Tuesday, July 01, 2008

အရိုင်းကိုအယဉ်ဆင့်


အရိုင်းပန်းတောင်မဟုတ်ဘူး
အလှတရားကိုလည်းပိုင်ဆိုင်ခွင့်ထင်ထင်ပေါ်ပေါ်မရရှာဘူး
ဒါပေမယ့် ဖန်တီးရှင်က စေတနာဖြူစင်စွာနဲ့
အဖြူရောင်ပေါ်မှာ သူမြင်ထားတဲ့အလှတရားကို ကဗျာဆန်ဆန်ဖန်တီးပေးလိုက်တဲ့အခါ
စိတ်ဝင်တစား“တခဏတာဖြစ်ဖြစ်“ တော့ကောင်းသွားတယ်
ဒါဘဲလေ ပန်းတိုင်းမှာရှိတဲ့ အလှတရားကို စေတနာထားမိတဲ့ဖန်တီးရှင်တိုင်းက
ဖြူစင်စွာပုံဖေါ်ပေးပါလား
ဒါဆို ပန်းလေးတွေမြေမခဘူး
မကြေမွဘူး
ရနံ့လွယ်လွယ်မပြယ်နိုင်ဘူး
တန်ဖိုးမဲ့ပန်းဘ၀ရောက်ဖို့မရှိတော့ဘူး
ဖန်တီးရှင်ရဲ့အယုအယအောက်မှာ ကဗျာဆန်နေမှာပေါ့
...

No comments: