစ်ခုဖြစ်တဲ့ AIT မှ သင်ယူပြီးမြောက်ခဲ့တဲ့ Master Telecommunication ဘွဲ့ယူတဲ့အမှတ်တရအဖြစ် ဓါတ်ပုံလေးနဲ့တကွမှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါတယ်နော်။
မော်လမြိုင်နည်းပညာကောလိပ်မောင်နှမတွေအားလုံး လိုရာဆန္ဒတွေကို လက်ဝယ်ပိုင်ပိုင် ရယူနိုင်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
မော်လမြိုင်နည်းပညာကောလိပ် (၂၀၀၀ ခုနှစ် မှ ၂၀၀၂ ခုနှစ် အထိ) ပညာသင်ကြားခဲ့ကြတဲ့ အီလက်ထရွန်နစ်သင်တန်းမှသူငယ်ချင်းများအားလုံး အောင်မြင်ကြပါစေလို့။
Congratulation Ma Wai!!!
This is my best friend Mis Wai Lwin Lwin Aung's victory.
We were together attended at Mawlamyine Government Technological College since (Ad 2000 to 2004)
I always remember.
Now, Ma wai ,who attended from Mon (GTC), has been got the successful of AIT "Master Telecommuniction" course.
I am so proud of her and joyful the behalf of Mon GTC classmates.
This post is especially for Ma Wai Lwin Lwin Aung...

Monday, July 14, 2008

ဝါဆိုသင်္ကန်းကပ်ဖြစ်တယ်


ကျွန်မတို့ရုံးမှာဒီနေ့ဝါဆိုသင်္က်န်းကပ်ဖြစ်တယ်လေ
ဆရာတော်မိန့်မြွက်တဲ့မြတ်စွာဘုရားတရားတော်တွေကိုနာကြားခဲ့ရပါတယ်
ပီတိဖြစ်မိတယ် မျှဝေပေးချင်တ.ဲ့ဆန္ဒလေးနဲ့ဒီပို့စ်တင်ဖြစ်တာပါနော်

မြတ်စွာဘုရားရဲ့သတိပေးမိန့်မှာချက်တွေပါ
မကောင်းမှုရှောင် ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထား
ပြောပြုတွေးစဉ်အသိယှဉ်ဆင်ခြင်ဥာဏ်နှင့်သွား
ဒုက္ခတွေ့လျှင်သတိနှင်သည်းခံမေတ္တာထား
တဲ့
လပြည့်လကွယ်တိုင်းကုသိုလ်လေးတစ်ခုခုကိုအမြဲပြုမယ်ဆိုယင်ကိုယ့်ဘ၀အတွက်
တန်ဖိုးမဖြတ်နိုင်တဲ့ရတနာကိုပိုင်ဆိုင်သွားရမှာလေ
ကုသိုလ်ဆိုတာသတိနဲ့ယှဉ်ပြီးနေထိုင်ကျင့်ကြံမှဖြစ်တာလေနော်
အကုသိုလ်ကအချိန်တိုင်းဖြစ်နေတာကိုသိတောင်မသိကြဘူး
လုပ်ရမယ့်ဝတ္တရားကိုလုပ်နေတယ်စေတနာလည်းအပြည့်ပါတယ်ဆိုယင်ကုသိုလ်ဖြစ်ပါတယ်တဲ့
မလုပ်သင့်တာကိုလုပ်တာက အကုသိုလ်
လုပ်ရမှာကိုမလုပ်တာကလည်း အကုသိုလ် ဆိုတော့
သတိလေးနဲ့ယှဉ်ပြီးအရာတိုင်းကို ကုသိုလ်ဖြစ်အောင်ကျင့်ကြံကြပါလို့
မိုးကုတ်ဆရာတော်တစ်ပါးဟောကြားခဲ့တဲ့တရားအဆုံးမကို
မျှဝေပေးလိုက်ပါတယ်။
ဝါဆိုမှာသံဃာတော်ကိုသင်္ကံန်းကပ်မှကုသိုလ်မဟုတ်ပါဘူးတဲ့
အတိဒုက္ခဘေးတွေရင်ဆိုင်နေကြရသူတွေအမှန်တကယ်လိုအပ်နေတဲ့သူတွေကို ကိုယ့်ရဲ့ပိုင်ဆိုင်မှုထဲကအထည်ဟောင်းတွေကိုလှူတန်းဝေမျှတာဟာလည်းဒါနပါရမီမြောက်ပါတယ်နော်
ဒီစာစုလေးဖတ်မိကြပြီး သူငယ်ချင်းတို့လည်းကုသိုလ်တစ်ခုခုပြုလုပ်နိုင်ကြပါစေလို့...

