Wednesday, January 07, 2009

ပရီဗျူး


အားပါးတရ
ခဝါချတော့
မောမိတယ် ရှေ့ဆက်ဖို့ကွယ်.........။
ရွှေရင်ကိုအသာပြင်ချင်လို့
မယ်မဒီခဏဝေးမယ်
အဖြစ်သနစ်ထွေထွေကို
မခယပါနဲ့ဆို............။
အပြစ်ထိုထို မှိုလိုလို
ဘယ်သူဆိုဆို
ပယ်မယ်ဒီလို
မစဲပဲသည်းမယ့်မိုး
မေတ္တာဖြည့်လို့
ကာရံရှိုး..................။
နှုတ်ဆက်သူ
မျက်ရည်မသမ်းဖို့
ကြည့်လိုက်ပေါ့
ငါ့အတိတ်ဆိုးကို
နင့်အတွက်ပရီဗျူး......................။


.


2 comments:

မီးတောက် said...

ကဗျာလေးက တော်တော်လေးကို ကောင်းပါတယ်
ဆက်လက်ရေးသားနိုင်ပါစေ

Anonymous said...

နီနီ---သတိရလို့လာလည်တာ--
ကဗျာလေးဖတ်သွားတယ်---
နှစ်သစ်နဲ့အတူ အစစအရာရာအဆင်ပြေပါစေ---