Thursday, July 24, 2008

Poem

ချစ်သူ
ရင်ခွင်နဲ့အနီးဆုံးနေရာမှာနေခွင့်လေးရခဲ့ယင်
မင်းနှလုံးသားအလယ်ဗဟိုတည့်တည့်မှာ ငါ့ပါးလေးအပ်ထားချင်တယ်
ချစ်သူ
နှလုံးသားနဲ့အနီးဆုံးနေရာမှာနေခွင့်မင်းပေးခဲ့ယင်
မင်းနှလုံးသားရဲ့ချစ်သံစဉ်တွေကို ငါ့နားအစုံနဲ့ကြားချင်သေးတယ်
ချစ်သူ
မင်းကိုအမြဲထာဝရပိုင်ဆိုင်ခွင့်ရခဲ့ယင်
မင်းရင်ခွင်မှာမှေးစက်ပြီး ငါ့နှာသီးဖျားလေးနဲ့မင်းနှလုံးသားကိုနမ်းရှိုက်ချင်တယ်
ချစ်သူ
မင်းသာတန်ဖိုးထားတဲ့အချစ်တွေထာဝရပေးခဲ့ယင်
မင်းရဲ့ငါ့ကိုချစ်တဲ့အချစ်တွေစုစည်းထားတဲ့မင်းနှလုံးသားလေးကိုထာဝရယုယခွင့်ရချင်တယ်...

Beloved

No comments: