Wednesday, January 21, 2009

စတေးမိသူတွေအတွက်

အဝေးဆုံးကိုကြည့်
မြင်ရသမျှက မှောင်နေတဲ့တိုက်တာတွေ...............ချည်း။
ကျင်တင်တင်ဒီအသည်းက
အမြဲနာနေရတဲ့အခါ...........
နာကျည်းတယ်ဆိုတဲ့စကားကို
အာဃာတတရားတွေကမြူဖုံးသလိုဖုံးသွားတော့။
အရောင်တင်ဆီမလိုပဲ
တလက်လက်ထွက်လာတာက
မျှော်မိတဲ့အလွဲတွေထဲမှာ
သူသူကိုယ်ကိုယ်မျောမိတော့။
နာကျင်မှုတွေခဝါချတဲ့နေ့
တိမ်တိုက်ကြားမှာ အိမ်ဆောက်နိုင်အောင်
ပြိုကျသွားတဲ့ ရွှေမြို့တော်လဲ
ကဗျာဆန်တဲ့ဒီအဖြစ်သနစ်တွေနဲ့
ထာဝရပိုင်ဆိုင်ခွင့်ကို
နင်ရောငါရောသူတို့မပါလဲ
ပိုင်ဆိုင်ခံစားစံစားချင်တာ
နင်စေစားတဲ့ အိပ်မက်ပါ.......................။။



No comments: