Tuesday, March 25, 2008

ကျွန်မရဲ့ကျင့်စဉ်

ရိုးသားမှုကို
လိုလားတယ်
ကိုယ်တိုင်လည်းပွင့်လင်းရိုးသားစွာနေတတ်ပါတယ်
ဟန်ဆောင်မှု

ရွံမုန်းတယ်
ဒါပေမယ့်
ကျွန်မတို့ အင်ဂျင်နီယာတွေလုပ်ငန်းခွင်မှာသုံးတဲ့
"Safty First"ဆိုတဲ့ ဆောင်ပုဒ်အတိုင်း
လောကအလယ်တင့်တယ်စွာနေနိုင်ဖို့အရေး

ရှောင်စရာရှိယင် ရှောင် ဆောင်စရာရှိယင် ဆောင် ဆိုတော့ကာ
တခါတလေတော့လည်း ဟန်ဆောင်ရတာပဲ
ဒါပေမယ့်သူများတကာ ကို မထိခိုက်တဲ့
ဟန်ဆောင်ခြင်းကိုပါ
လိမ်လည်မှု

စကားစကားပြောပါများ စကားထဲကဇာတိပြကြစမြဲပါ
ဒါကြောင့်
မှန်မှန်လိမ်မှအမှတ်ရမယ့်အခါမျိုး
လိမ်မှခါးမကျိုးမယ့်အခါမျိုးမှာ
သူများတကာအတွက်လည်းအကျိုးမယုတ်တဲ့
လိမ်နည်းမျိုးကိုတော့
ကျင့်သုံးပါတယ်
စ္စာကတိတည်ကြည်မှု

တန်ဖိုးအထားဆုံးပါဘဲ
ကျွန်မဘ၀မှာ အရေးပါဆုံးပါ
ပတ်ဝန်းကျင် နဲ့ကိုယ်တိုင်အတွက်လုံးဝတန်ဖိုးထားကျင့်သုံးပါတယ်
ကျွန်မက သစ္စာစူးယင်သေတတ်တယ် ဆိုတာကို ယုံသူလေ
ထက်မြက်တက်ကြွမှု

အလိုအပ်ဆုံးပါဘဲ
ဘ၀ကိုအရှုံးမပေးလိုက်ဖို့က

လုံးဝတက်ကြွတဲ့အနေအထားနဲ့ စိတ်ကူးတွေကို
ကိုယ့်ရဲ့ထက်မြက်တဲ့ဥာဏ်စဉ်နဲ့တောက်ပလာအောင်
ပုံဖေါ်ကြရမယ်လေ
ဟုတ်တယ်ဟုတ်
ပေါက်ကွဲကာဖြေဖျောက်နိုင်မှု
မကျေနပ်စရာတွေ တင်းကြပ်မှုတွေကို

ဘ၀လှေကလေးတွေကိုယ်စီမောင်းနှင်နေသူတိုင်းကြုံရစမြဲပါနော်
အဲဒီအခါ ဒီခံစားမှုတွေကလွတ်မြောက်ဖို့ ပေါက်ကွဲလိုက်တာအကောင်းဆုံးပါ
ပေါက်ကွဲနည်းမျိုးစုံထဲက လွတ်လပ်တိတ်ဆိတ်စွာစိတ်အစဉ်ရဲ့ဦးတည်ရာကို
အချိန်ပေးပြီး ထိုင်ကြည့်လိုက်တဲ့ ၊ ရင်ဖွင့်ဖေါ်ကိုရှာပြီးရင်ဖွင့်လိုက်တဲ့နည်း နဲ့
ဖြေရှင်းပါတယ်
မြတ်စွာဘုရားရဲ့တရားကျင့်စဉ်ထဲကသိသလောက်လေးနဲ့လည်း
ဖြေရှင်းပါတယ်
အိုကေသွားပြီဆိုယင်
Forget it ပေါ့
.

Internet မှာကြုံရတဲ့ခဏ

တစ်နေ့ကျွန်မချစ်သူနဲ့တွေ့ဖို့ချိန်းထားတာနဲ့ Internet Cafeမှာသူငယ်ချင်းနဲ့သွားစောင့်နေတုန်း
vzo သုံးဖို့ sign in လိုက်တဲ့တစ်ခဏမှာ
ဘယ်ဘယ်ရပ်ရွာက နှာသရဲများရဲ့ မိတ်ဆက်မှုခပ်ကြမ်းကြမ်းလေးနဲ့ဆုံလိုက်ရပါတယ်။
2ယောက်စလုံးရင်တုန်ပန်းတုန်ပါဘဲ။ဟဲဟဲ
မမြင်ဘူးသေးတာတွေကိုလည်းတွေ့ရတာတစ်ကြောင်းပေါ့
ဟူး ရှက်စရာပါနော်။ ကျွန်မလည်းချက်ချင်းဆဲဆိုပြီးထွက်လိုက်တယ်။
ဒေါသကငယ်ထိပ်ရောက်တဲ့တခဏမှာတော်တော်ပေါက်ကွဲသွားတာလေ။
သူငယ်ချင်းတချို့ကဒီလိုပါပဲတဲ့။
ဝေးမြေရပ်ခြားကိုရောက်နေတဲ့ရောင်းရင်းများကိုလည်း သတိပေးပါရစေ။
အိမ်လွမ်းအကုန်လွမ်းတာနဲ့ပဲ Internet chat chat နဲ့အချိန်ပေးစိတ်ဖြေတာတော့ဖြေပေါ့ ဗမာမလေးတွေနဲ့ကြုံတဲ့အခါ လူလူသူသူမိတ်ဆက် အလာပသလာပပြော ဘာညာသရကာနေကြာကွာစိ ပလီစိခြောက်ချက်ကို ရိုးရိုးသားသားဆောင်ရွက်ကြဖို့ပါ နိုင်ငံခြားမှာအနေကြာ မယ်ကမ္ဘာနဲ့ရောပြီး ဗမာအချင်းချင်း ဇာတ်ယုတ်မခင်းကြဖို့အကြောင်း သတင်းတောင်းလိုက်ပါရစေနော်။
စိတ်မသက်မသာလွန်းလို့ပါ။

ဗမာမလေးတွေလည်း ကိုယ့်ပစ္စည်းကိုယ်ရှိတာအကုန်ထုတ်ဘိန်းမုန့်လုပ်ကြခြင်းကို
ရှောင်ကြဉ်ကြပါလို့
...

အတ္တ

ရနံ့လှိုင်လှိုင်ကြိုင်သင်းတာက ပိတောက်တဲ့
နဲ့ယိုင်နေတဲ့ခြေလှမ်းတွေက ပူလောင်လှ
ဝပိုးဝါးကိုကြမ်းခင်းလုပ်မှ အေးမှာပ
သာယာလှတဲ့ ဂိန္မာန္တ
သိရှာသူက ပျိုမေနှမ
တဲ့တဲ့တိုးတော့ ဗြန်းကနဲယူ
သူလက်လေးနဲ့ ပက်မတဲ့ချူ...