Wednesday, July 09, 2008

Welcome to ours 10th Anniversary Day!!!




* တိမ်တွေကပြာပြာ လေအေးလေးနှင်တဲ့အခါ သူ့ကိုတွေ့ခဲ့တာ
* နေခြည်လင်းစနံနက်ခင်းမှာစာတွေစကားတွေနဲ့သာယာခဲ့တာ
* အပြုံးတစ်ပွင့်နဲ့ငံ့လင့်နေသူရဲ့တံခါးဖွင့်ကြိုလင့်မှုကိုလက်ခံခဲ့တာ
* မျှော်လင့်ချက်များစွာစုပုံထားစေခဲ့တာ
* သာယာတဲ့ချစ်စကားသူ့နှုတ်ဖျားကထွက်ကျစေခဲ့တာ
* ယစ်မူးမိဒီအချစ်ဦးဘယ်ဆီရောက်ရောက်တမ်းတနေမိတာ
* ဆယ်စုနှစ်တစ်ခုဟာဒို့ရဲ့အထိမ်းအမှတ်သင်္ကေံတဖြစ်စေခဲ့တာ
* ဆယ်လပြည့်တဲ့ဒီနေ့မှာမင်းကဟိုအဝေးမှာ
* ရော်ရမ်းတမ်းတမှန်းဆမိတာတစ်ချိန်ကမင်းပေးခဲ့တဲ့အရမ်းကောင်းတဲ့
အနမ်းလေးတပွင့်ကိုပါ.........
This post has been created by me & mg!!!

Tuesday, July 08, 2008

ကျွမ်း

နေ့ခင်းစိမ်းစိမ်းလေးတစ်ရက်ပေါ့ မှတ်မိနေလောက်အောင်ကိုသာယာလိုက်တာ
လည်းလွန်ရော အဲဒီနေ့ကလေးကပေါ့ လမ်းပေါ်မှာပျားပန်းခတ်မျှစည်ကားနေတာက နေရောင်ခြည်အလင်းတန်းတွေ
ဟိုတကွေ့ဒီတကွေ့ဖောက်ထားတဲ့လမ်းကလည်း ငြိမ်သက်စွာနဲ့လေ အင်း အပျင်းပြေလို့ပြောရမလားပဲ ဟိုငေးဒီငေးလုပ်နေတာ
ဟောတွေ့ပါပြီစိတ်ဝင်စားစရာ အဘွားအိုတစ်ယောက်ဆွဲခြင်းစုတ်ကလေးဘေးချ ပိန်လှီတဲ့နေလောင်ဒဏ်တပွေ့တပိုက်နဲ့
ကျုံ့ကျုံ့ကလေးထိုင် မှိုင်တွေတွေနဲ့ သဘာဝတရားကိုငေးမော လက်အစုံကဟိုရှာဒီရှာ ရသမျှလေးခြင်းစုတ်ထဲကောက်ထည့်
ကျေနပ်လောက်တော့မှ မနိုင့်တနိုင်ထ မတ်တပ်ကရပ်မိပြန်တော့ ခါးကမမတ်နိုင် ခပ်ကုန်းကုန်းသူ့ခါးလေးကိုအသာပွတ်
ခေါင်းပေါင်းတဘက်ကအရောင်လွင့်လွင့်ရယ် နေပူဒဏ်ကိုအံတုပေးနေတာကိုက အဘွားအိုအတွက်ကျေးဇူးရှင်ပမာပါ
တရွေ့ရွေ့ထွက်သွားတဲ့အဘွားအိုရဲ့ခြင်းလေးထဲမှာ ဘာတွေပါသွားတယ်မှတ်သလဲ တ၀မ်းတခါးအတွက်တတ်နိုင်တဲ့အားလေးနဲ့
ကြိုးစားပမ်းစားရှာထားတဲ့ အမှိုက်ပုံထဲကရောင်းလို့ရတဲ့စွန့်ပစ်ပစ္စည်းတွေလေ စဉ်းစားကြည့်လိုက်တယ် သြော် ဒါလေးကိုရောင်း
သူမအတွက်ထမင်းလေးတနပ်စာတောင်ဝယ်နိုင်ပါ့မလားရယ်လို့ပါ.သူမဟာတချိန်က လူသားတချို့အတွက် ပုခက်လွှဲသော လက်တစုံဖြစ်ခဲ့ပုံပါအင်းခုတော့အဲဒီလက်တစုံက သူမ၀မ်းတစ်ထွာအတွက် အမှိုက်ပုံထဲကရောင်းစားစရာရှာတဲ့လက်တစုံဖြစ်နေရပြီလေ
သူပုခက်လွှဲပေးခဲ့တဲ့လူသားတွေကသက်ရှိထင်ရှားမရှိတော့တာလား အဲဒီလိုဘဲဖြစ်ပါစေလို့ဆန္ဒပြုလိုက်မိတယ်..

