နံနက်ခင်း ရောင်ခြည်လင်းစ နေ့တစ်ရက်ရဲ့ နိဒါန်း
အချစ်ကိုလည်းစွဲလန်းခဲ့တယ်
လေပြည်အဝှေ့ ကန်ရေပြင်မှောင်ရီပျိုးစ နေ့တစ်နေ့ရဲ့ နိဂုံး
နားလည်မှုလည်းရခဲ့တယ်
စိတ်စေစားရာ ခရီးရှည်မှာ စွန့်လွှတ်စွန့်စား ဆုံစည်းရာအကြောင်း အလွမ်းရဲ့ နိဂုံး
ကြင်နာမှုနဲ့လည်းအဆုံးသတ်ခဲ့တယ်
.
Saturday, August 30, 2008
Friday, August 29, 2008
ကိုယ်သေမယ့်နေ့များသိချင်ကြရင်ဖြင့်
အဟား
ရေးသာရေးရတယ် နည်းနည်းတော့ အမင်္ဂလာဆန်သလားလို့ နော်
တမျိုးတော့ဆန်းနေသလိုပါပဲ
သူငယ်ချင်းငြိမ်းက ပို့ပေးလို့ ကိုယ်တိုင် ဝင်ကြည့်လိုက်သေးတယ်
သေမယ့်ရက်က ဒီဇင်ဘာ ၂၂ ရက် ၂၀၆၆ ဆိုပဲ
ပြင်ဆင်ထားရအုံးမယ် အခုလိုအတိအကျသိရတော့လေ
ဝမ်းနည်းစရာကောင်းတာတစ်ခုက ကျွန်မချစ်တဲ့ မောင်နဲ့ ကျွန်မနဲ့ သေမယ့်အချိန်က တော်တော်လေးကွာနေတယ်ရှင့်
အဲဒီအတွက်လည်း နည်းနည်းညှိချိန်ရသွားတာပေါ့ ကြိုးစားကြည့်ရအုံးမယ် အချိန်တူအောင်လုပ်လို့ရမလားလို့
သူငယ်ချင်းတို့လည်း ကိုယ်သေမယ့်ရက်များတွက်ချင်ကြယင်ဖြင့်
ဒီဆိုဒ်လေးကို သွားကြည့်ပါ
အပျော်ပေါ့...။။
ဝန်ခံချက်- ငြိမ်း ဆိုသော ကျွန်မသူငယ်ချင်းလေးက gtalk ကနေတဆင့်ပို့လိုက်တဲ့ လင့်ခ်ကလေးဖြစ်ပါတယ်။
...
ရေးသာရေးရတယ် နည်းနည်းတော့ အမင်္ဂလာဆန်သလားလို့ နော်
တမျိုးတော့ဆန်းနေသလိုပါပဲ
သူငယ်ချင်းငြိမ်းက ပို့ပေးလို့ ကိုယ်တိုင် ဝင်ကြည့်လိုက်သေးတယ်
သေမယ့်ရက်က ဒီဇင်ဘာ ၂၂ ရက် ၂၀၆၆ ဆိုပဲ
ပြင်ဆင်ထားရအုံးမယ် အခုလိုအတိအကျသိရတော့လေ
ဝမ်းနည်းစရာကောင်းတာတစ်ခုက ကျွန်မချစ်တဲ့ မောင်နဲ့ ကျွန်မနဲ့ သေမယ့်အချိန်က တော်တော်လေးကွာနေတယ်ရှင့်
အဲဒီအတွက်လည်း နည်းနည်းညှိချိန်ရသွားတာပေါ့ ကြိုးစားကြည့်ရအုံးမယ် အချိန်တူအောင်လုပ်လို့ရမလားလို့
သူငယ်ချင်းတို့လည်း ကိုယ်သေမယ့်ရက်များတွက်ချင်ကြယင်ဖြင့်
ဒီဆိုဒ်လေးကို သွားကြည့်ပါ
အပျော်ပေါ့...။။
ဝန်ခံချက်- ငြိမ်း ဆိုသော ကျွန်မသူငယ်ချင်းလေးက gtalk ကနေတဆင့်ပို့လိုက်တဲ့ လင့်ခ်ကလေးဖြစ်ပါတယ်။
...
Thursday, August 28, 2008
Get !!!
Oh..........
How things go my Love?
Oh...........
What is wrong my life?
Oh...........
Where am I?
Oh...........
What I do?
Oh....
My world, my life, my love,....
Not necessary to need for goal.
Now I need only one.
My desire is only in one of the success.
I deserve my life for my lovers.
Till now and forever,whatever I do,wherever I go......
How things go my Love?
Oh...........
What is wrong my life?
Oh...........
Where am I?
Oh...........
What I do?
Oh....
My world, my life, my love,....
Not necessary to need for goal.
Now I need only one.
My desire is only in one of the success.
I deserve my life for my lovers.
Till now and forever,whatever I do,wherever I go......
Monday, August 25, 2008
အိပ်မက်အသစ် စစ်စစ်
အိပ်မက်အသစ်
အချစ်မြစ်များစီးဆင်း
နွမ်းယိခြင်းရာဇ၀င်များ
လွင့်ပါးသွားပေါ့
မနက်ဖြန်
နေ့သစ်
အာရုံအသစ်ကို
လတ်ဆတ်ပျိုမြစ်ခြင်းများနဲ့ကြို
နေခြည်နုပွေ့ဖက်လို့
မျှော်လင့်ချက်ပန်းတစ်ခင်းဟာလည်း
မွှေးသင်းခြင်း အပြည့်နဲ့ကွယ်
ရင်ဆိုင်မယ်ခွန်အားများ
ယုံကြည်ထားတဲ့ တို့နှစ်ဦးရဲ့ ကြင်နာခြင်းများ
နွေးထွေးခိုင်မာတဲ့ အနမ်းများဖူးပွင့်ဝေလို့
ရင်တစ်ချက်ခုန်တဲ့ အခိုက်တိုင်း
ငါတို့ဘ၀ရဲ့ မွန်းကြပ်လှောင်ပိတ်မှုတွေက
လွတ်မြောက်ခဲ့ပြီလို့လေ...........................
"မီးမီးလေးအတွက်"
အချစ်မြစ်များစီးဆင်း
နွမ်းယိခြင်းရာဇ၀င်များ
လွင့်ပါးသွားပေါ့
မနက်ဖြန်
နေ့သစ်
အာရုံအသစ်ကို
လတ်ဆတ်ပျိုမြစ်ခြင်းများနဲ့ကြို
နေခြည်နုပွေ့ဖက်လို့
မျှော်လင့်ချက်ပန်းတစ်ခင်းဟာလည်း
မွှေးသင်းခြင်း အပြည့်နဲ့ကွယ်
ရင်ဆိုင်မယ်ခွန်အားများ
ယုံကြည်ထားတဲ့ တို့နှစ်ဦးရဲ့ ကြင်နာခြင်းများ
နွေးထွေးခိုင်မာတဲ့ အနမ်းများဖူးပွင့်ဝေလို့
ရင်တစ်ချက်ခုန်တဲ့ အခိုက်တိုင်း
ငါတို့ဘ၀ရဲ့ မွန်းကြပ်လှောင်ပိတ်မှုတွေက
လွတ်မြောက်ခဲ့ပြီလို့လေ...........................
"မီးမီးလေးအတွက်"
နေ့သစ်အစ
ခံစားတွယ်တာရင်မှာသံစဉ်
ကမ္ဘာတည်သမျှ ကြင်နာရမှာ
အပြင်ပန်းမက အနှစ်သာရကျကျ
ပြောဖြစ်တဲ့စကား နမ်းမိတဲ့အနမ်း
တစ်စုံတစ်ရာမကများစွာ
ပေးဆပ်ချင်သော ထာဝရချစ်သူ
ကိုယ်သာဖြစ်နေတာမို့
နှောင်းအစဉ်ရင်မှာမြင်စေဖို့
ရည်ရွယ်မိတယ်ချစ်သူ
ကောင်းကင်မပြောင်းနေ့သာပြောင်းလဲ
ထာဝရမစဲ သည်းမဲ့ဒီအချစ်မိုး
ကိုယ့်ရင်ကရွာသွန်းဖြိုးပေးမှာ
ချစ်သူဖြစ်သော မောင် အတွက်ပါ
"နေ့သစ်ကိုစမိတဲ့ ဒီနေ့အတွက် အမှတ်တရ ရေးဖွဲ့တဲ့ကဗျာ "
ကမ္ဘာတည်သမျှ ကြင်နာရမှာ
အပြင်ပန်းမက အနှစ်သာရကျကျ
ပြောဖြစ်တဲ့စကား နမ်းမိတဲ့အနမ်း
တစ်စုံတစ်ရာမကများစွာ
ပေးဆပ်ချင်သော ထာဝရချစ်သူ
ကိုယ်သာဖြစ်နေတာမို့
နှောင်းအစဉ်ရင်မှာမြင်စေဖို့
ရည်ရွယ်မိတယ်ချစ်သူ
ကောင်းကင်မပြောင်းနေ့သာပြောင်းလဲ
ထာဝရမစဲ သည်းမဲ့ဒီအချစ်မိုး
ကိုယ့်ရင်ကရွာသွန်းဖြိုးပေးမှာ
ချစ်သူဖြစ်သော မောင် အတွက်ပါ
"နေ့သစ်ကိုစမိတဲ့ ဒီနေ့အတွက် အမှတ်တရ ရေးဖွဲ့တဲ့ကဗျာ "
Thursday, August 21, 2008
ငါ့ဘ၀ ငါ့ဇ
နေ့သစ်တစ်ခုမွေးဖွားနေတုန်း ချမ်းနေတုန်းပဲ
မိုးကောင်းကင်ပြင် မော့ကြည့်တော့လဲ မှိုင်းနေတုန်း
ဟိုအရှေ့ဘက်ဆီက ပြာပြာအစိုင်ခဲလေးတစ်ခု တရွေ့ရွေ့လာနေတုန်း
အမှတ်တမဲ့ငေးမကြည့်မိဘူး
လှမ်းပြောလိုက်တဲ့အသံ သဲ့သဲ့တော့ကြားလိုက်တယ်
ဒါပေမယ့် ငါမသိဘူး
ဘာမှနားမရှင်းဘူး ဘာမှလည်းမကြားတော့ဘူး
ငါ့ဆန္ဒတစ်စုံတစ်ရာကို ဖြည့်ဆည်းလိုက်မိတော့မယ်
ကြိုးစားပြီးရုန်းထလိုက်တော့ ဟိုးအဝေးက ရင်းနှီးတဲ့ငိုသံသဲ့သဲ့ကို
မကြားချင်မှအဆုံး ဆက်တိုက်ကြီးခံစားရတော့လည်း
ငါမငိုမိဘူး
ငါပြိုလဲစရာ ခန္ဓာကိုယ်က ချန်ထားရစ်တဲ့အထဲမှာ ပါသွားပြီ
လာပြီးမှားတယ်လို့မပြောနဲ့
ငါမသိဘူး
ငါခံစားစရာ နှလုံးသားက အစုံလိုက်ရှိတယ်
လာပြီးရူးတယ်လို့မပြောနဲ့
ငါမထိဘူး
ဘ၀မှာလမ်းတွေအများကြီးရှိယင်တောင် ငါကတော့ဒီတစ်လမ်းကိုပဲ အဆုံးထိလျှောက်မယ်
ဆုံးဖြတ်ထားတယ်ဆိုတာ ငါကလွဲလို့ ငါ့ဘ၀ကသာသိတယ်
ငါ့ဘ၀က ငါနဲ့ထပ်တူကျကျ နှလုံးသားတစ်စုံဖြစ်တယ်
ငါ့နှလုံးသားရှိရာအရပ်ကို ငါပိုင်ဆိုင်ထားမိမယ်
.
