Tuesday, January 13, 2009

မေအတွက်

အင်အားကုန်ခမ်း

မစိမ်းလန်းလဲ

အသက်ဆက်ကာမွေးခဲ့တယ်

ချစ်သူမုန်းသူ နှစ်သွယ်လုံးရယ်

အကြင်နာအင်အားကြီးမားမယ်

အမြင်ကျဉ်းမှောင်တိမ်တိုက်ကြားက

ကြာညိုနံ့လေးသင်းနိုင်တယ်

အချစ်ချင်းပြိုင် သူနိုင်မလားလို့

ဘယ်သူမှတော့မမေးဘူးတကယ်

လရောင်နေရောင်အာကာသကို

သူ့လက်များနဲ့အုပ်မိုးတယ်

အကျဉ်းချတောင်နေမယ်စိတ်က

မုဒိတာတရားအပြည့်နဲ့ကွယ်

မောင်မေချစ်သူ ဘယ်သူ့များမှ

သူ့အားတသက်မမေ့ရက်တယ်

အများသူငါ ရင်ခွင်ထဲလဲ

မညှိုးပန်းတပွင့် သူဖြစ်မယ်........

ချစ်မယ် ချစ်ကြတယ်.......

လာမယ့်နေ့ရက်ကြိုတွက်တယ်

အမေများနေ့ မမေ့ဖို့ကွယ်....................



1 comment:

ပန်းခရေ said...

မောင်မေချစ်သူ ဘယ်သူ့များမှ

သူ့အားတသက်မမေ့ရက်တယ်

အများသူငါ ရင်ခွင်ထဲလဲ

အညှိုးပန်းတပွင့် သူဖြစ်မယ်........

ချစ်မယ် ချစ်ကြတယ်.......

လာမယ့်နေ့ရက်ကြိုတွက်တယ်

အမေများနေ့ မမေ့ဖို့ကွယ်....................

ကဗျာလေးက ရှင်းရှင်းလေးနဲ့ သိပ်ကောင်းတာပဲ အတော်ကြိုက်သွားပီ...