Buddha's Words!!!

မြတ်စွာဘုရားဟောကြားခဲ့သည့်စကားအရာအင်္ဂါံလေးတန် "သုဘာသိတသုတ်".
သုဘာသိတ
ကောင်းသောစကားကိုသာပြောဆိုရာ၏
ဓမ္မ
တရားနှင့်လျော်သောစကားကိုသာပြောဆိုရာ၏
ပိယ
ချစ်ဖွယ်သောစကားကိုသာပြောဆိုရာ၏
သစ္စာ
မှန်ကန်သောစကားကိုသာပြောဆိုရာ၏..

Monday, July 07, 2008

When I obey my duty,I lost the key to open the door of heaven!!!

ကောင်မလေးတစ်ယောက်
သူ့မှာဓနမရှိဘူး
အခြွေအရံလည်းမရှိဘူး
ဒါပေမယ့်သူ့မှာအင်အားတွေရှိတယ်
ဘာအတွက်လည်းဆိုတော့သူ့ဘ၀လှေကိုလှော်ခတ်ဖို့
သူလိုရာရောက်မယ်ဆိုယင်အားအင်တွေထုတ်သုံးဖို့ဝန်မလေးတတ်တဲ့သူ
အဲဒီကောင်မလေးမှာ ကျေးဇူးတရားတွေတပုံတပင်ကို
အသိစိတ်ရှိရှိတာဝန်သိသိနဲ့ပေးဆပ်ရမယ့်ဝတ္တရားလေးရှိတယ်
အဲဒီတာဝန်ကပဲလွတ်လပ်ချင်တဲ့သူမကိုတံခါးတစ်ပေါက်သာရှိတဲ့
အခန်းထဲကိုဝင်ရောက်စေခဲ့တာဘဲလေ
အဲဒီအခန်းထဲမှလွတ်မြောက်ဖို့တခြားလမ်းမရှိဘူး
တစ်ပေါက်တည်းသောတံခါးကိုဖွင့်ဖို့သော့ရှိမှလွတ်မှာ
အဲဒီတံခါးကဖြစ်ချင်တော့အပြင်ကနေဖွင့်လို့မရဘူးအထဲကဘဲဖွင့်လို့ရတယ်
အထဲရောက်နေတဲ့သူမလက်ထဲမှာသော့ကမရှိပြန်ဘူး
နှလုံးသားလေးတစ်ခုသာစိတ်စေစားရာနောက်လွတ်မြောက်နိုင်တာကြောင့်သာ
သူမအသက်ရှူသံတွေဟန်ချက်ညီနေတာလေ
အဲဒါကျွန်မဘ၀ပါပဲ
..

