Wednesday, October 26, 2011

နိုဝင်ဘာမိုး

ထီးကလေးတစ်ချောင်းတည်းပါ.... ဒါပေမယ့် မပူဘူး မအေးဘူး.... သူကော ကိုယ်ကော မျှတတဲ့ သဘာဝတစ်ခုကို ထပ်တူညီမျှပိုင်ဆိုင်နေကြရတဲ့အခါ.... ရာသီဥတုဟာ သမမျှတသွား... ဒါဟာ လွန်ခဲ့တဲ့ လေးနှစ်က နိုဝင်ဘာပေါ့...
အဲဒီနိုဝင်ဘာမှာ သူနဲ့ကိုယ် ဆုံမှတ်တစ်ခုရဲ့ အမှတ်တရလမ်းကလေးမှာ လက်တစ်ဖက်စီဆုပ်ကိုင်ရင်း အပြုံးကိုယ်စီနဲ့ ဘဝတွေကို ဖလှယ်ဖို့ ဒူးတိုက်ဆွေးနွေးခဲ့ကြတယ်.... နိုဝင်ဘာမှာပေါ့... အဲဒီနိုဝင်ဘာ... အခုလည်း နိုဝင်ဘာပါပဲ... နိုဝင်ဘာဟာ အပြောင်းအလဲမရှိ ရောက်ရှိလာတော့မယ်.... တခုပဲ.... သဘာဝတရားက အခု နိုဝင်ဘာကို ဗွက်တွေနွံတွေ ထူထဲသိပ်သည်းစွာ လက်ဆောင်အဖြစ်ပေးထားတယ်... ဒါပေမယ့် သူနဲ့ကိုယ် သစ္စာထူတဲ့ မေတ္တာနွံထဲမှာ အချစ်သန့်သန့် ၁၅၀၀က သိပ်သည်းဆအများဆုံးနဲ့ ထပ်တူညီနေဆဲ... ဒါကြောင့် နိုဝင်ဘာဟာ ကိုယ်နဲ့သူ့အတွက် အပြောင်းအလဲမရှိသလို.... အရာအားလုံးအတွက်လည်း ထပ်တူညီတြိဂံတစ်ခုအဖြစ် ဆက်တည်ဆောက်ကြမယ်လို့... သန္နိဌာန်ပြုထားမယ်ဆို.... အားလုံးရဲ့နိုဝင်ဘာဟာ သစ္စာတရားတွေကြောင့် လှပသာယာလာလိမ့်မယ်လို့ စိတ်ကူးတွေလတ်ဆတ်နေဆဲ.... ဟုတ်တယ်.... အရာအားလုံးဟာ မျှော်လင့်နေစရာ ဆုတောင်းနေစရာမလိုလောက်အောင် တူညီတဲ့ ဟန်ချက်ညီမှုတွေ ဟာမိုနီဖြစ်နေမယ်ဆိုရင် အားလုံးဟာ ကမ္ဘာပေါ်မှာ တသွေးတည်းတသားတည်း လှပလတ်ဆတ်နေမှာ အသေအချာ....
သူ..... ကိုယ့်အတွက် နိုဝင်ဘာမှာရွာမယ့်မိုးစိုစိုလို မေတ္တာအပြည့်ခင်းထားတဲ့ တစ်ဖက်ပိတ်လမ်းကလေးထဲမှာ သစ္စာတရားကို ရင်မှာတပ်ရင်းနဲ့ အမှန်တရားကို ဖက်တွယ်ရင်း အမုန်းကို ဟိုးဝေးဝေးမှာ ပိတ်ထားလိုက်တယ်... အမုန်းမရှိတာမဟုတ်ဘူး.... သူနဲ့ကိုယ့်အတွက် အမုန်းမဲ့ဇုန်ထဲမှာ တွေ့ကြရတဲ့ ဟောဒီနိုဝင်ဘာ....

“ချစ်သူသက်တမ်း လေးနှစ်ပြည့် အမှတ်တရ”

3 comments:

mstint said...

ချစ်သူသက်တမ်း လေးနှစ်မှသည်
ဘဝတစ်သက်တာ အချိန်ကာလအထိ
စိတ်တူကိုယ်တူ ချစ်တဲ့သူများအဖြစ် တွဲလက်မဖြုတ်ပဲ ရည်ရွယ်ချက်ဆုံးခန်းတိုင် လျှောက်လှမ်းနိုင်ကြပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

အမုန်းမဲ့ ဇုန်ထဲမှာ ရာသက်ပန် လတ်ဆတ်ပျော်ရွှင် ကြည်လင်ချမ်းမြေ့စွာနဲ့ ခိုင်မာသော တွဲလက်တစ်စုံဖြင့် ရှေ့ဆက်လျှောက်လှမ်းနိုင်ကြပါစေ..

မေသိမ့်သိမ့် ကျော် said...

ချစ်သူသက်တမ်း လေးနှစ်တောင်ဖြစ်သွားပြီပေါ့။ ပျော်ရွှင်စွာ ရွှေလက်တွဲနိုင်ကြပါစေရှင်။

ခင်တဲ့
မေသိမ့်