Saturday, November 12, 2011

၁၁-၁၁-၁၁

မနေ့ညက ရုတ်တရက်နာရီကို ငုံ့အကြည့်

၁၁နာရီ ၁၁မိနစ် တဲ့....

အဲဒီညက အိပ်ရာဝင်တော့ အမှတ်မထင်နာရီကိုပြန်အကြည့်

၁နာရီ ၁၁မိနစ် တဲ့....

ဒီနေ့မနက် အိပ်ရာက ထတော့ နာရီတစ်ခါပြန်ကြည့်

၁၁နာရီ ၁၁မိနစ် တဲ့...

အခုတစ်ခါ ကဗျာစပ်မိပြန်တော့ နာရီကိုတစ်ခါပြန်အကြည့်

၁နာရီ ၁၁မိနစ်တဲ့....

လည်နေတဲ့ ဒီ ၁ ဘယ်တော့ပြန်ရပ်မလဲ...

မစဉ်းစားချင်တော့ပေမယ့်

ဒီ ၁တွေ ဆုံတဲ့နေ့မှာ

ငါ့နှလုံးသားရဲ့နယ်ပယ်ထဲမှာ

၁ဂဏန်းစိုးမိုးနေတဲ့သူတစ်ယောက် အပြုံးမြမြနဲ့ ငါ့ကိုငုံ့ကြည့်နေပြန်တယ်။

၁ဂဏန်းဆုံတဲ့ ဒီနေ့ ဆေးပေါင်းခမလား

မပြောတတ်ပေမယ့်....

အိမ်ရှေ့မှာတော့ မီးပုံးတွေ ၁၀လုံးကို

ငါ့ထက် ၁၀နှစ်ကြီးတဲ့ ၁ဂဏန်းသမားတစ်ယောက်က

ငါ့အတွက် ဖန်တီးပေးထားပြန်ရဲ့....

အခုတော့ငါဟာ ၁နာရီ ၁၁မိနစ်အချိန်မှာ

လပြည့်ညရဲ့ လသာသာထဲ မီးပုံး၁၀လုံးကို မော်ကြည့်ရင်း

ဆုတောင်းမိတာက....

၁၁မီးငြိမ်းပါစေသား လို့....

သတ္တ၀ါခပ်သိမ်းအတွက်လေ.....


(၁၁-၁၁-၁၁ အမှတ်တရ)





4 comments:

mstint said...

တောင်းသောဆုများနဲ့ပြည့်ဝပါစေ မီးမီးလေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ဂဏန်းသမားတစ်ယောက်ဟာ မိန်းခလေးတစ်ယောက်ရဲ့ ဘဝကိုလည်း လုံခြုံနွေးထွေးမှု ပေးနိုင်စွမ်းပါတယ်တဲ့..
တစ်ဂဏန်းရဲ့ စိုးမိုးမှုအောက်မှာ ပျော်ရွှင်ငြိမ်းချမ်းပါစေ ညီမရေ..

ချယ်ရီမြေ said...

နောက်ဆုံးဆုတောင်းလေး အရမ်းသဘောကျသွားတယ်။ အားလုံး၁၁ မီးငြိမ်းအောင်ဆုတောင်းပေးတဲ့မီးမီးလဲ မီး၁၁ ပါးငြိမ်းပါစေဟု...

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

စံပယ်ချို said...

နောက်ဆုံးဆုတောင်လေးက အဓိပ္ပါယ်ပြည့်ဝလိုက်တာ