Wednesday, October 08, 2008

ဆောင်ရာခေါ်သူအား

လေအသွဲ့ သင်းတပျံ့ပျံ့  ကြူ
ရင်ခွင်အလှည့် နွေးမိတဲ့ အပူ
ဒီအပူ တကြူကြူသင်းတာမို့
ဟိုတစ်ချိန်ချစ်ပုံဆန်းရယ်နဲ့
ပျို မထိုင် မှိုင်ကာမငေးစေဖို့
ခင်တန်းငယ်ပြို စမ်းရေကသည်း............။

အခါမတိုင် ယိုင်ကာငေးမိတော့
ကိုယ်မပိုင် ဆိုင်တာလေးလောက်နဲ့
ပြောမိတော့ သူ့အပူ.................။

ပျိုကိုချူ တိုင်အောင်ပေါင်းမယ်တဲ့
နှစ်ဆယ်ကျော် ခင်မင်လေးလောက်ရဲ့
ဘယ်မလဲ ဆောင်မိတဲ့ဒီလူ
ပေးမယ်လို့မျှော်မိသူမယ် မရတဲ့ဒီအယူ................။

ငေးမိကာ အစဉ်တွေးတယ်ကွယ့်
မှန်းဆဆ ရော်ရမ်းနေတာမို့
တနွယ်ငင် တံစဉ်မပါလေအောင်
အောင့်သက်သက်နမ်း...................................။

နီနီဝင်း
(အောက်တိုဘာ ၈ရက်၊ ၂၀၀၈ )






2 comments:

Anonymous said...

ကောင်းပါတယ် ကဗျာလေးကမော်ဒန်မဟုတ်တော့ နားလည်လွယ်တယ်။
မော်ဒန်ကဗျာကတော့ခံစားလို့ကို မရတာ ဟိဟိ
ဆက်ရေးဗျို့ အားပေးပါတယ်

Anonymous said...

ကဗျားလေးကောင်းတယ်။ဆက်ရေးဗျို့
မော်ဒန်ကဗျာတွေထက်ပိုဖတ်လို့ကောင်းသဗျ။