Thursday, October 09, 2008

ကန္တာရ အိုအေဆစ်

ဖြူးတစ်ကောင်လို ဆူးတောင်လဲမပါဘူး
သိုးကောင်လို ဖြူစင်မှုလဲမရှိဘူး
ဆင်လိုလဲ ခွန်အားကမကြီးဘူး....။

ဒါပေမယ့်
ကျားတစ်ကောင်လို ရက်စက်တတ်တယ်
ခြင်္သေ့လို ဗိုလ်မထားတတ်ဘူး
မြွေပွေးလိုတော့အဆိပ်ပြင်းတယ်......။

အမြဲတမ်းမတော့
ယုန်တစ်ကောင်လို နားရွက်တစ်ထောင်ထောင်နဲ့
လိပ်လိုလဲ နှေးကွေးနေမယ်
ရေမြွေလို အေးတိအေးစက်ပါပဲ........။

ဆန္ဒတစ်စုံတစ်ရာနဲ့အတူ
ဒေါင်းတွန်သံကြားတိုင်း နာကျည်းစွာခေါင်းထောင်တတ်ပေမယ့်
ခွေးဟောင်တိုင်းတော့ ထမကြည့်တတ်ဘူး ဟေ့..........။




1 comment:

Anonymous said...

ဟားကြိုက်တယ်ဗျာ စကားလုံး အသုံးအနှုန်းလေးတွေ
ကောင်းမှကောင်းဗျာ လန်ထွက်နေတာပဲ