Sunday, July 06, 2008

Gtalk ကနေဖုန်းခေါ်ကြရအောင် Free Cash လေ

Gtalk ကနေ ဖုန်းအလကား ခေါ်ကြရအောင်!!!
Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ ဒီမှာ စာရင်းပေးသွင်းနိုင်ပါပြီ။

အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။

1. Google Talk ကိုဖွင့်ပါ။
2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။ (phonenumber@talkster.gtalk2voip.com) ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
4.
Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။


Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။

Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။
မြန်မာများ ဆက်သွယ်ရေး လွယ်ကူချောမွေ့နိုင်ကြပါစေ ခင်ဗျား။
ညီမေ ရးထားတာမဟုတ်ပါဘူး Forwarded mail တစ်ခုကရတာပါ ပိုင်ရှင်ကိုလည်းမသိပါဘူး..
အားလုံးသိ‌ေ စခ်င္တဲ့‌ေ စတနာ‌ေ လးနဲ့တင္ထား‌ေ ပးတာပါ

Friday, July 04, 2008

ကလင်ကလင်........................

“ ကလင်ကလင်“
ဖုန်းလာနေတယ်ဟေ့...............ဟုတ်
ဟဲလို..............
မင်းလား.........
ဘယ်သူပါလဲဟင်........
မင်းသူ့ကိုသိလား သူနဲ့ဘယ်လိုပါတ်သက်လဲ......
ဘာဖြစ်လို့ပါလဲဟင်......
သူနဲ့ဘယ်လိုပါတ်သက်လဲ ဒို့သိချင်တယ်.......
.ဘာဖြစ်လို့ပါလဲဟင်........
ဒို့သူ့အမေပါ.....
မင်းသဘောပေါက်မှာပါ.မင်းနဲ့သူပြောထားတဲ့စကားတွေအချိန်တွေကစဒို့သိနေတယ်နော်.......
မင်းနဲ့ဒို့စကားအများကြီးပြောချင်တယ်အေးဆေးပြောနိုင်မယ့်အချိန်ပေးပါ....
ဟုတ်.......
အိုကေ......မင်းစောင့်နေပါ..
ဟုတ်.....
“ဂွပ်”
ဖြစ်တတ်တဲ့အတော်များများကြုံဖူးကြမယ့်ဖြစ်စဉ်လေးတစ်ခုပါနော်။
“မင်း“ကတော့တော်တော်ခံစားလိုက်ရတယ်။
“ကလင်ကလင်“အသံကြားတိုင်းရင်ထိတ်တာကောရင်ခုန်တာကောခံစားမှုရသအစုံစုံပေးစွမ်းခဲ့တဲ့
တော်စပ်သူ၂ယောက်ကိုမှတ်တမ်းတင်ထားပါရစေ..........