မိုးကောင်းကင်ပြင် မော့ကြည့်တော့လဲ မှိုင်းနေတုန်း
ဟိုအရှေ့ဘက်ဆီက ပြာပြာအစိုင်ခဲလေးတစ်ခု တရွေ့ရွေ့လာနေတုန်း
အမှတ်တမဲ့ငေးမကြည့်မိဘူး
လှမ်းပြောလိုက်တဲ့အသံ သဲ့သဲ့တော့ကြားလိုက်တယ်
ဒါပေမယ့် ငါမသိဘူး
ဘာမှနားမရှင်းဘူး ဘာမှလည်းမကြားတော့ဘူး
ငါ့ဆန္ဒတစ်စုံတစ်ရာကို ဖြည့်ဆည်းလိုက်မိတော့မယ်
ကြိုးစားပြီးရုန်းထလိုက်တော့ ဟိုးအဝေးက ရင်းနှီးတဲ့ငိုသံသဲ့သဲ့ကို
မကြားချင်မှအဆုံး ဆက်တိုက်ကြီးခံစားရတော့လည်း
ငါမငိုမိဘူး
ငါပြိုလဲစရာ ခန္ဓာကိုယ်က ချန်ထားရစ်တဲ့အထဲမှာ ပါသွားပြီ
လာပြီးမှားတယ်လို့မပြောနဲ့
ငါမသိဘူး
ငါခံစားစရာ နှလုံးသားက အစုံလိုက်ရှိတယ်
လာပြီးရူးတယ်လို့မပြောနဲ့
ငါမထိဘူး
ဘ၀မှာလမ်းတွေအများကြီးရှိယင်တောင် ငါကတော့ဒီတစ်လမ်းကိုပဲ အဆုံးထိလျှောက်မယ်
ဆုံးဖြတ်ထားတယ်ဆိုတာ ငါကလွဲလို့ ငါ့ဘ၀ကသာသိတယ်
ငါ့ဘ၀က ငါနဲ့ထပ်တူကျကျ နှလုံးသားတစ်စုံဖြစ်တယ်
ငါ့နှလုံးသားရှိရာအရပ်ကို ငါပိုင်ဆိုင်ထားမိမယ်
.
Monday, August 18, 2008
My heart in my mind
ကြင်နာစကား ဘယ်အတွက်များများ
တနေ့တခြားတော့ ပိုတွေးတတ်တယ်
သေချာမယ့်အချစ် ရင်တွင်းဖြစ်ကို
ဘယ်ဝယ်မသိ ကိုယ်ရှာမိတော့
လေးညှို့ရှင်လား ရင်ခွင်လား
..
တနေ့တခြားတော့ ပိုတွေးတတ်တယ်
သေချာမယ့်အချစ် ရင်တွင်းဖြစ်ကို
ဘယ်ဝယ်မသိ ကိုယ်ရှာမိတော့
လေးညှို့ရှင်လား ရင်ခွင်လား
..
Sunday, August 17, 2008
Poem for my Love
- မောင့်ကိုချစ်တဲ့မီးလေးအချစ်ကို
- နှိုင်းပြမရထာဝရမို့
- ရင်မှာငုံ့ကြည့် အချစ်ရှိ
- ၀မ်းသာကြည်နူးမောင့်စိတ်ကူးမှာ
- ဘာတွေရှိသလဲပုံဖော်ပေးမှာ
- ထာ၀၇ပါ
- မောင့်သာချစ်တဲ့မီးလေးပါ
--
ni
Thursday, August 14, 2008
သုံးရာသီသုံး
*သက်မင်းပိုင်
ခင်မင်ချင်ပါတယ်လို့ အခါခါပြောတိုင်း တိတ်နေတတ်တဲ့ သူမကို
မယုံနိုင်ဘူး ထင်မိတဲ့အမှား ကယောင်ချောက်ချားအဖြစ်တွေကိုလည်း သူမက အခါခါဖန်တီးပေးတတ်ပြန်ရဲ့
မထင်ရက်တဲ့သူမအတွက် အတ္တတစ်ပိုင်းတစ်စကို ပုံဖော်ပေးလိုက်မိတဲ့အချိန်မှာ ပြန်ရရှိလာတဲ့အကျိုးဆက်တစ်ချို့ကိုတော့
ဆောက်တည်ရာမရ ခံစားခဲ့ရတယ်...
*ခေတ်စန္ဒီ
တဆိတ်ရှိ ကမူးရှုးထိုးလုပ်တတ်လွန်းတဲ့ သူ့အကျင့်ကို
အခါခါမြင်ရတိုင်း ရှောင်ခွာချင်လောက်အောင်ကို စိတ်ပျက်မိပါတယ် တိုးတိတ်လွန်းတဲ့ရင်တွင်းသံစဉ်တွေကိုလည်း
သူက တစ်ကြိမ်တစ်ခါမှ ရှာဖွေချင်ပုံလည်းမရခဲ့ပါဘူး စိတ်ကုန်ခြင်းများစွာနဲ့ သူ့ကိုကျောခိုင်းလိုက်မိတဲ့အခါ တန်ပြန်ရရှိလာခဲ့တဲ့
ကြေကွဲဖွယ်သူ့လုပ်ရပ်တွေကိုလည်း ယနေ့တိုင် တဆစ်ဆစ်နာကျင်ခံစားနေခဲ့ရတယ်
*မေခြိမ့်မိုး
ဆုံမိတဲ့အကြည့်တစ်စုံရဲ့နောက် ကောက်ကောက်ပါအောင်လိုက်မိတဲ့ကိုယ့်အဖြစ်က နောက်ဆက်တွဲစာမျက်နှာပေါင်းများစွာကို
ကဗျာဆန်ဆန်ဖန်တီးမိတဲ့အခါ မအံ့သြပေမယ့် ထူးဆန်းစွာရရှိလာခဲ့တဲ့ သူ့ရဲ့ချစ်ခြင်းလက်ဆောင်ကို ထာဝရချွေးသိပ်စရာအဖြစ်
ကိုယ်က အမြဲရင်ဝယ်ပိုက်လိုက်တဲ့အခါ သူက ကိုယ့်ဘေးနားမှာ အရိပ်သဖွယ်ဖြစ်တည်နေခဲ့တယ်
*စုသက်ထရ်
စောင့်ကြည့်ခံစားလာမိတဲ့ သူ့ရဲ့ခံစားချက်တွေကို ပေါက်ကွဲလာလေမလားရယ်လို့ တိတ်တခိုးမျှော်လင့်နေမိတဲ့အခါ
မယုံနိုင်လောက်အောင် ခံရခက်တဲ့မေးခွန်းတွေနဲ့ သူက ထိုးနှက်ခဲ့တယ် နာကျင်စွာခံစားရင်းသူ့ကိုသက်ဆုံးတိုင်စောင့်စားနေခဲ့မိတယ်
************************************
"၀ုန်း" ဆိုတဲ့အသံနဲ့အတူ လွင့်စင်လာတဲ့ရေစက်ရေပေါက်တွေအားလုံး မေခြိမ့်မိုးတစ်ကိုယ်လုံး ရွှဲရွှဲစိုသွားလေရဲ့
မျက်မှောင်အသာကျုံ့ပြီး ဘေးဘီကိုဝေ့ကြည့်လိုက်တော့ တွေ့လိုက်ရတာက နေထက်ပြင်းတဲ့အပူရှိန်တွေထုတ်လွှတ်ဖို့တာဝန်ယူ
ထားတဲ့ပုံနဲ့ ပြူးပြဲပြီးကြည့်နေတဲ့မျက်ဝန်းတစ်စုံကိုစပြီးဆုံလိုက်ရတယ် တောက်တစ်ချက်ခပ်ပြင်းပြင်းခေါက်လိုက်သံနဲ့အတူ
တစ်ပါတည်းကပ်ပါလာတဲ့ ကိုယ့်အတွက် လက်ဆောင်က ကိုယ့်ရင်ဘတ်တည့်တည့်ကို အရှိန်နည်းနည်းနဲ့ဝင်လာတယ်လေ
ရင်ကိုလာထိတဲ့ ခပ်နုနုပုဝါလေးကို တယုတယဖမ်းယူရင်း သူ့မျက်ဝန်းကိုတည့်တည့်စိုက်ကြည့်လိုက်တော့ ခနဲ့တဲ့တဲ့အပြုံးကို
ဟန်ပါပါပြုံးနေတဲ့သူ့ကို တွေ့လိုက်ရတယ် ကိုယ့်ရင်တွေအရမ်းကာရောခုန်လိုက်တာလေ လက်နဲ့မသိမသာဖိထားလိုက်ရတယ်
"မင်း အိပ်မက်ကနိုးအောင်ငါလုပ်လိုက်တာလေ အခု လန့်နိုးလာတာလား စိတ်ကနေရာမှန်ပြန်ရောက်ပြီလား ဖြေစမ်းပါ"
ရုတ်တရက် ကိုယ်တွေဝေနေတုန်း သူကနိဒါန်းမပျိုး မေးလိုက်တဲ့ မေးခွန်းက တော်တော်ကြောက်စရာကောင်းတယ် သူပက်လိုက်တဲ့
ရေထက်အဆပေါင်းများစွာ အေးစက်နေတယ်ဆိုတာကိုလည်း ခံစားလိုက်ရတယ် ကိုယ်ခပ်ယဲ့ယဲ့ပြုံးယင်း အေးဆေးစွာပြန်ဖြေလိုက်တယ်
"အင်း ဆိုပါတော့လို့ ပြောယင် မောင်ကစိတ်ဆိုးမှာလားဟင်"
"ဘာကွ"
ဆောင့်အောင့်ထွက်လာတဲ့သူ့အသံနဲ့အတူ လက်တစ်ဘက်ကလည်း ကိုယ့်ပါးပြင်နားကို ရစ်သီနေလေရဲ့ အော်လိုက်ချင်လောက်အောင်
စိတ်ကပိုညစ်လာတယ် ဒါပေမယ့် မောင့်အတွက်လည်း ကိုယ်ကပြုံးပေးနေရတယ်လေ မောင်နားမလည်တဲ့ကိုယ့်ခံစားချက်ထဲက
တချို့တဝက်တွေပေါ့လေ
"မင်းခေတ်စန္ဒီကို ဘာလို့ရန်သွားရှာတာလဲကွ သူကမောင့်အတွက် သူငယ်ချင်းကောင်းဆိုတာ မင်းသိရဲ့သားနဲ့ကွာ"
ကိုယ်တိတ်ဆိတ်စွာပြုံးနေမိတယ်လေ ရင်ထဲမှာငိုနေတယ် ဘယ်သူမှမသိအောင်တိတ်တခိုးငိုတတ်နေတာ မောင့်အချစ်ကိုတရားဝင်
