Tuesday, April 29, 2008

အမြဲတမ်းရင်မှာ

အမြဲတမ်းရင်မှာ မခွဲတမ်းကြင်နာ
စွဲလန်းအစဉ်သာ တမ်းတချင်တာ
မျှော်မှန်းသမျှသင်သာ ဖြစ်တတ်စေတာ
ယုံတမ်းစကားတွေဟာ ပျောက်ပျက်နေမှာ...

Friday, April 25, 2008

အပျိုကြီးဖြစ်တဲ့အခါ

ကမ္ဘာမှာအပျိုစင်စစ်စစ်အပျိုကြီးများစုဝေးရာဒေသကဒီမှာပါ
လူ့လောကထဲခြေချခွင့်ရကြတဲ့နောက် မိဘရဲ့အုပ်ထိန်းမှု ဆွေတော်များရဲ့အုပ်ထိန်းမှု မွေးချင်လွန်းသူတွေရဲ့အုပ်ထိန်းမှု စသည့်
အုပ်ထိန်းမှုပေါင်းစုံမှအစပြုခဲ့ကြသော မိန်းမလေးအများစုသည် အထူးသဖြင့် ထက်မြက်မှု၊ ငွေရှာချင်မှုတွေ ထက် ဆင်မြန်း
ပေးထားသော လက်ဝတ်လက်စားများအပေါ်၊ ဆင်ယင်ပေးထားသောဖက်ရှင်ဆန်းများအပေါ်တွင်သာ တွယ်တာမှုများဖြင့်မိရိုးဖလာ ဘာသာတရားကိုင်းရှိုင်းမှုများနဲ့သာ ပျော်မွေ့ခဲ့ကြသူများပါ၏။ နောက်ကြီးပြင်းအရွယ်ရောက်တော့ ပေးစားသူနဲ့
ထိမ်းမြားသို့တည်းမဟုတ် လောကအလယ်တင့်တယ်စွာဖြင့် အုပ်ထိန်းသူများရဲ့ဝန်တိုစေးနှဲကန့်သတ်မှုအပေါ်မုဒိတာပွားလေးစား
သောအားဖြင့် အပျိုကြီးမမဟူသောဂုဏ်ဒြပ်ကိုလက်ဝယ်ပိုင်ပိုင်ခံယူကာ တင့်တယ်နေသူများရှိရာထိုဒေသတွင် ရင်တွင်းဖြစ်စိတ်ခံစားမှုများစွာရဲ့ စေစားရာအောက်ပြားဝပ်ငြိမ်သက်လက်ခံနေကြပါသည်။တွေးမိတိုင်းလွမ်းမိသော
ဟိုအတိတ်ရယ်ကရင်ခုန်သံတွေအပေါ်ခံစားရတိုင်း တရားထိုင်၊ဘုရားရှိခိုး၊ တချို့ရဲ့အဖြစ်ကအဲလို။ အိပ်မက်တွေ
ရှင်သန်ဆဲ အလွမ်းဆိုတာ ဘာမှန်းမသိသူများ ကလည်းတွေ့တိုင်းခံစားမျှော်လင့်ရင်းတွေး၊လေယူရာတိမ်းယိမ်း၊ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက် ဒါနဲ့ပဲ မျက်ရည်များစွာ၊ အပြုံးများစွာနဲ့ရှင်သန်နေကြတာ လည်းရှိပါရဲ့။စိတ်ကူးယဉ်စရာများရှာကြံ၊တွေ့ရှိမှုအပေါ်ကြုံသလိုခံစား နောက်ဖန်တရာတေ မေ့ပျောက်ရခြင်းများဖြင့်ပြန်လည်နိုးကြားငါ့ဘ၀ငါဖြတ်သန်းခွင့်ရှိသည်ဟု လက်ကိုင်တရားရင်ဝယ်ထား ဘယ်သူ့မှဂရုမစိုက် လုပ်ချင်ရာဇောက်ချလုပ်တတ်ပါသောအကျင့်စရိုက်ဖြင့် ပတ်ဝန်းကျင်ကို
အတ္တအမြင်ဖြင့် တဖက်သတ် ပျော်ဝင်နေသူများကလည်း သဟဇာတဖြစ်သော ၄င်းတို့ရဲ့ စိတ်သယံဇာတများစွာနဲ့အိမ်တွေဆောက် နေကြတာလည်းဒုနဲ့ဒေးပါ။ ဘာသာတရားကိုအကာအကွယ်အသုံးချခံအဖြစ်ကြည်ညိုမှုအတ္တများစွာဖြင့်ကုသိုလ်ရေး လက်မနှေး သူများကလည်းလောက အလယ်ထင်ထင်ပေါ်ပေါ်ဖြတ်သန်းနေတာလည်း များပြားစွာပင်။ လွတ်လပ်သောဝန်းကျင် ခွင့်လွှတ်တတ်သောမေတ္တာများဖြင့် အုပ်ထိန်းခံခဲ့ရသော အချို့သူများကတော့ လောကထဲလမ်းစလျှောက်ခါစလို
အမှားမှားအယွင်းယွင်းနဲ့ ဝေဖန်မှု ဂရုစိုက်မှု မနာလိုမှု အထင်မြင်လွဲမှု ခြေထိုးနှိပ်ကွပ်မှုများစွာ နဲ့ရင်ဆိုင် ရင်ခုန်သံကို
ကဗျာဆန်ဆန်ခံစား များစွာသောသစ်လွင်မှုများရဲ့ကမ်းလင့်မှုကို ပြုံးပြုံးလေးတုံ့ပြန် ထပ်တူကျမလားစူးစမ်း
စိတ်ကူးသက်သက် ဘ၀င်တက်မှုများဖြင့် ပျော်နေဆဲ မျှော်နေဆဲ တစ်ယောက်မကသော ချစ်သောသူများအပေါ်
ပျော်ရွှင်စွာခံစား တက်ကြွသောအသွင်ဖြင့် လောကကိုရင်ဆိုင်သူတွေကလည်း တပုံတပင်။ ပိုင်ဆိုင်ခဲ့သမျှအပေါ် သံသယဖြစ်လောက်အောင် လွဲချော်တာတွေ၊ လက်ကိုင်တရားတွေပြောင်းပြန်ဖြစ်သွားအောင်ကြမ်းလှသောခံစားမှုများနဲ့
ရင်ဆိုင်ရ သူများကလည်းဘ၀ရဲ့အစိတ်အပိုင်းတွေအဖြစ်ပိုင်းခြားသတ်မှတ်၊ထင်မြင်သေးမှုနဲ့သံသယတွေကို
အမြစ်တွယ်အောင်ရေလောင်း အရာတိုင်းကိုသက`်ာမကင်းတဲ့အကြည့်နဲ့ကြည့်ယင်းမျောလွင့်နေသူများလည်းရှိပါရဲ့။
သနားစရာများရယ်လို့ပြောသူများကို ကိုယ့်ကိုယ်ကိုပြန်သနားကြပါလို့ တောင်းဆိုချင်ပါရဲ့လေ။

Tuesday, April 22, 2008

Some day, one way

Some day,
somebody can try to meet with you.
One way,
anybody can avoid to escape from something.
One day,
everybody can need to go to the same way.
Some way,
anybody can try to escape from this day.
Everyday,
anybody can hope their dreams.
One way,
everyone can get some goals.
By the way,
everyone cannot try to ignore their trap of the dream that is not overcome anyway.
So hot and too short for trying to get unlimited dreams of goal.