ကဘောက်တိကဘောက်ချာအချို့

လောကကြီးကဆန်းကျယ်နေတယ်လေ သူ့ရဲ့နောက်ကိုအမီလိုက်နိုင်ဖို့က
ငွေလောင်စာနဲ့မောင်းတဲ့ဒုံးပျံနဲ့လိုက်ရမယ်
တချို့ကတော့ဆွေစဉ်မျိုးဆက်ပိုင်ဆိုင်မှုတွေနဲ့အတူ ကျော်ကြားမှုကိုဝါသနာတစ်ခုအရင်းခံပြီး
လောကကြီးကိုအမီလိုက်နေကြတယ်။
တချို့ကျတော့
မွေးထားပေးတဲ့မိမွေးတိုင်းဖမွေးတိုင်းပိုင်ဆိုင်မှုနဲ့ မိဘဆုံးမမှုတချို့ကိုမြေ၀ယ်
မကျလိုက်နာပြီးသကာလဖြစ်နိုင်ချေရှိတဲ့အထဲကအကောင်းဆုံး အခြေအနေတစ်ခုကို
စိတ်ဝင်တစားရွေးချယ်ပြီးလောကကြီးကိုအမီလိုက်နိုင်ဖို့လောင်စာကိုစုကြရရှာတယ်။
တချို့တလေကတော့လုံးဝဒဿနတွေနဲ့အလှမ်းဝေးကွာ လိုတရဘ၀မှာ လောကကြီးကိုလေဟုန်စီးပြီး
လိုက်နေကြပြန်တယ်။
တချို့တွေကတော့လောကဆိုတာထက်အသက်ရှူခွင့်ပုံမှန်ရဖို့အရေးအပမ်းတကြီးကြိုးစားနေရတယ်။
ထိုထိုတွေထဲကကူညီမယ်ဆိုတဲ့စိတ်နဲ့ဘ၀ကိုရင်ဆိုင်လောကကိုယှဉ်ပြိုင်ဖို့အရေးပရဟိတလေးလည်း
ကြိုးစားလုပ်နေကြပြန်တယ်။
အပေးရှိမှအယူရတယ်ဆိုတဲ့အတိုင်း ဒါနခန်းဖွင့်ပြီးခံစားခွင့်လေးတွေဆန္ဒပြုရင်းလောကကိုအလှဆင်ဖို့
လည်းတချို့ကလုံးပန်းနေကြတယ်။
လောကဓံတရားရှစ်ပါးအနက်ကနက်ကတစ်၎ပါးကိုခါးစည်းခံရင်းကျေးဇူးများစွာကိုဆပ်နိုင်ဖို့
ဒေါင်းတောက်အောင်လုံ့လစိုက်နေသူတွေကလည်းဒုနဲ့ဒေး။
ကြွေးဟောင်းမကျေသေးကြွေးသစ်လောင်းနေသူတွေကလည်း
မဂ`်လသုတ်လေးရှေ့တန်းတင်ပြီးဆန္ဒတစ်ခုကိုဖြစ်မြောက်အောင်လည်းဆောင်ရွက်နေသတဲ့။
အမုန်းတွေရဲ့နောက်အာဃာတတွေဖုံးထားတဲ့ဟန်လုပ်အပြုံးတွေနဲ့တန်ဆာဆင်ထားတဲ့မျက်နှာ
အတော်များများကလည်းလောကကြီးဆန်းကြယ်မှုကိုအကူအညီပေးနေကြလေရဲ့လေ။
မေတ္တသုတ်လေးခါခါရွတ်လောကအလယ်လူလည်ကြီးပမာရိုးသားမှုတွေကိုပွဲစားလုပ်နေသူတွေ
ကလည်းဟိုမှာဒီမှာခြေချစရာနေရာမရှိတော့သလောက်။
အတ္တတွေထဲက၅၂၈အတ္တတွေနဲ့ရင်သွေးနဲ့ပတ်သက်သမျှကို
သက`်ာမကင်းအကြည့်တွေနဲ့မှေးစင်းစွာကြည့်တတ်တဲ့မျက်ဝန်း၊မဲ့တဲ့တဲ့ဟန်ပါပါအပြုံးတွေ
မွေးဖွားပေးတတ်တဲ့ အာဃာတစကားများစွာပွင့်အန်ကျလာတတ်တဲ့ဖန်တီးရှင်
တချို့ကလည်းတရားထက်အားကိုးထားသူရင်နှစ်သည်းခြာရတနာလေးကိုတစိုက်
မတ်မတ်မျှော်ကိုးကိုယ့်အပေါ်မရိုကျိုးတဲ့အခါသွေးသားထက်တခြားကိုစိမ်းကား
ရန်သူပြင်ပြင်ဇာတ်ဆင်တတ်တာတွေကလည်းအများကြီးမှအများကြီးလေ။
အားလုံးကိုတော့သိသေးပါဘူး။သိတာတွေလည်းမမိသေးပါဘူး။
ဘာတွေလိုလည်းတွေ့သေးပါဘူး။
ယောင်ချာချာစိတ်လေးနဲ့ဒီစာကိုကဘောက်တိကဘောက်ချာ
ရေးမိခြင်းရယ်ပါနော်။...

Tuesday, July 01, 2008

အရိုင်းကိုအယဉ်ဆင့်


အရိုင်းပန်းတောင်မဟုတ်ဘူး
အလှတရားကိုလည်းပိုင်ဆိုင်ခွင့်ထင်ထင်ပေါ်ပေါ်မရရှာဘူး
ဒါပေမယ့် ဖန်တီးရှင်က စေတနာဖြူစင်စွာနဲ့
အဖြူရောင်ပေါ်မှာ သူမြင်ထားတဲ့အလှတရားကို ကဗျာဆန်ဆန်ဖန်တီးပေးလိုက်တဲ့အခါ
စိတ်ဝင်တစား“တခဏတာဖြစ်ဖြစ်“ တော့ကောင်းသွားတယ်
ဒါဘဲလေ ပန်းတိုင်းမှာရှိတဲ့ အလှတရားကို စေတနာထားမိတဲ့ဖန်တီးရှင်တိုင်းက
ဖြူစင်စွာပုံဖေါ်ပေးပါလား
ဒါဆို ပန်းလေးတွေမြေမခဘူး
မကြေမွဘူး
ရနံ့လွယ်လွယ်မပြယ်နိုင်ဘူး
တန်ဖိုးမဲ့ပန်းဘ၀ရောက်ဖို့မရှိတော့ဘူး
ဖန်တီးရှင်ရဲ့အယုအယအောက်မှာ ကဗျာဆန်နေမှာပေါ့
...

ပန်းချီကားမဟုတ်တဲ့သဘာဝတရား


ဟန်ဆောင်ထားရင်တောင်အံဝင်ခွင်ကျမတဲ့လား
မဖြစ်နိုင်တာက သဘာဝတစ်ခုဟာ ပန်းချီတော့မဟုတ်ဘူး
ဓါတ်ပုံတော့ရိုက်နိုင်တယ် ဒါပေမယ့်လက်တွေ့ကျကျပျော်ဝင်ခွင့်တော့ရမှာမဟုတ်ဘူး
အစစ်တွေရချင်ယင်အစစ်ကိုပုံအောလိုက်လေ
ဒါဆိုသဘာဝတစ်ခုဟာ ပန်းချီထက်ရောင်းဈေးမဖြတ်နိုင်တဲ့အရာလို ကြီးမြင့်သွားမယ်
ထင်မြင်ရာဟန်ဆောင်ကာ ဖန်တစ်ရာတေဇာတ်ခင်းမယ်ဆိုရင်တော့
ဓါတ်ပုံရိုက်လို့မရတဲ့ တစ္ဆေအဖြစ် ငရဲထက်နက်တဲ့ချောက်ထဲမှာ ရဲရဲနီတဲ့အပူများနဲ့ နေရစ်လေ
အရောင်စုံတဲ့သဘာဝဟာ စစ်မှန်တဲ့ရိုးသားမှုနဲ့အတူ ဖြူစင်စွာရပ်တည်ခွင့်ရထားတယ်
ဒါကိုဓါတ်ပုံရိုက်ဖို့ကြိုးစားမှာလား
ထိန်းသိမ်းဖို့စဉ်းစားပါလားဟာ...