ပိုင်ဆိုင်ပြီးတဲ့နောက်ပိုင်းက စတာပေါ့
"မောင့်ကိုမင်းနားလည်ရဲ့သားနဲ့ကွာ မင်းကိုမောင်ချစ်လို့အရာအားလုံးကိုကျော်ဖြတ်ပြီးလက်ထပ်ခဲ့တာလေ မောင့်ခံစားချက်တွေအကုန်လုံး
မောင်မင်းကိုပြောထားပြီးသားပဲဟာ ခေတ်စန္ဒီနဲ့မောင့်ပတ်သက်မှုကိုလည်း မောင်မင်းကိုပွင့်လင်းခဲ့ပြီးပြီပဲ"
ကိုယ်အရမ်းခံပြင်းလာတယ် စိတ်ကတဆင့်နှုတ်ဖျားအထိပျို့အန်လာတဲ့စကားလုံးတချို့က နှုတ်ဖျားကပွင့်ထွက်သွားတယ် မောင့်အတွက်ခါးသီးမှု
တွေ ပါချင်ပါမယ် မတတ်နိုင်တော့ဘူး ကိုယ်ပြောဖြစ်သွားတယ်
"မေ့ကိုကော မောင်နားလည်လို့လား မောင့်အီးမေးလ်တွေထဲနေ့တိုင်းဝင်လာတဲ့သူ့ရဲ့ စာတွေက မေ့ရင်ကိုပူလောင်စေတယ်မောင် နောက်ပြီး
မောင်တို့နှစ်ယောက်အချိန်ပြည့်နီးပါး ချက်တင်းဝင်နေတာကိုကော မေဘယ်လိုနားလည်ပေးရပါ့မလဲ တစ်နေ့လည်းမဟုတ် နှစ်နေ့လည်းမဟုတ်
မောင်နဲ့စညားကတည်းက ခုချိန်ထိ စောင့်ကြည့်နားလည်ပေးနေရတာ မောလာပြီလေ အဲဒါကြောင့်ခေတ်စန္ဒီကို တရားဝင်ချဲလိုက်တာပါမောင်"
ပြောပြီးကိုယ်မျက်ရည်တွေလိမ့်ဆင်းလာခဲ့တယ် အသားတွေတဆတ်ဆတ်တုန်လာတယ် ရင်ထဲမှာလည်းကျပ်တည်းလာတယ် ငိုချလိုက်တယ်
ကိုယ်ပခုံးကိုအုပ်မိုးလာတဲ့လက်အစုံကို ခံစားကြည့်လိုက်တော့ မျက်ရည်တွေခြောက်ခမ်းသွားပြန်တယ်လေ
"မောင့်ကိုမေချစ်ခဲ့တာဘယ်လိုလဲဆိုတာမောင်အသိဆုံးပါနော် အခုလည်းမောင့်ခံစားချက်အားလုံးကိုနားလည်ပေးနေခဲ့တာပဲလေ
ဒါပေမယ့်မေက မိန်းကလေးပါမောင် အချစ်ဆိုတာ တစ်ခါတစ်လေတော့ဖောက်ပြန်တတ်တဲ့သဘောရှိကောင်းရှိနိုင်ပေမယ့် မေ့အတွက်က
ထာဝရအတွက်မောင်က အချစ်တစ်ခုတည်းဆိုတာ မောင်သိမှာပါလေ ဒါနဲ့တောင်မောင်ကမေ့ကိုနားလည်မပေးပဲ မေ့လုပ်ရပ်အပေါ်ခပ်ရင့်ရင့်
အနိုင်ယူတာတော့မကောင်းဘူးမောင်ရယ်"
မောင်တိတ်ဆိတ်နေတယ် သက်ပြင်းရှည်တစ်ခုနဲ့အတူ ပွင့်လင်းစွားဝန်ခံချက်ကို ကိုယ်နားနဲ့ဆတ်ဆတ်ကြားခဲ့ရတယ် တရားဝင်ဇနီးအပေါ်မောင့်ရဲ့ ခင်ပွန်းကောင်းတစ်ယောက်အနေနဲ့ ပွင့်လင်းခြင်းလို့ ကိုယ်ကမှတ်ယူကျေနပ်ခဲ့တယ်လေ
"မောင်ပြောမယ်နားထောင်မေ မောင်သူ့ကိုခင်တယ် သူနဲ့စကားပြောရတာအရမ်းကျေနပ်တယ် သူပေးတဲ့စကားလုံးလေးတွေကလဲ
မောင့်အတွက်နှစ်သိမ့်ကျေနပ်ခွင့်တစ်ခုလို ခံစားစေတယ် နောက်ပြီး မောင်သူနဲ့ဆုံတဲ့အချိန်တိုင်းမှာ ခွန်အားသစ်တွေရလာတတ်တယ်
မောင့်အလုပ်တွေအဆင်ပြေတယ် အဲဒီခွန်အားတွေနဲ့မောင့်စိတ်ကလေးပျော်ရွှင်လာတယ် လတ်ဆတ်လာတယ် အဲဒီအရသာကို မောင်
သူ့ဆီကရတယ် ဒါကြောင့်သူဟာမောင့်အတွက် တစ်စိတ်တစ်ဒေသအရေးကြီးတယ် ဒါပေမယ့် မောင်က မေ့ကိုပဲသက်ဆုံးတိုင်လက်တွဲမယ်
ဒါမောင့်အိုင်ဒီယာပဲ သူနဲ့မောင်ပတ်သက်မှုဟာ မေ့အတွက်အကျုံးမဝင်ဘူးကွာ မေ သူ့ကိုမေ့ထားပါ မေ့အတွက် ပြိုင်ဘက်ကောင်းမဟုတ်သလို
ရန်သူကြီးလည်း မဟုတ်တဲ့အတွက် မေသူ့ကိုလျစ်လျူရှုပေးပါ အိုကေနော်"
ပြောပြောဆိုဆိုခြေလှမ်းကျဲတွေနဲ့မောင်ထွက်သွားတယ် လက်ထဲမှာတော့ မောင်ကိုင်နေကျ လက်ပ်တော့အိတ်ကလေးက ကိုယ့်ကိုကျည်စယ်နေ
လေရဲ့ မောင့်ကုမ္ပဏီမှာ ဒီလက်ပ်တော့လေးနဲ့ သူနဲ့မောင်တွေ့ကြအုံးမှာကို မြင်ယောင်နေမိပါတယ် ကိုယ်သက်ပြင်းရှည်ကိုချလိုက်ယင်းက နေ့ခင်းက သူနဲ့ကိုယ် စကားစစ်ခင်းခဲ့ကြပုံကိုပြန်လည်တွေးတောကျေနပ်နေမိပါတယ်
မောင်မရှိတုန်းလက်ပ်တော့ကလေးကပေါ်လာတဲ့ချက်တင်းမက်ဆေ့ခ်ျလေးကို ကိုယ်လှမ်းကြည့်လိုက်မိတယ် ရင်ထဲဒိန်းကနဲဝင်ဆောင့်
လာတဲ့ ခေတ်စန္ဒီရဲ့စာသားလေးက
"ဟိုင်း ငယ်ချင်း အိုကေလား" တဲ့
ကိုယ်လက်ယားလာတယ် မောင်လည်းမရှိဘူး ဒီမိန်းမကြည့်မရတာကြာပြီ မောင်နဲ့ညားပြီးကတည်းက ဒီမိန်းမကို မောင်ချက်နေတတ်တာ
လုံးဝကြည့်ရတာမဟုတ်ဘူး မောင်ကသူ့နဲ့ဆိုရယ်မောနေတတ်လို့သာ ကိုယ်ကမောင်ပျော်ပါစေတော့ရယ်လို့ စုံမှိတ်ထားတာပဲရှိတယ်
ခုတော့ စာသားတွေက မြင်လိုက်ရတာ ဘဝင်မကျတော့တာနဲ့ မောင်လည်းမရှိတဲ့အတူတူ နည်းနည်းတော့ ပြောထားလိုက်မယ်ဟဲ့ဆိုပြီး
ကိုယ်ဝင်မိတာလေ ကိုယ်စပြောလိုက်တယ်
"ဟေး"
"အိုကေလား အစစအရာရာပေါ"
"ဆိုပါတော့ကွာ"
"စားပြီးပြီလား"
"နိုးပါ"
"ဟင်းညနေရောက်တော့မယ့်ဟာကို စားတော့လေ"
"ထားလိုက်စမ်းပါကွာ မင်းနဲ့တွေ့ရတော့မစားတော့ဘူး"
"........."
"ဟေ့ ဘာလို့တိတ်နေတာလဲ"
"........"
"ဟေ့ မေးနေတယ်ကွာ"
"ငယ်ချင်းတစ်ယောက်နဲ့စကားပြောနေလို့ သူက ဒို့နဲ့ လိုက်ဖက်ညီတယ် လေ ခဏစောင့်"
"အော် အိုကေ ဘိုင်"
"ဟေးနေပါအုံး "
"ကိုယ်မင်းကိုပြောစရာရှိတယ် ကိုယ်အိမ်ထောင်ရှိတယ်"
"........."
"ဟေ့သိလား"
"ရှင့်ကိုမုန်းတယ် ရှင့်အချစ်ကိုရှင်ထိန်းသိမ်းရမယ်လေ"
"ဘာအတွက်လဲ မရှင်းဘူး ဘယ်သူ့အတွက်လဲပြောပါအုံး"
"ဒို့ပုံတွေပြန်ပေး"
"ဘာပုံလဲကွာ"
"ဓါတ်ပုံလေ ဆယ်ပုံတောင်"
"မရှိတော့ဘူး မင်းကိုယ့်အခန်းထဲရှာကြည့်ပေါ့"
"ဟာသွားပါပြီ"
"ဆောရီး"
"မလိုပါဘူး"
"မင်းနေကောင်းတယ်နော်"
"ကောင်းတယ် ရှင်သာနေကောင်းအောင်နေ တဆိတ်ရှိကမူးရှုးထိုးနဲ့ ပေါက်ကွဲမနေနဲ့"
"............"
"ဟေ့ ရှင့်အလုပ်ကိစ္စအိုကေပြီလား ပြောပါအုံး ဒို့ပေးတဲ့အကြံကောသုံးလိုက်သေးလား"
"......"
"ဟေ့မေးနေတယ်လေ"
".........."
"ရှင်ပျောက်နေတာကြာလို့စိတ်ပူနေတယ် သတိလည်းရနေတယ်"
"........."
"ဟေး ရှင်ရှိပါတယ်နော်"
"......"
"ဟေ့အစ်ကို"
"ကိုယ်က အစ်ကိုမဟုတ်ဘူး အစ်ကို့တရားဝင်ဇနီးမေခြိမ့်မိုးပါ သူမရှိတုန်းမင်းကိုစကားပြောချင်တာနဲ့ပဲ အခုလိုလုပ်လိုက်ရတာပါ"
".........."
"မင်းကိုယ်ရှိမှန်းမသိခဲ့ဘူးလား ဒါမှမဟုတ်ကိုယ့်ကိုအရေးထားစရာမလိုတဲ့သူလို့မင်းထင်ထားတာလား"
"....."
"မင်းကြောင့်ကိုယ့်ရဲ့မောင်စိတ်ပျော်ရတယ်ခွန်အားတွေရတယ်လို့ကြားရလို့မင်းကိုတွေ့ချင်တာလေဖြစ်နိုင်ပါတယ် မင်းကစကားပြောကောင်းသား"
"......"
"အိုကေနော် ဒို့ကမေခြိမ့်မိုး မောင့်ရဲ့ဇနီး မှတ်ထားပေး မောင့်ကိုသိတယ်ဆိုတော့ ဒို့ကိုလည်းသိစေချင်လို့ပါ အိုကေ ဘိုင်"
"နေပါအုံးမမေခြိမ့်မိုး"
"ပြော"
"ကိုယ်က မင်းမောင်နဲ့ ချက်တင်းဖော်ထက်မပိုဘူး သူနဲ့ကိုယ်က ခင်မင်မှုကလွဲပြီးတခြားအရာတွေကိုလျစ်လျူရှုထားတာကို သဘောပေါက်ထားပေး ပါနော် မင်းဘာခံစားရမလဲဆိုတာမသိချင်ပေမယ့် ကိုယ်ကတော့ မင်းမောင့်ကို ခင်နေမှာပဲ သူခင်နေသရွေ့ပေါ့"
"အိုကေပါတယ် ဒါပဲဟုတ်လား"
"အိုကေ"
အဟား စဉ်းစားလိုက်ယင်းနဲ့ကိုယ် ရှက်ရယ်ရယ်မိတယ် ငါ့နှယ်နော် ဘာတွေလုပ်မိနေပါလိမ့် အော်အချစ်ရဲ့တဒင်္ဂအမှားတွေကို အမှတ်တရ
ရင်မှာပိုက်ထားလိုက်ချင်ရဲ့
***************************************************************************************
အပြင်မှာမိုးရွာနေတုန်း ခေတ် တစ်ယောက် ကော်ဖီပူပူတစ်ခွက်နဲ့ ကွန်ပျူတာရှေ့ခပ်မတ်မတ်ထိုင်ယင်း တောင်တောင်အီအီလုပ်နေမိတယ်
ဒီနေ့လုပ်စရာကိစ္စတွေပြီးသွားပြီ အင်း start menu bar ပေါ်က gtalk box လေးကလင်းနေတယ် သူ့ကိုမျှော်နေမိတယ် သူက ခေတ်အတွက်
ချက်တင်းဖေါ်ပေါ့ နာမည်က သက်မင်းပိုင်တဲ့ စတွေ့ပုံကဆန်းတယ်ပြောလည်းရတယ် ခေတ်က အင်တာနက်မှာကျက်စားနေတဲ့အင်တာနက်
ယူစာလေ တစ်နေ့ ခေတ်ကိုမိတ်ဖွဲ့တဲ့သူက သက်မင်းပိုင်တဲ့ ခေတ်ကို ဆိုက်တစ်ခုမှာတွေ့တာနဲ့ပဲ အခုလိုချိတ်ရတာပါတဲ့ ခေတ်ကလည်းအိုကေ
ပေါ့နော် သူကသူ့အလုပ်အကြောင်း သူ့ဘ၀အကြောင်းမိတ်ဖွဲ့တဲ့အနေနဲ့ခေတ်ကိုပြောပြတယ် ခေတ်ကလည်းလိုလိုလားလားပြန်ပြီး ဆက်ဆံခဲ့တယ်
ခင်မင်သွားတယ်ပေါ့ ရောင်းရောင်းတွေဖြစ်သွားတယ် သူက ခေတ်ကို အရမ်း ခင်တွယ်တယ် သူ့အလုပ် သူ့ခံစားချက် သူ့အမြင် အားလုံးကို
မျှဝေခံစားစေတယ်
တစ်ခါတစ်လေ သူပေါက်ကွဲတဲ့အခါ မျက်ရည်တွေနဲ့လှိုက်လှိုက်လှဲလှဲဖုန်းဆက်ပြီးစကားပြောတတ်တယ် ခေတ်ကတော့နှစ်သိမ့်ပေးလိုက်မိတာ
အခါခါပါပဲ သူ့ကို နားလည်သလိုလိုထင်ရပေမယ့် ခေတ်က သူ့ခံစားချက်ကို သိပ်နားမလည်ဘူး ခေတ်ကသူ့ရဲ့ပွင့်လင်းမှုကိုပဲ အလေးထားခင်မိတာ
သူတစ်ခါတစ်လေ ခေတ်ကိုရင်ဖွင့်တတ်တယ် ပေါက်ကွဲလာတဲ့ဒေါသအပေါ်ငိုကြွေးခြင်းနဲ့အဆုံးသတ်တတ်တယ် ခေတ်ကသူ့ကိုသနားမိတယ်
သူခံစားရတာတွေကို အမြဲတမ်းနှစ်သိမ့်ပေးနေချင်တယ်ပေါ့ သူပျော်ရွှင်နေတဲ့အခါ ပျော်ရွှင်လာအောင် ခေတ်က စွမ်းဆောင်ပေးနိုင်တဲ့အခါမျိုးမှာ
ခေတ်ကိုယ်တိုင်ကြည်နူးနေမိတယ်
ဒီနေ့တော့ခေတ်မသိတဲ့သူ့ဘဝတစ်စိတ်တစ်ပိုင်းကိုထပ်သိလိုက်ရတယ် သူ့ဆီကတော့မဟုတ်ဘူး သူ့ဇနီးတဲ့ စစချင်းတော့ခေတ်အံ့သြမိတယ်
နောက်တော့ နားလည်ပေးလိုက်တယ် ဒါပေမယ့် ခေတ်ရဲ့သက်မင်းပိုင်အပေါ်ထားတဲ့ဆန္ဒသဘောထားကိုလည်း သူ့ဇနီးဆိုတဲ့သူကို ကြေညာလိုက်
မိတယ် သေချာတွေးကြည့်မိတော့ ခေတ်ရင်ထဲမှာ သူက နေရာတစ်နေရာလား မဟုတ်သေးဘူး သူက ခေတ်ရဲ့သူငယ်ချင်းပေါ့ အဲလိုလား
ထားလိုက်ပါ ဘာဖြစ်ဖြစ် ခေတ်က သူ့ကိုခင်တယ် ဒါပဲ
"ဟေးခေတ်"
သူ့ခေါ်သံကို ကွန်ပျူတာပေါ်မှာမြင်လိုက်ရတယ် ဝမ်းသာမိတယ် ဘာလို့လဲဆိုတော့ ကိုယ့်ချက်တင်းဖေါ်တွေအားလုံးကိုယ့်ကိုစကားမပြောနိုင်ကြ
ချိန်မှာ သက်မင်းပိုင်က ကိုယ့်ကိုခေါ်လိုက်တာကိုး အဟား ဒါပဲလားဆို ဒါပဲပေါ့ လို့ဖြေရုံပဲရှိမယ်
"ဟေး မင်း"
"ဆောရီးကွာ နေ့ခင်းကကိစ္စကို ကိုယ်တောင်းပန်တယ် မေခြိမ့်က ကလေးဆန်လို့ ခွင့်လွှတ်ပေးပါကွာ"
".....အင်း အိုကေပါတယ် နားလည်ပြီးသားပါ "
"အိုကေ ကိုယ်ပျော်သွားပြီ"
"အင်း"
"ခေတ် ဗီဇာရပြီလား ဘယ်တော့သွားမလဲ အလုပ်ကိစ္စတွေကော ပြတ်ပြီလား"
"အင်း အိုကေတယ် အားလုံးပေါ့"
"ဟိုရောက်ယင်ခေတ်ဓါတ်ပုံပို့ပေးအုံး ခေတ်ရဲ့စတိုင်လ်ကို အမြဲမီနေအောင်ကြည့်ချင်လို့ အိုကေလား"
"အိုကေပါ ပို့ပေးမယ်"
"ကိုယ်ဒီနေ့နည်းနည်းခေါင်းရှုပ်သွားတယ် ခေတ်နဲ့တွေ့မှရှင်းသွားတာ ကျေးဇူးနော်"
"အိုကေ နိုးနိဒ်"
"စကားမစပ် ခေတ် သွားမှာ အပျော်သက်သက်ပဲလား တခြားရှိလား"
"အင်း စာရေးချင်လို့ နောက်ပြီး ဈေးကွက်အတွက် လေ့လာချင်လို့နည်းနည်းပေါ့"
"ကိုယ့်ကိုလည်း အိုင်ဒီယာတွေမျှဝေပေးအုံး ခေတ်အောင်မြင်မှုတွေကိုကောပေါ့ နော့"
"အင်းပါ"
"တာ့တာနော်"
"နေအုံး မေးချင်တယ် ပြောပြမလား မင်းနဲ့ မေခြိမ့်အကြောင်း ဒို့သိချင်တာ မင်းက မေခြိမ့်ကိုဘယ်လိုချစ်တာလဲ သိချင်တယ်"
"ဘာအတွက်လဲခေတ် ကိုယ်နဲ့မေခြိမ့်က ခေတ်အတွက် လိုအပ်လား"
"အင်းနည်းနည်းလိုအပ်သွားသလိုပဲ ပြောပြ မင်း"
"ကိုယ်တော့ ခေတ်အတွက် အဲအပိုင်းက မလိုအပ်ဘူးထင်တယ် ဘာလို့လဲဆိုတော့ မေခြိမ့်ဟာ ကိုယ့်ဘဝအတွက် အဖေါ်လေ"
"အဲဒီတော့"
"ဆိုလိုတာက ကိုယ်နဲ့မေခြိမ့်အကြောင်းက ခေတ်နဲ့မှမဟုတ်ဘူး အားလုံးသောတခြားသူတွေနဲ့ လည်း ဆွေးနွေးစရာခေါင်းစဉ်တစ်ခု မဟုတ်သလို ပုံတစ်ပုဒ် အကြောင်းအရာတစ်ခုအနေနဲ့လည်း စပ်စုစုံစမ်းခွင့် ကိုယ်မပေးနိုင်လို့ပါပဲခေတ်"
"အဟား အိုကေပါ ဒို့စပ်စုမိအပြစ်ရှိပါတယ်"
"အိုကေ နားလည်ပေးတဲ့အတွက်"
"ဘိုင်နော်"
"ဘိုင်"
ခေတ်ရင်ထဲမြားတစ်စင်းဝင်သွားတယ် ဘယ်ကနေဘယ်လိုပစ်လိုက်တဲ့မြားမှန်းတော့ ဘယ်သူ့ကိုမှမပြောပြချင်ဘူး ဒါပေမယ့်ရင်ရဲ့တစ်နေရာ မှာတော့စူးနေတယ်ပေါ့ ယောက်ျားတွေရဲ့သဘောထားများစွာထဲက တစ်ခုကိုသိနားလည်ခွင့်ရလိုက်သလိုလည်းခံစားလိုက်မိတယ်
ခေတ်ဘေးကိုကြည့်လိုက်တော့ ကောင်းကင်မှာ သက်တံ၂စင်းအပြိုင်ထွက်နေလေရဲ့ မိုးလေးလည်းဖွဲနေတုန်းပဲလေ
**************************************************************************************
"တီတီ"
ကားဟွန်းသံ ကြားလိုက်ကတည်းက အလွတ်ရနေတဲ့ ဆရာ့ကားဟွန်းသံကြောင့် အပြေးအလွှားကြိုဆိုလိုက်မိတယ် ကမ်းပေးလာတဲ့ အတက်ခ်ျကေ့စ်ကို ဦးညွှတ်လှမ်းယူယင်းက ဆက်လျှောက်သွားတဲ့ဆ၇ာရဲ့ကျောပြင်ကို ငေးကြည့်မိတယ် သေသပ်လှတဲ့အနောက်တိုင်း
ဝတ်စုံနဲ့အတူ ခန့်ညားအောင်မြင်တဲ့ခြေလှမ်းတွေကို ဆက်တိုက်လှမ်းနေတဲ့ဆရာရဲ့အပြုအမူအားလုံးဟာ စုသက်ထရ်ရဲ့ ရင်ထဲမှာအစဉ်စွဲ
နေမိတဲ့သင်္ကေတတွေပေါ့
ဒီမှာ အလုပ်စဝင်ကတည်းက စုသက်ရင်ထဲလှုပ်ရှားရင်ဖိုမျှော်လင့်နေမိတဲ့ တဖက်သတ်အတွေးခံစားချက်တစ်စုံတစ်ရာကို လေထဲမှာတောင်
ပိုင်ဆိုင်ခွင့်မရနိုင်မှန်းတော့ သိထားပါတယ် သို့ပေမယ့် ဒီရုပ်ပုံ ဒီအသံ ဒီအငွေ့အသက် ရဲ့ခန့်ညားလွန်းလှတဲ့ ဆွဲဆောင်နိုင်မှုတွေကြောင့်သာ
စုသက်ထရ် ရှင်သန်နေမိတာပါ အရူးလို့ပြောယင်ဝမ်းပန်းတသာလက်ခံလိုက်ရုံပါပဲ ဆရာ့ရဲ့တည်ကြည်လွန်းတဲ့ပုံရိပ်ကို စုသက်ထရ်ခံစားလိုက်တာ
ရဲ့နောက်ပိုင်းမှာ စုသက်ရဲ့ ရင်ခွင်ထဲအချစ်တစ်ခုလုံးကို ဖမ်းဆုပ်ကြိုးကိုင်ခံလိုက်ရသလို ဖြစ်နေခဲ့တာပါ လွတ်မြောက်ဖို့လည်း မကြိုးစားမိဘူး
ရုန်းထွက်ဖို့ကပိုပြီးမဖြစ်နိုင်ပါဘူး ဘယ်သူမှမသိတဲ့ဒီအချစ်ကို သိမ်းဆည်းထားလိုက်ရမှာဝန်မလေးမိသလို ထုတ်ဖေါ်ပြသခွင့်ကြုံမယ်ဆိုယင်လည်း
စုသက်က တရားဝင်ပြသချင်ပါသေးတယ်
ဒီအခွင့်အရေးအားလုံးဟာ စုသက်ထရ်အတွက် အလှမ်းကွာတဲ့ပန်းပဒုမ္မာပါပဲ ရှိစေတော့ရယ်လို့ တမ်းတပြီးတသသဖြစ်မနေချင်ပါဘူး
နေ့စဉ်ရနေတဲ့ ချစ်ရသူအနားအစဉ်ခစားခွင့်လေးကိုသာ အဖော်ပြုပြီး ချစ်ရသူရဲ့အရိပ်အငွေ့လေးကိုခံစားနေရရုံနဲ့သာကျေနပ်နေလိုက်ရတာလည်း
နောင်တမရတော့ဘူး ငေးကြည့်နေမိတဲ့ စုသက်မျက်ဝန်းတွေကို စိတ်စုစည်းခံစားလိုက်တဲ့အခါ ဆရာ့ဘေးနားမှာ ခေါင်းငုံ့ကာပြုံးနေတဲ့
အေးမြတဲ့ မျက်ဝန်းပိုင်ရှင် မမမေခြိမ့်ကိုလှမ်းမြင်လိုက်ရတယ် ဆရာကတော့ တည်ကြည်တဲ့သူ့အသွင်အတိုင်း မမေခြိမ့်ကိုလက်ချောင်းလေးတွေနဲ့
တို့ဆိတ်ကျီစယ်နေလေရဲ့။
စုသက်ထရ် အဝေးကိုမျှော်ကြည့်လိုက်ပြန်တော့ ဒိုင်နာကားတစ်စီးအပေါ်ခရီးသည်တွေတိုးဝှေ့တက်နေကြလေရဲ့ ကားဒရိုင်ဘာကတော့
စတီယာရင်ကို ခပ်မိန့်မိန့်ကိုင်ယင်းလေဘာအသာတော့နေတယ်လေ။
*****************************************************************************************
ကျွန်တော့်ဘေးမှာ ခေါင်းငုံ့ထိုင်နေတဲ့မေခြိမ့်ကို ချစ်စနိုးကျီစယ်နေမိတယ် ဒီနေ့မေခြိမ့် မူးပြီးအန်နေလို့ဆေးခန်းသွားပြရာက ဝမ်းသာရမယ့်
ရလဒ်လေးတစ်ခုကြားသိလိုက်ရတယ် မေခြိမ့်က ကျွန်တော့်ရင်သွေးကိုလွယ်ထားတာ လေးလရှိပြီတဲ့ဗျာ ကျွန်တော်ဘယ်လောက်ကျေနပ်လိုက်
မလဲ စဉ်းစားသာကြည့်တော့ မေခြိမ့်ကတော့ သူ့ဟန်အတိုင်း ကျွန်တော့ရင်ခွင်ထဲခေါင်းလေးငုံ့လို့ပေါ့ ကျွန်တော်က သူ့နှုတ်ခမ်းလေးကို လက်ချောင်းတွေနဲ့ကျီစယ်နေမိတယ် သူလည်းကျေနပ်စွာခံယူနေတယ်
အဝေးခပ်လှမ်းလှမ်းကထိုင်ခုံမှာ ထိုင်နေတဲ့ ကျွန်တော့ကိုယ်ရေးဝန်ထမ်းမလေး စုသက်ထရ်က ငေးစိုက်ကြည့်နေတယ် သူမလေးကတစ်မျိုးဗျ
ကျွန်တော့ကိုတော့ တော်တော်ရိုသေတယ် ပြောတဲ့အတိုင်းလည်းနာခံတယ် တာဝန်အားလုံးကိုမညည်းမညူလုပ်ပေးတတ်တယ် တစ်ရံတစ်ခါ
သူမမျက်ဝန်းကတစ်စုံတစ်ရာကို ကျွန်တော်တွေ့တွေ့ရတတ်တယ် ကျွန်တော်မသိကျိုးကျွံပြုထားရတာလည်းကြာပြီ သူ့ကိုနားလည်မိပေမယ့်
သူလိုချင်တဲ့အရာက ကျွန်တော့်ဆီမှာမကျန်တော့ဘူး အပိုင်စားရရှိထားတဲ့ မေခြိမ့်ကိုလည်းအသိမပေးရက်ဘူး စုသက်ထရ်ရဲ့ခံစားချက်အားလုံး
ပျောက်ပျက်ပါစေလို့ဆုတောင်းပေးမိတယ် ကျွန်တော့်ကိုမော်ကြည့်လာတဲ့ မေခြိမ့်ရဲ့အေးမြတဲ့မျက်ဝန်းကိုဆုံတွေ့လိုက်ရယင်ပဲ ကျွန်တော့်ခံစားချက်အားလုံး သိမ်းကျုံးရယူသွားတာမေခြိမ့်ပဲဆိုတာပိုသေချာလို့သာနေတော့တယ်
ခေတ် နဲ့ ကျွန်တော် စကားပြောခင်မင်ခွင့်ရတာကို အရမ်းကြည်နူးတယ်ဗျာ တစ်ခါတစ်ရံ မေ့ကိုမပြောချင်တဲ့ကျွန်တော့်အခက်အခဲတွေအားလုံး
ကို ခေတ်နဲ့ရင်ဖွင့်တိုင်ပင်မိတယ် ခေတ်က ကျွန်တော့်ကို ပြန်လည်အကြံပေးဝေဖန်တဲ့အခါ ကျွန်တော့်အတော်လေးကိုပေါ့ပါးသွားတတ်ပါတယ်
ကျွန်တော်က ခေတ်ကို ခင်မင်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် မေခြိမ့်လေးကြောင့် ခေတ်နဲ့ကျွန်တော် ခပ်တန်းတန်းဖြစ်သွားမှာကိုလည်း
သိပ်မလိုလားမိတာအမှန်ပါ မေခြိမ့်လေးရဲ့နူးညံ့တဲ့ စိတ်သဘောထားလေးတွေကြောင့် ကျွန်တော့်အတွေ့အကြုံအခက်အခဲတွေကို ခေတ်နဲ့တိုင်ပင်
ဖြစ်လာတာပါ ခေတ် က ခေတ်မီတယ် ဖြတ်လတ်တယ် ပွင့်လင်းတဲ့သဘောထားနဲ့အရာရာမှာဆက်ဆံတတ်တယ် မာကြောခက်ထန်တဲ့ဆုံးဖြတ် ချက်အတွေးအခေါ်တွေနဲ့ သူ့ဘဝကိုအောင်မြင်စွာရပ်တည်နေတာကို ကျွန်တော်သဘောကျတယ်ဗျာ။ ဒါပေမယ့်မေခြိမ့်လေးမျက်ရည်ဝဲစေတဲ့
အတွက် ကျွန်တော်အရမ်းခံစားရပါတယ်။ မေခြိမ့်လေးနဲ့နားလည်မှုတွေတိုးပြီးတည်ဆောက်နိုင်ဖို့လည်းကြိုးစားမိပါတယ်။ မေခြိမ့်ကတော့
သူ့ဟန်အတိုင်းခေါင်းညိတ်သဘောတူတတ်တဲ့သူလေ။ နောက်တော့လည်းကျွန်တော့်အိမ်ထောင်ရေးကသာသာယာယာပါပဲ။
ကျွန်တော်တွေးရင်းနဲ့ ရင်ခွင်ကိုငုံ့ကြည့်မိတော့ မေ့ရဲ့အသက်ရှူသံသဲ့သဲ့နဲ့အတူ နူးညံ့ညင်သာတဲ့လက်အစုံလေးကို နမ်းရှိုက်လိုက်မိတယ်
ဟိုးအဝေးကို ငေးကြည့်မိတော့ ကောင်းကင်မှာ ငှက်သုံးကောင်ပေါ့ တစ်ကောင်ကခပ်ခွာခွာ ပျံထွက်သွားတယ် ကျန်တဲ့၂ကောင်က တစ်ကောင်နဲ့
တစ်ကောင်အစာခွံ့နေလေရဲ့။
******************************************************************************************
ပြီးပါပြီ
နီနီဝင်း (၁၄-၈-၀၈)
နေ့လည် ၂နာရီ ၅၆မိနစ်(မြန်မာစံတော်ချိန်)
မိုးဥတုအလွမ်း
တဖွဲဖွဲမစဲပဲသည်းတဲ့မိုး
ဒီနေ့မှောင်မှောင်မှာထန်လွန်းတဲ့မိုး
ဝန်းကျင်တစ်ခွင်ပျပျအလင်းခင်းကျင်းပေးတဲ့မိုး
လျှပ်ပန်းလျှပ်နွယ်အပြိုင်ကျဲစေတဲ့မိုး
မသည်းတောင်ဖွဲနေတဲ့မိုး
ဒီဥတုမှာကြုံရတဲ့မေ့မရအဖြစ်တွေရယ်နဲ့
ဂန္တ၀င်စာတင်တဲ့မှတ်တမ်းများကိုလည်း
သူကထားရစ်ခဲ့
ကြိုတင်စီစဉ်ရင်လွဲ
မတုံ့မဆိုင်းစုတ်ချက်တိုင်းအရာထင်စေဖို့
အားသွန်ကာလှမ်းလိုက်ချင်ရဲ့
အဘယ်မှာသောင်ကမ်းကပ်မယ်
ထင်ရာတော့မစိုင်းချင်ပါဘု
ဟိုတစ်ခါအဖြစ်ဆိုးကိုလ
ပြန်လည်ကာရင်မဆိုင်ချင်လို့
သူတပြန်ကိုယ်တကျော့ရယ်နဲ့
ပြန်လည်ကာဖြေတွေးတွေးလိုက်မယ်
မိုးသာချိန်ထွက်လာတဲ့နေမင်း
နေ့အခါရောင်စဉ်လွှမ်းယင်ကွယ်
သက်တံတွေခါခါထွက်လိမ့်မယ်
ဆွေးရစ်မေ့အလွမ်း...
ဒီနေ့မှောင်မှောင်မှာထန်လွန်းတဲ့မိုး
ဝန်းကျင်တစ်ခွင်ပျပျအလင်းခင်းကျင်းပေးတဲ့မိုး
လျှပ်ပန်းလျှပ်နွယ်အပြိုင်ကျဲစေတဲ့မိုး
မသည်းတောင်ဖွဲနေတဲ့မိုး
ဒီဥတုမှာကြုံရတဲ့မေ့မရအဖြစ်တွေရယ်နဲ့
ဂန္တ၀င်စာတင်တဲ့မှတ်တမ်းများကိုလည်း
သူကထားရစ်ခဲ့
ကြိုတင်စီစဉ်ရင်လွဲ
မတုံ့မဆိုင်းစုတ်ချက်တိုင်းအရာထင်စေဖို့
အားသွန်ကာလှမ်းလိုက်ချင်ရဲ့
အဘယ်မှာသောင်ကမ်းကပ်မယ်
ထင်ရာတော့မစိုင်းချင်ပါဘု
ဟိုတစ်ခါအဖြစ်ဆိုးကိုလ
ပြန်လည်ကာရင်မဆိုင်ချင်လို့
သူတပြန်ကိုယ်တကျော့ရယ်နဲ့
ပြန်လည်ကာဖြေတွေးတွေးလိုက်မယ်
မိုးသာချိန်ထွက်လာတဲ့နေမင်း
နေ့အခါရောင်စဉ်လွှမ်းယင်ကွယ်
သက်တံတွေခါခါထွက်လိမ့်မယ်
ဆွေးရစ်မေ့အလွမ်း...
Wednesday, August 13, 2008
မမေ့မိမူး မိုးမေ့မြူး
အိမ်အပြန်ဒီလမ်းကိုက မမေ့နိုင်မိပါရက်ကယ်နဲ့
ရင်ခွင်အသာငုံ့ကြည့်စဉ်မတော့
ယစ်မူးဖွယ်ဒီအချစ်ကိုလ
ဘယ်ခါပိုင်ပိုင် ဆိုင်မယ်သူ့ကို
မိုးမျှော်ကာမော့ကြည့်သာပေါ့
အဟောဝတ သြချလောက်အောင်တော့
မေ့မျက်ကွယ် မြူးမိပေါ့တကယ်
...
ရင်ခွင်အသာငုံ့ကြည့်စဉ်မတော့
ယစ်မူးဖွယ်ဒီအချစ်ကိုလ
ဘယ်ခါပိုင်ပိုင် ဆိုင်မယ်သူ့ကို
မိုးမျှော်ကာမော့ကြည့်သာပေါ့
အဟောဝတ သြချလောက်အောင်တော့
မေ့မျက်ကွယ် မြူးမိပေါ့တကယ်
...
Friday, August 08, 2008
For anything Special
ကျွန်မဘလော့ခ်ကိုလာလည်သူများအားလုံးအတွက်
ပျော်ရွှင်စေချင်ပါတယ်
ကျွန်မခံစားရသမျှကိုလည်း ရေးဖွဲ့နေပါမယ်
တစ်ခါတစ်လေတော့ ဟာသလေးတွေဖန်တီးနေချင်ပါတယ်
ခုတော့ ကျွန်မတတ်သမျှမှတ်သမျှစာစုလေးတွေကို ၀တ္ထုမကျတကျရေးသားနေဆဲပါ
ကဗျာတွေကတော့ မောင့်အတွက် သီးသန့်လေးတွေပါ
သူငယ်ချင်းတွေအတွက် ဘလော့ခ်နည်းပညာအများစုကို ရယူချင်ယင်တော့ ဒီကို သွားပါ...
မြန်မာမျက်လုံးကတော့ သူငယ်ချင်းတို့အတွက် ကွန်ပျူတာနည်းပညာတော်တော်များများကို
ထောက်ပံ့ပေးနေတဲ့ စေတနာဗရဗွ ထားရှိတဲ့သူတွေ ဖန်တီးထားတာပါ
အဲဒီဆိုဒ်မှာ ဗိုင်းရပ်တွေအများစု ကိုနှိမ်နင်းမယ့်နည်းလမ်းလေးလည်းထည့်ပေးထားလို့
ဝင်ရောက်လည်ပတ်သင့်ပါတယ်လို့
မွန်အမျိုးသားလေးတစ်ယောက်ဖန်တီးနေတဲ့ဘလော့ခ်လေးပါ
သူ့စေတနာလေးနဲ့ ဘလော့ခ်စလုပ်ချင်တဲ့သူတွေအတွက်နည်းလမ်းလေးတွေ တင်ပေးနေတာကို
တွေ့ချင်ယင်တော့ ဒီကို သွားပါနော်
ကိုညီလင်းဆက်ဖန်တီးထားတဲ့ မြန်မာအားလုံးအတွက် ရွာလေးတစ်ရွာရှိပါတယ် လာလည်ပြီးမျိုးတူရာစုပြီး
ရောင်းရောင်းဖွဲ့ မယ် အိမ်ကလေးကိုလည်း မြေကွက်ဝယ်စရာမလိုပဲ ဆောက်ချင်ကြယင်ဖြင့် ဒီမှာ ပါနော်။
ကျွန်မဆီလာလည်တဲ့သူများအားလုံး ချမ်းမြေ့ပါစေလို့
ပျော်ရွှင်စေချင်ပါတယ်
ကျွန်မခံစားရသမျှကိုလည်း ရေးဖွဲ့နေပါမယ်
တစ်ခါတစ်လေတော့ ဟာသလေးတွေဖန်တီးနေချင်ပါတယ်
ခုတော့ ကျွန်မတတ်သမျှမှတ်သမျှစာစုလေးတွေကို ၀တ္ထုမကျတကျရေးသားနေဆဲပါ
ကဗျာတွေကတော့ မောင့်အတွက် သီးသန့်လေးတွေပါ
သူငယ်ချင်းတွေအတွက် ဘလော့ခ်နည်းပညာအများစုကို ရယူချင်ယင်တော့ ဒီကို သွားပါ...
မြန်မာမျက်လုံးကတော့ သူငယ်ချင်းတို့အတွက် ကွန်ပျူတာနည်းပညာတော်တော်များများကို
ထောက်ပံ့ပေးနေတဲ့ စေတနာဗရဗွ ထားရှိတဲ့သူတွေ ဖန်တီးထားတာပါ
အဲဒီဆိုဒ်မှာ ဗိုင်းရပ်တွေအများစု ကိုနှိမ်နင်းမယ့်နည်းလမ်းလေးလည်းထည့်ပေးထားလို့
ဝင်ရောက်လည်ပတ်သင့်ပါတယ်လို့
မွန်အမျိုးသားလေးတစ်ယောက်ဖန်တီးနေတဲ့ဘလော့ခ်လေးပါ
သူ့စေတနာလေးနဲ့ ဘလော့ခ်စလုပ်ချင်တဲ့သူတွေအတွက်နည်းလမ်းလေးတွေ တင်ပေးနေတာကို
တွေ့ချင်ယင်တော့ ဒီကို သွားပါနော်
ကိုညီလင်းဆက်ဖန်တီးထားတဲ့ မြန်မာအားလုံးအတွက် ရွာလေးတစ်ရွာရှိပါတယ် လာလည်ပြီးမျိုးတူရာစုပြီး
ရောင်းရောင်းဖွဲ့ မယ် အိမ်ကလေးကိုလည်း မြေကွက်ဝယ်စရာမလိုပဲ ဆောက်ချင်ကြယင်ဖြင့် ဒီမှာ ပါနော်။
ကျွန်မဆီလာလည်တဲ့သူများအားလုံး ချမ်းမြေ့ပါစေလို့
Lovely Report
Dear........
All we get joyfully
Soon....
All we have our goals
Now......
All our loves steady
Today........
Since we need all our dreams
Lonely and Missing will be lost between us.............
I hope and believe upon your loves...........
Maung
I literally Love you.......
Kisses will touch together now and forever we need..
Especially for Maung (10-9-2007~10-8-2008)
--
ni
All we get joyfully
Soon....
All we have our goals
Now......
All our loves steady
Today........
Since we need all our dreams
Lonely and Missing will be lost between us.............
I hope and believe upon your loves...........
Maung
I literally Love you.......
Kisses will touch together now and forever we need..
Especially for Maung (10-9-2007~10-8-2008)
--
ni
Tuesday, August 05, 2008
မင်္ဂလာပါ
ကြယ်စင်တွေကြွေ နေရောင်ကျတော့
လမင်းရောင်က ငပုပ်ဖမ်း
ပင်လယ်ပြင်က အမှောင်ခတော့
သောင်ပြင်သဲက အဟုတ်မချမ်း
တံခွန်ကြယ်က အရှေ့ကိုလွှတ်တော့
အာကာပြင်က အသွင်ကြမ်း
သောက်ရှူးကြယ်ဆီတိမ်တိုက်ဝင်တော့
ရင်ပြင်စိမ်းက အဟုတ်လန်း
ညလေပြည်လေး ဝေဟင်ရောက်တော့
တိမ်နီနီက ရောင်စဉ်လွှမ်း
အာရုဏ်တက်ချိန်မျှော်ကာမှန်းတော့ အစဉ်သာရင်က ရတက်မခန်း
တစ်ထောင့်တစ်ညတာ ရှည်ကာမျှတော့
ဒီရင်အစုံက အစဉ်မနွမ်း
အားလုံးကိုသာနှုတ်ဆက်လိုက်ပေါ့
ကိုယ့်လိုသူက အပြုံးနဲ့ကမ်းတာ
ရင်ကလာတဲ့ မင်္ဂလာ ပါ
လမင်းရောင်က ငပုပ်ဖမ်း
ပင်လယ်ပြင်က အမှောင်ခတော့
သောင်ပြင်သဲက အဟုတ်မချမ်း
တံခွန်ကြယ်က အရှေ့ကိုလွှတ်တော့
အာကာပြင်က အသွင်ကြမ်း
သောက်ရှူးကြယ်ဆီတိမ်တိုက်ဝင်တော့
ရင်ပြင်စိမ်းက အဟုတ်လန်း
ညလေပြည်လေး ဝေဟင်ရောက်တော့
တိမ်နီနီက ရောင်စဉ်လွှမ်း
အာရုဏ်တက်ချိန်မျှော်ကာမှန်းတော့ အစဉ်သာရင်က ရတက်မခန်း
တစ်ထောင့်တစ်ညတာ ရှည်ကာမျှတော့
ဒီရင်အစုံက အစဉ်မနွမ်း
အားလုံးကိုသာနှုတ်ဆက်လိုက်ပေါ့
ကိုယ့်လိုသူက အပြုံးနဲ့ကမ်းတာ
ရင်ကလာတဲ့ မင်္ဂလာ ပါ
Sunday, August 03, 2008
ရွက်ညောင်းချိန်
(၁)
ဝေ့ကနဲတိုက်ခတ်သွားသော လေပွေတစ်ချက်က ခေါင်းရင်းရှိ တမာပင်အိုကို လှုပ်ခါသွားသည်။ ရော်ရွက်ဝါတို့ တရှဲရှဲမြည်ပြီး ဝေ့ကာဝိုက်ကာဖြင့် မြေပေါ်သို့ကြွေကြသွားသည်။ အခန်းတွင်းရှိ ဖယောင်းတိုင်ငယ်မှာ လေအဝေ့ကြောင့် မီးညွန့်လေး ဘယ်ညာ ယိမ်းထိုးသွားသည်။ လေတိုးသံတစ်ချက်ကတိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သလိုပင်။
အခန်းငယ်အတွင်း ဆေးဝါးမျိုးစုံ၏ ရနံ့နှင့် ချွေးနံ့ တို့ပေါင်းစပ်ကာ ညှီုစို့စို့ အနံ့တစ်ခုက လွှမ်းခြုံနေတော့သည်။ "ကျွတ်...ကျွတ်...ကျွတ်..."မသဲမကွဲ ညည်းညူရင်း မိန်းမောနေရာမှ နိုးလာသည်။
..
အာခေါင်တခုလုံးခြောက်ကပ်၍ လည်ချောင်းတလျှောက် ကွဲရှရှ ဖြစ်နေသည်။ တကိုယ်လုံး နွမ်းနယ် နုံးချိပြီး နေရာပေါင်းစုံမှ တစစ်စစ်ကိုက်ခဲနေသည်။ ခြေလက်တို့အနည်းငယ်လှုပ်ရှားခြင်းကပင် မောဟိုက်ပင်ပန်းစေသည်။ ဦးခေါင်းတစ်ခုလုံး မူးနောက် ထုံထိုင်းနေသည်။ မည်သည့်အရာကိုမှ စူးစိုက်တွေးတော၍ မရချင်တော့။ နားထင်ကိုဆောင့်တက်လာသော သွေးတို့ကလည်း သွေးကြောများ ပေါက်ထွက်လုမတတ် အခံရဆိုးလှသည်။ ခံစားရသော ဝေဒနာက တနေ့တခြား ဆိုး၍သာလာသည်။ အမြင်အာရုံတို့ေ၀၀ါးနေသည်။ ဇနီးနှင့်သားငယ် တို့၏ ညှိုးငယ်သောမျက်နှာကို မသဲမကွဲမြင်နေမိသည်။ ငယ်စဉ်က သူငယ်ချင်းများနှင့် ဆိုးပေခဲ့သည်များကို ပြန်မြင်မိသည်။ တခါတရံ ပြုလုပ်ခဲ့ဖူးသော ကုသိုလ်ကောင်းမှုများကိုလည်း မြင်ယောင်မိသည်။ ဖတ်ခဲ့ဖူးသောစာအုပ်များမှ ဟိုတစဒီတစ ဇာတ်လမ်း ဇာတ်ကွက်များ၊ ဒဿနများ၊ တက်ကျမ်းများ၊ ဓမ္မစာပေများ ရောထွေးကာ ဟိုရောက်ဒီရောက်လည်း ပေါ်လာတတ်သည်.....။
"တုံ...တုံ...တုံ............."အဝေးမှ အုန်းမောင်းခေါက်သံသဲ့သဲ့ထွက်ပေါ်လာသည်။ အကြားအာရုံတို့ မကြည်လင်တော့ပေ။ ဓမ္မတေးသံတို့ မကြားတချက်ကြားတချက်ဖြင့် ပျံ့လွင့်လာသည်။ သဲကွဲစွာမသိနိုင်တော့။ ငှက်ဆိုးတစ်ကောင်၏ စူးစူးရှရှ အော်ဟစ် လိုက်သံက နှလုံးသားကိုဆူးချွန်ဖြင့်လာရောက်ထိုးသည့်နှယ်။ ခွေးတစ်ကောင်၏ ဆွဲဆွဲငင်ငင် အူလိုက်သံကြောင့် ကြက် သီးထ သွားမိသည်။ အိမ်မြှောင်တစ်ကောင်၏ စုတ်ထိုးသံက သံဝေဂသံ လိုလို၊ ဂရုဏာသံလိုလို။
(၂)
"အင်း....အင်း......အီး.....ဟင်း..............."
မှေးကနဲ အိပ်ပျော်သွားရာမှ ရင်ဝမှ စူးစူးအောင့်အောင့် နာကျင်မှုကြောင့် ညည်းညူရင်း အသိပြန်ဝင်လာခဲ့သည်။ အံကို တင်းတင်း ကြိတ်နေရခြင်းကြောင့် သွားတို့ပင် နာကျင်နေပြီ။ "ဟင်း.............." ခနဲ သက်ပြင်းချရင်း မကျေနပ်ခြင်း ဒေါသဖြင့် ဝေဒနာကို လူးလှိမ့် ခံနေရသည်။ "အားတင်းထားပါ အဖေ.." စကားသံနှင့် အတူ နွေးထွေးသော လက်တစ်စုံ၏ ထိတွေ့မှုကို ခံစားမိသည်။ ခေါင်းကို အသာစောင်းငဲ့ ကြည့်မိသောအခါ သားငယ်ကို ၀မ်းနည်းရိပ်သန်းနေသော မျက်နှာဖြင့် တွေ့ရသည်။ သားငယ်၏ကြင်နာသော အကြည့်ကြောင့် ဝေဒနာ အနည်းငယ် သက်သာသွားသလိုပင်...။ "အရမ်းနာနေလား အကို….." တိုးညှင်းစွာ မေးလိုက်သော ဇနီးသည်၏ အသံက ဖြေးလေးစွာ ထွက်လာသည်။ သူမ၏ လက်တစ်ဖက်က နဖူးပြင်ကို ညင်သာစွာစမ်းသပ်ကာ ကျန်လက်တဖက်က ရင်ဘက်ပေါ်တင်ထားသော လက်အစုံကိုလာရောက်ဖျစ်ညှစ်နေသည်။ တင်းကျပ်စွာဖျစ်ညှစ်လာသော သူမ၏လက်ကို ပြန်လည် ဆုပ်ကိုင်ရင်း အားတင်းကာ ပြုံးပြလိုက်မိသည်။ သားငယ်နှင့်ဇနီးသည်ကိုတလှည့်စီ ကြည့်ရင်း အလိုလိုဝမ်းနည်းလာသည်။ မျက်ဝန်းအစုံမှာ မျက်ရည်များ ရစ်ဝိုင်းလာသည်။ "အို...ငါဘာလို့ ငိုရမှာလဲ"... ပါးစပ်ကို တင်းတင်းပိတ်ထားရင်း စိတ်အတွင်းမှ သားငယ်နှင့်ဇနီးကို စကားတွေ အများကြီး ပြောနေမိသည်။ ရင်ဝမှာ တင်းကျပ် ဆို့ပိတ်ကာ အသက်ရှုသံတို့ မြန်လာသည်။ မျက်စိကိုအသာ ပိတ်ကာ မှိန်းနေလိုက်မိသည်။ တဖြည်းဖြည်း မိန်းမောရင်း အာရုံတို့ေ၀၀ါးသွားသည်။
"အဖေ ..ပျားရည်လေး သောက်လိုက်ပါအုံး"...
သားငယ်၏အသံကြောင့် မျက်စိကို ဖြည်းညှင်းစွာ ဖွင့်လိုက်မိသည်။ ရေနွေးနှင့် စပ်ထားသော ပျားရည်ကို စတီးဇွန်းငယ်ဖြင့်ခပ်၍ ပါးစပ်အတွင်းလောင်းထည့်လိုက်သည်ကို အလိုက်သင့် မျိုချလိုက်သည်။ အရသာကား မပေါ်တော့ပေ။ လျှာတစ်ခုလုံးထုံထိုင်း ထူထည်းနေတော့သည်။ ရောဂါ၏ ၀ါးမျိုခြင်းခံရသောကြောင့် အသားအရည်တို့မှာ ကြုံလှီဖျော့တော့၍ ခြောက်ကပ်ကပ် ဖြစ်နေသည်။ အံကြိတ်ရလွန်းသဖြင့် ပါးပြင်နှစ်ဖက်မှာလည်း ခွက်ဝင်လုမတတ် ဖြစ်နေသည်။ ဝေဒနာခံစားရလွန်းသောကြောင့် ယောင်ယမ်းကိုက်မိပြီး နှုတ်ခမ်းနှစ်ခုတို့မှာ ပေါက်ပြဲနေသည်။ ကျောပြင်တစ်ခုလုံးလည်း ဘယ်ညာမစောင်းဘဲ အိပ်ရသဖြင့် အပူလောင်ကာ အနာဖြစ်နေတော့သည်။
"ဟူး........." သက်ပြင်းမောရှိုက်ထုတ်ရင်း နာကျင်မှုကြောင့် နဖူးကြောတွန့်ကာ မျက်နှာတစ်ခုလုံး ရှုံ့တွသွားမိသည်။ နာကျင်မှုကို ခါးသည်းစွာ အံကြိတ်ခံရင်း အကြိမ်ကြိမ် သတိလစ် မေ့မြောခဲ့ဖူးသည်။ သတိလစ်ရာမှ လွတ်မြောက်လာလျှင်လည်း ထိုဒုက္ခဆိုးနှင့်သာ ရင်ဆိုင်ရပြန်သည်။ ဆုတ်ယုတ်လာသော အားအင်တို့နှင့်အတူ မာကြောခဲ့သော စိတ်ဓာတ်တို့ပါ ယိမ်းယိုင် ပြိုလဲလာသည်။ မိမိကိုယ်ကိုပင် ပီပီပြင်ပြင် မသိချင်တော့.....။တခါတရံ အတိတ်ကိုရောက်သွားသည်။ တခါတရံ အနာဂတ်ကိုရောက်သွားသည်။ အတိတ်နှင့် အနာဂတ်အကြား မျောလွင့်နေသောအချိန်တွင်သာ ဝေဒနာကို မေ့လျော့သက်သာစေသည်။ သို့သော် ခေတ္တခဏမျှသာ ဖြစ်သည်။ ပင်ပန်းလှပြီ။ အလွန့်အလွန်ကိုပင်ပန်းလှပြီ။ ငရဲတမျှ ခံစားရသော ဝေဒနာတို့မှ လွတ်မြောက်လိုလှပြီ။ သေမင်းကို စောင့်မျှော်နေရခြင်းက အခံရခက်လှပါပြီ။ အဘယ်ကြောင့် မကြွေလွယ်ရသနည်း....။
(၃)
သားငယ်မှာ ဆရာဝန်ပင့်ရန် ထွက်သွားသည်။ ဇနီးသည်မှာ လူမမာ၏ အ၀တ်အစားများ လျှော်ဖွတ်ရန် လုံးထွေးခေါက်ယူ နေသည်။ "အကို…ခဏနော်…ညီမ အ၀တ်တွေလျှော်လိုက်အုံးမယ်…"
မှိန်းနေရာမှ အသာအယာ ခေါင်းဆတ်ပြလိုက်မိသည်။ မျက်စိကိုဖွင့်ကြည့်လိုက်တော့ စိတ်မချသလိုကြည့်နေသော ဇနီးသည်နှင့် မျက်ဝန်းခြင်းဆုံမိသည်။ မို့အစ်နေသောမျက်ခွံတို့က အကြိမ်ကြိမ်ငိုထားသည့်ဟန်ရှိသည်။ အားပေးအပြုံး တချက်ပေးမိသည်။ တွေတွေငေးငေးစိုက်ကြည့်သော သူမ၏မျက်ဝန်းမှ မျက်ရည်စတွေ ခိုတွဲကာ လိမ့်ဆင်းကျလာသည်။ သူမနှုတ်ခမ်းတို့ တလှုပ်လှုပ်။ သို့သော်မည်သည့်စကားမှထွက်မလာပေ။ ဖြည်းလေးညင်သာစွာ ထပ်မံပြုံးပြမိသည်။ သက်ပြင်းရှိုက်သံတစ်ချက်ပြုပြီး အနားမှ သူမထွက်သွားသည်။ သူမထွက်သွားမှ နောက်ကျောပြင်ကို ငေးစိုက်ကြည့်ရင်း မျက်ရည်ပူတို့ ပါးပြင်ပေါ်သို့ တလိမ့်လိမ့်ကျဆင်းလာသည်။ မသုတ်ချင်တော့။ သုတ်နိုင်သော ခွန်အားလည်း မကျန်ရှိတော့။ ၀မ်းနည်းမှုကြောင့် ပို၍ပင်ပန်း သွားတော့သည်။ ဒီဇနီးနှင့် ဒီသားအတွက် စိတ်တွင်းမှ လေးလံနေမိသည်။ တွေးရင်း တွေးရင်း မျက်ရည်တို့သာရစ်ဝိုင်းလာသည်။ အသံမထွက်ဘဲ ကြိတ်ကာရှိုက်ငို နေမိသည်။ ရေတံခွန်အလား မျက်ရည်စတို့ တသွင်သွင်ကျလာသည်။ မိမိကိုယ်ကိုသိသည်။ အရှုံးပေးရတော့မည်။ ထာဝရခွဲခွါရတော့မည်ဆိုသည်ကို ဇနီးသည်နှင့် သားငယ် မသိစေချင်သေး။ စိတ်သာကျန် ရှိတော့သည်။ ခန္ဓာကိုယ်က တစစီယိုယွင်း ပျက်စီး နေပေပြီ။
မိမိကိုယ်ကို ဆင်ခြင်ရင်း အတိတ်ကို ပြန်လည်သုံးသပ်မိသည်။ ဘ၀ရဲ့နောက်ဆုံးအချိန်မှာ ဘာတွေများ ငါရခဲ့သလဲ.....။ တွေးရင်းတွေးရင်း ကုန်လွန်ခဲ့သော အချိန်နှင့် မလုပ်ဖြစ်သောအရာအားလုံးအတွက် နှမြောတသခြင်း ဖြစ်မိသည်။ ရင်ဝမှစူးကနဲ အောင့်တက်လာသည်။ ဦးခေါင်းတစ်ခုလုံး တစစ်စစ်ကိုက်ကာ နာကျင်လာသည်။ အသက်မှန်မှန်ရှုရှိုက်ရင်း အသိကို စုစည်းလိုက်သည်။ အံကြိတ်ကာ မညည်းညူဖြစ်အောင် ကြိုးစားမိသည်။
အားကိုးစရာကားနတ္ထိ။ "ဟင်း…ငါဘာများလုပ်နိုင်သေးလဲ…" ။ သက်ပြင်းမှုတ်ထုတ်ကာ စဉ်းစားရင်း တရားစခန်းဝင်စဉ်က မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော အာနာပါနမဟာ ကမ္မဌာန်းတရားတော်မြတ်ကို စိတ်တွင်းမှ သတိရ လိုက်မိသည်။ အားကိုးစရာကား တရားကလွဲလျှင် အဘယ်အရာ ရှိတော့မည်နည်း။
ဝင်လေ…..သိ…….. ထွက်လေ….သိ…
ဝင်လေ…..သိ……..ထွက်လေ…..သိ…
ဝင်လေ…………..သိ…………..ထွက်လေ….…………………….သိ
အာရုံတို့စုစည်းရ ခက်လှသည်။ နာကျင်မှုဆီသာ စိတ်ကရောက်ရောက်သွားသည်။ ချွေးစီးချွေးပေါက်တို့ ရွှဲရွှဲစိုလာသည်။ မျက်မှောင်ကြုံ့ကာ အပြင်းအထန်ကြိုးစားနေမိသည်။ မျက်ခုံးနှစ်ခုကြားတွင် တင်းကြပ်ပိတ်ဆို့ပြီး အခံရဆိုးလှသည်။ ကျောပြင်ကလည်း မီးစဖြင့် ထိုးသကဲ့သို့ ပူလောင်နာကျင်လှသည်။ ဦးခေါင်းတစ်ခုလုံးလည်း ထူပူမူးနောက်နေသည်။ "ဟူး… မလွယ်ပါလား" ။ စိတ်ကိုအသာအယာဖြေလျော့လိုက်ကာ ဦးခေါင်းကိုဖြေးညင်းစွာ ခါယမ်းမိရင်း
အသက်ပြင်းပြင်း ရှုထုတ်လိုက်သည်။ ဆရာတော်ဘုရားကြီး၏ လင်္ကာလေးကိုသတိရမိလိုက်သည်။
"လက်ရှိခန္ဓာ၊ မတွယ်တာနှင့်
နောင်လာဘ၀၊ မတောင့်တဘဲ
ကြောင့်ကြဇွဲဖြင့်၊ အမြဲမပြတ်
ဝိပဿနာ၊ လေ့လာကြိမ်ကြိမ်
အာစိန္နကံ၊ ဖြစ်ကြောင်းဖန်မူ
ထိုသိသူကား၊ အယူမလွဲ
ဂတိမြဲ၏။
မီးစွဲလောင်မှ၊ ရေကိုတသော်
မရဖြစ်အင်၊ ပုံနှိုင်းယှဉ်၍
မဂ္ဂင်သန္ဓေ၊ တည်မြဲနေအောင်
မသေခင်က၊ ပြင်ဆင်တောက်လျှောက်
မေ့မပျောက်နှင့်၊ ချွေးပေါက်ယိုစီး
သေခါနီးဝယ်၊ အပြီးမုချ
မဂ္ဂင်ရလိမ့်။
ကိစ္စမလျော်၊ အကြောင်းပေါ်၍
မတော်တဆ၊ မဂ်မရဦး
ဘ၀အစွန်၊ တမလွန်တွင်
ထူးချွန်အံ့လောက်၊ နတ်ပြည်ရောက်၍
မဖောက်မပြန်၊ သောတာပန်စစ်
ဧကန်ဖြစ်မည်
မလစ်ဝိပဿနာ အကျိုးပေတည်း။"
“မီးစွဲလောင်မှ၊ ရေကိုတသော်……. မီးစွဲလောင်မှ၊ ရေကိုတသော်………. မီးစွဲလောင်မှ၊ ရေကိုတသော်…….. ” ဟူး…….ရင်ထဲမှာ ပူလောင်မွန်းကြပ်နေသည်။ အရာရာသည် နောက်ကျနေပါပြီကောလား။ ဘ၀တလျောက်လုံး မေလျော့ကာ မသိသလိုနေခဲ့သော သေခြင်းတရားကား တံခါးဝသို့ရောက်ရှိနေပေပြီ။ ထွက်ပြေးလွတ်မြောက်ရာလမ်းအား ငယ်ရွယ်စဉ်က အဘယ်ကြောင့် သိအောင်အားမထုတ်ဖြစ်ခဲ့သနည်း။ နေ၀င်ချိန်မှ စပါးလှမ်းရန်ကြိုးစားချင်မိသော လယ်ထွန်ယောက်ျားကဲ့သို့ အချိန်လွန်မှ မိုးကုတ်စက်ဝိုင်းကို မျှော်ငေးကာနောင်တရ ယုံသာတတ်နိုင်တော့ပါလား။ အော်… ရွက်ဝါလေးတစ်ခု၊ ညှိုးရော်သွားတဲ့ရွက်ဝါလေးတစ်ခု၊ တနည်း ညောင်းညာသွားတဲ့ ရွက်ဟောင်းလေးတစ်ခု ရိုးတံကနေ လွင့်ရတော့မှာပါလား။
This post has been created by Maung Thant Zin Oo
Subscribe to:
Posts (Atom)