Tuesday, November 29, 2011

ကျောက်ထက်အက္ခရာ


စကားလုံးတွေ

မိုးတိမ်အဖြစ်နဲ့

ငါ့ကောင်းကင်ယံမှာ နေရာယူထားတော့...

အချစ်ဆုံး သူ့ရဲ့ မျက်လုံးအစုံက

သူရိန်နေမင်းအဖြစ်နဲ့ပေါ့...

ဒါတွေထားလိုက်ပါလို့

မင်းပြောမလား ချစ်သူ...

ဘ၀မှာ

အချစ်ထက်အရေးပါတဲ့ စကားလုံးမဲ့ကောင်းကင်တစ်ခုများ

မင်းဖန်ဆင်းချင်သေးလို့လား....

အပြောထက်အလုပ်က အရေးကြီးတာကိုတော့

အလုပ်လုပ်တဲ့သူတိုင်း

သိတာနားလည်တာပေါ့...

ဒါပေမယ့်လေ

စကားလုံးတွေသာ မရှိရင်...

ကမ္ဘာပေါ်မှာ ဒို့ရှင်တော်မြတ်ဘုရားကလည်း

စကားကြီးဆယ်ခွန်းတို့

သုဘာသိတာ တို့လို

စကားအရာမှာ လိမ္မာပါးနပ်ဖွယ်အကြောင်းတရား ညွှန်ကြားထားပါ့မလား ချစ်သူရယ်...

ငါ့အတွက်တော့....

စကားလုံးမိုးတိမ်တွေနဲ့ အေးမြလတ်ဆတ်နေတဲ့

ခပ်ပြာပြာကောင်းကင်ကြီးထဲက

မြတ်နိုးမှုလေညှင်းတွေသာ

ငါခံစားချင်နေတာ...

အဲဒီစကားလုံးတွေဟာ

ကမ္ဘာမဆုံးသေးသရွေ့တော့

ကျောက်ထက်အက္ခရာတင်ဖြစ်သွားတဲ့

ကျောက်ဖြစ်အက္ခရာတွေအဖြစ်

ငါ့ရဲ့နှလုံးသားကျောက်ဆောင်မှာ

မှတ်ကျောက်ထင်ထားချင်ရဲ့....

အဲဒီအတွက်တော့

ချစ်သူရေ....

မင်းနှုတ်ဖျားက

ငါ့အတွက်

စကားလုံးလေးတွေ

တစ်နေ့တစ်ခွန်းကျတော့

ဖွင့်ဟပေးပါလား....

တောင်းဆိုပါရစေ ချစ်သူ....

ကိုယ့်အတွက်

ကျောက်ထက်အက္ခရာအဖြစ်နဲ့ပေါ့....

ချစ်သောဒီဇင်ဘာအတွက်

နီနီ (နိုဝင်ဘာ ၂၉ ၂၀၁၁ ၁း၂၀နာရီ)






2 comments:

စံပယ်ချို said...

စကားလုံးမိုးတိမ်တွေနဲ့ အေးမြလတ်ဆတ်နေတဲ့
ခပ်ပြာပြာကောင်းကင်ကြီးထဲက
မြတ်နိုးမှုလေညှင်းတွေသာ
ငါခံစားချင်နေတာ...
အဲဒီစကားလုံးတွေဟာ
ကမ္ဘာမဆုံးသေးသရွေ့တော့
ကျောက်ထက်အက္ခရာတင်ဖြစ်သွားတဲ့--------
စကားလုံးသုံးထားတာလေးတွေလှတယ်နော်

mstint said...

ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ
မီးမီးလေးရေ။
Happy New Year !!!

မေတ္တာဖြင့်
အန်တီတင့်