လှေလှော်ကြရင်းနေ၀င်ချိန်မှာ


လှေတစ်စင်းဟာ ဘ၀တစ်ခုဆိုရင်
ပဲ့ကိုင်ရှင်ကဒို့ မင်းကရောဘယ်နေရာက၀င်လာမလဲ
တက်မကိုင်သူအဖြစ်တဲ့ နေရာပေးမယ်ထင်လား
အတူတော့လှော်ရအောင်လေ
ဒါမှမဟုတ် ဒို့လှေကပေါက်နေယင် စိမ့်နေယင် ၀င်လာတဲ့ရေကိုခပ်ထုတ်တဲ့သူလား
နေရာပေးရမယ်တဲ့လား
ကိုယ့်ကိုယ်ကိုအားကိုးမိတဲ့အခါ ယုံပြီးပုံအပ်မိတဲ့အခါ အချစ်ဆိုတာကြောင့်သာပေါ့
လှေတစ်စင်းကို ဘ၀နှစ်ခုအဖြစ်ဖြစ်တည်ခွင့်ပေးတဲ့အခါ
နေ၀င်ဆည်းဆာချိန်အထိ ပျို့အန်လာမယ့်ညရိပ်လေးကို အတူစောင့်စားဖို့
အတူသာစီးနင်း အတူတက်ကိုင် ရေလေးခပ်ထုတ်ရင်း ခိုနားခွင့်လေးတော့ ပေးမိမယ်...

ယုံရမလားအာဒံနဲ့ဧ၀ရယ်


ရှေးခေတ်ကတယ်ထူး တယ်ထွင်ကြသကိုး နော့
ထွင်ပုံများ စား ၀တ် နေ ရေး နဲ့ ပတ်သက်ပြီး ထွင်လာလိုက်တာ
အဲဒီအထဲမှာအချစ်ကိုစထွင်ခဲ့တဲ့ အာဒံနဲ့ဧ၀ကိုတော့ ယုံမိပုံမိ စုံလုံးထိ အဲဟုတ်ပေါင်
ညောင်လို့အော်တတ်တဲ့ကြောင်တော့မဟုတ်ဘူး
ယောင်တောင်ပေါင်တောင်အတွေးဗလပွနဲ့နေတတ် ရေးတတ်တဲ့ ပျိုပျိုကို အိုအောင်ဆုတောင်းပေး
အဲလေ စွံအောင်ဆုတောင်းပေးကြပါဗျို့
သူတို့ထွင်ခဲ့လို့ လူတွေချစ်လာကြတာ ဒို့လူဖြစ်လာတဲ့အထိ ခုထိ ဆက်ချစ်ဆဲ
ဒါပေမယ့် ဘယ်အထိ ဘာကြောင့်ချစ်နေကြလဲမသိ
သိထားတာတော့ အာဒံနဲ့ဧ၀ချစ်တာ ဖြူစင်တယ်ဆိုတာ ယုံဘူး...

ကျားတဲ့ဟေ့


ကျားတော့ကြောက်ကြတယ်နော်
ဒါပေမယ့် ဒီကျားမိသားစုလေးကိုတော့ကြောက်ပါနဲ့တဲ့
အိမ်နောက်နံရံမှာကပ်ထား စိုပြည်တယ်တဲ့
planet ကတွေ့လို့ share ပေးတာအဟဲ
ကျားဆို ယောက`်ျား ကအကြောက်ရဆုံးလို့ကြားဖူးတာဘဲ
ဟုတ်တယ်ဟုတ်...

တေးသီရာကဗျာ

ရှေ့ကိုမျှော်တော့ပြိုမလိုဟန်ပြင် ညို့မှိုင်းတဲ့အသွင်
နောက်အရပ်ဆီကလာလေတဲ့လေအေး အတွေးလေးယူပြေး
လေလွင့်လှမယ့်စိတ်ရယ် ဘယ်မလဲထင်ပါရ
ပျောက်ရှတဲ့အက်တက်တက်အဆွေးကို
ဖြည်မဆည်တူပြိုင်ကာငေးမိတယ်
တေးသီလို့ဟစ်ကာကြွေး မေးရင်တော့မသိမသာလေး
အတွေးအစဉ်က ကဗျာလေးလို့
ထင်ရအောင်စွမ်းဆောင်လိုက်မယ်
ချစ်သူအတွက်တေး.................
...