Wednesday, July 16, 2008

Congratulations!!! I proud of Ma Wai


မော်မြိုင်နည်းပညာကောလိပ်(၂၀၀၀-၂၀၀၄)ခုနှစ် ကျောင်းနေဘက်သူငယ်ချင်းများ

...



ကျွန်မသူငယ်ချင်းမဝေလွင်လွင်အောင်ဖြစ်ပါတယ်။
သူ့အတွက်ဂုဏ်ယူတဲ့အနေနဲ့ခုလိုပို့စ်တင်ဖြစ်တာပါ။
ကျွန်မတို့တတွေဟာမော်လမြိုင်နည်းပညာကောလိပ်မှအတူပညာသင်ကြားခဲ့ကြတဲ့မောင်နှမတွေပါ။
ရင်းနှီးခင်မင်စွာပျော်ရွှင်ခဲ့ရတဲ့အချိန်တွေကိုအောက်မေ့တသယင်း ကျွန်မတို့မော်လမြိုင် GTI ကျောင်းဆင်းမောင်နှမတစ်ယောက်ရဲ့အောင်မြင်မှုကိုမျှဝေခံစားလိုက်တာပါနော်။
ဒီပို့စ်ကိုကျောင်းနေဖက်သူငယ်ချင်းများဖတ်မိကြရင်လည်းဝမ်းသာဂုဏ်ယူကြမယ်လို့ထင်ပါတယ်။
ကျွန်မတို့မော်လမြိုင်နည်းပညာကောလိပ်ကနေခွဲခွာကြပြီးတဲ့နောက်ကမ္ဘာ့နေရာအသီးသီးမှာ
အောင်မြင်စွာရပ်တည်နေကြတဲ့သူငယ်ချင်းတွေကိုလည်းအမြဲသတိရဂုဏ်ယူလျက်ပါပဲ။
ခင်မင်ရတဲ့မဝေရဲ့အောင်မြင်မှုတစ်ခုဖြစ်တဲ့ AIT မှ သင်ယူပြီးမြောက်ခဲ့တဲ့ Master Telecommunication ဘွဲ့ယူတဲ့အမှတ်တရအဖြစ် ဓါတ်ပုံလေးနဲ့တကွမှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါတယ်နော်။
မော်လမြိုင်နည်းပညာကောလိပ်မောင်နှမတွေအားလုံး လိုရာဆန္ဒတွေကို လက်ဝယ်ပိုင်ပိုင် ရယူနိုင်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
မော်လမြိုင်နည်းပညာကောလိပ် (၂၀၀၀ ခုနှစ် မှ ၂၀၀၂ ခုနှစ် အထိ) ပညာသင်ကြားခဲ့ကြတဲ့ အီလက်ထရွန်နစ်သင်တန်းမှသူငယ်ချင်းများအားလုံး အောင်မြင်ကြပါစေလို့။
Congratulation Ma Wai!!!
This is my best friend Mis Wai Lwin Lwin Aung's victory.
We were together attended at Mawlamyine Government Technological College since (Ad 2000 to 2004)
I always remember.
Now, Ma wai ,who attended from Mon (GTC), has been got the successful of AIT "Master Telecommuniction" course.
I am so proud of her and joyful the behalf of Mon GTC classmates.
This post is especially for Ma Wai Lwin Lwin Aung...

No comments: