Thursday, October 09, 2008

အတွေး


ဟိုးအဝေးတိမ်သားပြင်မှာ
မှုန်ညက်ညက်နှင်းထုအနမ်းတွေ
ငါမြင်စဉ် ဒီခဏမှာတော့
မင်းအမုန်းမျက်မာန်ရှမိတာကို
တွေးလျက်အပီပြင်ဆွေးနေတာပေါ့.........။

နံဘေးနား မင်းမရှိရင်တော့
ကြွေကာကျန်မှာ ငါ့အတွေးအဆွေးရေယာဉ်ကြောဟာ
ပိုးစိုးပက်စက် လွမ်းနေအုံးမှာမို့
အပြေးထွက်မသွားနဲ့ ခင်ပျို............။

နဒီငယ်သောင်ကမ်းဘေးမှာ
မင်းနဲ့ငါအတူလျှောက်လှမ်း လမ်းအဖြစ်လဲ ထွင်ခဲ့ဖူးတယ်။

အင်း.............
အစဉ်တွေးမိ ဒီအဆွေးကို
လကနေနှစ်ချီသွားပြီကွဲ့
ဆယ်စုတောင် နှစ်ခါတိုင်ပြီမို့
ဒီတစ်ပြန် ကိုယ်တကျော့ပေးပါလို့
မလွမ်းတဲ့အတွေး ခပ်အေးအေးကို
ရအောင်ကြိုးပမ်း မင်းအနမ်းလဲငါယူအုံးမယ်............။

ခပ်ရှရှဒီအတွေးကို
အဆွေးအဖြစ်တော့ အပြောင်းမခံနိုင်ဘူး
မင်းမဟုတ်ငါသာ သေဖို့
ကြွေစင်အတွေးသာ ရင်လေးလေးနဲ့ ဖန်မယ်တကယ်............။
 
ပုပ်အဲ့အဲ့ လှောင်ချိုင့်အတွေးကို
ရင်မှာကန် တစ်ခါပြန်မထားတော့ပြီလို့
ကြွေးကြော်မှာ ဒီကဗျာနဲ့ပါ
မဆွေးတော့မယ့် နိုင်အနမ်းကို
လက်ကမ်းလို့ လှမ်း.................။







--

No comments: